×

Warning

JUser: :_load: Unable to load user with ID: 723


Language

Wednesday, 06 December 2017

မွားယြင္းျပီး သံုးစြဲတတ္သည့္ (Any and Some, All and Every)

မွားယြင္းျပီး သံုးစြဲတတ္သည့္ (Any and Some, All and Every) google.com

Any and Some

တိက်ေရရာမွဳမရွိတဲ့ အတိုင္းအဆ(သို႔) အေရအတြက္ကို ေျပာတဲ့အခါ any နဲ႕ some ကို သံုးပါတယ္။ “အခ်ိဳ႕၊ အနည္းငယ္၊ နည္းနည္း” လို႔ အဓိပၸါယ္ရပါတယ္။ လူအခ်ို႕၊ ေငြအနည္းငယ္၊ သၾကားနည္းနည္း၊ ဆားနည္းနည္း စသည္ျဖင့္ ေျပာဆိုတဲ့အခါ သံုးတတ္ၾကပါတယ္။

ဒီေနရာမွာ သတိထားစရာတစ္ခ်က္က any နဲ႕ some ဟာ အဓိပၸါယ္တူေပမယ့္ some ကုိအေျဖဝါက် (affirmative clauses) ေတြမွာသာ သံုးျပီး any ကိုေတာ့ ေမးခြန္းဝါက်နဲ႕ အျငင္းဝါက် (questions and negative clauses) ေတြမွာသံုးတာ ေတြ႔ၾကပါ တယ္။ လြယ္ေပမယ့္ သတိထားသံုးရမယ့္ စကားလံုးေတြ ျဖစ္တာေၾကာင့္ အသံုးအႏွဳန္းကြဲျပားပံုကို ေလ့လာ ၾကည့္ပါဦး။

Recommended for you - စာဖတ္ျခင္းက သင့္ကို ဘယ္လိုထူးျခားတဲ့စြမး္အင္ေတြ ေပးနိုင္တယ္လို႔ထင္ပါသလဲ

I need some pencils. (အေျဖပံုစံ)

(I need any pencils ဟု မေရးရပါ)

ကြ်န္ေတာ္ခဲတံတစ္ခ်ိဳ႕ လုိအပ္တယ္။

Have you got any pencils? (ေမးခြန္းပံုစံ)

မငး္ခဲတံ တစ္ခ်ိဳ႕ ရျပီးျပီလား။

Sorry, I haven’t got any pencils. (အျငင္းပံုစံ)

ဟင့္အင္း၊ ကြ်န္ေတာ္ခဲတံ တစ္ခ်ဳိ႕ မရေသးဘူး။

Recommended for you - အခြင့္အေရးေတြ လက္တစ္လံုးျခား ဆံုးရွံဳးေနတာလား

All and Every

Every ဟာ တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္း၊ တစ္ခုခ်င္းစီကို ဆိုလိုတာပါ။ “အားလံုး၊ တိုင္း” လို႔ ဘာသာျပန္ ဆိုနိုင္ပါတယ္။ နိုင္ငံတိုင္း၊ ေက်းရြာတိုင္း၊ ျမိဳ႕တိုင္း စသည္ျဖင့္ အဓိပၸါယ္အမ်ိဳးမ်ိဳး သံုးပါတယ္။ သဒၵါသေဘာ အရေျပာရရင္ Every ရဲ႕ေနာက္ကလိုက္တဲ့ noun က အနည္းကိန္း ျဖစ္ရပါမယ္။

ဥပမာဝါက်ကို ေလ့လာၾကည့္ပါ

Every children need love. (အမွား)

Every child needs love.(အမွန္)

All ရဲ႕ ေဝါဟာရအသံုးအနွုန္းကို အားလံုးတိုင္း၊ ဟူသေရြ႕ လို႔ ဘာသာျပန္ဆိုနိုင္ပါတယ္။ မိန္းမအားလံုး၊ ေယာက်္ားအားလံုး၊ အဖြဲ႕အစည္းအားလံုး စသည္ျဖင့္ ဆိုလိုတာပါ။ အဓိပၸါယ္သေဘာသိျပီးလို႔ သဒၵါရွဳေထာင့္အရ ပိုင္းျခားစိတ္ျဖာၾကည့္တဲ့အခါ all ရဲ႕ေနာက္မွာ လုိက္တဲ့ noun ဟာ ေရတြက္လို႔ ရတဲ့နာမ္ (countable noun) ျဖစ္တယ္ဆိုရင္ အမ်ားကိန္းပံုစံနဲ႕ လိုက္ရပါတယ္။

