×

Warning

JUser: :_load: Unable to load user with ID: 723


Student

Print this page
Tuesday, 14 November 2017

အိႏၵိယႏုိင္ငံအစိုးရမွ ေပးအပ္မည့္ ပညာသင္ဆုမ်ား

အိႏၵိယႏုိင္ငံအစိုးရမွ ေပးအပ္မည့္ ပညာသင္ဆုမ်ား google.com

အိႏၵိယႏုိင္ငံအစိုးရမွ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတုိးတက္ေစရန္ အတြက္ အုိင္တီ၊ စာရင္းစစ္၊ စာရင္းကိုင္၊ ဘဏ္လုပ္ငန္း၊ ေငြေၾကးဆုိင္ရာ စီမံခန္႔ခြဲမႈ၊ အဂၤလိပ္ ဘာသာစကားနဲ႔ အျခားနည္း ပညာဆုိင္ရာ ပညာရပ္ေတြအတြက္ ပညာသင္ဆု ေပးအပ္သြားမယ္လုိ႔ သိရပါတယ္။

ပညာသင္ဆုကုိ အိႏၵိယႏုိင္ငံအစိုးရရဲ႕ အိႏၵိယႏုိင္ငံနည္းပညာနဲ႔ စီးပြားေရး ပူးေပါင္း ေဆာင္ရြက္မႈ အစီအစဥ္အရ လူ႔စြမ္းအား အရင္းအျမစ္ ဖြံ႕ၿဖိဳးတုိးတက္ရန္အတြက္ေပးအပ္ျခင္းျဖစ္ပါတယ္။ ေလွ်ာက္ထားသူေတြအတြက္ သင္တန္းေၾကး၊ ေနထုိင္ စရိတ္ေတြအျပင္ အသြားအျပန္ ေလယာဥ္လက္မွတ္ခ၊ ေန႔စဥ္အသံုးစရိတ္၊ စာအုပ္အတြက္ ခြင့္ျပဳခ်က္နဲ႔ အိႏၵိယႏုိင္ငံအတြင္း ေလ့လာေရး ခရီးေတြကို ပံ့ပုိးေပးမွာျဖစ္ပါတယ္။

လုိအပ္တဲ့ အရည္အခ်င္းေတြကေတာ့ ေလွ်ာက္ထားသူေတြဟာ အနိမ့္ဆံုး ပညာအရည္အခ်င္းအေနနဲ႔ ဘြဲ႕တစ္ခုရရွိထားရမွာျဖစ္ၿပီး ပညာသင္ဆု ေလွ်ာက္ထားမယ့္ သက္ဆုိင္ရာ နယ္ပယ္မွာ အနည္းဆံုး လုပ္သက္ ၅ ႏွစ္ရွိသူေတြ၊ အဂၤလိပ္ဘာသာစကားကုိ ေကာင္းမြန္စြာ ေရးသားေျပာဆုိႏုိင္သူေတြ ေလွ်ာက္ထားႏုိင္ပါတယ္။

Recommended for you - KAPLAN ပညာေရးေဆြးေႏြးပြဲ ျပဳလုပ္မည္

ေလွ်ာက္ထားရာမွာ အစိုးရ၀န္ထမ္းေတြနဲ႔ မိတ္ဖက္အဖြဲ႕အစည္းေတြ၊ ကုန္သည္ႀကီးမ်ားအသင္းနဲ႔ နာမည္ေကာင္း ရရွိထားေသာ ပုဂၢလိက အဖြဲ႕အစည္းေတြက ေလွ်ာက္ထားလုိသူေတြဟာ အဖြဲ႕အစည္းရဲ႕ ေထာက္ခံခ်က္နဲ႔အတူ အမည္စာရင္းေပးသြင္း ႏုိင္ပါတယ္။

သင္တန္းတစ္ဦးခ်င္းစီအတြက္ အေရအတြက္ကန္႔သတ္ထားၿပီး ေလွ်ာက္ထားသူေတြဟာ အမွတ္ ၅၄၅-၅၄၇၊ ကုန္သည္လမ္း၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ ဖုန္း-၀၁-၂၄၃၉၇၂၊ ၀၁-၃၈၈၄၁၂ ကို ဆက္သြယ္ေမးျမန္း ေလွ်ာက္ ထားႏိုင္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ embassyofindiayangon.in သုိ႔၀င္ေရာက္ေလ့လာႏုိင္မွာ ျဖစ္ပါတယ္။

Source; internetjournal

[Unicode Version]

အိန္ဒိယနိုင်ငံအစိုးရမှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အိုင်တီ၊ စာရင်းစစ်၊ စာရင်းကိုင်၊ ဘဏ်လုပ်ငန်း၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ အင်္ဂလိပ် ဘာသာစကားနဲ့ အခြားနည်း ပညာဆိုင်ရာ ပညာရပ်တွေအတွက် ပညာသင်ဆု ပေးအပ်သွားမယ်လို့ သိရပါတယ်။
ပညာသင်ဆုကို အိန္ဒိယနိုင်ငံအစိုးရရဲ့ အိန္ဒိယနိုင်ငံနည်းပညာနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက်ပေးအပ်ခြင်းဖြစ်ပါတယ်။ လျှောက်ထားသူတွေအတွက် သင်တန်းကြေး၊ နေထိုင် စရိတ်တွေအပြင် အသွားအပြန် လေယာဉ်လက်မှတ်ခ၊ နေ့စဉ်အသုံးစရိတ်၊ စာအုပ်အတွက် ခွင့်ပြုချက်နဲ့ အိန္ဒိယနိုင်ငံအတွင်း လေ့လာရေး ခရီးတွေကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။
လိုအပ်တဲ့ အရည်အချင်းတွေကတော့ လျှောက်ထားသူတွေဟာ အနိမ့်ဆုံး ပညာအရည်အချင်းအနေနဲ့ ဘွဲ့တစ်ခုရရှိထားရမှာဖြစ်ပြီး ပညာသင်ဆု လျှောက်ထားမယ့် သက်ဆိုင်ရာ နယ်ပယ်မှာ အနည်းဆုံး လုပ်သက် ၅ နှစ်ရှိသူတွေ၊ အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်စွာ ရေးသားပြောဆိုနိုင်သူတွေ လျှောက်ထားနိုင်ပါတယ်။

Recommended for you - KAPLAN ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်
လျှောက်ထားရာမှာ အစိုးရဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ကုန်သည်ကြီးများအသင်းနဲ့ နာမည်ကောင်း ရရှိထားသော ပုဂ္ဂလိက အဖွဲ့အစည်းတွေက လျှောက်ထားလိုသူတွေဟာ အဖွဲ့အစည်းရဲ့ ထောက်ခံချက်နဲ့အတူ အမည်စာရင်းပေးသွင်း နိုင်ပါတယ်။
သင်တန်းတစ်ဦးချင်းစီအတွက် အရေအတွက်ကန့်သတ်ထားပြီး လျှောက်ထားသူတွေဟာ အမှတ် ၅၄၅-၅၄၇၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၀၁-၂၄၃၉၇၂၊ ၀၁-၃၈၈၄၁၂ ကို ဆက်သွယ်မေးမြန်း လျှောက် ထားနိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ embassyofindiayangon.in သို့ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Source; internetjournal

Read times Last modified on Monday, 30 December 2019 15:38
Rate this articles
(0 votes)