×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Monday, 30 October 2017

Freelance တစ္ေယာက္အတြက္ လုိအပ္တဲ့အရည္အခ်င္းမ်ား

Freelance တစ္ေယာက္အတြက္ လုိအပ္တဲ့အရည္အခ်င္းမ်ား google.com

ဒီေန႔ေခတ္မွာဆိုရင္ လူငယ္ေတာ္ေတာ္မ်ားမ်ားက ကိုယ့္ဘဝကို ပံုေသကားခ်ပ္တစ္ခုကိုလိုမ်ိဳး ကုမၸဏီတစ္ခုမွာ မနက္ရံုးတက္ညေနရံုးဆင္း ဒီလိုပံုမွန္ဘဝမ်ိဳးကို သိပ္ျပီး မခံုမင္ေတာ့ပါဘူး။ ကုိယ့္ဘဝကို ကိုယ္ပိုင္ဆိုင္ျပီး ကိုယ့္ရဲ႕အခ်ိန္တိုင္းကို ကိုယ္တိုင္စီမံခန္႔ခြဲနိုင္တဲ့ freelance အလုပ္ေတြကို လုပ္ကိုင္ဖို႔ စိတ္ဝင္စားလာပါတယ္။

ဒီအခါမွာ freelance တစ္ေယာက္မွာ ရွိရမယ့္ အရည္အခ်င္းေတြကို သိဖို႔လိုအပ္လာပါတယ္။ သင္က freelance web designer တစ္ေယာက္ဆိုရင္ သင့္ဆီမွာ ေကာင္းမြန္တဲ့ ဒီဇိုင္းေတြကို ဆြဲနိုင္တဲ့ idea ေကာင္းေတြ ရွိဖို႔ လိုအပ္ပါတယ္။ သင္က စာေရးဆရာဆိုရင္ စာေရးေကာင္းတဲ့ အရည္အခ်င္း ရွိဖို႔လိုအပ ပါတယ္။ 

ကုိယ္က freelance တစ္ေယာက္အျဖစ္ရပ္တည္ခ်င္တယ္ဆိုရင္ အရည္အခ်င္းတစ္ခုတည္းရွိရံုနဲ႕ မလံုေလာက္ ပါဘူး။ ကုမၸဏီေတြမွာေတာင္ department ေတြအမ်ားၾကီးခြဲထားေသးတာ ကုိယ္က တစ္ေယာက္တည္းဆို ေတာ့ ေငြေၾကးပိုင္း လုပ္ရမယ့္အလုပ္နဲ႕ လံုေလာက္မယ့္အခ်ိန္ ဒါေတြကအစကိုယ့္ဘာသာ စီစဥ္ရေတာ့ မွာပါ။

၁. Accounting Skills

သင္က freelance အျဖစ္ရပ္တည္ေနတယ္ဆိုရင္ ဒီအရည္အခ်င္းကလုိအပ္ပါတယ္။ ကုမၸဏီေတြမွာ လိုမ်ိဳး အရမ္းကို ကြ်မ္းက်င္စရာမလိုပါဘူး။ကိုယ္လုပ္မယ့္အလုပ္အတြက္ ကုန္က်စရိတ္ ဝင္ေငြ ထြက္ေငြ သံုးစြဲစရိတ္ ဘာေတြလိုအပ္တယ္ ဒါေတြကုိ ေကာင္းေကာင္းမြန္မြန္လုပ္နိုင္ဖို႔ လိုပါတယ္။

Recommended for you - အင်္ဂလိပ်စကားကျွမ်းကျင်သူတွေအတွက် အွန်လိုင်းပေါ်က အလုပ်အကိုင် (၆) မျိုး

