×

Warning

JUser: :_load: Unable to load user with ID: 723


Success

Wednesday, 20 December 2017

ေအာင္ျမင္သူနဲ႕ က်ရွဳံးသူၾကားက မတူညီတဲ့အျမင္

ေအာင္ျမင္သူနဲ႕ က်ရွဳံးသူၾကားက မတူညီတဲ့အျမင္ google.com

(၁) ေအာင္ျမင္သူက ကိုယ့္ကိုယ္ အရင္ေျပာင္းလဲဖို႔သိတယ္။
က်႐ႈံးသူက ေလာကႀကီးကိုပဲ ေျပာင္းလဲခ်င္ခဲ့တယ္။

(၂) ေအာင္ျမင္သူက ေအာင္ျမင္ဖို႔ နည္းလမ္းရွာတယ္။
က်႐ႈံးသူက က်႐ႈံးမႈအတြက္ ဆင္ေျခရွာတယ္။

(၃) ေအာင္ျမင္သူက အခက္အခဲတစ္ခါႀကံဳတိုင္း အခြင့္အေရးတစ္ခုကိုေတြ႔ တယ္။
က်႐ႈံးသူက အခြင့္အေရးတိုင္းမွာ အခက္အခဲကို အရင္ေတြ႔တယ္။

(၄)ေအာင္ျမင္သူက ဒုကၡအခက္အခဲႀကံဳခ်ိန္ တျခားသူလက္ေလ်ာ့ေနာက္ ဆုတ္သြားသည့္တိုင္ ကိုယ့္ရည္ရြယ္ခ်က္ပန္းတိုင္ကိုအေရာက္လွမ္းဖို႔ ဆံုးျဖတ္ခ်က္ခ်ႏိုင္သူျဖစ္တယ္။
က်႐ႈံးသူက ဒုကၡအခက္အခဲမရွိလည္း ဦးတည္ရာေပ်ာက္ေနသူျဖစ္တယ္။

Recommended for you - The Colon “ : ” လိုလူမ်ဳိး

(၅)ေအာင္ျမင္သူက ေလာကႀကီးမွာ ေမွ်ာ္လင့္ခ်က္ကင္းေစတဲ့အရာဆိုတာ မရွိဘဲေမွ်ာ္လင့္ခ်က္မဲ့တဲ့လူပဲ ရွိတယ္ဆိုတာကို သိသူျဖစ္တယ္။
က်႐ႈံးသူက အရာတိုင္းကို ေမွ်ာ္လင့္ခ်က္မဲ့ေနသူျဖစ္တယ္။

(၆) ေအာင္ျမင္သူက ကိုယ့္ထက္ေတာ္သူ၊ ထက္ျမက္သူကို ေလးစားအား က်ၿပီးသူတို႔ရဲ႕ေကာင္းကြက္ကို ႀကိဳးစားသင္ယူေလ့ရွိတယ္။
က်႐ံႈးသူက ကိုယ့္ထက္ေတာ္သူ၊ ထက္ျမတ္သူကို မနာလိုမုန္းတီးၿပီး သူတို႔ရဲ႕ဆိုးကြက္ကိုပဲ ရွာေန တတ္တယ္။

(၇) ေအာင္ျမင္သူက အက်င့္သီလကို ပထမ၊ ၾကြယ္ဝခ်မ္းသာမႈကို ဒုတိ ယေနရာထားသူျဖစ္တယ္။
က်႐ႈံးသူက ဆန္႔က်င္စြာနဲ႔ ၾကြယ္ဝခ်မ္းသာမႈေနာက္လိုက္ၿပီး အက်င့္သီလကို ေနာက္ခ်န္ထားသူ ျဖစ္တယ္။

(၈) ေအာင္ျမင္သူက ယံုၾကည္မႈေတြကုိ မျပတ္ေမြးျမဴတယ္။
က်႐ႈံးသူက ယံုၾကည္မႈဆိုတာ ေမြးရာပါဗီဇလို႔ ယံုသူျဖစ္တယ္။

(၉)ေအာင္ျမင္သူက စိတ္ထိခိုက္ဝမ္းနည္းစရာနဲ႔ ႀကံဳတဲ့အခါ ကုိယ္သင္ယူစရာရွိတာ၊ လုပ္စရာရွိတာေတြကုိ  သိမ္းက်ံဳးလုပ္ေနတတ္တယ္။
က်႐ႈံးသူက စိတ္ထိခိုက္ဝမ္းနည္းစရာနဲ႔ ႀကံဳတဲ့အခါ သက္ျပင္းအခါခါခ်ၿပီး အဲဒီခံစားခ်က္ထဲမွာပဲ ရုန္းမရေအာင္ နစ္ဝင္ေနတတ္တယ္။

Recommended for you - ေအာင္ျမင္ေနတယ္ဆုိတဲ့သူတိုင္းရဲ႕ ေအာင္ျမင္မွဳက တန္ဖိုးရွိရဲ႕လား

(၁ဝ) ေအာင္ျမင္သူအတြက္ အဖိုးတန္ဆံုးအရင္းအႏွီး က ေမွ်ာ္လင့္ခ်က္ျဖစ္ တယ္။
က်႐ႈံးသူအတြက္ အႀကီးမားဆံုးမဲြေတမႈက ေမွ်ာ္လင့္ခ်က္မဲ့တာပဲျဖစ္တယ္။

(၁၁) ေအာင္ျမင္သူရဲ႕ စိတ္ထိခိုက္၊ စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ အရာေတြက ျပင္ပေလာက,က လာတာျဖစ္တယ္။
က်႐ႈံးသူရဲ႕ စိတ္ထိခိုက္၊ စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့အရာေတြကသူတို႔ အတြင္းစိတ္ထဲက လာတာျဖစ္တယ္။

