×

Warning

JUser: :_load: Unable to load user with ID: 723


Student

Wednesday, 15 November 2017

လိုခ်င္တာက scholarship တဲ့လား

လိုခ်င္တာက scholarship တဲ့လား google.com

ဆယ္တန္းေအာင္ထားတဲ့ေက်ာင္းသူေက်ာင္းသားေတြေရာ၊ တကၠသိုလ္ေက်ာင္းသားေတြေရာ ေက်ာင္ျပီးစ ေတြေရာ လုပ္ငန္းခြင္ဝင္ေရာက္ေနတဲ့သူေတြပါ scholarship နဲ႕ နိုင္ငံျခားမွာ ေက်ာင္းသြားတက္ဖို႔ စိတ္ဝင္ စားၾကပါတယ္။ အခုဆိုရင္ ျမန္မာနိုင္ငံက ေက်ာင္းသား ေက်ာင္းသူေတြအတြက္ ကမၻာတစ္ဝန္းတက္လို႔ရ တဲ႔ ေလွ်ာက္လို႔ရတဲ႔ ပညာသင္ဆုေတြ အမ်ားၾကီးရွိပါတယ္။

ေလွ်ာက္ေတာ့မယ္ဆိုရင္ ဘာစာေမးပြဲေတြ ေျဖရမလဲ ေမးၾကပါတယ္။

အဲဒီေမးခြန္းေတြ မေျဖခင္ ကိုယ့္ကိုယ္ကုိ အရင္ဆံုးျပန္ေမးရမယ့္ ေမးခြန္းေတြရွိပါတယ္။

၁. မိဘ အုပ္ထိန္းသူမပါဘဲ ကိုယ့္အားကိုယ္ကိုးျပီး ဘာေတြ လုပ္တတ္ေနျပီလဲ။ ကိုယ့္ေျခေထာက္ေပၚ ဘယ္ေလာက္ရပ္နိုင္ျပီလဲ။ ကိုယ့္ဘာသာကိုယိ ေငြေၾကးကို စီမံခန္႔ခြဲျပီး သံုးတတ္တဲ့အက်င့္ ရွိေနျပီလား။ ကုိယ့္တစ္ကုိယ္ရည္အတြက္  ကိုယ္တိုင္လုပ္တတ္ကိုင္တတ္ေနျပီလား။ (အနည္းဆံုး စက္နဲ႕) အဝတ္ေလွ်ာ္ မီးပူတိုက္တတ္ျပီလား။ သြားတတ္လာတတ္ျပီလား။ (သြားတတ္ လာတတ္တယ္ဆိုတာ ေလွ်ာက္လည္တာ သက္သက္ကိုေျပာတာ မဟုတ္ပါဘူး၊ ခရီးစဥ္တစ္ခုကို စီမံခန္႔ခြဲတာကို အဓိက ဆုိလိုတာပါ။)

Recommended for you - သင့္ေဘးနားက လူလိမ္တစ္ေယာက္

၂. ကိုယ္နဲ႕ မသိကြ်မ္းသူေတြ သူစိမ္းေတြနဲ႕ ေပါင္းသင္းဆက္ဆံတတ္ျပီလား…လုိက္ေလ်ာညီေထြ ေနတတ္ ျပီလား။ လူေတာတိုးျပီလား။ လူမွဳဆက္ဆံေရး ေကာင္းေကာင္းနဲ႕ စကားေျပာတတ္ဆိုတတ္ ျပီလား။ အေျခ အေန အခ်ိန္အခါဆိုတာကို နားလည္ျပီလား။

၃. စာဖတ္ရဲ႕လား။ အားခ်ိန္မွာ စာအုပ္တစ္အုပ္အုပ္ ေကာက္ကိုင္မိရဲ႕လား။ ေန႔စဥ္စာဖတ္တဲ့ အေလ့အက်င့္ ရွိျပီလား။

