×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 29 December 2017

၂၀၁၇ မွာ ဒါေတြ ထားခဲ့လိုက္ပါ

၂၀၁၇ မွာ ဒါေတြ ထားခဲ့လိုက္ပါ google.com

ႏွစ္သစ္ကိုေရာက္ဖို႔နာရီပိုင္းပဲ လိုပါေတာ့တယ္။ ၂၀၁၇ မွာ သင္အမွားေတြ အျပစ္ေတြ က်ဴးလြန္ခဲ့လား ရပါတယ္ ၂၀၁၈ မွာ အေကာင္းဆံုး ရွင္သန္ပါ၊ ၾကိဳးစားပါ၊ သင္ယူပါ၊ လိုအပ္တဲ့အရည္အခ်င္းေတြ ျဖည့္ပါ။ သင့္မွာ ၾကိဳးစားဖို႔အတြက္ အခြင့္အေရးတစ္ခု ဖန္တီးေပးထားတယ္ဆိုတာ မေမ့ပါနဲ႕။

၂၀၁၈ မွာ အေကာင္း ဆံုးေလွ်ာက္လွမ္းနိုင္ဖို႔အတြက္ ၂၀၁၇ မွာခ်န္ထားခဲ့ရမယ့္ အရာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) က်ိဳးပဲ့ေနတဲ့ ဆက္ဆံေရး

ဆက္သြယ္မိတဲ့ အခါတိုင္း သင့္စိတ္ကို ေတြေဝေစတဲ့ ဆက္ဆံေရး၊ လက္ရွိ သင္ေနထိုင္ေနတဲ့ ဘဝပံုစံကို လမ္းေခ်ာ္သြားေစမယ့္ ဆက္ဆံေရးေတြ အားလံုးကို ေနာက္မွာ ထားခဲ့ပါ။ အခ်စ္ေရး၊ အလုပ္အကိုင္ေတြမွာ ဒီလိုဆက္ဆံေရးမ်ိဳးရွိရင္ လံုးဝထားခဲ့ပါ။

(၂) အမ်ားေနာက္လိုက္ျခင္း

အမ်ားက လုပ္တာနဲ႔ လိုက္လုပ္တဲ့ အက်င့္ကို ထားခဲ့ပါ။ အမ်ားက လူတစ္ေယာက္ကို ေဝဖန္ေနျပီဆို လိုက္ေဝဖန္စရာမလိုပါဘူး။ လူေတြ ေျပာင္းေနၾကတဲ့ ေဖ့ဘြတ္ပရိုဖိုင္ကိုလည္း ေျပာင္းစရာမလိုပါဘူး။ သင္တကယ္ၾကိဳက္မွ သာလုပ္ပါ။

(၃) ၾကိဳးစားဖို႔ စိတ္ပိုင္းမျဖတ္နိုင္ျခင္း

အေရးၾကီးပါတယ္။ ဒါကိုလုပ္သင့္တယ္၊ လုပ္လိုက္ရင္လည္း ကိုယ့္အေျခအေန တိုးတက္သြားမယ္ဆိုတာ သိေပမဲ့ ၾကိဳးစားဖို႕ကို စိတ္ပိုင္းမျဖတ္နိုင္ေသးတာနဲ႔ မလုပ္ျဖစ္ခဲ့တာေတြ ဘယ္နွစ္နွစ္ ရွိျပီလဲ။ ၾကိဳးစားရမွာ ေတြေဝမေနပါနဲ႕။ ေတြေဝေနတဲ့ စိတ္ကို၂၀၁၇ မွာပဲ ထားခဲ့လိုက္ပါေတာ့။ နွစ္သစ္မွာ စတင္ လုပ္ေဆာင္ပါ ေတာ့။

(၄)မသိဘူး

အရာအားလံုးကို မသိဘူးလို႔ေျပာေနတာဟာ ဂုဏ္ယူစရာ မဟုတ္ပါဘူး။ မသိဘူးလို႔ ေျပာေနတဲ့ အက်င့္ကို ၂၀၁၇ မွာပဲ ထားခဲ့လိုက္ပါ။ ကိုယ့္အသက္အရြယ္ ကိုယ့္အေျခအေနနဲ႔ သိသင့္တယ္လို႔ ထင္တာေတြကို ေလ့လာပါ။