(၁၂) ေအာင္ျမင္သူက အခြင့္အေရးကို ဖန္တီးတယ္။
က်႐ႈံးသူက အခြင့္အေရးကို ေစာင့္တယ္။

(၁၃) ေအာင္ျမင္သူက ေလွ်ာက္ခဲ့တဲ့လမ္းကို ျပန္ၾကည့္တတ္တယ္။
က်႐ႈံးသူက ေလွ်ာက္ခဲ့တဲ့လမ္းကို ျပန္ေလွ်ာက္တတ္တယ္။
Credit:
(ဝီလ်ံအာသာဝဒ္)

[Unicode Version]

(၁) အောင်မြင်သူက ကိုယ့်ကိုယ် အရင်ပြောင်းလဲဖို့သိတယ်။
ကျရှုံးသူက လောကကြီးကိုပဲ ပြောင်းလဲချင်ခဲ့တယ်။

(၂) အောင်မြင်သူက အောင်မြင်ဖို့ နည်းလမ်းရှာတယ်။
ကျရှုံးသူက ကျရှုံးမှုအတွက် ဆင်ခြေရှာတယ်။

(၃) အောင်မြင်သူက အခက်အခဲတစ်ခါကြုံတိုင်း အခွင့်အရေးတစ်ခုကိုတွေ့ တယ်။
ကျရှုံးသူက အခွင့်အရေးတိုင်းမှာ အခက်အခဲကို အရင်တွေ့တယ်။

(၄)အောင်မြင်သူက ဒုက္ခအခက်အခဲကြံုချိန် တခြားသူလက်လျော့နောက် ဆုတ်သွားသည့်တိုင် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကိုအရောက်လှမ်းဖို့ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်တယ်။
ကျရှုံးသူက ဒုက္ခအခက်အခဲမရှိလည်း ဦးတည်ရာပျောက်နေသူဖြစ်တယ်။

(၅)အောင်မြင်သူက လောကကြီးမှာ မျှော်လင့်ချက်ကင်းစေတဲ့အရာဆိုတာ မရှိဘဲမျှော်လင့်ချက်မဲ့တဲ့လူပဲ ရှိတယ်ဆိုတာကို သိသူဖြစ်တယ်။
ကျရှုံးသူက အရာတိုင်းကို မျှော်လင့်ချက်မဲ့နေသူဖြစ်တယ်။

(၆) အောင်မြင်သူက ကိုယ့်ထက်တော်သူ၊ ထက်မြက်သူကို လေးစားအား ကျပြီးသူတို့ရဲ့ကောင်းကွက်ကို ကြိုးစားသင်ယူလေ့ရှိတယ်။
ကျရှုံးသူက ကိုယ့်ထက်တော်သူ၊ ထက်မြတ်သူကို မနာလိုမုန်းတီးပြီး သူတို့ရဲ့ဆိုးကွက်ကိုပဲ ရှာနေ တတ်တယ်။

(၇) အောင်မြင်သူက အကျင့်သီလကို ပထမ၊ ကြွယ်ဝချမ်းသာမှုကို ဒုတိ ယနေရာထားသူဖြစ်တယ်။
ကျရှုံးသူက ဆန့်ကျင်စွာနဲ့ ကြွယ်ဝချမ်းသာမှုနောက်လိုက်ပြီး အကျင့်သီလကို နောက်ချန်ထားသူ ဖြစ်တယ်။

(၈) အောင်မြင်သူက ယုံကြည်မှုတွေကို မပြတ်မွေးမြူတယ်။
ကျရှုံးသူက ယုံကြည်မှုဆိုတာ မွေးရာပါဗီဇလို့ ယုံသူဖြစ်တယ်။

(၉)အောင်မြင်သူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြံုတဲ့အခါ ကိုယ်သင်ယူစရာရှိတာ၊ လုပ်စရာရှိတာတွေကို သိမ်းကျံုးလုပ်နေတတ်တယ်။
ကျရှုံးသူက စိတ်ထိခိုက်ဝမ်းနည်းစရာနဲ့ ကြံုတဲ့အခါ သက်ပြင်းအခါခါချပြီး အဲဒီခံစားချက်ထဲမှာပဲ ရုန်းမရအောင် နစ်ဝင်နေတတ်တယ်။

Recommended for you - အောင်မြင်နေတယ်ဆိုတဲ့သူတိုင်းရဲ့ အောင်မြင်မှုက တန်ဖိုးရှိရဲ့လား

(၁ဝ) အောင်မြင်သူအတွက် အဖိုးတန်ဆုံးအရင်းအနှီး က မျှော်လင့်ချက်ဖြစ် တယ်။
ကျရှုံးသူအတွက် အကြီးမားဆုံးမွဲတေမှုက မျှော်လင့်ချက်မဲ့တာပဲဖြစ်တယ်။

(၁၁) အောင်မြင်သူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေက ပြင်ပလောက,က လာတာဖြစ်တယ်။
ကျရှုံးသူရဲ့ စိတ်ထိခိုက်၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာတွေကသူတို့ အတွင်းစိတ်ထဲက လာတာဖြစ်တယ်။

(၁၂) အောင်မြင်သူက အခွင့်အရေးကို ဖန်တီးတယ်။
ကျရှုံးသူက အခွင့်အရေးကို စောင့်တယ်။

(၁၃) အောင်မြင်သူက လျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်တတ်တယ်။
ကျရှုံးသူက လျှောက်ခဲ့တဲ့လမ်းကို ပြန်လျှောက်တတ်တယ်။
Credit:(ဝီလျံအာသာဝဒ်)

Read times Last modified on Friday, 03 January 2020 10:12
Rate this articles
(1 Vote)