×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 29 November 2017

ဘယ်လိုအခြေအနေတွေက သင့်ကို နောက်ဆုတ်ဖို့ သတိပေးနေတာလဲ

ဘယ်လိုအခြေအနေတွေက သင့်ကို နောက်ဆုတ်ဖို့ သတိပေးနေတာလဲ google.com












[Unicode Version]

ခုလို အရာရာဘက်ပေါင်းစုံက တိုးတက်နေတဲ့ခေတ်ကြီးမှာ သူများထက် ခြေလှမ်းပေါင်းများစွာ သာလွန်အောင် လူတိုင်းက ကြိုးစားနေရတာပါ။ ဒါပေမယ့် တခါတလေမှာ ရှေ့မတိုးသာတဲ့ အခြေအနေ တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခေတ္တနောက်ဆုတ်ပြီး ကြိုတင်ပြင်ဆင်မှုတွေကို အချိန်ယူဆောင်ရွက်ပေးပါ။ သင့်မှာ ဒီလိုအခြေအနေမျိုးတွေ ကြုံလာပြီဆိုရင် ခဏလောက်ဖြစ်ဖြစ် နောက်ဆုတ်လိုက်ပါ။
သင့်စိတ်ကို ညှိုးနွမ်းစေသောအရာများ ရှိနေတဲ့အချိန်၊ ကိုယ်စိတ်နှစ်ပါးပင်ပန်းလွန်းတဲ့အချိန်၊ သင်ဘာဆက်လုပ်ရမှန်း သေချာ ရေရာစွာမသိသေးတဲ့အချိန်၊ စိတ်ရှုပ်ထွေးနေတဲ့ချိန်တွေမှာ ခေတ္တ နောက်ဆုတ်ပေးရပါမယ်။
အခက်အခဲ အကျပ်အတည်းဖြစ်သော အခြေအနေနှင့် ရင်ဆိုင်ရခြင်း၊ လုပ်ငန်းတာဝန်အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ နည်းလမ်းကောင်းကို မသိရှိခြင်း၊ ဆုံးဖြတ်ချက်များ မှားယွင်းခြင်းရှိနေပါက ခေတ္တနောက်ဆုတ်ပေးထားပါ။
သင်ဝမ်းနည်းနေတဲ့အချိန်၊ အထီးကျန်နေတဲ့အချိန်၊ စိတ်နှလုံးမသာယာတဲ့အချိန်၊ ထိခိုက်နာကျင်စွာ ခံစားနေရချိန်တွေမှာ ခေတ္တနောက်ဆုတ်ပေးရပါမယ်။
သင်က စိတ်ရှုပ်ထွေးနေချိန်၊ နားလည်မှုလွဲနေတဲ့အချိန်၊ ကူညီရာမဲ့နေတဲ့အချိန်မှာ ခေတ္တနောက်ဆုတ်သင့် ပါတယ်။

Recommended for you - ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာ ဝေါဟာရများ
သင်က စိုးရိမ်ပူပန်ခြင်း၊ သောကရောက်ခြင်း ဖြစ်နေပါက ခေတ္တနောက်ဆုတ်ပေးသင့်ပါတယ်။
သင်က နေရာတစ်ခုကို မှားယွင်းစွာ ရောက်နေသလိုမျိုး ခံစားနေရတယ်ဆိုရင်လည်း လက်ရှိဆောင်ရွက် ရင်ဆိုင်နေရတဲံ အခြေအနေကနေ ခေတ္တနောက်ဆုတ်ပေးသင့်ပါတယ်။
သင်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကင်းလွတ်လျော့ကျနေတဲ့အခါ၊ သင်က ထောင်ချောက်မိသလိုမျိုး ခံစားနေရတဲ့အခါ ခေတ္တနောက်ဆုတ်ပေးသင့်ပါတယ်။
သင်က အဓိပ္ပါယ်ရှိပြီး ရည်မှန်းချက် မှန်ကန်စွာနဲ့ ကြိုးစားနေမယ်ဆိုရင်လည်း ခေတ္တနောက်ဆုတ်ပေး သင့်ပါတယ်။
သင့်ဘဝကို အမှန်တကယ် ထိန်းချုပ်နိုင်စွမ်း မရှိဘူးလို့ သင်ကိုယ်တိုင် ခံစားမိတဲ့အခါ ခေတ္တနောက်ဆုတ် ပေးသင့်ပါတယ်။

Read times Last modified on Friday, 03 January 2020 10:08
Rate this articles
(4 votes)