×

Warning

JUser: :_load: Unable to load user with ID: 723


Student

Tuesday, 21 November 2017

ထိုင္းနိုင္ငံ Chulalongkorn University မွ အာဆီယံနိုင္ငံသားမ်ားအတြက္ ပညာသင္ဆုေပးအပ္မည္

ထိုင္းနိုင္ငံ Chulalongkorn University မွ အာဆီယံနိုင္ငံသားမ်ားအတြက္ ပညာသင္ဆုေပးအပ္မည္ google.com

အာဆီယံႏုိင္ငံမ်ားအတြက္ ထုိုင္းႏုိင္ငံ Chulalongkorn University မွ ေပးအပ္မည့္ ပညာသင္ဆုကုိ ျမန္မာႏုိင္ငံသားမ်ား ေလွ်ာက္ထားႏုိင္မယ္လို႔ သိရပါတယ္။

အဆိုပါ ပညာသင္ဆုကို ျမန္မာ၊ ကမၻာဒီးယား၊ အင္ဒိုနီးရွား၊လာအို၊ မေလးရွား၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ ဘ႐ုႏုိင္း နဲ႔ ဗီယက္နမ္ႏုိင္ငံတုိ႔မွ Graduate Level ေက်ာင္းသား/ေက်ာင္းသူေတြ ေလွ်ာက္ထားႏုိင္မွာျဖစ္ပါတယ္။ ပညာသင္ဆုကာလအေနနဲ႔ မာစတာဒီဂရီအတြက္ ႏွစ္ႏွစ္ (၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ မွ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလထိ)၊ ပါရဂူဘြဲ႕အတြက္ သံုးႏွစ္ (၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလမွ ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ ထိ) ၾကာျမင့္မွာျဖစ္ပါတယ္။ ပညာသင္ဆုရရွိသူေတြအတြက္ ေလယာဥ္စရိတ္၊ Tuition Fees နဲ႔ ေနထိုင္စရိတ္ ေတြအားလံုးေပးအပ္မွာျဖစ္ပါတယ္။ ပညာသင္ဆုရရွိသူ ေတြက ပညာသင္ၾကားရမယ့္အခ်ိန္ကို သတ္မွတ္ထားတဲ့အခ်ိန္တုိင္း တက္ေရာက္ရမွာျဖစ္ၿပီး ေရႊ႕ဆုိင္းလုိ႔မရဘူးလို႔ သိရပါတယ္။ ပညာသင္ၾကားေနစဥ္ကာလအတြင္းမွာလဲ အျပင္အလုပ္အကုိင္ေတြကုိ တားျမစ္ထားတယ္လို႔သိရပါတယ္။

Recommended for you - လူတစ္ေယာက္ရဲ႕ တန္ဖိုး

ေလွ်ာက္ထားသူေတြ အေနနဲ႔ သက္ဆုိင္ရာ ဘာသာရပ္နယ္ပယ္မွာ Bachelor’s Degree (သို႔မဟုတ္) Master’s Degree ၿပီးဆံုးထားသူေတြျဖစ္ရမွာျဖစ္ပါတယ္။ အဂၤလိပ္စာလုိအပ္ခ်က္ေတြအေနနဲ႔ TOEFL ရမွတ္ ၅၀၀ (သို႔) ၁၇၃ ဒါမွမဟုတ္ IELTS 5.0 လုိအပ္ပါတယ္။ အသက္ကန္႔သတ္ခ်က္အေနျဖင့္ အသက္ ၃၅ ေအာက္ျဖစ္ရမွာျဖစ္ၿပီး တျခားပညာသင္ဆု ရရွိထားသူေတြ မျဖစ္ဖို႔လိုပါတယ္။ ပညာသင္ဆုကို ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ ၃၀ ရက္ေနာက္ဆံုးထား ေလွ်ာက္ထားရမွာျဖစ္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကို http://www.academic.chula.ac.th/ မွာ ဝင္ေရာက္ၾကည့္႐ႈႏုိင္မွာ ျဖစ္ပါတယ္။

Source; internetjournal

[Unicode Version]

အာဆီယံနိုင်ငံများအတွက် ထိုုင်းနိုင်ငံ Chulalongkorn University မှ ပေးအပ်မည့် ပညာသင်ဆုကို မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။
အဆိုပါ ပညာသင်ဆုကို မြန်မာ၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဘရုနိုင်း နဲ့ ဗီယက်နမ်နိုင်ငံတို့မှ Graduate Level ကျောင်းသား/ကျောင်းသူတွေ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ပညာသင်ဆုကာလအနေနဲ့ မာစတာဒီဂရီအတွက် နှစ်နှစ် (၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထိ)၊ ပါရဂူဘွဲ့အတွက် သုံးနှစ် (၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ထိ) ကြာမြင့်မှာဖြစ်ပါတယ်။ ပညာသင်ဆုရရှိသူတွေအတွက် လေယာဉ်စရိတ်၊ Tuition Fees နဲ့ နေထိုင်စရိတ် တွေအားလုံးပေးအပ်မှာဖြစ်ပါတယ်။ ပညာသင်ဆုရရှိသူ တွေက ပညာသင်ကြားရမယ့်အချိန်ကို သတ်မှတ်ထားတဲ့အချိန်တိုင်း တက်ရောက်ရမှာဖြစ်ပြီး ရွှေ့ဆိုင်းလို့မရဘူးလို့ သိရပါတယ်။ ပညာသင်ကြားနေစဉ်ကာလအတွင်းမှာလဲ အပြင်အလုပ်အကိုင်တွေကို တားမြစ်ထားတယ်လို့သိရပါတယ်။

Recommended for you - လူတစ်ယောက်ရဲ့ တန်ဖိုး
လျှောက်ထားသူတွေ အနေနဲ့ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်မှာ Bachelor’s Degree (သို့မဟုတ်) Master’s Degree ပြီးဆုံးထားသူတွေဖြစ်ရမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာလိုအပ်ချက်တွေအနေနဲ့ TOEFL ရမှတ် ၅၀၀ (သို့) ၁၇၃ ဒါမှမဟုတ် IELTS 5.0 လိုအပ်ပါတယ်။ အသက်ကန့်သတ်ချက်အနေဖြင့် အသက် ၃၅ အောက်ဖြစ်ရမှာဖြစ်ပြီး တခြားပညာသင်ဆု ရရှိထားသူတွေ မဖြစ်ဖို့လိုပါတယ်။ ပညာသင်ဆုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို http://www.academic.chula.ac.th/ မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Source; internetjournal

Read times Last modified on Monday, 30 December 2019 15:36
Rate this articles
(0 votes)