×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 12 December 2017

အသံုးမက်တဲ့လူ မျဖစ္ေစနဲ႕

အသံုးမက်တဲ့လူ မျဖစ္ေစနဲ႕ google.com

အသက္ ၃၅ ႏွစ္ျပည့္တဲ့အခ်ိန္ထိ ခင္ဗ်ားဟာ တီဗီေလး ကတ္ဆက္ေလးတစ္လံုးေတာင္ မပိုင္ေသးတဲ့ အခါ ဘယ္သူမွ ခင္ဗ်ားကို သနားေနလိမ့္မယ္ မထင္နဲ႕။

ေစ်းကြက္ထဲ ယွဥ္ျပိဳင္မွဳေၾကာင့္ ခင္ဗ်ား က်ရွဳံးခဲ့တဲ့အခါမွာလည္း ဘယ္ျပိဳင္ဘက္ကမွ ခင္ဗ်ားကို ကိုယ္ခ်င္းစာတရား ဆိုျပီးေတာ့ ေရွာ္ေပးလိမ့္မယ္ မထင္နဲ႕။ ကေလးကြက္နင္းေနတဲ့လူ စီးပြားေရး ေလာကမွာ တစ္ေယာက္မွ မပါဘူး။

ကိုယ့္ခ်စ္သူက ပိုက္ဆံမရွိလို႔ လမ္းခြဲသြားတဲ့အခါ ဘယ္သူကမွ ခင္ဗ်ားကို စာနလို႔ဆိုျပီး ၾကယ္ငါးပြင့္ ေဟာ္တယ္မွာ မဂၤလာေဆာင္ေပးမယ္ မထင္နဲ႕။

မိဘေတြကို ေဆးရံုေဆးခန္း ေကာင္းေကာင္းမွာ ေဆးကုခ်င္တယ္။ ဘယ္သူကမွ ခင္ဗ်ားကို ခ်စ္လို႔ဆိုျပီး ေတာ့ ခင္ဗ်ားမိဘေတြကို အေကာင္းစားေဆးရံု ပို႔ေပးမယ္မထင္နဲ႕။

Recommended for you - ေအာင္ျမင္ေနတယ္ဆုိတဲ့သူတိုင္းရဲ႕ ေအာင္ျမင္မွဳက တန္ဖိုးရွိရဲ႕လား

မိသားစုဆင္းရဲလို႔ မခ်မ္းသာတာေပါ့။ ဟုတ္သလား။ အသိပညာမဆင္းရဲစမ္းပါနဲ႕။ ဆင္ေျခေတြ အလီလီ ေပးနိုင္တဲ့အတြက္ ဘယ္သူကမ်ား ေတာ္လြန္းလုိ႔ဆိုျပီးေတာ့ ပိုက္ဆံလာေပးတုန္း… မေပးဘူးေနာ္။

ကိုယ္လုပ္တဲ့အလုပ္ရဲ႕ ရလဒ္ကုိ ၾကိဳမျမင္နိုင္တဲ့လူ ဆင္းရဲမွာပဲ။

ခိုင္မာတဲ့ ဆံုျဖတ္ခ်က္နဲ႕ ေလွ်ာက္ရဲတဲ့ သတိၱမရွိတဲ့လူ ဆင္းရဲမွာပဲ။

စြန္႔စားရမွာကို ေၾကာက္တဲ့လူ ဆင္းရဲမွာပဲ။

ခ်မ္းသာခ်င္စိတ္ မျပင္းျပတဲ့လူဟာ ဆင္းရဲမွာပဲ။

အေသြးထဲ အသားထဲကေန ခ်မ္းသာခ်င္လာတဲ့လူဟာ နိမ့္က်မွုေတြ အားလံုးကို ဂရုမစိုက္နိုင္ေတာ့ဘူး။ ေပ်ာက္သြားတယ္။ ခ်မ္းသာဖို႔ဆိုရင္ ၁၀၀ % အျပည့္ ကိုယ့္ခြန္အားကို ထုတ္သံုးဖို႔ အဆင္သင့္ျဖစ္ေနၾကတဲ့လူေတြ ျဖစ္တယ္။

Recommended for you - ကေလးအျပစ္တစ္ခုခုလုပ္မိရင္ အေကာင္းဆံုးေျဖရွင္းေသာနည္းလမ္းမ်ား

အေသြးထဲ အသားထဲကေန ခ်မ္းသာခ်င္လာတဲ့လူဟာ က်ရွံဳးခဲ့ရင္ေတာင္ အဲ့ဒီက်ရွံုးမွဳကို ေဘးဖယ္ထုတ္ျပီး ဘယ္သူမွ စိတ္မကူးရတဲ့ အားထုတ္ျခင္း အသစ္တစ္ခုနဲ႕ ျဖစ္စဥ္ကို ခ်က္ခ်င္း ေျပာင္းျပန္လွန္ ပစ္ခ်င္သူေတြ ျဖစ္တယ္။

ဒါပဲ ဒီေတာ့ ခင္ဗ်ားစဥ္းစားေတာ့။ ဆင္ေျခေတြ ေဘးဖယ္ထားလိုက္စမး္ပါ။ ခင္ဗ်ား ေရွ႕ဆက္ရမယ့္ လမး္က နွစ္လမး္ပဲ ရွိတယ္။ ေငြပံုရွိရာ လမ္းရယ္ အိမ္အျပန္ လမ္းရယ္။ နွစ္ခုထဲက တစ္ခုကို ေရြးရလိမ့္မယ္။ ရပ္မေနနဲ႕ ခင္ဗ်ား အသံုးမက်တဲ့လူ ျဖစ္သြားလိမ့္မယ္။

