×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 22 November 2017

သာမာန္ဘဝထဲက သာမာန္လူပဲျဖစ္ခ်င္တာလား

သာမာန္ဘဝထဲက သာမာန္လူပဲျဖစ္ခ်င္တာလား google.com

ၾကိဳးစားမွဳ မရွိရင္ မေအာင္ျမင္နိုင္ဘူး ဒါကို လူတိုင္းသိပါတယ္၊ ဒါေပမယ့္ လူတိုင္းမၾကိဳးစားၾကပါဘူး။ ကြ်န္ေတာ္တို႔က အနည္းငယ္ေသာ ပင္ပန္းမွဳကို အရမ္းကိုပံုၾကီးခ်ဲ႕တတ္ၾကတယ္။ ငါေတာ္ေတာ္ပင္ပန္းေန ျပီေပါ့ သင္ရဲ႕ခႏၶာကိုယ္ပင္ပန္းမွဳက ေရွ႔တန္းေရာက္ေနတဲ့စစ္သားတစ္ေယာက္ကို လုိက္မွီရဲ႕လား။ သင္စိတ္ပင္ပန္းေနတယ္ဆိုတာ ကိုယ့္ကိုယ္သတ္ေသဖို႔အထိ လုပ္ဖူးတဲ့အေျခအေနလား။

အခ်ိန္တိုင္း စကၠန္႔တိုင္းက တန္ဖိုးရွိပါတယ္၊ သင္ျဖဳန္းတီးလိုက္မိတဲ့ ငါးမိနစ္မွာ တျခားသူေတြက တိုးတက္ဖို႔ ၾကိဳးစားေနတယ္ဆိုတာ မေမ့ပါနဲ႕၊ သင့္ပတ္ဝန္းက်င္မွာ သာမန္လူေတြပဲဆိုရင္ သူတို႔ကို မၾကည့္ပါနဲ႕။ သူတို႔လဲ မၾကိဳးစားလို႔ သာမန္ျဖစ္ေနတာ သင္ေရာ သာမန္ဘဝထဲက လူပဲျဖစ္ခ်င္တာလား၊ တစ္ခါပဲရတဲ့ လူ႔ဘဝမွာ ကိုယ့္ဘဝကို ေရစုန္မေမ်ာပစ္ပါနဲ႕။ ကမၻာၾကီးက ေပးတဲ့လက္ေဆာင္တိုင္းကို ၾကိဳးစာမွဳနဲ႕ ရယူ ခံစားလိုက္ပါ။

Recommended for you - လူတစ္ေယာက္ရဲ႕ တန္ဖိုး

ဘာေၾကာင့္သူမ်ားထက္ ေျခတစ္လွမ္းေနာက္က်ေနတာလဲ….

အားငယ္တဲ့စိတ္ သိမ္ငယ္တဲ့စိတ္ေတြမ်ားေနတဲ့အခါ ကိုယ့္ကုိယ္ကို ယံုၾကည္မွဳေတြ ေပ်ာက္ဆံုးသြားတယ္ အဲ့ဒီအခ်ိန္က သင္သူမ်ားထက္ ေျခတစ္လွမ္းမက ေနာက္က်သြားပါျပီ။ ကိုယ့္ကိုယ္ကို ယံုၾကည္ပါ။

ကိုယ္လုပ္ခ်င္တဲ့အရာကုိ ကိုယ္တိုင္မသိျခင္း။ ရွာေဖြဖို႔လည္း မၾကိဳးစားျခင္း။ သင့္ဘဝကို ေနျမဲတိုင္းေလးပဲ ေပါ့ေပါ့ပါးပါးေနေနတဲ့အခ်ိန္ သူမ်ားေတြက သူတို႔ရည္မွန္းခ်က္ေတြကုိ ရွာေဖြတယ္ ရည္ရြယ္ရာပန္းတိုင္ ေရာက္ဖုိ႔ ေနမအိပ္ညမအိပ္ၾကိဳးစားေနတယ္ ဆိုတာ မေမ့ပါနဲ႕။

