×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 08 November 2017

ဝန္ထမ္းေတြ ဘာေၾကာင့္အလုပ္က ႏွဳတ္ထြက္ၾကသလဲ

ဝန္ထမ္းေတြ ဘာေၾကာင့္အလုပ္က ႏွဳတ္ထြက္ၾကသလဲ google.com

သူေဌး ေတာ္ေတာ္မ်ားမ်ားက ဝန္ထမ္းေတြ အလုပ္ထြက္ျပီး တျခားကုမၸဏီကို လစာပိုရလို႔ေျပာင္းသြားတာ ပဲျဖစ္ျဖစ္ ဒီဘက္မွာ အဆင္မေျပလို႔ ေျပာင္းသြားတာပဲျဖစ္ျဖစ္ ဒီအလုပ္အေပၚသစၥာမရွိဘူးလို႔ ေကာက္ခ်က္ ခ်ေလ့ရွိပါတယ္။ တကယ္ေတာ့အဓိက အေၾကာင္းအရင္းက လစာနည္းတဲ့ကိစၥတစ္ခုတည္းေၾကာင့္ မဟုတ္ပါဘူး။

ဝန္ထမ္းေတြကလည္း အလုပ္လာေလွ်ာက္ျပီး အင္တာဗ်ဴးကတည္းက လစာကို ညွိႏွိဳင္းျပီး ေက်နပ္တဲ့အတြက္ ဒီအလုပ္ကို လက္ခံခဲ့တာပါ။ ဒါဆိုတျခားဘာအေၾကာင္းအရာေတြက အလုပ္ထြက္ဖို႔ အတြက္ တြန္းအားျဖစ္ေစတာလဲ….

၁။ ကုမၸဏီႏွင့္ ၀န္ထမ္း Value = တန္ဘိုးမတူတဲ့အတြက္ေၾကာင့္ ထြက္ၾကတယ္။
(က) ကုမၸဏီက အမွန္အကန္ ၀န္ထမ္းက အႀကံအဖန္ (သို႔မဟုတ္) ကုမၸဏီက အႀကံအဖန္၊ ၀န္ထမ္းက အမွန္အကန္ဆုိရင္ ကုမၸဏီနဲ႔ ၀န္ထမ္း Value = တန္ဘိုး၊ မတူညီပါ။
(ခ) ကုမၸဏီအႀကီးက ေျပာင္းလာတဲ့ ၀န္ထမ္းသည္ ကုမၸဏီ အေသးမွာ Value = တန္ဘိုး၊ မတူညီပါ။
(ဂ) စည္းစနစ္က်တဲ့ လုပ္ငန္းတစ္ခုမွာ ႏွစ္ရွည္လမ်ား လုပ္လာတဲ့ ၀န္ထမ္းသည္၊ စည္းစနစ္မက်ေသာ လုပ္ငန္းအတြက္ Value = တန္ဘိုး၊ မတူညီပါ။

Recommended for you - ဆရာမ်ား ေရွာင္ရွားသင့္ေသာ အက်င့္စရိုုက္မ်ား

၂။ သဟဇာတ မျဖစ္လို႔ထြက္ၾကတယ္။
လုပ္ငန္းခြင္မွာ အထက္နဲ႔လည္း သဟဇာတမျဖစ္၊ ေအာက္နဲ႔လည္း သဟဇာတမျဖစ္ျခင္း။
သဟဇာတ မျဖစ္ဘူးဆုိတာ အရင္ရွိေနတဲ့ ၀န္ထမ္းေတြရဲ႕ Nature နဲ႔ ေနာက္ေရာက္တဲ့ ၀န္ထမ္းရဲ႕ Nature ျခင္း မတူျခင္း။

၃။ တာ၀န္ႏွင့္ လုပ္အား မမွ် ရင္လည္း ထြက္တယ္။
(က) ၀န္ထမ္း တာ၀န္ယူႏိုင္တဲ့ အပိုင္းကအမ်ားႀကီး၊ သူတာ၀န္ယူရတာက အရင္အလုပ္ရဲ႕ ၁၀ ရာႏႈန္းေတာင္ မရွိျခင္း။
(ခ) တာ၀န္ယူႏုိင္တဲ့ အပိုင္းကနည္းနည္း ေပးထားတဲ့ တာ၀န္က အဆမတန္ မ်ားေနၿခင္း။