(၅)အစာေလ်ာ့စားျပီး ဝိတ္ခ်တာ

ဝိတ္ခ်တာ ေကာင္းပါတယ္။ ဒါေပမဲ့ စားခ်င္တိုင္း မစားရတဲ့ စိတ္ဒုကၡမ်ိဳးကို နွစ္သစ္ကို ယူမသြားသင့္ပါဘူး။ အေရးၾကီးတာ ကိုယ္တြင္းပိုင္း က်န္းမာေရးနဲ႔ စိတ္က်န္းမာေရး ျဖစ္ပါတယ္။

(၆)ကိုယ့္ကိုယ္ကိုယ္ လိမ္ေနတာ

ကိုယ့္ကိုယ္ကိုယ္ လိမ္ေနတာေတြကို ထားခဲ့လိုက္ပါ။ ကံမွ မေကာင္းတာ၊ ပိုက္ဆံမွ မရွိတာ၊ ငါ့အေျခအေနနဲ႔မွ မတူတာ ဆိုတဲ့ စကားေတြကို ထားခဲ့ပါ။ လက္ရွိလုပ္လို႔ မရတာကို ခဏထားျပီး လုပ္သင့္တာေတြကို ၂၀၁၈ မွာ လုပ္ပါ။

(၇)အေဟာင္း

ရည္စားေဟာင္း၊သူငယ္ခ်င္းေဟာင္း၊ ဆက္ဆံေရးေဟာင္း အေဟာင္းေတြအားလံုးကို ထားခဲ့ပါ။ သူတို႔အတြက္ ကိုယ့္အတြက္ အေဟာင္းျဖစ္သြားရတဲ့ အေၾကာင္းအရင္း ေကာင္းေကာင္းရွိပါတယ္။

(၈)ေနာင္တမ်ား

သင္ဟာ လူသားတစ္ေယာက္အေနနဲ႔ အမွားေတြလုပ္ခဲ့မိပါတယ္။ အမွားေတြကို ေနာင္တအျဖစ္ ေျပာင္းမပစ္ဘဲ သင္ခန္းစာအျဖစ္ နွစ္သစ္ကို သယ္ေဆာင္သြားပါ။

Sources: Huffington
Credit to original

[Unicode Version]

နှစ်သစ်ကိုရောက်ဖို့နာရီပိုင်းပဲ လိုပါတော့တယ်။ ၂၀၁၇ မှာ သင်အမှားတွေ အပြစ်တွေ ကျူးလွန်ခဲ့လား ရပါတယ် ၂၀၁၈ မှာ အကောင်းဆုံး ရှင်သန်ပါ၊ ကြိုးစားပါ၊ သင်ယူပါ၊ လိုအပ်တဲ့အရည်အချင်းတွေ ဖြည့်ပါ။ သင့်မှာ ကြိုးစားဖို့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးထားတယ်ဆိုတာ မမေ့ပါနဲ့။ ၂၀၁၈ မှာ အကောင်း ဆုံးလျှောက်လှမ်းနိုင်ဖို့အတွက် ၂၀၁၇ မှာချန်ထားခဲ့ရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကျိုးပဲ့နေတဲ့ ဆက်ဆံရေး

ဆက်သွယ်မိတဲ့ အခါတိုင်း သင့်စိတ်ကို တွေဝေစေတဲ့ ဆက်ဆံရေး၊ လက်ရှိ သင်နေထိုင်နေတဲ့ ဘဝပုံစံကို လမ်းချော်သွားစေမယ့် ဆက်ဆံရေးတွေ အားလုံးကို နောက်မှာ ထားခဲ့ပါ။ အချစ်ရေး၊ အလုပ်အကိုင်တွေမှာ ဒီလိုဆက်ဆံရေးမျိုးရှိရင် လုံးဝထားခဲ့ပါ။

