လူအမ်ိဳးအစား (၄) မ်ိဳး….!!!

လူအမ်ိဳးအစား (၄) မ်ိဳး….!!! google.com

လူဆိုတဲ့ဖြဲ႕စည္းပံုေအာက္မွာ မ်က္နွာပါတယ္ ေခါင္းပါတယ္ ခႏၶာကိုယ္ပါတယ္ ေျခေတြလက္ေတြ စသျဖင့္ အကုန္နီးပါးတူညီၾကပါတယ္။ ဒါေပမယ့္ စိတ္ဓါတ္ေတြ ခံယူခ်က္ေတြ ၾကီးပ်င္းတဲ့ ပတ္ဝန္းက်င္ေပၚမူတည္ ျပီး  လူအမ်ိဳးအစား ကြဲျပားသြားပါတယ္။

(၁) Full Stop. လိုလူမ်ဳိး

Full Stop. ဆုိတဲ့အတုိင္း ဒီလိုလူမ်ဳိးေတြဟာ ဘ၀ မွာ ရပ္တန္႔ေနတဲ့ လူမ်ဳိးေတြ၊ ၿပီးဆံုးသြားၿပီဆုိတဲ့ လူမ်ဳိးေတြ ျဖစ္ပါတယ္။ ဆက္မသြားေတာ့ ဘူးဆုိၿပီး၊ စိတ္ဓာတ္ ခြန္အား နည္းတဲ့ လူမ်ဳိးေတြျဖစ္ပါတယ္။ လူကသာ အသက္ရွင္ေနေပမယ့္ စိတ္ဓာတ္ေတြ ေသဆံုး ေနတယ္လုိ ေျပာရမယ့္ လူစား မ်ဳိးပါ။


ဘ၀ကိုလက္ေျမႇာက္အ႐ံႈးေပးတယ္။ ျဖစ္ခ်င္တာမျဖစ္ရလုိ႔ “ျဖစ္ခ်င္သလိုျဖစ္ကြာ” ဆုိၿပီး ဘ၀ကိုေရဆန္ ေမ်ာလိုက္သူေတြလည္း ျဖစ္ပါတယ္။

Recommened for you - ကုိယ္က အရွဳံးမေပးမခ်င္း မရွံုးပါဘူး


တစ္ခ်ဳိ႕က သင္ယူ သင္ၾကားျခင္း (Learning) ကို ရပ္တန္႔ပစ္လိုက္တယ္။ တစ္ခ်ဳိ႕က ကိုယ့္ရဲ႕ စီးပြားေရး လုပ္ငန္း ေတြ အဆင္မေျပတဲ့ အခါမွာ လုပ္ငန္း ေတြကို ရပ္တန္႔ပစ္တယ္။

စီးပြားေရး ၊ လူမႈေရး၊ အိမ္ေထာင္ေရး၊ အခ်စ္ေရး အဆင္မေျပလို႔ ကိုယ့္ဘ၀ကို လမ္းေဘးပို႔ပစ္တဲ့ လူေတြလည္း ပါ၀င္ပါတယ္။ ေအာင္ျမင္မႈလမ္း ကို ေလွ်ာက္လွမ္းေနတဲ့အခါမွာလည္း ဇြဲမရွိဘဲ လက္ေလွ်ာ့ရပ္တန္႔ပစ္တတ္တယ္။ ဘယ္အရာကိုမွ ၿပီးေျမာက္ေအာင္ျမင္ေအာင္ မလုပ္ႏိုင္၊ ဆံုးခန္း တုိင္ေအာင္ မလုပ္ႏိုင္ဘဲ လမ္းတစ္၀က္မွာ ရပ္တန္႔ပစ္ေလ့ရွိၾကပါတယ္။