၂. Communication Skills      

ေပါင္းသင္းဆက္ဆံေရးေကာင္းဖို႔လိုအပ္တယ္ဆိုတာ တကူးတကေတာင္ ေျပာစရာလိုမယ္မထင္ပါဘူး။ ကိုယ္က တစ္ေယာက္ထဲနဲ႕ ေစ်းကြက္ေဖာက္မယ့္သူဆိုေတာ့ ကိုယ့္ဆီမွာ အလုပ္အပ္ရေအာင္ ကုိယ့္ကုိ ယံုၾကည္စိတ္ခ်ေအာင္ ေျပာနိုင္ဖို႔လိုပါတယ္။ ကိုယ့္ရဲ႕ နက္ဝက္ခ္ကို အေကာင္းဆံုးျဖစ္ေအာင္ တည္ေဆာက္ ထားရမွာပါ။

၃. Estimating Skills

ကိုယ္လက္ခံလိုက္တဲ့ project တစ္ခုက အခ်ိန္ဘယ္ေလာက္ၾကာမလဲ။ ဒါေတြကို ကိုယ္က ေကာင္းေကာင္း တြက္ခ်က္ေပးနိုင္ရပါမယ္။ estimate skill ေကာင္းမြန္တယ္ဆိုရင္ တစ္ခ်ိန္တည္းမွာ project ႏွစ္ခုေတာင္ လက္ခံနိုင္ပါတယ္။ ဒါဆိုရင္ အျမတ္ေတြလည္း အမ်ားၾကီးရမွာပါ။

၄. Interpersonal Skills

ကိုယ္ကတစ္ေယာက္တည္း အလုပ္လုပ္ရတယ္ တျခားသူေတြနဲ႕ ဆက္ဆံစရာမလိုဘူးထင္ျပီး interpersonal skill ေကာင္းဖုိ႔မလိုအပ္ဘူးလို႔ ထင္ေကာင္းထင္နိုင္ပါတယ္။ ဒါေပမယ့္ လူတိုင္းက ဘယ္ေတာ့မွ တစ္ေယာက္တည္းရပ္တည္လို႔ မရပါဘူး။ သင့္ဆီမွာ အလုပ္အပ္မယ့္သူေတြ ရွိတယ္ သင္မသိတာေတြကို သင္ယူရမယ့္သူေတြရွိတယ္။ သင္သာ interpersonal skill ေကာင္းမယ္ဆိုရင္ ေအာင္ျမင္တဲ့ freelancer ျဖစ္နိုင္ဖို႔အတြက္ အေထာက္အကူျဖစ္ပါတယ္။

Recommended for you -  ရုပ္ရွင္နဲ႕ လက္ေတြ႔ဘဝထဲက မတူညီတဲ့ သန္းၾကြယ္သူေဌးမ်ား

၅. Problem Solving Skills

ကြ်မ္းက်င္တဲ့ freelancer က ကြ်မ္းက်င္တဲ့ ျပႆနာေျဖရွင္းနိုင္သူပါ။ ကိုယ္တာဝန္ယူထားတဲ့ ပေရာဂ်က္မွာ မေမွ်ာ္လင့္တဲ့ ျပႆနာေတြ ေပၚလာခဲ့ရင္ အေကာင္းမြန္ဆံုး ျပန္လည္ေျဖရွင္း ေပးနိုင္ရပါမယ္။

၆. Project Management Skills

Freelance လုပ္တဲ့အခါ ရလာတဲ့ ပေရာဂ်က္တိုင္းက ကိုယ့္ရဲ႕ ကိုယ္ပိုင္ ပေရာဂ်က္တစ္ခုပါပဲ။ ဒါေၾကာင့္ ကိုယ့္ပေရာဂ်က္ရဲ႕ deadline အမွီ ျပီးေအာင္လုပ္ေဆာင္နိုင္ဖို႔အတြက္ project တစ္ခုလံုးမွာ ဘယ္အပိုင္း က အရင္လုပ္ဖို႔လိုတယ္ ဘယ္အပိုင္းက ဘယ္ေလာက္ဆိုလံုေလာက္တယ္ ဒါေတြကို ေကာင္းေကာင္း နားလည္ဖို႔ လိုပါတယ္။