(၂) အများနောက်လိုက်ခြင်း

အများက လုပ်တာနဲ့ လိုက်လုပ်တဲ့ အကျင့်ကို ထားခဲ့ပါ။ အများက လူတစ်ယောက်ကို ဝေဖန်နေပြီဆို လိုက်ဝေဖန်စရာမလိုပါဘူး။ လူတွေ ပြောင်းနေကြတဲ့ ဖေ့ဘွတ်ပရိုဖိုင်ကိုလည်း ပြောင်းစရာမလိုပါဘူး။ သင်တကယ်ကြိုက်မှ သာလုပ်ပါ။

(၃) ကြိုးစားဖို့ စိတ်ပိုင်းမဖြတ်နိုင်ခြင်း

အရေးကြီးပါတယ်။ ဒါကိုလုပ်သင့်တယ်၊ လုပ်လိုက်ရင်လည်း ကိုယ့်အခြေအနေ တိုးတက်သွားမယ်ဆိုတာ သိပေမဲ့ ကြိုးစားဖို့ကို စိတ်ပိုင်းမဖြတ်နိုင်သေးတာနဲ့ မလုပ်ဖြစ်ခဲ့တာတွေ ဘယ်နှစ်နှစ် ရှိပြီလဲ။ ကြိုးစားရမှာ တွေဝေမနေပါနဲ့။ တွေဝေနေတဲ့ စိတ်ကို၂၀၁၇ မှာပဲ ထားခဲ့လိုက်ပါတော့။ နှစ်သစ်မှာ စတင် လုပ်ဆောင်ပါ တော့။

(၄)မသိဘူး

အရာအားလုံးကို မသိဘူးလို့ပြောနေတာဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ မသိဘူးလို့ ပြောနေတဲ့ အကျင့်ကို ၂၀၁၇ မှာပဲ ထားခဲ့လိုက်ပါ။ ကိုယ့်အသက်အရွယ် ကိုယ့်အခြေအနေနဲ့ သိသင့်တယ်လို့ ထင်တာတွေကို လေ့လာပါ။

(၅)အစာလျော့စားပြီး ဝိတ်ချတာ

ဝိတ်ချတာ ကောင်းပါတယ်။ ဒါပေမဲ့ စားချင်တိုင်း မစားရတဲ့ စိတ်ဒုက္ခမျိုးကို နှစ်သစ်ကို ယူမသွားသင့်ပါဘူး။ အရေးကြီးတာ ကိုယ်တွင်းပိုင်း ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး ဖြစ်ပါတယ်။

(၆)ကိုယ့်ကိုယ်ကိုယ် လိမ်နေတာ

ကိုယ့်ကိုယ်ကိုယ် လိမ်နေတာတွေကို ထားခဲ့လိုက်ပါ။ ကံမှ မကောင်းတာ၊ ပိုက်ဆံမှ မရှိတာ၊ ငါ့အခြေအနေနဲ့မှ မတူတာ ဆိုတဲ့ စကားတွေကို ထားခဲ့ပါ။ လက်ရှိလုပ်လို့ မရတာကို ခဏထားပြီး လုပ်သင့်တာတွေကို ၂၀၁၈ မှာ လုပ်ပါ။

(၇)အဟောင်း

ရည်စားဟောင်း၊သူငယ်ချင်းဟောင်း၊ ဆက်ဆံရေးဟောင်း အဟောင်းတွေအားလုံးကို ထားခဲ့ပါ။ သူတို့အတွက် ကိုယ့်အတွက် အဟောင်းဖြစ်သွားရတဲ့ အကြောင်းအရင်း ကောင်းကောင်းရှိပါတယ်။

(၈)နောင်တများ

သင်ဟာ လူသားတစ်ယောက်အနေနဲ့ အမှားတွေလုပ်ခဲ့မိပါတယ်။ အမှားတွေကို နောင်တအဖြစ် ပြောင်းမပစ်ဘဲ သင်ခန်းစာအဖြစ် နှစ်သစ်ကို သယ်ဆောင်သွားပါ။

Sources: Huffington
Credit to original

 

Read times Last modified on Friday, 03 January 2020 10:26
Rate this articles
(0 votes)