×

Warning

JUser: :_load: Unable to load user with ID: 723


Language

Thursday, 28 December 2017

အဂၤလိပ္စာအေရးအသား တိုးတက္ဖို႕အတြက္ ကိုယ္ပိုင္ဂိမ္းေလးေတြဖန္တီးျပီး ကစားၾကည့္ရေအာင္

အဂၤလိပ္စာအေရးအသား တိုးတက္ဖို႕အတြက္ ကိုယ္ပိုင္ဂိမ္းေလးေတြဖန္တီးျပီး ကစားၾကည့္ရေအာင္ google.com

စာေရးသားျခင္းဟာ သင္ထင္သေလာက္ကိုမခက္ခဲပါဘူး။ တခါတရံမွာဆိုရင္ သင္ဟာအဂၤလိပ္လို ေရးသားမႈ အရည္အေသြးေတြ တိုးတက္ေစဖို့အတြက္ အားထည့္ၿပီးေတာင္သင္စရာမလိုပါဘူး။ ဂိမ္းေတြကို ကစားၾကည့္ရင္းထူးျခားတဲ့ တိုးတက္မႈကိုခံစားလိုက္ပါ။ မယံုႏိုင္ဘူးျဖစ္ေနသလား။ ေအာက္ပါဖန္တီးမႈဂိမ္း ေတြကို စမ္းၾကည့္လိုက္ပါ။

စာေရးဆရာလုပ္ၾကည့္လိုက္ပါ

ကစားရမယ့္ပံု

သင္သိထားသမွ်ေဝါဟာရေတြစာရင္းထဲကစကားလံုးအတိအက်ကို အသံုးျပဳၿပီး ပံုျပင္တိုေလး တစ္ပုဒ္ေရး ၾကည့္ပါ။ အခ်ိန္ၾကာလာတာနဲ့အမွ် စိန္ေခၚမႈတစ္ခုစီအတြက္ ခက္ခဲမႈအဆင့္ကို တိုးကစားၿပီးစကားလံုး အေရအတြက္ပိုၿပီးထည့္ပါ။ ဥပမာ-သင္ဟာဂိမ္းကိုပထမဆံုး ကစားစဥ္မွာစာလံုးေရ ၁၀လံုးေလာက္နဲ့ပဲ စာေရးတဲ့အဆင့္ကေန စာလံုးေရ၂၀-၃၀အထိတဆင့္ခ်င္း တက္ကစားၾကည့္ပါ။ သင္ေရးၾကည့္လိုက္တဲ့ ဇာတ္လမ္းအေၾကာင္းအရာစာေတြကို မွတ္ခ်က္ေပးဖို့၊ စာလံုးေပါင္းျပန္စစ္ေပးဖို့ မိတ္ေဆြေတြနဲ့၊ ကိုယ့္ဆရာ ေတြကိုေမးဖို့မတံု့ဆိုင္းပါနဲ႔။

အက်ိဳးေက်းဇူး

အဂၤလိပ္လိုေရးသားတဲ့အခါ စနစ္တက်ကိုယ္တိုင္ေရးသားၾကည့္ျခင္းက ေဝါဟာရၾကြယ္ဝမႈ ပိုျမန္ျမန္ တိုးတက္ေစႏိုင္တယ္ဆိုတာ သိပၸံပညာကသက္ေသျပၿပီး ျဖစ္ပါတယ္။ စာေၾကာင္းတစ္ေၾကာင္းမွာ ရွင္းလင္းေသခ်ာတဲ့စကားလံုးတစ္လံုး ထည့္သံုးတာကသင့္အေနနဲ႔ ဒီစကားလံုးကို ဘယ္လိုတိက်စြာ သံုးရသလဲ ဆိုတာသိေအာင္သင္ၾကားေပးပါတယ္။ ကိုယ္ေရးတဲ့စာက ရယ္စရာေကာင္းေလ ကိုယ္ထည့္ သံုးျဖစ္တဲ့ စကားလံုးကိုသင္ဟာၾကာၾကာမွတ္မိေလပါပဲ။

