×
Warning
JUser: :_load: Unable to load user with ID: 723
Success
Tuesday, 28 November 2017
အောင်မြင်မှုပန်းတိုင်ဆီသို့ ပို့ပေးနိုင်မည့် လျှို့ဝှက်နည်းလမ်း
အောင်မြင်မှုပန်းတိုင်ဆီသို့ ပို့ပေးနိုင်မည့် လျှို့ဝှက်နည်းလမ်း google.com
၂. အတွေးမများပါနဲ့။
၃. အချိန်မဖြုန်းပါနဲ့။
၎. အစီအစဉ်ဆွဲပါ။
[Unicode Version]
ကိုယ်ပိုင်စိတ်ကူး အိမ်မက်တွေဆိုတာ လူတိုင်းမှာရှိတဲ့ လွတ်လပ်စွာတွေးခေါ်မှု ခံယူမှုတွေက တဆင့် ပေါက်ဖွားလာတဲ့ ရည်မှန်းချက်ပန်းတိုင်တွေပါ။ ကိုယ်ပိုင်စိတ်ကူး အိမ်မက် ပန်းတိုင်ဆိုတာ လူတိုင်းမှာ ရှိပေမယ့် အကောင်အထည်ဖော်နိုင်တာကတော့ လူတိုင်းမလုပ်နိုင်ပါဘူး။
ဘာဖြစ်လို့လဲ… အကြောင်းအရင်းတွေ ရှိပါတယ်။ ကိုယ်က စောစောစီးစီးလက်လျှော့လိုက်လို့လား ကိုယ့်ကိုယ်ကို စီမံခန့်ခွဲ မှု လိုအပ်လို့လား အများကြီးပါ။ ဒါဆိုရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်ဖို့ နည်းလမ်းတွေလည်း ရှိပါတယ်။
၁. ရလဒ်တွေအပေါ်မှာ အရမ်းကြီး အာရုံမစိုက်ပါနဲ့။
ကျွန်တော်တို့တွေ အလုပ်တစ်ခုလုပ်တဲ့အခါ နောက်ဆုံးရလဒ်အပေါ်မှာ အရမ်းကြီး အာရုံစိုက်ထားကြ ပါတယ်။ အကောင်းဆုံးဖြစ်ချင်ကြတာကိုး။ ဒါပေမယ့် တကယ်တမ်းရလဒ်အပေါ်မှာ အာရုံစိုက်ထားတဲ့အခါ ရလဒ်ကောင်းရင် စိတ်ဓါတ်တက်ကြွမယ်။ မကောင်းရင် စိတ်ဓာတ်ကျမယ်။ ဒီလိုတွေဖြစ်နေတာထက် ကိုယ်လုပ်ခဲ့တဲ့ ကိစ္စတွေပေါ်မှာ ပြန်သုံးသပ်ပါ စဉ်းစားပါ ဗဟုသုတယူပါ။ ပြီးရင် ဘယ်လိုတိုးတက်အောင် လုပ်မယ်ဆိုတာ စဉ်းစားပါ။
Recommended for you - သင်က အိမ်မက်တွေနဲ့ ရှင်သန်နေတာလား အိပ်မက်တွေနဲ့ အချိန်ကုန်နေတာလား
၂. အတွေးမများပါနဲ့။
တခါတလေမှာ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေ များလွန်းတဲ့အခါ ဘယ်ဟာကို အရင်လုပ်သင့်သလဲ ဘာက အဓိကလုပ်ရမှာလည်းဆိုတာ ဝေဝါးသွားပါတယ်။ ဒါကြောင့် အတွေးတွေမများပါနဲ့ ကိုယ်လုပ်ချင်တဲ့ကိစ္စ တစ်ခုပေါ်မှာပဲ အာရုံစိုက်ပါ။
၃. အချိန်မဖြုန်းပါနဲ့။
ခုခေတ်မှာဆိုရင် အချိန်တွေကို မသိမသာ ခိုးနေတဲ့အရာတွေက အများကြီးပါ။ အဓိကကတော့ social media နဲ့ game တွေပါပဲ.. ၅ မိနစ်လောက်ဆော့လိုက်အုံးမယ် fb လေးသုံးလိုက်အုံးမယ် နာရီလည်းပြန် ကြည့်ရော ၂ နာရီလောက် အချိန်ကုန်သွားပြီ။ သင်လည်း ၂ နာရီစာ အသက်ကြီးသွားပြီ ၂ နာရီစာ လေ့လာချိန်လျော့သွားပြီ ဒီအချိန်တွေကို သင်ပြန်မရတော့ပါဘူး။ အဓိပ္ပါယ်မရှိတဲ့အရာတွေအတွက် အချိန်တွေ မဖြုန်းတီးလိုက်ပါနဲ့။ တန်ဖိုးထားပါ။
၄. အစီအစဉ်ဆွဲပါ။
ဒါဟာ အရမ်းကို အရေးကြီးပြီး လိုအပ်တဲ့ အကျင့်လေးတစ်ခုပါ။ သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ အတွက်ပါမက ဘဝအတွက်ပါ အစီအစဉ်ဆွဲတတ်ဖို့လိုပါတယ်။ ဒါပြီးရင်ဘာလုပ်မယ် ဘယ်အချိန်မှာတော့ ဘာဖြစ်ရမယ် ဒီလိုမျိုး အစီအစဉ်ဆွဲတတ်တဲ့ အကျင့်ကို ပျိုးထောင်ပါ။
Recommended for you - သာမာန်ဘဝထဲက သာမာန်လူပဲဖြစ်ချင်တာလား
၅. အပျော်ခရီးလေးထွက်ပေးပါ။
တခါတလေမှာ ထမ်းထားရတဲ့ ဝန်းထုပ်ဝန်ပိုးတွေ လေးလံလာတဲ့အခါ စိတ်မှာ ထွက်ပေါက်မရှိသလိုမျိုး မွန်းကြပ်လာတဲ့အခါ အတွေးအခေါ်အသစ်တွေ မဖန်တီးနိုင်တော့တဲ့အခါ အားလုံးကို မေ့ပြီး ခရီးလေးတစ်ခု လောက်ထွက်လိုက်ပါ။
Read times Last modified on Monday, 30 December 2019 15:51
Rate this articles
(2 votes)