ဒါ့အျပင္ သူတို႔ေတြဟာ လက္ရွိဘ၀ အေျခအေန ေလးကိုပဲ လက္ခံၿပီး ဆက္လက္ တုိးတက္ဖို႔ မလုပ္ေဆာင္တတ္ပါဘူး။ လက္ရွိ ေနရာေလးမွာပဲ ရပ္တန္႔ေနတတ္ပါတယ္။ စိတ္ဓာတ္ႀကံ့ခိုင္မႈ မရွိဘူး။ အားငယ္တတ္တယ္၊ သိမ္ငယ္တတ္တယ္။ မျဖစ္ႏိုင္ဘူး၊ မတတ္ႏိုင္ဘူး၊၊ မလုပ္ႏိုင္ဘူးလုိ႔ အၿမဲေျပာတတ္ ဆိုတတ္တယ္။

ကံကိုပဲအျပစ္ပံုခ်တတ္ၿပီး ၪာဏ္၊၀ီရိယကိုအားမကိုးဘဲ ေနတတ္တဲ့လူမ်ဳိးေတြ Full Stop လူသားထဲမွာ ပါ၀င္ပါတယ္။ ဘာျဖစ္ျဖစ္ ကံပဲေလဆုိၿပီး အတိတ္ကံေပၚမွာ အျပစ္ဖို႔ေန ၿပီး ငုပ္တုတ္ထိုင္ေနတတ္ ၾကပါတယ္။ ဒီလုိ ထိုင္ေန႐ံုနဲ႕ ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ လူအမ်ားကလည္း သူတုိ႔ကုိေတြ႕ရင္ ““ဆန္ကုန္ ေျမေလးပဲ””လို႔ သတ္မွတ္ၾကပါတယ္။

Recommended for you - ေန႔လည္တေရးအိပ္တာက မွတ္ဥာဏ္ကို ေကာင္းေစတာလား ထိုင္မွိဳင္းေစတာလား

အဆုိးဆံုးရပ္တန္႔ျခင္း Full Stop ကေတာ့ မိမိ ရဲ႕ ဘ၀ ကို မိမိ အဆံုး သတ္ပစ္လိုက္ျခင္းပါပဲ။ ေလာကႀကီးမွာ ဆက္လက္ရွင္သန္လိုစိတ္ မရွိဘူး။ အသက္ရွင္ေနလို႔လည္း ငါ့ ဘ၀ ကဘာမွ မထူးပါဘူးဆုိၿပီး၊ ကိုယ့္ဘ၀ကို အဆံုးစီရင္ပစ္တဲ့ Full Stop ကေတာ့ အဆုိးဆံုး အေျခအေနပါပဲ။

တစ္ခ်ဳိ႕ Full Stop လူမ်ဳိး ေတြကေတာ့ ကိုယ္တုိင္ရပ္တန္႔ေနရတာ အားမရေသးဘူး။ တျခားသူမ်ားကို ရပ္တန္႔ပစ္ဖို႔တုိက္တြန္းၾကတဲ့ သူေတြရိွပါတယ္။ “ဒီအလုပ္မ်ဳိး ငါလုပ္ဖူးတယ္၊ အဆင္မေျပပါဘူးကြာ၊ မင္းလည္းလုပ္မေနနဲ႕၊ မျဖစ္ႏိုင္ဘူး” လုပ္မေနပါနဲ႕ကြာ၊ ႐ံႈးသြားရင္ ဘယ္လုိ လုပ္မလဲ” စသျဖင့္ လုိက္လံပိတ္ပင္ တားဆီးတတ္ၾကပါတယ္။ ကိုယ္ကလည္းရပ္တန္႔ေနရတာကို သေဘာက်ၿပီးသူမ်ား ကိုလည္း ဆက္မသြားေစခ်င္ ၾကသူေတြပါပဲ။