၄. ကြန္ျပဴတာကို game ေဆာ့ဖို႔ chat  ဖို႔အတြက္ပဲ မဟုတ္ဘဲ ဘယ္ေလာက္ သံုးတတ္ျပီလဲ။ အထူးသျဖင့္ ကိုယ္လုပ္ထားတဲ့ project ေတြ assignment ေတြအတြက္ Microsoft word, PowerPoint ေတြကိုေရာ ေကာင္းေကာင္း အသံုးခ်တတ္ေနျပီလား။

၅. အင္တာနက္ကို social media ေတြအတြက္ သံုးတာမဟုတ္ပဲ တျခားဘာေတြ အသံုးျပဳတတ္ေသးလဲ။ email သံုးတတ္ျပီလား။ online application form ေတြ ဘယ္လုိျဖည့္ရမလဲ သိျပီလား။ ကိုယ္သိခ်င္တာ ကို အင္တာနက္ကေန ဘယ္လိုရွာရမလဲ သိျပီလား။ အင္တာနက္သံုးရင္းနဲ႕ ဘယ္လိုပညာသင္ၾကားရမလဲ ဆိုတာ သိျပီလား။

Recommended for you - ေၾကာက္လာရင္ ရပ္မယ့္အစား ဆက္သြားပါ။ အရွံဳးေပးမယ့္အစား ျပင္းျပင္းထန္ထန္ ျပန္တိုက္ပါ။

၆. ကိုယ္ေလွ်ာက္ခ်င္တဲ့ နိုင္ငံရဲ႕ ဘာသာစကား( အေကာင္းဆံုးကေတာ့ နိုင္ငံတကာသံုး ဘာသာျဖစ္တဲ့ အဂၤလိပ္) ကို ေကာင္းေကာင္း အသံုးခ်နိုင္ျပီလား။ ကိုယ္ေျပာခ်င္တာကို ေျပာတတ္ေရးတတ္ေနျပီလား။ ဖတ္ၾကည့္ရင္ နားေထာင္ၾကည့္ရင္ နားလည္ျပီလား။

၇. ဂိုက္ဆရာမပါဘဲ က်ဴရွင္ကက်က္ခိုင္းတာ မဟုတ္ဘဲ အလြတ္က်က္တာသက္သက္မဟုတ္ဘဲ ကိုယ့္ိကုယ္ပိုင္အသိစိတ္နဲ႕ စာလုပ္တတ္ျပီလား အေၾကာင္းအရာတစ္ခုကို ေလ့လာတတ္ျပီလား။ ဆရာကို ေမးစရာျပင္ဆင္တတ္ျပီလား။ ဆရာကို မေၾကာက္ဘဲ ေမးခြန္းေမးရဲရဲ႕လား။ ဆရာနဲ႕ ကိုယ္နဲ႕ဒါမွမဟုတ္ တျခားေက်ာင္းသားေတြနဲ႕ ကိုယ္နဲ႕ အယူအဆမတူရင္ ကိုယ္က ဒီလိုထင္ပါတယ္ဆိုတာကို ရဲရဲၾကီး ရွင္းျပ တတ္ျပီလား။ သင္ခန္းစာကို ဖတ္ျပီး အက်ဥ္းခ်ဳပ္ notes ထုတ္တတ္ မွတ္သားတတ္ျပီလား။

ေမးခြန္းေတြကို ေျဖၾကည့္လိုက္လို႔ အေျဖက no ပါဆုိရင္ေတာ့ သင္က scholarship ေလွ်ာက္ဖို႔အတြက္ အဆင္သင့္ မျဖစ္ေသးပါဘူး။ ဒီလိုေျပာလိုက္လို႔ စိတ္ဓါတ္က်စရာမလိုပါဘူး။ အခ်ိန္ယူျပီး ျပင္ဆင္ရဦးမယ္ ဆိုတာ သိထားပါ။ ေနာက္တစ္ပတ္မွာလည္း ဘယ္လိုထူးျခားတဲ့ လူမ်ိဳးေတြက scholarship ရတတ္လဲ ဆိုတာ ေဆြးေႏြးသြားပါအံုးမယ္။

