×
Warning
JUser: :_load: Unable to load user with ID: 723
Language
Thursday, 21 December 2017
စကားလုံးတွေ သူ့အလုပ်သူလုပ်ပါစေ
စကားလုံးတွေ သူ့အလုပ်သူလုပ်ပါစေ google.com
ထိုသို့ရေးသားခြင်းက ခပ်ကြောင်ကြောင်နိုင်သည့်အပြင် စကားလုံးတစ်လုံးအား အဓိပ္ပါယ်တူစကားလုံးနှင့် ထပ်ဆင့်ရေးလိုက်သည်က ဆိုလိုရင်းအဓိပ္ပါယ်ကို အားပျော့စေပါသည်။
 [Unicode Version]
အခုတလော စာကြောင်းတော်တေ်ာများများတွင် စာရှည်စာပွရန် ရည်ရွယ်ပြီးတော့ဖြစ်ဖြစ်၊ နားမလည်လို့ ဖြစ်ဖြစ် အဓိပ္ပါယ်မဲ့ စကားလုံးများအား ပိုမိုသုံးစွဲလာသည်ကို တွေ့နေရသည်။ ကျွန်တော်တို့အားလုံး အလကားပေးသည့်လက်ဆောင် “a free gift” ဆိုသည့် ကြော်ငြာ လူတိုင်းကိုတွေ့ဖူးကြသည်။ တစ်ခါတစ်ရံ ၄င်းသည်လုံးဝအခမဲ့လက်ဆောင် “an absolutely free gift” ပင်ဖြစ်နေတတ်သည်။ လူတွေက စကားလုံးတွေ၏ အဓိပ္ပါယ်ကို မယုံတော့သလိုပင်။ လက်ဆောင် (Gift) ပါဆိုပြီးလျှင် အခမဲ့ (free) ကိုသုံးရန် လိုအပ်ပါသလား?
လတ်တလော စာနယ်ဇင်းများတွင်လည်း အဓိပ္ပါယ်ထပ်နေသည့် “adequate enough,” “a navy sailor,” “coupled together with,” “the maroon-coloured Jaguar.” စသည့် စကားလုံးများပါဝင်နေသည်။ တစ်ခါတစ်ရံတွင်တော့ ရှင်းလင်းချက်များက လိုအပ်ပါသည်။ သို့သော်နေရာ အတော်များများတွင် လိုအပ်မည်မဟုတ်ပါ။
ထိုသို့ရေးသားခြင်းက ခပ်ကြောင်ကြောင်နိုင်သည့်အပြင် စကားလုုံးတစ်လုံးအား အဓိပ္ပါယ်တူစကားလုံးနှင့် ထပ်ဆင့်ရေးလိုက်သည်က ဆိုလိုရင်းအဓိပ္ပါယ်ကို အားပျော့စေပါသည်။
အောက်တွင် စာနယ်ဇင်းများတွင် တွေ့ရ ကြားရတတ်သည့် အဓိပ္ပါယ်ထပ် စကားလုံးများဖြစ်သည်။ သတိရှိသည့် စာရေးဆရာများကတော့ အဆိုပါ အဓိပ္ပယ်မဲ့ စကားလုံးမျိုးကို ရှောင်လွဲကြမည်ဖြစ်သည်။
Return back (ပြန်လာသည်) – return တစ်လုံးသုံးလျှင် လုံလောက်ပြီ။
Recommended for you - အောင်မြင်သူနဲ့ ကျရှုံးသူကြားက မတူညီတဲ့အမြင်
Progress forwad (တိုးတက်ဖြစ်ထွန်းသည်(ရှေ့တက်လှမ်းသည်)) - တိုးတက်ပြီဆိုမှတော့ ရှေ့သို့သွား ခြင်းသာမဟုတ်ပါလား။
Forests of trees (တောအုပ်။ သစ်ပင်စုစု) - စဉ်းစားသာကြည့်ပါ။
Other alternatives (အခြားနည်းလမ်း။ ရွေးချယ်စရာ ) – alternatives ဆိုရင် ရပါပြီ။
Penetrate through (ထိုးဖောက်သည်။ ထွင်းဖောက်သည်) – penetrate တစ်လုံးတည်းဆိုလျှင် လုံလောက်ပါသည်။
Speeding too fast (အရှိန်မြှင့်သည်။ အလွန်လျှင်မြန်စွာ မောင်းသည်) – speeding ပါနေလျှင် အမြန်သွားနေကြောင်း သိသာပြီး ဖြစ်သည်။
A human person (လူသားတစ်ယောက်) – human က person မဟုတ်လို့ ဘာများဖြစ်နိုင်မည်နည်း။
Reiterate again (ထပ်လောင်းပြောဆိုသည်) – re- ပါလျှင် again မလိုပါ။
Recommended for you - လူအမျိုးအစား (၄) မျိုး….!!!
Fast forward ahead (ရှေ့သို့လျင်မြန်စွာ သွားသည်) – fast forward သို့ ahead တစ်လုံးပဲ သုံးပါ။
Socialize together (ရင်းရင်းနှီးနှီး ရောနှော ဆက်ဆံသည်) - တစ်ဦးတည်း socialize လို့ မရပါ။
Two twin towers(အမွှာမျှော်စင်။ အဆောက်အဦးနှစ်လုံးတွဲပါသည့် မိုးမျှော်တိုက်) – twin ဆိုသည်မှာ နှစ်ခု၊ နှစ်ယောက်ကို ဆိုလိုပြီး ဖြစ်သည်။ Two ကို ရှေ့မှ ထည့်ပေးရန် မလိုပါ။
စကားလုံးတိုင်းကို သူ့အလုပ်သူလုပ်ပါစေ။
ဘာသာစကားအသစ်တစ်ခုကို သင်ယူချင်ပါသလား sayar.com.mm တွင်ရှိသော ဆရာများနှင့်တိုက်ရိုက်ဆက်သွယ်ပြီး သင့်ဘဝအနာဂတ်ကို ပိုမိုကောင်းမွန်အောင် ဖန်တီးလိုက်ပါ။
ဆရာ ဆရာမများလည်း အခမဲ့ register လုပ်ထားလို့ ရပါတယ်ခင်ဗျာ။
Source: Myanmar-network.net
Read times Last modified on Friday, 03 January 2020 10:21
Rate this articles
(0 votes)