ဒီေလာက္ဆုိ Full Stop ဆုိတဲ့ ပထမ လူစားမ်ဳိးဟာ ဘယ္လုိလူမ်ဳိးေတြ လည္းဆုိတာ သေဘာေပါက္ ေလာက္ပါၿပီ။ လူ႕ပတ္၀န္းက်င္ မွာ ဒီလိုလူေတြမ်ားလာရင္ တုိးတက္ မႈေတြ ေႏွာင့္ေႏွးေနဦးမွာပါပဲ၊ ဒီလိုလူေတြဟာမိမိကိုယ္တုိင္ေရာ၊ ႏုိင္ငံနဲ႕လူမ်ဳိးအတြက္သာမက ေလာကႀကီးကိုပါ ရပ္တန္႔ျခင္းေတြျဖစ္ေစေနဦးမွာပါ။

ေနာက္ထပ္လူအမ်ိဳးအစား ေတြကိုလည္း ဆက္လက္ေဖာ္ျပေပးသြားပါမယ္။

Credit: သူရ႐ွိန္

[Unicode Version]

လူဆိုတဲ့ဖွဲ့စည်းပုံအောက်မှာ မျက်နှာပါတယ် ခေါင်းပါတယ် ခန္ဓာကိုယ်ပါတယ် ခြေတွေလက်တွေ စသဖြင့် အကုန်နီးပါးတူညီကြပါတယ်။ ဒါပေမယ့် စိတ်ဓါတ်တွေ ခံယူချက်တွေ ကြီးပျင်းတဲ့ ပတ်ဝန်းကျင်ပေါ်မူတည် ပြီး လူအမျိုးအစား ကွဲပြားသွားပါတယ်။

(၁) Full Stop. လိုလူမျိုး

Full Stop. ဆိုတဲ့အတိုင်း ဒီလိုလူမျိုးတွေဟာ ဘဝ မှာ ရပ်တန့်နေတဲ့ လူမျိုးတွေ၊ ပြီးဆုံးသွားပြီဆိုတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ဆက်မသွားတော့ ဘူးဆိုပြီး၊ စိတ်ဓာတ် ခွန်အား နည်းတဲ့ လူမျိုးတွေဖြစ်ပါတယ်။ လူကသာ အသက်ရှင်နေပေမယ့် စိတ်ဓာတ်တွေ သေဆုံး နေတယ်လို ပြောရမယ့် လူစား မျိုးပါ။

ဘဝကိုလက်မြှောက်အရှုံးပေးတယ်။ ဖြစ်ချင်တာမဖြစ်ရလို့ “ဖြစ်ချင်သလိုဖြစ်ကွာ” ဆိုပြီး ဘဝကိုရေဆန် မျောလိုက်သူတွေလည်း ဖြစ်ပါတယ်။

Recommened for you - ကိုယ်က အရှုံးမပေးမချင်း မရှုံးပါဘူး

တစ်ချို့က သင်ယူ သင်ကြားခြင်း (Learning) ကို ရပ်တန့်ပစ်လိုက်တယ်။ တစ်ချို့က ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်း တွေ အဆင်မပြေတဲ့ အခါမှာ လုပ်ငန်း တွေကို ရပ်တန့်ပစ်တယ်။

စီးပွားရေး ၊ လူမှုရေး၊ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေလို့ ကိုယ့်ဘဝကို လမ်းဘေးပို့ပစ်တဲ့ လူတွေလည်း ပါ၀င်ပါတယ်။ အောင်မြင်မှုလမ်း ကို လျှောက်လှမ်းနေတဲ့အခါမှာလည်း ဇွဲမရှိဘဲ လက်လျှော့ရပ်တန့်ပစ်တတ်တယ်။ ဘယ်အရာကိုမှ ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်၊ ဆုံးခန်း တိုင်အောင် မလုပ်နိုင်ဘဲ လမ်းတစ်ဝက်မှာ ရပ်တန့်ပစ်လေ့ရှိကြပါတယ်။

ဒါ့အပြင် သူတို့တွေဟာ လက်ရှိဘဝ အခြေအနေ လေးကိုပဲ လက်ခံပြီး ဆက်လက် တိုးတက်ဖို့ မလုပ်ဆောင်တတ်ပါဘူး။ လက်ရှိ နေရာလေးမှာပဲ ရပ်တန့်နေတတ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိဘူး။ အားငယ်တတ်တယ်၊ သိမ်ငယ်တတ်တယ်။ မဖြစ်နိုင်ဘူး၊ မတတ်နိုင်ဘူး၊၊ မလုပ်နိုင်ဘူးလို့ အမြဲပြောတတ် ဆိုတတ်တယ်။