All the light was out. (အမွား)

All the lights were out. (အမွန္)

Source: Myanmar-network.net

[Unicode Version]

Any and Some
တိကျရေရာမှုမရှိတဲ့ အတိုင်းအဆ(သို့) အရေအတွက်ကို ပြောတဲ့အခါ any နဲ့ some ကို သုံးပါတယ်။ “အချို့၊ အနည်းငယ်၊ နည်းနည်း” လို့ အဓိပ္ပါယ်ရပါတယ်။ လူအချို့၊ ငွေအနည်းငယ်၊ သကြားနည်းနည်း၊ ဆားနည်းနည်း စသည်ဖြင့် ပြောဆိုတဲ့အခါ သုံးတတ်ကြပါတယ်။
ဒီနေရာမှာ သတိထားစရာတစ်ချက်က any နဲ့ some ဟာ အဓိပ္ပါယ်တူပေမယ့် some ကိုအဖြေဝါကျ (affirmative clauses) တွေမှာသာ သုံးပြီး any ကိုတော့ မေးခွန်းဝါကျနဲ့ အငြင်းဝါကျ (questions and negative clauses) တွေမှာသုံးတာ တွေ့ကြပါ တယ်။ လွယ်ပေမယ့် သတိထားသုံးရမယ့် စကားလုံးတွေ ဖြစ်တာကြောင့် အသုံးအနှုန်းကွဲပြားပုံကို လေ့လာ ကြည့်ပါဦး။

Recommended for you - စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့စွမး်အင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ

I need some pencils. (အဖြေပုံစံ)
(I need any pencils ဟု မရေးရပါ)
ကျွန်တော်ခဲတံတစ်ချို့ လိုအပ်တယ်။

Have you got any pencils? (မေးခွန်းပုံစံ)
မငး်ခဲတံ တစ်ချို့ ရပြီးပြီလား။
Sorry, I haven’t got any pencils. (အငြင်းပုံစံ)
ဟင့်အင်း၊ ကျွန်တော်ခဲတံ တစ်ချို့ မရသေးဘူး။

Recommended for you - အခွင့်အရေးတွေ လက်တစ်လုံးခြား ဆုံးရှုံးနေတာလား

All and Every
Every ဟာ တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ခုချင်းစီကို ဆိုလိုတာပါ။ “အားလုံး၊ တိုင်း” လို့ ဘာသာပြန် ဆိုနိုင်ပါတယ်။ နိုင်ငံတိုင်း၊ ကျေးရွာတိုင်း၊ မြို့တိုင်း စသည်ဖြင့် အဓိပ္ပါယ်အမျိုးမျိုး သုံးပါတယ်။ သဒ္ဒါသဘော အရပြောရရင် Every ရဲ့နောက်ကလိုက်တဲ့ noun က အနည်းကိန်း ဖြစ်ရပါမယ်။
ဥပမာဝါကျကို လေ့လာကြည့်ပါ
Every children need love. (အမှား)
Every child needs love.(အမှန်)

All ရဲ့ ဝေါဟာရအသုံးအနှုန်းကို အားလုံးတိုင်း၊ ဟူသရွေ့ လို့ ဘာသာပြန်ဆိုနိုင်ပါတယ်။ မိန်းမအားလုံး၊ ယောကျ်ားအားလုံး၊ အဖွဲ့အစည်းအားလုံး စသည်ဖြင့် ဆိုလိုတာပါ။ အဓိပ္ပါယ်သဘောသိပြီးလို့ သဒ္ဒါရှုထောင့်အရ ပိုင်းခြားစိတ်ဖြာကြည့်တဲ့အခါ all ရဲ့နောက်မှာ လိုက်တဲ့ noun ဟာ ရေတွက်လို့ ရတဲ့နာမ် (countable noun) ဖြစ်တယ်ဆိုရင် အများကိန်းပုံစံနဲ့ လိုက်ရပါတယ်။

All the light was out. (အမှား)
All the lights were out. (အမှန်)

Source: Myanmar-network.net

Read times Last modified on Monday, 30 December 2019 15:54
Rate this articles
(1 Vote)