×

Warning

JUser: :_load: Unable to load user with ID: 723


Student

Friday, 13 January 2017

ဓာတုဗေဒဘာသာရပ်ဆိုတာ ဘာလဲ၊ ဘယ်လိုဖွဲ့စည်းထားသလဲ?

ဓာတုဗေဒ ဘာသာရပ်ဆိုတာ ဒြပ်တို့၏ သဘောကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းဖြစ်ပါသည်။

ဓာတုဗေဒ ဘာသာရပ်သည် ဒြပ်ဝတ္ထုတို့၏ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသာန်၊ ဂုဏ်သတ္တိများနှင့်အတူ ဓာတုဓာတ်ပြုခြင်း ဖြစ်သောအခါ ဖြစ်ပေါ်လာသော ပြောင်းလဲခြင်းတို့ကို သိပ္ပံနည်းကျ လေ့လာသော ဘာသာရပ် ဖြစ်ပါတယ်။

ဓာတုဗေဒသည် ရုပ်ဝတ္ထု သိပ္ပံဘာသာရပ်ဖြစ်ပြီး အက်တမ်၊ မော်လီကျူး၊ ပုံစောင်ခဲနှင့် စုပေါင်းထားသော ဒြပ်ပေါင်း၊ ဒြပ်နှော များတွင် ဓာတုဖြစ်စဉ်များ (Chemical Process) ဖြစ်ပေါ်ခြင်းနှင့် ပတ်သက်သော စွမ်းအင်သဘောတရားများကို လေ့လာရပါတယ်။

ဓာတုဗေဒသည် အပိုင်း ၅ ပိုင်းဖြင့် ဖွဲ့စည်းထားပါသည်။

၎င်းကောင်းတို့မှာ အင်အော်ဂဲနစ် ဓာတုဗေဒ (Inorganic Chemistry) ၊ ရူပဓာတုဗေဒ (Physical Chemistry) ၊ အော်ဂဲနစ်ဓာတုဗေဒ (Organic Chemistry) ၊ ဓာတ်ခွဲဓာတုဗေဒ (Analytical Chemistry) ၊ နျူကလီးယား ဓာတုဗေဒ (Nuclear Chemistry) တို့ ဖြစ်ပါသည်။

၁. Inorganic Chemistry

အင်အော်ဂဲနစ်သည် အင်အော်ဂဲနစ် ပစ္စည်းများ၏ တည်ဆောက်ပုံ၊ ဖွဲ့စည်းမှု၊ အပြုအမှုများကို ဓာတုဗေဒ ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။ အော်ဂဲနစ်ပစ္စည်းများ မှလွဲ၍ ကျန်သော ဒြပ်ပေါင်းများကို အင်အော်ဂဲနစ်ပစ္စည်းများ အဖြစ်သတ်မှတ်သည်။ အင်အော်ဂဲနစ် ဓာတုဗေဒတွင် အယ်လ်ကာလီ (Alkali) ၊ အက်စစ် (Acid) ၊ ဗေ့ဟ် (Base) ၊ သတ္ထုများ (Metals) ၊ သတ္ထုမဟုတ်သော ဒြပ်စင်များ (Non-metals) နှင့် ဆားများ (Salts) စသည်တို့ကို လေ့လာရသည်။

၂. Physical Chemistry

ရူပဗေဒ သီအိုရီများကို အခြေခံပြီး အက်တမ်းများနှင့် အက်တမ်မျိုးခွဲအမှုန်များကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ရူပဓာတုဗေဒ ဘာသာရပ်သည် ဓာတုဓာတ်ပြုခြင်းများတွင် အပူထုတ်လွှင့်ခြင်း၊ အပူစုပ်ယူခြင်း စသည့် အပူနှင့် သက်ဆိုင်သော အကြောင်းအရာများကို လေ့လာသော ဘာသာရပ်၊ ဓာတုအရာဝတ္ထုပစ္စည်းများ၏ လျှပ်စစ်သတ္တိ၊ သံလိုက်သတ္တိ၊ ဓာတုဓာတ်ပြုနှုန်း၊ မော်လီကျူး အတွင်းပိုင်းအား စသည့် အကြောင်းအရာများကို အသေးစိတ်လေ့လာရသည်။

၃. Organic Chemistry

အော်ဂဲနစ်ပစ္စည်းများကို အသေးစိတ်လေ့လာသော ဓာတုဗေဒ ဘာသာရပ်ခွဲဖြစ်ပါသည်။ ကာဗွန်နှင့် ဟိုက်ဒရိုဂျင် အက်တမ်များ အဓိကပါဝင်သော အရာများကို အော်ဂဲနစ်ပစ္စည်းများအဖြစ် သတ်မှတ်သည်။

၎. Analytical Chemistry

လျှပ်စစ် ဆဲလ်များပြုလုပ်ခြင်း၊ လျှပ်စစ်ဓာတုဆဲလ်များ တည်ဆောက်ခြင်း၊ ဓာတုဒြပ်ပေါင်းများကို လျှပ်စစ်သုံး ဖြိုခွဲခြင်း၊ ဖျော်ရည်များတွင် ဟိုက်ဒရိုဂျင် အိုင်းယွန်း ပါဝင်ကိန်း pH တိုင်းတာခြင်း၊ သဘာဝပစ္စည်းများ၏ ဓာတုဂုဏ်သတ္တိကို ခွဲစိပ်သော ဓာတ်ခွဲဓာတုဗေဒ၏ အခန်းကဏ္ဍသည်လည်း အရေးပါလှသည်။

၅. Nuclear Chemistry

နျူကလီးယားသည် ရေဒီယို သတ္တိကြွအရာများ၏ ဓာတုဖြစ်စဉ်နှင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ တည်ဆောက်ခြင်း၊ နျူကလီးယားလက်နက် ပစ္စည်းများ ထုတ်လုပ်ခြင်း အခန်းကဏ္ဍသည် နိုင်ငံတိုင်း၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူများသည် စိတ်ဝင်စားစရာကောင်းသော ဓာတုဗေဒဘာသာရပ်ကို သင်ကြားလိုပါက sayar.com.mm တွင် ရှိသော ဆရာ၊ ဆရာမများနဲ့ ဆက်သွယ်နိုင်ပါတယ်။

Source: chemistry field

Read times Last modified on Friday, 27 December 2019 15:28
Rate this articles
(4 votes)