×

Warning

JUser: :_load: Unable to load user with ID: 723


Language

Wednesday, 08 November 2017

အခ်ိန္နည္းနည္းေလးနဲ႕ အဂၤလိပ္စာကို ဘယ္လိုသင္ယူၾကမလဲ

အခ်ိန္နည္းနည္းေလးနဲ႕ အဂၤလိပ္စာကို ဘယ္လိုသင္ယူၾကမလဲ google.com

Zawgyi

အဂၤလိပ္စာသင္တန္းျပန္တက္ရမယ့္အခ်ိန္ကလည္း ေရာက္ေတာ့မယ္ စာေတြလည္းျပန္မၾကည့္ရေသးဘူး။ သင္တန္းကေန ျပန္လာကတည္းက လြယ္အိတ္ကလည္း သူ႔ဟာသူ သပ္သပ္ ကုိယ္ကလည္းကိုယ့္ဟာကို သပ္သပ္ ဒီလိုအေျခအေနမ်ိဳးေတြ ျဖစ္ေနတာလား။  

သင္တန္းသြားရေတာ့မယ္ စာလည္း ျပန္မၾကည့္ ရေသးဘူး။ သဒၵါေတြ ေဝါဟာရေတြလည္း ေမ့သြားျပန္ျပီ။

 ငါဒီတစ္ပတ္ေတာ့စာၾကည့္ေတာ့မယ္ လို႔ေတြးထားေပမယ့္ တျခားလုပ္စရာေတြ ေပၚလာျပန္တယ္။ ကိုယ့္ သူငယ္ခ်င္းဆီလည္း သြားရအံုးမယ္ မိသားစုဝင္ေတြနဲ႕လည္း ေနရအံုးမယ္ တိုက္ခန္းကိုလည္း ရွင္းရအံုး မယ္။ အဝတ္ေတြလည္း ေလွ်ာ္ရအံုးမယ္ မီးပူလည္းထိုးရအံုးမယ္ လုပ္စရာေတြကလည္း မကုန္နိုင္ဘူး ဒါနဲ႕ ပဲ စာေလ့လာမယ့္အခ်ိန္ကို မေပးနိုင္ေတာ့ပဲ တစ္ပတ္ျပန္လည္သြားျပန္တယ္။ ဒါဆိုရင္ မရွိတဲ့အခ်ိန္ေလး မွာဘယ္လိုဖ်စ္ညွစ္ျပီး အဂၤလိပ္စာကို ဘယ္လိုေလ့လာၾကမလဲ။

Recommended for you -  ဆရာမ်ား ေရွာင္ရွားသင့္ေသာ အက်င့္စရိုုက္မ်ား

ခ်က္ခ်င္းလုပ္စရာရွိတာကို လုပ္ပါ။ ေနာက္မွလုပ္မယ္ဆိုျပီး မေတြးပါနဲ႕ ေနာင္မွာအခ်ိန္ေတြ ပိုရလိမ့္မယ္လို႔ မေမွ်ာ္လင့္ပါနဲ႕ ဘယ္ေတာ့မွျဖစ္လာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ေနာက္မွ ေလ့လာမယ္ သင္တန္းတက္ မယ္ဆိုျပီး အခ်ိန္ေတြကို မေရြ႕ဆိုင္းပါနဲ႕။

အားလပ္ခ်ိန္အမ်ားၾကီး မယူပါနဲ႕။ စဥ္ဆက္မျပတ္ေလ့လာေနဖို႔ အေရးၾကီးပါတယ္။ ေလ့လာေနတဲ့ အေၾကာင္းအရာတစ္ခုကို အခ်ိန္ေတြအၾကာၾကီး အဆက္အသြယ္ျပတ္သြားမယ္ဆိုရင္ ျပန္ေလ့လာတဲ့အခါ အခ်ိန္ေတြအမ်ားၾကီး ျပန္ေပးရပါတယ္။

ဘာသာစကားကို ေန႔စဥ္ ထိေတြ႔ပါ။ အခ်ိန္တစ္နာရီ၊ နာရီဝက္ ဒါမွမဟုတ္ ဆယ္မိနစ္ပဲ ေပးပါ။ တစ္ပတ္လံုး မွာ တစ္ရက္ပဲအခ်ိန္အမ်ားၾကီးေပးတာထက္စာရင္ ေန႔စဥ္အခ်ိန္အနည္းငယ္ေပးတာက ပိုျပီး ထိေရာက္ပါ တယ္။

