×

Warning

JUser: :_load: Unable to load user with ID: 723


Language

Friday, 27 October 2017

Business English ကိုေလ့လာေနသူေတြအတြက္ စာအုပ္အညႊန္း

Business English ကိုေလ့လာေနသူေတြအတြက္ စာအုပ္အညႊန္း google.com

သင္တန္းေတြမွာလည္း အဂၤလိပ္စာသင္တန္း four skills အျပင္ အခုေနာက္ပိုင္းဆိုရင္ business english ကိုပါ သပ္သပ္ course တစ္ခုအေနနဲ႕ ဖြင့္လွစ္လာၾကပါတယ္။ သင္တန္းလည္းတက္ျပီး ကိုယ္ကိုယ္တိုင္ လည္း self-study လုပ္ခ်င္တဲ့သူေတြအတြက္ ေလ့လာသင့္တဲ့စာအုပ္ေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ ပါတယ္။

(1) Market Leader (Pearson/Longman)

market leader

ဒီအဂၤလိပ္စာ စာအုပ္ကို Business English စာအုပ္အကုန္လံုးရဲ႕ ဘိုးေအႀကီးလို႔ေတာင္ ေျပာလို႔ရပါတယ္။ “Market Leader” စာအုပ္မွာဆိုရင္ စာမ်က္ႏွာတိုင္းမွာ Business English ကို Four-skill နဲ႔ ေလ့လာႏိုင္ ေအာင္ ေဖာ္ျပေပးထာပါတယ္။ ေခါင္းစဥ္တစ္ခုခ်င္းစီကလည္း စီးပြားေရးလုပ္ငန္းေတြမွာ အသံုးမ်ားတဲ့ အရာေတြပါ။ Brand, Money စတဲ့အေၾကာင္းအရာေတြပါသလို၊ ဖြင့္ပြဲေတြ၊ အစည္းအေဝးပြဲ ေတြမွာ အဂၤလိပ္စာကို ဘယ္လိုမ်ိဳးသံုးႏႈန္းရမလဲဆိုတာေတြကိုပါ ေဖာ္ျပေပးထားပါတယ္။

Recommended for you -  အဂၤလိပ္စကားကြ်မ္းက်င္သူေတြအတြက္ အြန္လိုင္းေပၚက အလုပ္အကိုင္ (၆) မ်ိဳး

(2) “Business one:one” (Oxford)

one to one

ဒီစာအုပ္က Business English ကို စေလ့လာမယ့္ ေက်ာင္းသားအရြယ္ေတြအတြက္ေတာ့ ေတာ္ေတာ္ အေထာက္အကူျဖစ္မွာပါ။ အရမ္းႀကီးကိန္းႀကီးခမ္းႀကီးနို္င္တဲ့စကားလံုးေတြ မပါဘဲ အကုန္လံုး ရိုးရိုးနဲ႔ရွင္း ရွင္းပါပဲ။ Speaking နဲ႔ Writing ေတြမွာအဓိက လိုအပ္မယ့္ ေဝါဟာရေတြ၊ စကားစုေတြနဲ႔ သဒၵါုပိုင္းဆိုင္ရာ ေတြကို အထူးအေလးေပး ေဖာ္ျပထားပါတယ္။ Unit တစ္ခုျခင္းစီမွာ စာမ်က္ႏွာ ႏွစ္ခုေလာက္ပဲပါဝင္ၿပီး ေတာ့ သင္ခန္းစာပံုစံနဲ႔ ေရးသားထားပါတယ္။ အဲ့ဒါေၾကာင့္ စာအုပ္ကိုလွန္ၾကည့္လိုက္တာနဲ႔ ဘယ္သင္ခန္း စာက ဘယ္လိုဆိုတာ သိႏိုင္မွာပါ။

Recommended for you -  သင့္ကိုကူညီေပးေနတယ္ဆိုတိုင္း ကြ်န္ေတာ္အဆင္ေျပေနတယ္မထင္ပါနဲ႕

(3) Total Business (Cengage)

business total

ကို္ယ့္က Business English ကို အခုမွစေလ့လာမယ္၊ စီးပြားေရးအေတြ႕အႀကံဳလည္း လံုးလံုးမရွိဘူးဆိုရင္ “Total Business” နဲ႔ အေကာင္းဆံုးစာအုပ္တစ္ခုပါပဲ။ မရွိမျဖစ္လိုအပ္တဲ့ ေဝါဟာရေတြ၊ သဒၵါေတြနဲ႔ အေၾကာင္းအရာေတြကိုသာ ေဖာ္ျပထားတာမို႔ Business English သမားေတြ စေလွ်ာက္ရမယ့္ တံခါးဝ တစ္ခု လို႔ေတာင္ ေျပာလို႔ရပါတယ္။ စာအုပ္ေတြကို Module ေတြြနဲ႔ခြဲျခားထားၿပီး Module တစ္ခုျခင္းစီက သင္ခန္းစာေတြက ေတာ္ေတာ္ထိေရာက္ပါတယ္။ စီးပြားေရးနယ္ပယ္ေတြကို သက္ဆိုင္ရာနယ္ပယ္ေတြ အလုိက္ခြဲျခားထားတာမို႔ ကို္ယ္သိခ်င္တဲ့အပိုင္းကို ေရြးၿပီးေလ့လာမယ္ဆိုရင္လည္း အဆင္ေျပပါတယ္။