သင္က တစ္နာရီေလာက္ social media ေပၚမွာ အခ်ိန္ကုန္ေနတဲ့အခ်ိန္ ရည္မွန္းခ်က္ရွိတဲ့သူေတြက စာဖတ္ေနတယ္ သူတို႕တိုးတက္မွဳအတြက္ တခုခုလုပ္ေနတယ္၊ အဲ့ဒီအခ်ိန္ေတြကို သင္ျပန္မရနိုင္ေတာ့ဘူး၊ သင္ဟာ တစ္နာရီစာ ေျခလွမ္းေတြ ေနာက္က်က်န္ခဲ့ျပီ။

သူတစ္ပါးကို အျပစ္ရွာဖို႔ ၾကိဳးစားေနျခင္း။ သင္သူမ်ားအျပစ္ကုိ ရွာျပီးမေကာင္းေျပာေနတဲ့အခ်ိန္မွာ သူက အျပစ္ကိုျပင္ဆင္ျပီး ေနာက္ေျခတစ္လွမ္းကို လွမ္းေနပါျပီ။ သင္ကေတာ့ သူမ်ားလိုအပ္ခ်က္ေတြ အျပစ္ေတြထိုင္ေျပာေနရင္းနဲ႕ ေနာက္မွာ က်န္ခဲ့မွန္း မသိအေဝးၾကီးမွာ က်န္ေနခဲ့ျပီ။

Recommended for you - ေၾကာက္လာရင္ ရပ္မယ့္အစား ဆက္သြားပါ။ အရွံဳးေပးမယ့္အစား ျပင္းျပင္းထန္ထန္ ျပန္တိုက္ပါ။

ျပန္စဥ္းစားသံုးသပ္တယ္ဆိုတဲ့ ေခါင္းစဥ္နဲ႕ အတိတ္က အျဖစ္အပ်က္ေတြထဲက ရုန္းမထြက္နိုင္ျခင္း။ သင္ရုန္းမထြက္နိုင္သေလာက္ သင္ေျခလွမ္းေတြ ရပ္တန္႔ေနသေလာက္ သင္က်န္ခဲ့မွာပါ။

သူမ်ားကိစၥေတြမွာ ကူညီလြန္းျခင္း။ သူမ်ားကို ကူညီတာေကာင္းပါတယ္ ဒါေပမယ့္ ကိုယ့္ဘဝတစ္ခုလံုးကို ျမွဳပ္ႏွံကူညီေလာက္တဲ့အထိေတာ့ မလိုပါဘူး။

သင့္ဘဝကို ဒီတိုင္းေလးပဲ ေရွ႕ဆက္မယ္ဆုိရင္ေတာ့ သင္က ေျခလွမ္းေပါင္းေျမာက္ျမားစြာ ေနာက္က်က်န္ ေနခဲ့ပါျပီ။

Scorpion(sayar.com.mm)

[Unicode Version]

ကြိုးစားမှု မရှိရင် မအောင်မြင်နိုင်ဘူး ဒါကို လူတိုင်းသိပါတယ်၊ ဒါပေမယ့် လူတိုင်းမကြိုးစားကြပါဘူး။ ကျွန်တော်တို့က အနည်းငယ်သော ပင်ပန်းမှုကို အရမ်းကိုပုံကြီးချဲ့တတ်ကြတယ်။ ငါတော်တော်ပင်ပန်းနေ ပြီပေါ့ သင်ရဲ့ခန္ဓာကိုယ်ပင်ပန်းမှုက ရှေ့တန်းရောက်နေတဲ့စစ်သားတစ်ယောက်ကို လိုက်မှီရဲ့လား။ သင်စိတ်ပင်ပန်းနေတယ်ဆိုတာ ကိုယ့်ကိုယ်သတ်သေဖို့အထိ လုပ်ဖူးတဲ့အခြေအနေလား။
အချိန်တိုင်း စက္ကန့်တိုင်းက တန်ဖိုးရှိပါတယ်၊ သင်ဖြုန်းတီးလိုက်မိတဲ့ ငါးမိနစ်မှာ တခြားသူတွေက တိုးတက်ဖို့ ကြိုးစားနေတယ်ဆိုတာ မမေ့ပါနဲ့၊ သင့်ပတ်ဝန်းကျင်မှာ သာမန်လူတွေပဲဆိုရင် သူတို့ကို မကြည့်ပါနဲ့။ သူတို့လဲ မကြိုးစားလို့ သာမန်ဖြစ်နေတာ သင်ရော သာမန်ဘဝထဲက လူပဲဖြစ်ချင်တာလား၊ တစ်ခါပဲရတဲ့ လူ့ဘဝမှာ ကိုယ့်ဘဝကို ရေစုန်မမျောပစ်ပါနဲ့။ ကမ္ဘာကြီးက ပေးတဲ့လက်ဆောင်တိုင်းကို ကြိုးစာမှုနဲ့ ရယူ ခံစားလိုက်ပါ။