Scholarship အတြက္ အဓိကလုိအပ္တဲ့ အဂၤလိပ္စာကြ်မ္းက်င္ပိုင္နိုင္ဖို႔အတြက္ sayar.com.mm မွာ ရွိတဲ့ ဆရာ ဆရာမမ်ားနွင့္ အခုပဲ ဆက္သြယ္လိုက္ပါ။

Credit; kyawmoeaung

[Unicode Version]

ဆယ်တန်းအောင်ထားတဲ့ကျောင်းသူကျောင်းသားတွေရော၊ တက္ကသိုလ်ကျောင်းသားတွေရော ကျောင်ပြီးစ တွေရော လုပ်ငန်းခွင်ဝင်ရောက်နေတဲ့သူတွေပါ scholarship နဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စိတ်ဝင် စားကြပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူတွေအတွက် ကမ္ဘာတစ်ဝန်းတက်လို့ရ တဲ့ လျှောက်လို့ရတဲ့ ပညာသင်ဆုတွေ အများကြီးရှိပါတယ်။ လျှောက်တော့မယ်ဆိုရင် ဘာစာမေးပွဲတွေ ဖြေရမလဲ မေးကြပါတယ်။
အဲဒီမေးခွန်းတွေ မဖြေခင် ကိုယ့်ကိုယ်ကို အရင်ဆုံးပြန်မေးရမယ့် မေးခွန်းတွေရှိပါတယ်။
၁. မိဘ အုပ်ထိန်းသူမပါဘဲ ကိုယ့်အားကိုယ်ကိုးပြီး ဘာတွေ လုပ်တတ်နေပြီလဲ။ ကိုယ့်ခြေထောက်ပေါ် ဘယ်လောက်ရပ်နိုင်ပြီလဲ။ ကိုယ့်ဘာသာကိုယိ ငွေကြေးကို စီမံခန့်ခွဲပြီး သုံးတတ်တဲ့အကျင့် ရှိနေပြီလား။ ကိုယ့်တစ်ကိုယ်ရည်အတွက် ကိုယ်တိုင်လုပ်တတ်ကိုင်တတ်နေပြီလား။ (အနည်းဆုံး စက်နဲ့) အဝတ်လျှော် မီးပူတိုက်တတ်ပြီလား။ သွားတတ်လာတတ်ပြီလား။ (သွားတတ် လာတတ်တယ်ဆိုတာ လျှောက်လည်တာ သက်သက်ကိုပြောတာ မဟုတ်ပါဘူး၊ ခရီးစဉ်တစ်ခုကို စီမံခန့်ခွဲတာကို အဓိက ဆိုလိုတာပါ။)