Recommended for you - လုပ္သင့္မွန္းသိေပမယ့္ ဘာလို႔မလုပ္ျဖစ္တာလဲ

အႏွစ္ခ်ဳပ္ျပန္ေရးရတဲ့ဂိမ္း

ကစားပံု

ကိုယ္ႀကိဳက္တဲ့နတ္သမီးပံုျပင္ သို့မဟုတ္စာအုပ္တစ္အုပ္၊ ရုပ္ရွင္ကားတစ္ခုကိုေရြးခ်ယ္လိုက္ပါ။ ေရြးခ်ယ္ ထားတာကို ဝါက်ဖြဲ့စည္းပံုတခ်ိဳ့နဲ့ ျပန္ေရးၿပီး အႏွစ္ခ်ဳပ္ေရးႏိုင္ေအာင္ ႀကိဳးစားၾကည့္ပါ။ ဥပမာ-ဇာတ္လမ္း တစ္ခုကိုဒီလိုစၿပီး အႏွစ္ခ်ဳပ္ေရးၾကည့္ပါမယ္။

အဂၤလန္ဘုရင္ႀကီး ေဂ်ာ့ခ်္ ဟာစကားကို ထိေရာက္ကၽြမ္းက်င္စြာေျပာခ်င္ေသာ္ျငားလည္း သူဟာစကား ထစ္တတ္တဲ့သူတစ္ေယာက္ျဖစ္ေနပါတယ္။ ဒါ့ေၾကာင့္သူ့ၾကင္ယာေတာ္ ဩစေတးလ်သရုပ္ေဆာင္ ဘုရင္မအဲလိဇဘတ္ ဟာစကားထစ္တာကို ကုသေပးတဲ့ပညာရွင္လီယြန္နယ္လိုဂူကို ငွားရမ္းၿပီး၊ ဘုရင္ႀကီး ႀကံဳေနတဲ့အခက္အခဲကေန လြတ္ေျမာက္ေအာင္ ကူညီခိုင္းခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ထိုအမ်ိဳးသား ႏွစ္ဦးၾကား ထူးထူးျခားျခားခင္မင္ရင္းႏွီးမႈ ျဖစ္ေပၚခဲ့ၿပီး လိုဂူကလည္း ဘုရင္ႀကီးကို ယံုၾကည္မႈရွိရွိနဲ့ မိန့္ခြန္းေျပာႏိုင္ေအာင္ သင္ၾကားေပးႏိုင္ခဲ့ပါေတာ့တယ္။

အက်ိဳးေက်းဇူး-

ဒီဂိမ္းကသင့္ကို အဂၤလိပ္စာထူးထူးျခားျခား တိုးတက္ေအာင္ ကူညီေပးပါတယ္။ ကိုယ့္အျမင္အေတြ႔အႀကံဳ ေတြကို အဂၤလိပ္လိုတိုတိုရွင္းရွင္း ေဖာ္ျပႏိုင္ေအာင္ကူညီေပးပါတယ္။ ဒီလိုစတင္ႀကိဳးစားၾကည့္ရာကေန သင္ဟာစီးပြားေရးလုပ္ငန္းဆိုင္ရာအီးေမးေတြ၊ အလုပ္ေလွ်ာက္လႊာေတြ၊ ပရိုပိုဆယ္အဆိုုျပဳလႊာေတြကို အဂၤလိပ္လိုေရးတဲ့အခါ ကိုယ့္အရည္အေသြးေတြကို အသံုးခ်ႏိုင္မွာျဖစ္ပါတယ္။

Recommended for you - အေတြ႕အၾကံဳမွ ရရွိခဲ့တဲ့ စကားလံုးမ်ား

မွားတဲ့ဘက္ကအတိုက္အခံေျပာျခင္း

ကစားပံု

သင္ႏွစ္သက္တဲ့စာကိုးတစ္ခု၊ စာတစ္ခုသို႔မဟုတ္ ယံုၾကည္မႈတစ္ခုကို ခ်ေရးလိုက္ပါ။ အဲ့ဒီေနာက္သင္က အဲ့ဒီအခ်က္နဲ့ သေဘာမတူေၾကာင္းမွတ္ယူၿပီး၊ ကိုယ္ ကန္႔ကြက္ခ်က္က ဘာေၾကာင့္ပါဆိုတဲ့ ဆင္ေျချပခ်က္ ေတြကို မ်ားႏိုင္သမွ် မ်ားမ်ားခ်ေရးပါ။ ဥပမာ-သင္ကအဂၤလိပ္စာေလ့လာတာဟာ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမွာတိုးတက္ဖို့ မလွမ္းမျဖစ္လွမ္းရမယ့္ေျခလွမ္းလို့ ယံုၾကည္ထားတယ္။ အခုေတာ့အဲ့ဒါနဲ့ ဆန့္က်င္ဘက္၊ အဲ့ဒါကိုကန့္ကြက္တဲ့အေနနဲ့ မဟုတ္ေၾကာင္း၊ လူေတြဟာအဂၤလိပ္စာသင္ဖို့ မလိုေၾကာင္း မတတ္ဘဲနဲ႔လည္းေအာင္ျမင္မႈရႏိုင္ေၾကာင္းတို႔ကိုအေၾကာင္းျပခ်က္တခ်ိဳ႕ကိုေတြးၿပီးေရးခ်ၾကည့္လိုက္ပါ။