Recommended for you - လူတစ်ယောက်ရဲ့ တန်ဖိုး
ဘာကြောင့်သူများထက် ခြေတစ်လှမ်းနောက်ကျနေတာလဲ….
အားငယ်တဲ့စိတ် သိမ်ငယ်တဲ့စိတ်တွေများနေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးသွားတယ် အဲ့ဒီအချိန်က သင်သူများထက် ခြေတစ်လှမ်းမက နောက်ကျသွားပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။
ကိုယ်လုပ်ချင်တဲ့အရာကို ကိုယ်တိုင်မသိခြင်း။ ရှာဖွေဖို့လည်း မကြိုးစားခြင်း။ သင့်ဘဝကို နေမြဲတိုင်းလေးပဲ ပေါ့ပေါ့ပါးပါးနေနေတဲ့အချိန် သူများတွေက သူတို့ရည်မှန်းချက်တွေကို ရှာဖွေတယ် ရည်ရွယ်ရာပန်းတိုင် ရောက်ဖို့ နေမအိပ်ညမအိပ်ကြိုးစားနေတယ် ဆိုတာ မမေ့ပါနဲ့။
သင်က တစ်နာရီလောက် social media ပေါ်မှာ အချိန်ကုန်နေတဲ့အချိန် ရည်မှန်းချက်ရှိတဲ့သူတွေက စာဖတ်နေတယ် သူတို့တိုးတက်မှုအတွက် တခုခုလုပ်နေတယ်၊ အဲ့ဒီအချိန်တွေကို သင်ပြန်မရနိုင်တော့ဘူး၊ သင်ဟာ တစ်နာရီစာ ခြေလှမ်းတွေ နောက်ကျကျန်ခဲ့ပြီ။
သူတစ်ပါးကို အပြစ်ရှာဖို့ ကြိုးစားနေခြင်း။ သင်သူများအပြစ်ကို ရှာပြီးမကောင်းပြောနေတဲ့အချိန်မှာ သူက အပြစ်ကိုပြင်ဆင်ပြီး နောက်ခြေတစ်လှမ်းကို လှမ်းနေပါပြီ။ သင်ကတော့ သူများလိုအပ်ချက်တွေ အပြစ်တွေထိုင်ပြောနေရင်းနဲ့ နောက်မှာ ကျန်ခဲ့မှန်း မသိအဝေးကြီးမှာ ကျန်နေခဲ့ပြီ။

Recommended for you - ကြောက်လာရင် ရပ်မယ့်အစား ဆက်သွားပါ။ အရှုံးပေးမယ့်အစား ပြင်းပြင်းထန်ထန် ပြန်တိုက်ပါ။


ပြန်စဉ်းစားသုံးသပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အတိတ်က အဖြစ်အပျက်တွေထဲက ရုန်းမထွက်နိုင်ခြင်း။ သင်ရုန်းမထွက်နိုင်သလောက် သင်ခြေလှမ်းတွေ ရပ်တန့်နေသလောက် သင်ကျန်ခဲ့မှာပါ။
သူများကိစ္စတွေမှာ ကူညီလွန်းခြင်း။ သူများကို ကူညီတာကောင်းပါတယ် ဒါပေမယ့် ကိုယ့်ဘဝတစ်ခုလုံးကို မြှုပ်နှံကူညီလောက်တဲ့အထိတော့ မလိုပါဘူး။
သင့်ဘဝကို ဒီတိုင်းလေးပဲ ရှေ့ဆက်မယ်ဆိုရင်တော့ သင်က ခြေလှမ်းပေါင်းမြောက်မြားစွာ နောက်ကျကျန် နေခဲ့ပါပြီ။
Scorpion(sayar.com.mm)

Read times Last modified on Monday, 30 December 2019 15:48
Rate this articles
(2 votes)