×

Warning

JUser: :_load: Unable to load user with ID: 723


Language

Wednesday, 01 November 2017

မှားတတ်တဲ့ Simple Present Tense အကြောင်း

မှားတတ်တဲ့ Simple Present Tense အကြောင်း google.com










၎. သတင်းစာ၊ ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်း Headlines တွေမှာလည်း Simple Present Tense ကို သုံးပါတယ်။













[Unicode Version]

Simple Present Tense က အမြဲတမ်းလိုလို သုံးရတဲ့ tense တစ်မျိုးပါ။ လွယ်ကူတယ်လို့လည်း ထင်ရပါတယ်။ တခါတလေမှာ လွယ်ကူတယ်ထင်တဲ့ဟာတွေက သတိမထားမိတဲ့ အမှားလေးတွေ ရှိပါတယ်။ ဒါကြောင့် simple present tense အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁. အမြဲတမ်းမှန်ကန်နေတဲ့ (ဖောက်ပြန်လွဲမှားခြင်းမရှိတဲ့) အကြောင်းအရာတွေကို ဖော်ပြရာမှာ သုံးပါတယ်။
Example- Water boils at 100 degree Celsius.
၂. အလေ့အကျင့် အလေ့အထကို ဖော်ပြချင်ရင်လည်း Simple Present Tense ကို သုံးပါတယ်။
Example- British people drink a lot of tea.

Recommended for you -  အိပ်ယာမသိမ်းသင့်ဘူးလို့ သိပ္ပံပညာရှင်တွေပြောပြီ
၃. ခံစားချက်၊ အထင်အမြင်ကို ထုတ်ဖော်ပြောကြားခြင်း (States) တွေမှာလည်း Simple Present Tense ကိုပဲ သုံးပါတယ်။
Example-1. I don’t like gangster films.
2. I hope you’ll come to my party.
၄. သတင်းစာ၊ ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်း Headlines တွေမှာလည်း Simple Present Tense ကို သုံးပါတယ်။
Example- Ship sinks in midnight collision.
၅. ညွှန်ကြားချက်တွေနဲ့ ခရီးသွားမှတ်တမ်းတွေ ရေးတဲ့အခါမှာလည်း Simple Present Tense ကိုပဲ သုံးပါတယ်။
Example- 1.First you roll out the pasty.
2. On day three we visit Stratford-upon-Avon.

Recommended for you- Freelance တစ်ယောက်အတွက် လိုအပ်တဲ့အရည်အချင်းများ
၆. အကြောင်းအရာ အဖြစ်အပျက်ကို အကျဉ်းချုပ် အနှစ်ချူပ် summary ရေးတဲ့အခါမှာလည်း V1 လို့ လွယ်လွယ်ခေါ်ကြတဲ့ Simple Present Tense ကို သုံးပါတယ်။
Example- May 1945: The war in Europe comes to an end.
…At the end of the play both families realise that their hatred had caused the deaths of the lovers.
၇. အတိတ်က ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာ၊ ပုံပြင်ဝတ္ထု ဇာတ်ကြောင်းကို ပြန်ပြောပြတဲ့အခါ နားထောင်တဲ့ သူပိုပြီး စိတ်ဝင်စားလာအောင်၊ ဇာတ်လမ်းပိုပြီး အသက်ဝင်လာအောင် ပြောတဲ့အခါ Simple Present Tense ကို သုံးပါတယ်။
Example- ….So then the second man asks the first one why he has a banana in his ear and the first one says…

အင်္ဂလိပ်စာသင်တန်းများကို အိမ်တွင်သီးသန့်သင်ချင်သူများအတွက် sayar.com.mm တွင် ရှိသော ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
Source; Myanmar-network.net

Read times Last modified on Monday, 30 December 2019 15:23
Rate this articles
(1 Vote)