အက်ိဳးေက်းဇူး

သာမာန္စာေရးဆရာတစ္ဦးဟာ သူ့အတြက္အမွန္ထင္တာကို ေရးႏိုင္ပါတယ္။ စာေရးဆရာေကာင္းတစ္ဦး ကေတာ့ ကိစၥရပ္တစ္ခုတည္းရဲ႕ ဘက္ႏွစ္ဘက္ကိုျမင္ႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ ဒီဂိမ္းဟာသင့္အတြက္ ကေတာ့ အျခားသူေတြရဲ့အျမင္ရႈေထာင့္ေတြကို စာနာမိေစဖို့ နားလည္သေဘာေပါက္ေစဖို့ ၿပီးျပည့္စံုတဲ့ ဂိမ္းတစ္ခုျဖစ္ေနရတာပါပဲ။ ဒါ့အျပင္သင္ဟာ ကိုယ္္နဲ့မရင္းႏွီးတဲ့စကားလံုးေတြ၊ အႀကံဥာဏ္ေတြနဲ့ ေရးရတာ ျဖစ္တဲ့အတြက္ အဂၤလိပ္စာအေရးအသားလည္း တိုးတက္ေစႏိုင္ပါေသးတယ္။ ဒီလိုေရးလိုက္တဲ့စာေတြ အားလံုးဟာသင္တခါမွမႀကံဳဖူးတဲ့ အေတြ့အႀကံဳသစ္၊ စိတ္ကူးအသစ္ျဖစ္လို႔ အမွန္တကယ္အေရးအသား တိုးတက္ေစမွာျဖစ္ပါတယ္။

ဒီလို ဂိမ္းေလးေတြ ကစားျခင္းအားျဖင့္ ေန႔စဥ္ဘဝအေျခအေနထဲက အသံုးဝင္တဲ့ေရပန္းစားတဲ့ စကားလံုး ေတြကို လည္းေလ့က်င့္ႏိုင္ပါေသးတယ္။ အဆံုးမွာေတာ့ စာေရးဆရာႀကီးေတြ ကိုယ္တိုင္ဟာလည္း ဒီလိုမ်ိဳး ရိုးရွင္းတဲ့ေဆာင္းပါးေလးေတြကို ေရးရင္းနဲ့စာေရးဆရာ ဘဝကိုစခဲ့ရတာပါ။ သင္လည္းဘာ့ေၾကာင့္ မလုပ္ႏုိင္ရမွာလဲ?

Credit: wallstreetenglish

[Uniode Version]