(ဂ) ကုိယ့္ရာထူးနဲ႔တာဝန္ယူရမယ့္အပိုင္းထက္ လက္ေတြ႔တြင္ တာဝန္ယူခိုင္းတာက ပိုမ်ားေနျခင္း၊ လစာနွင့္ လုပ္ရမယ့္တာဝန္ မမွ်ျခင္း။

Recommended for you - ႏွစ္သက္သူတစ္ေယာက္မွ မရွိေပမယ့္ လူတိုင္းပါးစပ္ဖ်ားမွာ ေရပန္းစားေနတဲ့ ပညတ္တစ္ခု

၄။ ၀န္ထမ္း၏ ရာထူး၊ အဆင့္ႏွင့္ ေလ်ာ္ညီေသာ လုပ္ပိုင္ခြင့္ မရွိရင္လည္း ထြက္မွာပါပဲ။
(က) သက္ဆုိင္ရာ အဆင့္ အလုိက္ လုပ္ပိုင္ခြင့္မေပးပဲ Expanse အေသးေလးေတြ ကအစ တစ္ဦး တစ္ေယာက္ရဲ႕ ခ်ဳပ္ကိုင္မႈ ေအာက္ေရာက္ေနျခင္း။
(ခ) ဆံုးျဖတ္ခ်က္ ေသးေသးေလးေတြ ကအစ ဗဟုိခ်ဳပ္ကိုင္မႈ မ်ားေနျခင္း။
(ဂ) ၀န္ထမ္းအဆင့္ အားလံုး အတူတူပါပဲဟု ဆိုလာျခင္း။
(ဃ) အဆင့္နိမ့္ျပီး စီနီယာက်တဲ့ ၀န္ထမ္းက ရာထူး၊ အဆင့္ျမင့္တဲ့ ၀န္ထမ္းထက္ လုပ္ပုိင္ခြင့္နဲ႔ ဆံုျဖတ္ပိုင္ခြင့္ ပိုမ်ားေနျခင္း။

၆။ အုပ္ခ်ဳပ္မႈ ညံ့ဖ်င္းရင္လည္း ထြက္မွာဘဲ။
(က) လုပ္ငန္းခြင္တြင္ အလုပ္လုပ္လို႔ မရေအာင္ အသံုးမဝင္ေသာ၊ စည္းမ်ဥ္း စည္းကမ္းေတြ ထုတ္ျပန္ျခင္း။
(ခ) အလုပ္သမားေျပာသမၽွ အလုပ္ရွင္က ေသခ်ာဆန္းစစ္မွဳမရွိပဲ ယံုၾကည္ေနျခင္း။

Source; jobs4u

[Unicode Version]

သူဌေး တော်တော်များများက ဝန်ထမ်းတွေ အလုပ်ထွက်ပြီး တခြားကုမ္ပဏီကို လစာပိုရလို့ပြောင်းသွားတာ ပဲဖြစ်ဖြစ် ဒီဘက်မှာ အဆင်မပြေလို့ ပြောင်းသွားတာပဲဖြစ်ဖြစ် ဒီအလုပ်အပေါ်သစ္စာမရှိဘူးလို့ ကောက်ချက် ချလေ့ရှိပါတယ်။ တကယ်တော့အဓိက အကြောင်းအရင်းက လစာနည်းတဲ့ကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဝန်ထမ်းတွေကလည်း အလုပ်လာလျှောက်ပြီး အင်တာဗျူးကတည်းက လစာကို ညှိနှိုင်းပြီး ကျေနပ်တဲ့အတွက် ဒီအလုပ်ကို လက်ခံခဲ့တာပါ။ ဒါဆိုတခြားဘာအကြောင်းအရာတွေက အလုပ်ထွက်ဖို့ အတွက် တွန်းအားဖြစ်စေတာလဲ….
၁။ ကုမ္ပဏီနှင့် ၀န်ထမ်း Value = တန်ဘိုးမတူတဲ့အတွက်ကြောင့် ထွက်ကြတယ်။
(က) ကုမ္ပဏီက အမှန်အကန် ၀န်ထမ်းက အကြံအဖန် (သို့မဟုတ်) ကုမ္ပဏီက အကြံအဖန်၊ ၀န်ထမ်းက အမှန်အကန်ဆိုရင် ကုမ္ပဏီနဲ့ ၀န်ထမ်း Value = တန်ဘိုး၊ မတူညီပါ။
(ခ) ကုမ္ပဏီအကြီးက ပြောင်းလာတဲ့ ၀န်ထမ်းသည် ကုမ္ပဏီ အသေးမှာ Value = တန်ဘိုး၊ မတူညီပါ။
(ဂ) စည်းစနစ်ကျတဲ့ လုပ်ငန်းတစ်ခုမှာ နှစ်ရှည်လများ လုပ်လာတဲ့ ၀န်ထမ်းသည်၊ စည်းစနစ်မကျသော လုပ်ငန်းအတွက် Value = တန်ဘိုး၊ မတူညီပါ။