ခရီးသြားေနတဲ့အခ်ိန္တိုင္း အဂၤလိပ္စာ နားေထာင္ပါ။ bus ေပၚမွာပဲျဖစ္ျဖစ္ လမ္းမွာပဲျဖစ္ျဖစ္ ကိုယ္အားေန တဲ့အခ်ိန္ေလးေတြကို အဂၤလိပ္စာနားေထာင္ရင္းနဲ႕ ကုန္ဆံုးေစလိုက္ပါ။ ဖုန္းမွာ listening နဲ႕ပက္သက္တဲ့ application ေတြ ထည့္ထားျပီးေတာ့နားေထာင္ေပးတာက နားရည္ဝေစျပီး ကိုယ္ျပန္အသံုးခ်တဲ့အခါ လြယ္လြယ္ကူကူ ျဖစ္ေစပါတယ္။

Recommended for you - မွန္ကန္တဲ့ Tense (ၾကိယာကာလ) ကို အသံုးျပဳနိုင္ဖို႔ အၾကံျပဳခ်က္ ၃ ရပ္

ေဝါဟာရအသစ္ေတြကို ေလ့လာတဲ့အခါ စာေၾကာင္းေလးေတြနဲ႕ တြဲမွတ္ေပးပါ။ ကိုယ့္ဖုန္းထဲမွာ အဘိဓါန္ ထည့္ထားျပီး အခ်ိန္ငါးမိနစ္ပိုရင္ ငါးမိနစ္ေလာက္ေပါ့ တစ္လံုးရ တစ္လံုး နွစ္လံုးရႏွစ္လံုး က်က္မွတ္ပါ။

သတင္းေတြကို အဂၤလိပ္လိုဖတ္ပါ။ သတင္းေတြကို အဂၤလိပ္လိုဖတ္ျခင္းကေနလည္း စာလံုးအသစ္ေတြ အမ်ားၾကီးရနိုင္ပါတယ္။ သင္အၾကိဳက္ဆံုး စာအုပ္မ်ားေတြနဲ႕ မဂၢဇင္းေတြကို အဂၤလိပ္လိုပဲ ဖတ္ပါ။

e-mail ပို႔တဲ့အခါ ကိုယ့္သူငယ္ခ်င္းေတြနဲ႕ စာပို႔တဲ့အခါ အဂၤလိပ္လိုပဲ ေရးပါ။ ဒီလိုလုပ္ေပးတာက writing skill အတြက္ တကူးတကအခ်ိန္ေပးစရာမလိုပဲ ေပါ့ေပါ့ပါးပါး ေလ့က်င့္လုိ႔ရပါတယ္။ ေပ်ာ္စရာလည္း ေကာင္းပါတယ္။

အဂၤလိပ္စကားကို ရံဳးသံုးစကားအျဖစ္အသံုးျပဳတဲ့ company တစ္ခုမွာ အလုပ္ဝင္လိုက္ပါ။ စစခ်င္းေတာ့ သင္ရွိန္ေကာင္း ရွိန္ေနပါလိမ့္မယ္။ ဒါေပမယ့္ ေရရွည္အတြက္ တကယ္အက်ိဳးရွိပါတယ္။

အဂၤလိပ္စာ သင္ၾကားေပးေသာ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects.html

Source; Myanmar-network.net

[Unicode Version]

အင်္ဂလိပ်စာသင်တန်းပြန်တက်ရမယ့်အချိန်ကလည်း ရောက်တော့မယ် စာတွေလည်းပြန်မကြည့်ရသေးဘူး။ သင်တန်းကနေ ပြန်လာကတည်းက လွယ်အိတ်ကလည်း သူ့ဟာသူ သပ်သပ် ကိုယ်ကလည်းကိုယ့်ဟာကို သပ်သပ် ဒီလိုအခြေအနေမျိုးတွေ ဖြစ်နေတာလား။ သင်တန်းသွားရတော့မယ် စာလည်း ပြန်မကြည့် ရသေးဘူး။ သဒ္ဒါတွေ ဝေါဟာရတွေလည်း မေ့သွားပြန်ပြီ။
ငါဒီတစ်ပတ်တော့စာကြည့်တော့မယ် လို့တွေးထားပေမယ့် တခြားလုပ်စရာတွေ ပေါ်လာပြန်တယ်။ ကိုယ့် သူငယ်ချင်းဆီလည်း သွားရအုံးမယ် မိသားစုဝင်တွေနဲ့လည်း နေရအုံးမယ် တိုက်ခန်းကိုလည်း ရှင်းရအုံး မယ်။ အဝတ်တွေလည်း လျှော်ရအုံးမယ် မီးပူလည်းထိုးရအုံးမယ် လုပ်စရာတွေကလည်း မကုန်နိုင်ဘူး ဒါနဲ့ ပဲ စာလေ့လာမယ့်အချိန်ကို မပေးနိုင်တော့ပဲ တစ်ပတ်ပြန်လည်သွားပြန်တယ်။ ဒါဆိုရင် မရှိတဲ့အချိန်လေး မှာဘယ်လိုဖျစ်ညှစ်ပြီး အင်္ဂလိပ်စာကို ဘယ်လိုလေ့လာကြမလဲ။