စာရေးသားခြင်းဟာ သင်ထင်သလောက်ကိုမခက်ခဲပါဘူး။ တခါတရံမှာဆိုရင် သင်ဟာအင်္ဂလိပ်လို ရေးသားမှု အရည်အသွေးတွေ တိုးတက်စေဖို့အတွက် အားထည့်ပြီးတောင်သင်စရာမလိုပါဘူး။ ဂိမ်းတွေကို ကစားကြည့်ရင်းထူးခြားတဲ့ တိုးတက်မှုကိုခံစားလိုက်ပါ။ မယုံနိုင်ဘူးဖြစ်နေသလား။ အောက်ပါဖန်တီးမှုဂိမ်း တွေကို စမ်းကြည့်လိုက်ပါ။
စာရေးဆရာလုပ်ကြည့်လိုက်ပါ
ကစားရမယ့်ပုံ
သင်သိထားသမျှဝေါဟာရတွေစာရင်းထဲကစကားလုံးအတိအကျကို အသုံးပြုပြီး ပုံပြင်တိုလေး တစ်ပုဒ်ရေး ကြည့်ပါ။ အချိန်ကြာလာတာနဲ့အမျှ စိန်ခေါ်မှုတစ်ခုစီအတွက် ခက်ခဲမှုအဆင့်ကို တိုးကစားပြီးစကားလုံး အရေအတွက်ပိုပြီးထည့်ပါ။ ဥပမာ-သင်ဟာဂိမ်းကိုပထမဆုံး ကစားစဉ်မှာစာလုံးရေ ၁၀လုံးလောက်နဲ့ပဲ စာရေးတဲ့အဆင့်ကနေ စာလုံးရေ၂၀-၃၀အထိတဆင့်ချင်း တက်ကစားကြည့်ပါ။ သင်ရေးကြည့်လိုက်တဲ့ ဇာတ်လမ်းအကြောင်းအရာစာတွေကို မှတ်ချက်ပေးဖို့၊ စာလုံးပေါင်းပြန်စစ်ပေးဖို့ မိတ်ဆွေတွေနဲ့၊ ကိုယ့်ဆရာ တွေကိုမေးဖို့မတုံ့ဆိုင်းပါနဲ့။
အကျိုးကျေးဇူး
အင်္ဂလိပ်လိုရေးသားတဲ့အခါ စနစ်တကျကိုယ်တိုင်ရေးသားကြည့်ခြင်းက ဝေါဟာရကြွယ်ဝမှု ပိုမြန်မြန် တိုးတက်စေနိုင်တယ်ဆိုတာ သိပ္ပံပညာကသက်သေပြပြီး ဖြစ်ပါတယ်။ စာကြောင်းတစ်ကြောင်းမှာ ရှင်းလင်းသေချာတဲ့စကားလုံးတစ်လုံး ထည့်သုံးတာကသင့်အနေနဲ့ ဒီစကားလုံးကို ဘယ်လိုတိကျစွာ သုံးရသလဲ ဆိုတာသိအောင်သင်ကြားပေးပါတယ်။ ကိုယ်ရေးတဲ့စာက ရယ်စရာကောင်းလေ ကိုယ်ထည့် သုံးဖြစ်တဲ့ စကားလုံးကိုသင်ဟာကြာကြာမှတ်မိလေပါပဲ။

Recommended for you - လုပ်သင့်မှန်းသိပေမယ့် ဘာလို့မလုပ်ဖြစ်တာလဲ
အနှစ်ချုပ်ပြန်ရေးရတဲ့ဂိမ်း
ကစားပုံ
ကိုယ်ကြိုက်တဲ့နတ်သမီးပုံပြင် သို့မဟုတ်စာအုပ်တစ်အုပ်၊ ရုပ်ရှင်ကားတစ်ခုကိုရွေးချယ်လိုက်ပါ။ ရွေးချယ် ထားတာကို ဝါကျဖွဲ့စည်းပုံတချို့နဲ့ ပြန်ရေးပြီး အနှစ်ချုပ်ရေးနိုင်အောင် ကြိုးစားကြည့်ပါ။ ဥပမာ-ဇာတ်လမ်း တစ်ခုကိုဒီလိုစပြီး အနှစ်ချုပ်ရေးကြည့်ပါမယ်။
“အင်္ဂလန်ဘုရင်ကြီး ဂျော့ချ် ဟာစကားကို ထိရောက်ကျွမ်းကျင်စွာပြောချင်သော်ငြားလည်း သူဟာစကား ထစ်တတ်တဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ ဒါ့ကြောင့်သူ့ကြင်ယာတော် ဩစတေးလျသရုပ်ဆောင် ဘုရင်မအဲလိဇဘတ် ဟာစကားထစ်တာကို ကုသပေးတဲ့ပညာရှင်လီယွန်နယ်လိုဂူကို ငှားရမ်းပြီး၊ ဘုရင်ကြီး ကြုံနေတဲ့အခက်အခဲကနေ လွတ်မြောက်အောင် ကူညီခိုင်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ထိုအမျိုးသား နှစ်ဦးကြား ထူးထူးခြားခြားခင်မင်ရင်းနှီးမှု ဖြစ်ပေါ်ခဲ့ပြီး လိုဂူကလည်း ဘုရင်ကြီးကို ယုံကြည်မှုရှိရှိနဲ့ မိန့်ခွန်းပြောနိုင်အောင် သင်ကြားပေးနိုင်ခဲ့ပါတော့တယ်။”
အကျိုးကျေးဇူး-
ဒီဂိမ်းကသင့်ကို အင်္ဂလိပ်စာထူးထူးခြားခြား တိုးတက်အောင် ကူညီပေးပါတယ်။ ကိုယ့်အမြင်အတွေ့အကြံု တွေကို အင်္ဂလိပ်လိုတိုတိုရှင်းရှင်း ဖော်ပြနိုင်အောင်ကူညီပေးပါတယ်။ ဒီလိုစတင်ကြိုးစားကြည့်ရာကနေ သင်ဟာစီးပွားရေးလုပ်ငန်းဆိုင်ရာအီးမေးတွေ၊ အလုပ်လျှောက်လွှာတွေ၊ ပရိုပိုဆယ်အဆိုုပြုလွှာတွေကို အင်္ဂလိပ်လိုရေးတဲ့အခါ ကိုယ့်အရည်အသွေးတွေကို အသုံးချနိုင်မှာဖြစ်ပါတယ်။