Recommended for you - ဆရာများ ရှောင်ရှားသင့်သော အကျင့်စရိုုက်များ
၂။ သဟဇာတ မဖြစ်လို့ထွက်ကြတယ်။
လုပ်ငန်းခွင်မှာ အထက်နဲ့လည်း သဟဇာတမဖြစ်၊ အောက်နဲ့လည်း သဟဇာတမဖြစ်ခြင်း။
သဟဇာတ မဖြစ်ဘူးဆိုတာ အရင်ရှိနေတဲ့ ၀န်ထမ်းတွေရဲ့ Nature နဲ့ နောက်ရောက်တဲ့ ၀န်ထမ်းရဲ့ Nature ခြင်း မတူခြင်း။
၃။ တာဝန်နှင့် လုပ်အား မမျှ ရင်လည်း ထွက်တယ်။
(က) ၀န်ထမ်း တာဝန်ယူနိုင်တဲ့ အပိုင်းကအများကြီး၊ သူတာဝန်ယူရတာက အရင်အလုပ်ရဲ့ ၁၀ ရာနှုန်းတောင် မရှိခြင်း။
(ခ) တာဝန်ယူနိုင်တဲ့ အပိုင်းကနည်းနည်း ပေးထားတဲ့ တာဝန်က အဆမတန် များနေခြင်း။
(ဂ) ကိုယ့်ရာထူးနဲ့တာဝန်ယူရမယ့်အပိုင်းထက် လက်တွေ့တွင် တာဝန်ယူခိုင်းတာက ပိုများနေခြင်း၊ လစာနှင့် လုပ်ရမယ့်တာဝန် မမျှခြင်း။

Recommended for you - နှစ်သက်သူတစ်ယောက်မှ မရှိပေမယ့် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ပညတ်တစ်ခု
၄။ ၀န်ထမ်း၏ ရာထူး၊ အဆင့်နှင့် လျော်ညီသော လုပ်ပိုင်ခွင့် မရှိရင်လည်း ထွက်မှာပါပဲ။
(က) သက်ဆိုင်ရာ အဆင့် အလိုက် လုပ်ပိုင်ခွင့်မပေးပဲ Expanse အသေးလေးတွေ ကအစ တစ်ဦး တစ်ယောက်ရဲ့ ချုပ်ကိုင်မှု အောက်ရောက်နေခြင်း။
(ခ) ဆုံးဖြတ်ချက် သေးသေးလေးတွေ ကအစ ဗဟိုချုပ်ကိုင်မှု များနေခြင်း။
(ဂ) ၀န်ထမ်းအဆင့် အားလုံး အတူတူပါပဲဟု ဆိုလာခြင်း။
(ဃ) အဆင့်နိမ့်ပြီး စီနီယာကျတဲ့ ၀န်ထမ်းက ရာထူး၊ အဆင့်မြင့်တဲ့ ၀န်ထမ်းထက် လုပ်ပိုင်ခွင့်နဲ့ ဆုံဖြတ်ပိုင်ခွင့် ပိုများနေခြင်း။
၆။ အုပ်ချုပ်မှု ညံ့ဖျင်းရင်လည်း ထွက်မှာဘဲ။
(က) လုပ်ငန်းခွင်တွင် အလုပ်လုပ်လို့ မရအောင် အသုံးမဝင်သော၊ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်ခြင်း။
(ခ) အလုပ်သမားပြောသမျှ အလုပ်ရှင်က သေချာဆန်းစစ်မှုမရှိပဲ ယုံကြည်နေခြင်း။
Source; jobs4u

Read times Last modified on Monday, 30 December 2019 15:39
Rate this articles
(1 Vote)