(4) Intelligent Business (Pearson/Longman)

intelligent business

“Total Business” စာအုပ္လိုပါပဲ၊ Intelligent Business စာအုပ္ကလည္း စီးပြားေရးလုပ္ငန္း ေတြနဲ႔ပက္ သက္ၿပီး အေတြ႔အၾကံဳနည္းနည္းသာရွိတဲ့သူေတြအတြက္ ေတာ္ေတာ္အသံုးဝင္တဲ့စာအုပ္တစ္အုပ္ပါ။ ယူနစ္ တစ္ခုျခင္းစီမွာ စီးပြားေရးအေျခခံအယူအဆေတြျဖစ္တဲ့ ထုတ္လုပ္မႈ၊ က်င့္ဝတ္ေတြအပါအဝင္ “The Economist” မဂၢဇင္းက ေဆာင္းပါးေတြကိုလည္း ထည့္သြင္းေပးထားပါတယ္။ “Market Leader” စာအုပ္ မွာပါဝင္တဲ့ Case Study သင္ခန္းစာေတြနဲ႔ဆင္တူတာေတြပါသလို၊ “Intelligent Business” စာအုပ္မွာ ပါဝင္တဲ့ ဆံုးျဖတ္ခ်က္ခ်မွတ္ျခင္းဆိုင္ရာ သင္ခန္းစာေတြလည္းပါဝင္ပါတယ္။ “Intelligent Business” စာအုပ္က Leve ငါးခုနဲ႔ရႏိုင္ပါတယ္။ Elementary ကေန Advanced အထိပါ။

Business English ကို ေလ့လာခ်င္ပါသလား။ ကြ်န္ေတာ္တို႔ sayar.com.mm မွာ ရွိတဲ့ ဆရာ ဆရာမမ်ားႏွင့္ တိုက္ရိုက္ဆက္သြယ္လိုက္ပါ။ သင္အဆင္ေျပနိုင္မယ့္အခ်ိန္ကို ညိွႏွိုင္းျပီး တက္ေရာက္နိုင္ပါတယ္။

ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္ထားလို႔ရပါတယ္ခင္ဗ်။

Credit; akhayar

[Unicode Version]

သင်တန်းတွေမှာလည်း အင်္ဂလိပ်စာသင်တန်း four skills အပြင် အခုနောက်ပိုင်းဆိုရင် business english ကိုပါ သပ်သပ် course တစ်ခုအနေနဲ့ ဖွင့်လှစ်လာကြပါတယ်။ သင်တန်းလည်းတက်ပြီး ကိုယ်ကိုယ်တိုင် လည်း self-study လုပ်ချင်တဲ့သူတွေအတွက် လေ့လာသင့်တဲ့စာအုပ်ကောင်းလေးတွေကို ဖော်ပြပေးလိုက် ပါတယ်။
(1) Market Leader (Pearson/Longman)
ဒီအင်္ဂလိပ်စာ စာအုပ်ကို Business English စာအုပ်အကုန်လုံးရဲ့ ဘိုးအေကြီးလို့တောင် ပြောလို့ရပါတယ်။ “Market Leader” စာအုပ်မှာဆိုရင် စာမျက်နှာတိုင်းမှာ Business English ကို Four-skill နဲ့ လေ့လာနိုင် အောင် ဖော်ပြပေးထာပါတယ်။ ခေါင်းစဉ်တစ်ခုချင်းစီကလည်း စီးပွားရေးလုပ်ငန်းတွေမှာ အသုံးများတဲ့ အရာတွေပါ။ Brand, Money စတဲ့အကြောင်းအရာတွေပါသလို၊ ဖွင့်ပွဲတွေ၊ အစည်းအဝေးပွဲ တွေမှာ အင်္ဂလိပ်စာကို ဘယ်လိုမျိုးသုံးနှုန်းရမလဲဆိုတာတွေကိုပါ ဖော်ပြပေးထားပါတယ်။