Recommended for you - ဆရာများ ရှောင်ရှားသင့်သော အကျင့်စရိုုက်များ

ချက်ချင်းလုပ်စရာရှိတာကို လုပ်ပါ။ နောက်မှလုပ်မယ်ဆိုပြီး မတွေးပါနဲ့ နောင်မှာအချိန်တွေ ပိုရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်မှ လေ့လာမယ် သင်တန်းတက် မယ်ဆိုပြီး အချိန်တွေကို မရွေ့ဆိုင်းပါနဲ့။
အားလပ်ချိန်အများကြီး မယူပါနဲ့။ စဉ်ဆက်မပြတ်လေ့လာနေဖို့ အရေးကြီးပါတယ်။ လေ့လာနေတဲ့ အကြောင်းအရာတစ်ခုကို အချိန်တွေအကြာကြီး အဆက်အသွယ်ပြတ်သွားမယ်ဆိုရင် ပြန်လေ့လာတဲ့အခါ အချိန်တွေအများကြီး ပြန်ပေးရပါတယ်။
ဘာသာစကားကို နေ့စဉ် ထိတွေ့ပါ။ အချိန်တစ်နာရီ၊ နာရီဝက် ဒါမှမဟုတ် ဆယ်မိနစ်ပဲ ပေးပါ။ တစ်ပတ်လုံး မှာ တစ်ရက်ပဲအချိန်အများကြီးပေးတာထက်စာရင် နေ့စဉ်အချိန်အနည်းငယ်ပေးတာက ပိုပြီး ထိရောက်ပါ တယ်။
ခရီးသွားနေတဲ့အချိန်တိုင်း အင်္ဂလိပ်စာ နားထောင်ပါ။ bus ပေါ်မှာပဲဖြစ်ဖြစ် လမ်းမှာပဲဖြစ်ဖြစ် ကိုယ်အားနေ တဲ့အချိန်လေးတွေကို အင်္ဂလိပ်စာနားထောင်ရင်းနဲ့ ကုန်ဆုံးစေလိုက်ပါ။ ဖုန်းမှာ listening နဲ့ပက်သက်တဲ့ application တွေ ထည့်ထားပြီးတော့နားထောင်ပေးတာက နားရည်ဝစေပြီး ကိုယ်ပြန်အသုံးချတဲ့အခါ လွယ်လွယ်ကူကူ ဖြစ်စေပါတယ်။

Recommended for you - မှန်ကန်တဲ့ Tense (ကြိယာကာလ) ကို အသုံးပြုနိုင်ဖို့ အကြံပြုချက် ၃ ရပ်
ဝေါဟာရအသစ်တွေကို လေ့လာတဲ့အခါ စာကြောင်းလေးတွေနဲ့ တွဲမှတ်ပေးပါ။ ကိုယ့်ဖုန်းထဲမှာ အဘိဓါန် ထည့်ထားပြီး အချိန်ငါးမိနစ်ပိုရင် ငါးမိနစ်လောက်ပေါ့ တစ်လုံးရ တစ်လုံး နှစ်လုံးရနှစ်လုံး ကျက်မှတ်ပါ။
သတင်းတွေကို အင်္ဂလိပ်လိုဖတ်ပါ။ သတင်းတွေကို အင်္ဂလိပ်လိုဖတ်ခြင်းကနေလည်း စာလုံးအသစ်တွေ အများကြီးရနိုင်ပါတယ်။ သင်အကြိုက်ဆုံး စာအုပ်များတွေနဲ့ မဂ္ဂဇင်းတွေကို အင်္ဂလိပ်လိုပဲ ဖတ်ပါ။
e-mail ပို့တဲ့အခါ ကိုယ့်သူငယ်ချင်းတွေနဲ့ စာပို့တဲ့အခါ အင်္ဂလိပ်လိုပဲ ရေးပါ။ ဒီလိုလုပ်ပေးတာက writing skill အတွက် တကူးတကအချိန်ပေးစရာမလိုပဲ ပေါ့ပေါ့ပါးပါး လေ့ကျင့်လို့ရပါတယ်။ ပျော်စရာလည်း ကောင်းပါတယ်။
အင်္ဂလိပ်စကားကို ရုံးသုံးစကားအဖြစ်အသုံးပြုတဲ့ company တစ်ခုမှာ အလုပ်ဝင်လိုက်ပါ။ စစချင်းတော့ သင်ရှိန်ကောင်း ရှိန်နေပါလိမ့်မယ်။ ဒါပေမယ့် ရေရှည်အတွက် တကယ်အကျိုးရှိပါတယ်။

အင်္ဂလိပ်စာ သင်ကြားပေးသော ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects.html

 


Source; Myanmar-network.net

Read times Last modified on Monday, 30 December 2019 15:31
Rate this articles
(1 Vote)