၇. Stress Management Skills

ကိုယ္တစ္ေယာက္တည္းလုပ္ရတဲ့အခါ လူအမ်ားနဲ႕ အာရံဳေနာက္စရာမရွိတဲ့အခ်က္ကလည္း freelance လုပ္တဲ့အခါ ေကာင္းတဲ့အခ်က္တစ္ခ်က္ပါပဲ။ ဒါေပမယ့္ ပေရာဂ်က္တခုလံုးကို ကိုယ္တစ္ေယာက္တည္း အစအဆံုး လုပ္ရတဲ့အခါ ပင္ပန္းျပီး stress ေတြ ရွိလာနုိင္ပါတယ္။ ဒါေတြကို ေကာင္းေကာင္း ကိုင္တြယ္ နိုင္ရပါမယ္။

Source; freelancefolder

[Unicode Version]

ဒီနေ့ခေတ်မှာဆိုရင် လူငယ်တော်တော်များများက ကိုယ့်ဘဝကို ပုံသေကားချပ်တစ်ခုကိုလိုမျိုး ကုမ္ပဏီတစ်ခုမှာ မနက်ရုံးတက်ညနေရုံးဆင်း ဒီလိုပုံမှန်ဘဝမျိုးကို သိပ်ပြီး မခုံမင်တော့ပါဘူး။ ကိုယ့်ဘဝကို ကိုယ်ပိုင်ဆိုင်ပြီး ကိုယ့်ရဲ့အချိန်တိုင်းကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်တဲ့ freelance အလုပ်တွေကို လုပ်ကိုင်ဖို့ စိတ်ဝင်စားလာပါတယ်။

ဒီအခါမှာ freelance တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေကို သိဖို့လိုအပ်လာပါတယ်။ သင်က freelance web designer တစ်ယောက်ဆိုရင် သင့်ဆီမှာ ကောင်းမွန်တဲ့ ဒီဇိုင်းတွေကို ဆွဲနိုင်တဲ့ idea ကောင်းတွေ ရှိဖို့ လိုအပ်ပါတယ်။ သင်က စာရေးဆရာဆိုရင် စာရေးကောင်းတဲ့ အရည်အချင်း ရှိဖို့လိုအပ ပါတယ်။

 ကိုယ်က freelance တစ်ယောက်အဖြစ်ရပ်တည်ချင်တယ်ဆိုရင် အရည်အချင်းတစ်ခုတည်းရှိရုံနဲ့ မလုံလောက် ပါဘူး။ ကုမ္ပဏီတွေမှာတောင် department တွေအများကြီးခွဲထားသေးတာ ကိုယ်က တစ်ယောက်တည်းဆို တော့ ငွေကြေးပိုင်း လုပ်ရမယ့်အလုပ်နဲ့ လုံလောက်မယ့်အချိန် ဒါတွေကအစကိုယ့်ဘာသာ စီစဉ်ရတော့ မှာပါ။
၁. Accounting Skills
သင်က freelance အဖြစ်ရပ်တည်နေတယ်ဆိုရင် ဒီအရည်အချင်းကလိုအပ်ပါတယ်။ ကုမ္ပဏီတွေမှာ လိုမျိုး အရမ်းကို ကျွမ်းကျင်စရာမလိုပါဘူး။ကိုယ်လုပ်မယ့်အလုပ်အတွက် ကုန်ကျစရိတ် ဝင်ငွေ ထွက်ငွေ သုံးစွဲစရိတ် ဘာတွေလိုအပ်တယ် ဒါတွေကို ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့ လိုပါတယ်။

Recommended for you - အင်္ဂလိပ်စကားကျွမ်းကျင်သူတွေအတွက် အွန်လိုင်းပေါ်က အလုပ်အကိုင် (၆) မျိုး