Recommended for you - သင့်ဘေးနားက လူလိမ်တစ်ယောက်
၂. ကိုယ်နဲ့ မသိကျွမ်းသူတွေ သူစိမ်းတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်ပြီလား…လိုက်လျောညီထွေ နေတတ် ပြီလား။ လူတောတိုးပြီလား။ လူမှုဆက်ဆံရေး ကောင်းကောင်းနဲ့ စကားပြောတတ်ဆိုတတ် ပြီလား။ အခြေ အနေ အချိန်အခါဆိုတာကို နားလည်ပြီလား။
၃. စာဖတ်ရဲ့လား။ အားချိန်မှာ စာအုပ်တစ်အုပ်အုပ် ကောက်ကိုင်မိရဲ့လား။ နေ့စဉ်စာဖတ်တဲ့ အလေ့အကျင့် ရှိပြီလား။
၄. ကွန်ပြူတာကို game ဆော့ဖို့ chat ဖို့အတွက်ပဲ မဟုတ်ဘဲ ဘယ်လောက် သုံးတတ်ပြီလဲ။ အထူးသဖြင့် ကိုယ်လုပ်ထားတဲ့ project တွေ assignment တွေအတွက် Microsoft word, PowerPoint တွေကိုရော ကောင်းကောင်း အသုံးချတတ်နေပြီလား။
၅. အင်တာနက်ကို social media တွေအတွက် သုံးတာမဟုတ်ပဲ တခြားဘာတွေ အသုံးပြုတတ်သေးလဲ။ email သုံးတတ်ပြီလား။ online application form တွေ ဘယ်လိုဖြည့်ရမလဲ သိပြီလား။ ကိုယ်သိချင်တာ ကို အင်တာနက်ကနေ ဘယ်လိုရှာရမလဲ သိပြီလား။ အင်တာနက်သုံးရင်းနဲ့ ဘယ်လိုပညာသင်ကြားရမလဲ ဆိုတာ သိပြီလား။
၆. ကိုယ်လျှောက်ချင်တဲ့ နိုင်ငံရဲ့ ဘာသာစကား( အကောင်းဆုံးကတော့ နိုင်ငံတကာသုံး ဘာသာဖြစ်တဲ့ အင်္ဂလိပ်) ကို ကောင်းကောင်း အသုံးချနိုင်ပြီလား။ ကိုယ်ပြောချင်တာကို ပြောတတ်ရေးတတ်နေပြီလား။ ဖတ်ကြည့်ရင် နားထောင်ကြည့်ရင် နားလည်ပြီလား။

Recommended for you - ကြောက်လာရင် ရပ်မယ့်အစား ဆက်သွားပါ။ အရှုံးပေးမယ့်အစား ပြင်းပြင်းထန်ထန် ပြန်တိုက်ပါ။
၇. ဂိုက်ဆရာမပါဘဲ ကျူရှင်ကကျက်ခိုင်းတာ မဟုတ်ဘဲ အလွတ်ကျက်တာသက်သက်မဟုတ်ဘဲ ကိုယ့်ိကုယ်ပိုင်အသိစိတ်နဲ့ စာလုပ်တတ်ပြီလား အကြောင်းအရာတစ်ခုကို လေ့လာတတ်ပြီလား။ ဆရာကို မေးစရာပြင်ဆင်တတ်ပြီလား။ ဆရာကို မကြောက်ဘဲ မေးခွန်းမေးရဲရဲ့လား။ ဆရာနဲ့ ကိုယ်နဲ့ဒါမှမဟုတ် တခြားကျောင်းသားတွေနဲ့ ကိုယ်နဲ့ အယူအဆမတူရင် ကိုယ်က ဒီလိုထင်ပါတယ်ဆိုတာကို ရဲရဲကြီး ရှင်းပြ တတ်ပြီလား။ သင်ခန်းစာကို ဖတ်ပြီး အကျဉ်းချုပ် notes ထုတ်တတ် မှတ်သားတတ်ပြီလား။
မေးခွန်းတွေကို ဖြေကြည့်လိုက်လို့ အဖြေက no ပါဆိုရင်တော့ သင်က scholarship လျှောက်ဖို့အတွက် အဆင်သင့် မဖြစ်သေးပါဘူး။ ဒီလိုပြောလိုက်လို့ စိတ်ဓါတ်ကျစရာမလိုပါဘူး။ အချိန်ယူပြီး ပြင်ဆင်ရဦးမယ် ဆိုတာ သိထားပါ။ နောက်တစ်ပတ်မှာလည်း ဘယ်လိုထူးခြားတဲ့ လူမျိုးတွေက scholarship ရတတ်လဲ ဆိုတာ ဆွေးနွေးသွားပါအုံးမယ်။
Scholarship အတွက် အဓိကလိုအပ်တဲ့ အင်္ဂလိပ်စာကျွမ်းကျင်ပိုင်နိုင်ဖို့အတွက် sayar.com.mm မှာ ရှိတဲ့ ဆရာ ဆရာမများနှင့် အခုပဲ ဆက်သွယ်လိုက်ပါ။
Credit; kyawmoeaung

Read times Last modified on Monday, 30 December 2019 15:39
Rate this articles
(1 Vote)