သင္ယူခ်င္သည့္ဘာသာရပ္တုိင္းကို သင္အဆင္ေျပသည့္အခ်ိန္ကို ညွိႏွိဳင္းျပီး စိတ္ၾကိဳက္သင္ယူနိုင္ဖို႔အတြက္ sayar.com.mm တြင္ရွိေသာ ဆရာ မ်ားႏွင့္ တိုက္ရိုက္ဆက္သြယ္လိုက္ပါ။

ဆရာ ဆရာမမ်ားလည္း အခမဲ့ register လုပ္ထားလို႔ ရပါတယ္ခင္ဗ်ာ။

Credit: မွတ္စုၾကမ္း

[Unicode Version]

အသက် ၃၅ နှစ်ပြည့်တဲ့အချိန်ထိ ခင်ဗျားဟာ တီဗီလေး ကတ်ဆက်လေးတစ်လုံးတောင် မပိုင်သေးတဲ့ အခါ ဘယ်သူမှ ခင်ဗျားကို သနားနေလိမ့်မယ် မထင်နဲ့။

စျေးကွက်ထဲ ယှဉ်ပြိုင်မှုကြောင့် ခင်ဗျား ကျရှုံးခဲ့တဲ့အခါမှာလည်း ဘယ်ပြိုင်ဘက်ကမှ ခင်ဗျားကို ကိုယ်ချင်းစာတရား ဆိုပြီးတော့ ရှော်ပေးလိမ့်မယ် မထင်နဲ့။ ကလေးကွက်နင်းနေတဲ့လူ စီးပွားရေး လောကမှာ တစ်ယောက်မှ မပါဘူး။

ကိုယ့်ချစ်သူက ပိုက်ဆံမရှိလို့ လမ်းခွဲသွားတဲ့အခါ ဘယ်သူကမှ ခင်ဗျားကို စာနလို့ဆိုပြီး ကြယ်ငါးပွင့် ဟော်တယ်မှာ မင်္ဂလာဆောင်ပေးမယ် မထင်နဲ့။

မိဘတွေကို ဆေးရုံဆေးခန်း ကောင်းကောင်းမှာ ဆေးကုချင်တယ်။ ဘယ်သူကမှ ခင်ဗျားကို ချစ်လို့ဆိုပြီး တော့ ခင်ဗျားမိဘတွေကို အကောင်းစားဆေးရုံ ပို့ပေးမယ်မထင်နဲ့။

Recommended for you - အောင်မြင်နေတယ်ဆိုတဲ့သူတိုင်းရဲ့ အောင်မြင်မှုက တန်ဖိုးရှိရဲ့လား

မိသားစုဆင်းရဲလို့ မချမ်းသာတာပေါ့။ ဟုတ်သလား။ အသိပညာမဆင်းရဲစမ်းပါနဲ့။ ဆင်ခြေတွေ အလီလီ ပေးနိုင်တဲ့အတွက် ဘယ်သူကများ တော်လွန်းလို့ဆိုပြီးတော့ ပိုက်ဆံလာပေးတုန်း… မပေးဘူးနော်။
ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရလဒ်ကို ကြိုမမြင်နိုင်တဲ့လူ ဆင်းရဲမှာပဲ။

ခိုင်မာတဲ့ ဆုံဖြတ်ချက်နဲ့ လျှောက်ရဲတဲ့ သတ္တိမရှိတဲ့လူ ဆင်းရဲမှာပဲ။

စွန့်စားရမှာကို ကြောက်တဲ့လူ ဆင်းရဲမှာပဲ။

ချမ်းသာချင်စိတ် မပြင်းပြတဲ့လူဟာ ဆင်းရဲမှာပဲ။

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ နိမ့်ကျမှုတွေ အားလုံးကို ဂရုမစိုက်နိုင်တော့ဘူး။ ပျောက်သွားတယ်။ ချမ်းသာဖို့ဆိုရင် ၁၀၀ % အပြည့် ကိုယ့်ခွန်အားကို ထုတ်သုံးဖို့ အဆင်သင့်ဖြစ်နေကြတဲ့လူတွေ ဖြစ်တယ်။

Recommended for you - ကလေးအပြစ်တစ်ခုခုလုပ်မိရင် အကောင်းဆုံးဖြေရှင်းသောနည်းလမ်းများ

အသွေးထဲ အသားထဲကနေ ချမ်းသာချင်လာတဲ့လူဟာ ကျရှုံးခဲ့ရင်တောင် အဲ့ဒီကျရှံုးမှုကို ဘေးဖယ်ထုတ်ပြီး ဘယ်သူမှ စိတ်မကူးရတဲ့ အားထုတ်ခြင်း အသစ်တစ်ခုနဲ့ ဖြစ်စဉ်ကို ချက်ချင်း ပြောင်းပြန်လှန် ပစ်ချင်သူတွေ ဖြစ်တယ်။

ဒါပဲ ဒီတော့ ခင်ဗျားစဉ်းစားတော့။ ဆင်ခြေတွေ ဘေးဖယ်ထားလိုက်စမး်ပါ။ ခင်ဗျား ရှေ့ဆက်ရမယ့် လမး်က နှစ်လမး်ပဲ ရှိတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ်အပြန် လမ်းရယ်။ နှစ်ခုထဲက တစ်ခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့ ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။

သင်ယူချင်သည့်ဘာသာရပ်တိုင်းကို သင်အဆင်ပြေသည့်အချိန်ကို ညှိနှိုင်းပြီး စိတ်ကြိုက်သင်ယူနိုင်ဖို့အတွက် sayar.com.mm တွင်ရှိသော ဆရာ များနှင့် တိုက်ရိုက်ဆက်သွယ်လိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ ရပါတယ်ခင်ဗျာ။

Credit: မှတ်စုကြမ်း

Read times Last modified on Friday, 03 January 2020 10:18
Rate this articles
(3 votes)