၂. Communication Skills
ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လိုအပ်တယ်ဆိုတာ တကူးတကတောင် ပြောစရာလိုမယ်မထင်ပါဘူး။ ကိုယ်က တစ်ယောက်ထဲနဲ့ စျေးကွက်ဖောက်မယ့်သူဆိုတော့ ကိုယ့်ဆီမှာ အလုပ်အပ်ရအောင် ကိုယ့်ကို ယုံကြည်စိတ်ချအောင် ပြောနိုင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ နက်ဝက်ခ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက် ထားရမှာပါ။
၃. Estimating Skills
ကိုယ်လက်ခံလိုက်တဲ့ project တစ်ခုက အချိန်ဘယ်လောက်ကြာမလဲ။ ဒါတွေကို ကိုယ်က ကောင်းကောင်း တွက်ချက်ပေးနိုင်ရပါမယ်။ estimate skill ကောင်းမွန်တယ်ဆိုရင် တစ်ချိန်တည်းမှာ project နှစ်ခုတောင် လက်ခံနိုင်ပါတယ်။ ဒါဆိုရင် အမြတ်တွေလည်း အများကြီးရမှာပါ။
၄. Interpersonal Skills
ကိုယ်ကတစ်ယောက်တည်း အလုပ်လုပ်ရတယ် တခြားသူတွေနဲ့ ဆက်ဆံစရာမလိုဘူးထင်ပြီး interpersonal skill ကောင်းဖို့မလိုအပ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းက ဘယ်တော့မှ တစ်ယောက်တည်းရပ်တည်လို့ မရပါဘူး။ သင့်ဆီမှာ အလုပ်အပ်မယ့်သူတွေ ရှိတယ် သင်မသိတာတွေကို သင်ယူရမယ့်သူတွေရှိတယ်။ သင်သာ interpersonal skill ကောင်းမယ်ဆိုရင် အောင်မြင်တဲ့ freelancer ဖြစ်နိုင်ဖို့အတွက် အထောက်အကူဖြစ်ပါတယ်။

Recommended for you -  ရုပ်ရှင်နဲ့ လက်တွေ့ဘဝထဲက မတူညီတဲ့ သန်းကြွယ်သူဌေးများ
၅. Problem Solving Skills
ကျွမ်းကျင်တဲ့ freelancer က ကျွမ်းကျင်တဲ့ ပြဿနာဖြေရှင်းနိုင်သူပါ။ ကိုယ်တာဝန်ယူထားတဲ့ ပရောဂျက်မှာ မမျှော်လင့်တဲ့ ပြဿနာတွေ ပေါ်လာခဲ့ရင် အကောင်းမွန်ဆုံး ပြန်လည်ဖြေရှင်း ပေးနိုင်ရပါမယ်။
၆. Project Management Skills
Freelance လုပ်တဲ့အခါ ရလာတဲ့ ပရောဂျက်တိုင်းက ကိုယ့်ရဲ့ ကိုယ်ပိုင် ပရောဂျက်တစ်ခုပါပဲ။ ဒါကြောင့် ကိုယ့်ပရောဂျက်ရဲ့ deadline အမှီ ပြီးအောင်လုပ်ဆောင်နိုင်ဖို့အတွက် project တစ်ခုလုံးမှာ ဘယ်အပိုင်း က အရင်လုပ်ဖို့လိုတယ် ဘယ်အပိုင်းက ဘယ်လောက်ဆိုလုံလောက်တယ် ဒါတွေကို ကောင်းကောင်း နားလည်ဖို့ လိုပါတယ်။
၇. Stress Management Skills
ကိုယ်တစ်ယောက်တည်းလုပ်ရတဲ့အခါ လူအများနဲ့ အာရုံနောက်စရာမရှိတဲ့အချက်ကလည်း freelance လုပ်တဲ့အခါ ကောင်းတဲ့အချက်တစ်ချက်ပါပဲ။ ဒါပေမယ့် ပရောဂျက်တခုလုံးကို ကိုယ်တစ်ယောက်တည်း အစအဆုံး လုပ်ရတဲ့အခါ ပင်ပန်းပြီး stress တွေ ရှိလာနိုင်ပါတယ်။ ဒါတွေကို ကောင်းကောင်း ကိုင်တွယ် နိုင်ရပါမယ်။
Source; freelancefolder

Read times Last modified on Monday, 30 December 2019 15:23
Rate this articles
(3 votes)