ကံကိုပဲအပြစ်ပုံချတတ်ပြီး ဉာဏ်၊၀ီရိယကိုအားမကိုးဘဲ နေတတ်တဲ့လူမျိုးတွေ Full Stop လူသားထဲမှာ ပါ၀င်ပါတယ်။ ဘာဖြစ်ဖြစ် ကံပဲလေဆိုပြီး အတိတ်ကံပေါ်မှာ အပြစ်ဖို့နေ ပြီး ငုပ်တုတ်ထိုင်နေတတ် ကြပါတယ်။ ဒီလို ထိုင်နေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် လူအများကလည်း သူတို့ကိုတွေ့ရင် ““ဆန်ကုန် မြေလေးပဲ””လို့ သတ်မှတ်ကြပါတယ်။

Recommended for you - နေ့လည်တရေးအိပ်တာက မှတ်ဉာဏ်ကို ကောင်းစေတာလား ထိုင်မှိုင်းစေတာလား

အဆိုးဆုံးရပ်တန့်ခြင်း Full Stop ကတော့ မိမိ ရဲ့ ဘဝ ကို မိမိ အဆုံး သတ်ပစ်လိုက်ခြင်းပါပဲ။ လောကကြီးမှာ ဆက်လက်ရှင်သန်လိုစိတ် မရှိဘူး။ အသက်ရှင်နေလို့လည်း ငါ့ ဘဝ ကဘာမှ မထူးပါဘူးဆိုပြီး၊ ကိုယ့်ဘဝကို အဆုံးစီရင်ပစ်တဲ့ Full Stop ကတော့ အဆိုးဆုံး အခြေအနေပါပဲ။

တစ်ချို့ Full Stop လူမျိုး တွေကတော့ ကိုယ်တိုင်ရပ်တန့်နေရတာ အားမရသေးဘူး။ တခြားသူများကို ရပ်တန့်ပစ်ဖို့တိုက်တွန်းကြတဲ့ သူတွေရှိပါတယ်။ “ဒီအလုပ်မျိုး ငါလုပ်ဖူးတယ်၊ အဆင်မပြေပါဘူးကွာ၊ မင်းလည်းလုပ်မနေနဲ့၊ မဖြစ်နိုင်ဘူး” လုပ်မနေပါနဲ့ကွာ၊ ရှုံးသွားရင် ဘယ်လို လုပ်မလဲ” စသဖြင့် လိုက်လံပိတ်ပင် တားဆီးတတ်ကြပါတယ်။ ကိုယ်ကလည်းရပ်တန့်နေရတာကို သဘောကျပြီးသူများ ကိုလည်း ဆက်မသွားစေချင် ကြသူတွေပါပဲ။

ဒီလောက်ဆို Full Stop ဆိုတဲ့ ပထမ လူစားမျိုးဟာ ဘယ်လိုလူမျိုးတွေ လည်းဆိုတာ သဘောပေါက် လောက်ပါပြီ။ လူ့ပတ်ဝန်းကျင် မှာ ဒီလိုလူတွေများလာရင် တိုးတက် မှုတွေ နှောင့်နှေးနေဦးမှာပါပဲ၊ ဒီလိုလူတွေဟာမိမိကိုယ်တိုင်ရော၊ နိုင်ငံနဲ့လူမျိုးအတွက်သာမက လောကကြီးကိုပါ ရပ်တန့်ခြင်းတွေဖြစ်စေနေဦးမှာပါ။
နောက်ထပ်လူအမျိုးအစား တွေကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
Credit: သူရရှိန်

Rate this articles
(2 votes)
More in this category:

Leave a comment

Subscribe to our mailing list to get the updates to your email inbox.

Please wait