×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 07 November 2017


ကော်ဖီချစ်သူတွေအတွက် ကော်ဖီနဲ့ပက်သက်တဲ့ ဝေါဟာရလေးတွေ google.com


Caffeine (ကဖိန်းဓါတ်)






Recommended for you - ဆရာများ ရှောင်ရှားသင့်သော အကျင့်စရိုက်များ



Latte



Long Black


Mocha


White Coffee




[Unicode Version]

ကော်ဖီဆိုတာကလည်း ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သောက်စရာအရည်တစ်မျိုးဖြစ်ပါတယ်။ ကော်ဖီချစ်သူတွေအတွက် ကော်ဖီနဲ့ပက်သက်တဲ့ ဝေါဟာရလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
Caffeine (ကဖိန်းဓါတ်)
ကော်ဖီစေ့မှာ ပါရှိတဲ့ ဗဟိုအာရုံကြောစနစ်နဲ့ ကိုယ်ခန္ဓာရဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို နိုးကြွစေသော ဓာတုဓါတ် ပေါင်း။
Caffè Americano (ကော်ဖီအမေရိကာနို)
ကော်ဖီကြမ်း ပျစ်ပျစ်ခါးခါးတွင် ရေနွေးထည့်ပြီး ဖျော်သော ကော်ဖီအမျိုးအစား။
Cappuccion (ကာပူချီနို)
Cappuccino သည် အီတလီကော်ဖီ တစ်မျိုးဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် ၄င်းကို ကော်ဖီကြမ်း ပျစ်ပျစ်ခါးခါး၊ နွားနို့ပူပူနှင့် ပေါင်းထားသော နွားနို့အမြှုပ်တို့နဲ့ ဖျော်ပါတယ်။

Recommended for you - ဆရာများ ရှောင်ရှားသင့်သော အကျင့်စရိုုက်များ
Black Coffee (ဘလက်ကော်ဖီ)
Black coffee ဆိုသည်မှာ မလိုင်ရောနို့ပါ ထည့်ထားခြင်းမရှိသော ကော်ဖီအမျိုးအစား ဖြစ်ပါတယ်။
Latte
ကော်ဖီကြမ်းပျစ်ပျစ်ခါးခါးကို ပေါင်းခံထားသော နို့နှင့် ဖျော်ထားသော ကော်ဖီဖြစ်ပါတယ်။

Recommended for you - သင်သိဖို့လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်များ
Long Black
Long Black ကော်ဖီသည် expresso (၂) အောင်စကို ရေနွေးထဲသို့ သွန်ထည့်ခြင်းမှ ရလာသော ကော်ဖီ ဖြစ်သည်။
Mocha
ပျစ်နှစ်ပြီး အနံ့စူးရှသော ထူးကဲသည့် အာရေဗျကော်ဖီ (သို့) နို့၊ သကြားနှင့် ကိုကိုးအရသာများ ထည့်ထားသော ကော်ဖီကို ခေါ်ခြင်းဖြစ်ပါတယ်။
White Coffee
အင်္ဂလိပ်စကားပြောသော တိုင်းပြည်အများစုတွင် white coffee ဆိုသည်မှာ ပုံမှန်ကော်ဖီကြမ်းစစ်စစ်ကို နို့၊ မလိုင် (သို့) တခြား နို့ မလိုင်အစားထိုးအမှုန့်များဖြင့် ဖျော်ထားသော ကော်ဖီဖြစ်ပါတယ်။
ဒီကော်ဖီကိုပဲ US ရှိ New York ဒေသမှာ coffee light လို့ခေါ်ကြပြီး New England မှာတော့ “coffee with milk” (သို့) “regular coffee” လို့ခေါ်ကြပါတယ်။
Source; Myanmar-network.net

 

 

 

Read times Last modified on Monday, 30 December 2019 15:25
Rate this articles
(1 Vote)