Recommended for you - အတွေ့အကြုံမှ ရရှိခဲ့တဲ့ စကားလုံးများ
မှားတဲ့ဘက်ကအတိုက်အခံပြောခြင်း
ကစားပုံ
သင်နှစ်သက်တဲ့စာကိုးတစ်ခု၊ စာတစ်ခုသို့မဟုတ် ယုံကြည်မှုတစ်ခုကို ချရေးလိုက်ပါ။ အဲ့ဒီနောက်သင်က အဲ့ဒီအချက်နဲ့ သဘောမတူကြောင်းမှတ်ယူပြီး၊ ကိုယ် ကန့်ကွက်ချက်က ဘာကြောင့်ပါဆိုတဲ့ ဆင်ခြေပြချက် တွေကို များနိုင်သမျှ များများချရေးပါ။ ဥပမာ-သင်ကအင်္ဂလိပ်စာလေ့လာတာဟာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာတိုးတက်ဖို့ မလှမ်းမဖြစ်လှမ်းရမယ့်ခြေလှမ်းလို့ ယုံကြည်ထားတယ်။ အခုတော့အဲ့ဒါနဲ့ ဆန့်ကျင်ဘက်၊ အဲ့ဒါကိုကန့်ကွက်တဲ့အနေနဲ့ မဟုတ်ကြောင်း၊ လူတွေဟာအင်္ဂလိပ်စာသင်ဖို့ မလိုကြောင်း မတတ်ဘဲနဲ့လည်းအောင်မြင်မှုရနိုင်ကြောင်းတို့ကိုအကြောင်းပြချက်တချို့ကိုတွေးပြီးရေးချကြည့်လိုက်ပါ။
အကျိုးကျေးဇူး
သာမာန်စာရေးဆရာတစ်ဦးဟာ သူ့အတွက်အမှန်ထင်တာကို ရေးနိုင်ပါတယ်။ စာရေးဆရာကောင်းတစ်ဦး ကတော့ ကိစ္စရပ်တစ်ခုတည်းရဲ့ ဘက်နှစ်ဘက်ကိုမြင်နိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီဂိမ်းဟာသင့်အတွက် ကတော့ အခြားသူတွေရဲ့အမြင်ရှုထောင့်တွေကို စာနာမိစေဖို့ နားလည်သဘောပေါက်စေဖို့ ပြီးပြည့်စုံတဲ့ ဂိမ်းတစ်ခုဖြစ်နေရတာပါပဲ။ ဒါ့အပြင်သင်ဟာ ကိုယ််နဲ့မရင်းနှီးတဲ့စကားလုံးတွေ၊ အကြံဉာဏ်တွေနဲ့ ရေးရတာ ဖြစ်တဲ့အတွက် အင်္ဂလိပ်စာအရေးအသားလည်း တိုးတက်စေနိုင်ပါသေးတယ်။ ဒီလိုရေးလိုက်တဲ့စာတွေ အားလုံးဟာသင်တခါမှမကြံုဖူးတဲ့ အတွေ့အကြံုသစ်၊ စိတ်ကူးအသစ်ဖြစ်လို့ အမှန်တကယ်အရေးအသား တိုးတက်စေမှာဖြစ်ပါတယ်။
ဒီလို ဂိမ်းလေးတွေ ကစားခြင်းအားဖြင့် နေ့စဉ်ဘဝအခြေအနေထဲက အသုံးဝင်တဲ့ရေပန်းစားတဲ့ စကားလုံး တွေကို လည်းလေ့ကျင့်နိုင်ပါသေးတယ်။ အဆုံးမှာတော့ စာရေးဆရာကြီးတွေ ကိုယ်တိုင်ဟာလည်း ဒီလိုမျိုး ရိုးရှင်းတဲ့ဆောင်းပါးလေးတွေကို ရေးရင်းနဲ့စာရေးဆရာ ဘဝကိုစခဲ့ရတာပါ။ သင်လည်းဘာ့ကြောင့် မလုပ်နိုင်ရမှာလဲ?
Credit: wallstreetenglish

Read times Last modified on Friday, 03 January 2020 10:23
Rate this articles
(0 votes)