Recommended for you -  အင်္ဂလိပ်စကားကျွမ်းကျင်သူတွေအတွက် အွန်လိုင်းပေါ်က အလုပ်အကိုင် (၆) မျိုး
(2) “Business one:one” (Oxford)
ဒီစာအုပ်က Business English ကို စလေ့လာမယ့် ကျောင်းသားအရွယ်တွေအတွက်တော့ တော်တော် အထောက်အကူဖြစ်မှာပါ။ အရမ်းကြီးကိန်းကြီးခမ်းကြီးနို်င်တဲ့စကားလုံးတွေ မပါဘဲ အကုန်လုံး ရိုးရိုးနဲ့ရှင်း ရှင်းပါပဲ။ Speaking နဲ့ Writing တွေမှာအဓိက လိုအပ်မယ့် ဝေါဟာရတွေ၊ စကားစုတွေနဲ့ သဒ္ဒါုပိုင်းဆိုင်ရာ တွေကို အထူးအလေးပေး ဖော်ပြထားပါတယ်။ Unit တစ်ခုခြင်းစီမှာ စာမျက်နှာ နှစ်ခုလောက်ပဲပါဝင်ပြီး တော့ သင်ခန်းစာပုံစံနဲ့ ရေးသားထားပါတယ်။ အဲ့ဒါကြောင့် စာအုပ်ကိုလှန်ကြည့်လိုက်တာနဲ့ ဘယ်သင်ခန်း စာက ဘယ်လိုဆိုတာ သိနိုင်မှာပါ။

(3) Total Business (Cengage)
ကို်ယ့်က Business English ကို အခုမှစလေ့လာမယ်၊ စီးပွားရေးအတွေ့အကြုံလည်း လုံးလုံးမရှိဘူးဆိုရင် “Total Business” နဲ့ အကောင်းဆုံးစာအုပ်တစ်ခုပါပဲ။ မရှိမဖြစ်လိုအပ်တဲ့ ဝေါဟာရတွေ၊ သဒ္ဒါတွေနဲ့ အကြောင်းအရာတွေကိုသာ ဖော်ပြထားတာမို့ Business English သမားတွေ စလျှောက်ရမယ့် တံခါးဝ တစ်ခု လို့တောင် ပြောလို့ရပါတယ်။ စာအုပ်တွေကို Module တွွေနဲ့ခွဲခြားထားပြီး Module တစ်ခုခြင်းစီက သင်ခန်းစာတွေက တော်တော်ထိရောက်ပါတယ်။ စီးပွားရေးနယ်ပယ်တွေကို သက်ဆိုင်ရာနယ်ပယ်တွေ အလိုက်ခွဲခြားထားတာမို့ ကို်ယ်သိချင်တဲ့အပိုင်းကို ရွေးပြီးလေ့လာမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

Recommended for you -  သင့်ကိုကူညီပေးနေတယ်ဆိုတိုင်း ကျွန်တော်အဆင်ပြေနေတယ်မထင်ပါနဲ့
(4) Intelligent Business (Pearson/Longman)
“Total Business” စာအုပ်လိုပါပဲ၊ Intelligent Business စာအုပ်ကလည်း စီးပွားရေးလုပ်ငန်း တွေနဲ့ပက် သက်ပြီး အတွေ့အကြုံနည်းနည်းသာရှိတဲ့သူတွေအတွက် တော်တော်အသုံးဝင်တဲ့စာအုပ်တစ်အုပ်ပါ။ ယူနစ် တစ်ခုခြင်းစီမှာ စီးပွားရေးအခြေခံအယူအဆတွေဖြစ်တဲ့ ထုတ်လုပ်မှု၊ ကျင့်ဝတ်တွေအပါအဝင် “The Economist” မဂ္ဂဇင်းက ဆောင်းပါးတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ “Market Leader” စာအုပ် မှာပါဝင်တဲ့ Case Study သင်ခန်းစာတွေနဲ့ဆင်တူတာတွေပါသလို၊ “Intelligent Business” စာအုပ်မှာ ပါဝင်တဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ သင်ခန်းစာတွေလည်းပါဝင်ပါတယ်။ “Intelligent Business” စာအုပ်က Leve ငါးခုနဲ့ရနိုင်ပါတယ်။ Elementary ကနေ Advanced အထိပါ။
Business English ကို လေ့လာချင်ပါသလား။ ကျွန်တော်တို့ sayar.com.mm မှာ ရှိတဲ့ ဆရာ ဆရာမများနှင့် တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ သင်အဆင်ပြေနိုင်မယ့်အချိန်ကို ညှိနှိုင်းပြီး တက်ရောက်နိုင်ပါတယ်။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ရပါတယ်ခင်ဗျ။
Credit; akhayar

Read times Last modified on Monday, 30 December 2019 15:20
Rate this articles
(1 Vote)