×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Monday, 08 January 2018

အသက္ ၃၀ အရြယ္အထိ ဘာဆိုဘာမွ အျဖစ္မရွိခဲ့ပါဘူးဆိုတဲ့ လုပ္ငန္းရွင္ၾကီး ၁၀ ဦး

အသက္ ၃၀ အရြယ္အထိ ဘာဆိုဘာမွ အျဖစ္မရွိခဲ့ပါဘူးဆိုတဲ့ လုပ္ငန္းရွင္ၾကီး ၁၀ ဦး myanmaradvertisingdirectory.com

လူတိုင္းက ေမြးကတည္းက ၿပီးျပည့္စံုၿပီး အရာရာေအာင္ျမင္လာတာ မဟုတ္ပါဘူး။ ဘယ္အရာမွ အလကား မရနိုင္သလို ေန႔ခ်င္းညခ်င္း ေအာင္ျမင္ခ်မ္းသာလာဖို႔ဆိုတာလည္း ျဖစ္ႏိုင္ေျခနည္းပါတယ္။ ဥပမာ ထီေပါက္တာလိုမ်ိဳး ရွိႏိုင္တာကိုး။

ေအာင္ျမင္ခ်င္တဲ့ စြန္႔ဦးတီထြင္သူေတြဆိုရင္ လုပ္ငန္းအတြက္ ေသးေသးေလးက စခဲ့ရတာခ်ည္းပါပဲ။ စစခ်င္းမွာ ဘာမွျဖစ္မလာေသးလို႔ဆိုၿပီး စိတ္ဓာတ္မက်ပါနဲ႔ဦး။ လက္ရွိ ေအာင္ျမင္ေနတဲ့ နာမည္ႀကီး လုပ္ငန္းရွင္ ၁၀ ဦး အေၾကာင္းကို အရင္ဖတ္ၾကည့္လိုက္ပါ။ သူတို႔လည္း အသက္ ၃၀ မတိုင္မီ အထိ ဘာမွျဖစ္မလာခဲ့ၾကေသးပါဘူးတဲ့။

(၁) Jack Dorsey( Twitter ) – အသက္ ၃၀

Williams ရဲ႕ ပထမဆံုးကုမၸဏီက တကၠစီပို႔လႊတ္ရတဲ့ ပ႐ိုဂရမ္လုပ္ရတာျဖစ္ ပါတယ္။ သည္လုပ္ငန္းက အဖ်ား႐ွဴးသြားတဲ့အခါ Dorsey က အသံလႊင့္ ကုမၸဏီ Odeo ပိုင္ရွင္ Ev Williams ကို ခ်ဥ္းကပ္ခဲ့ၿပီး အျပန္အလွန္ မက္ေဆ့ခ်္ပို႔ ဝန္ေဆာင္မႈလုပ္ငန္း အိုင္ဒီယာနဲ႔ ဆြဲဆာင္ခဲ့ပါတယ္။

Williams က သည္အလုပ္ကို သေဘာက်ခဲ့ၿပီး Dorsey, Biz Stone နဲ႔ Noah Glass တို႔နဲ႔ စုေပါင္းကာ အခ်ိန္ ျပည့္ဝန္ေဆာင္မႈကို စတင္ခဲ့ပါတယ္။ Jack Dorsey ဟာစီအီးအိုခန္႔အပ္ခံရခ်ိန္မွာ အသက္ ၃၀ ျဖစ္ပါတယ္။

Recommended for you - ေက်ာင္းသားမ်ား ႏွလံုုးသားထဲက ဆရာေကာင္းမ်ား

(၂) Tim Westergren ( Pandora) – ၃၅ ႏွစ္

Tim Westergren ဟာ အသက္ ၃၅ ႏွစ္အရြယ္မွာ Pandora ကုမၸဏီကို တည္ေထာင္ခဲ့တာျဖစ္ေပမယ့္ ဝန္ထမ္းေတြကို ႏွစ္ႏွစ္ေလာက္ လစာမေပးႏိုင္ခဲ့ ပါဘူး။ Pandora ကို လုပ္ငန္းမစခင္ က Westergren ဟာ ဂီတသမားလည္း ျဖစ္ခဲ့၊ အခ်ိန္ပိုင္းေတးေရးဆရာလည္း လုပ္ခဲ့ဖူး၊ ကေလးထိန္းလည္း လုပ္ခဲ့ဖူးပါ တယ္တဲ့။

သူက သူ႕ရဲ႕ပထမဆံုးစြန္႔ဦးတီထြင္လုပ္ငန္း Pandora ကို ၃၅ ႏွစ္အရြယ္မွာ စသာစခဲ့ရေပမဲ့ ေနာက္ႏွစ္ႏွစ္ၾကာ မွ Pandora က အြန္လိုင္းေရဒီယို လိုင္းတစ္ခု ျဖစ္လာနိုင္ခဲ့တာပါ။ စစခ်င္းမွာ Pandora က စတိုးဆိုင္ေတြမွာ သီခ်င္းဖြင့္ေပးတဲ့ ဟာ့ဒ္ဝဲ ကုမၸဏီတစ္ခုအျဖစ္နဲ႔ စတင္ခဲ့တာပါ။ Pandora ဟာ ပထမႏွစ္ႏွစ္အတြင္းမွာ ေဒဝါလီခံရတဲ့အထိေတာင္ ျဖစ္ခဲ့ဖူးပါတယ္တဲ့။

(၃) Jan Koum ( WhatsApp )- ၃၃ ႏွစ္

WhatsApp အပလီေကးရွင္းကို မတီထြင္ခင္က Jan Koum ဟာ ေဖ့စ္ဘုတ္ခ္မွာ အလုပ္ေလွ်ာက္ခဲ့ဖူး ပါတယ္။ ဒါေပမဲ့ ျငင္းပယ္ခံခဲ့ရပါတယ္။

၁၉၈၈ ခုႏွစ္မွာ ဘြဲ႕ရျပီးေနာက္ ခုနစ္ႏွစ္တာအတြင္း အလုပ္ေတြ တစ္ခု ၿပီးတစ္ခု ေျပာင္းခဲ့တဲ့ ၂၉ ႏွစ္အရြယ္ Ben Horowitz ဟာ ထုတ္ကုန္ မန္ေနဂ်ာအျဖစ္နဲ႔ Netscape မွာ လုပ္ခဲ့ပါ တယ္။ Netscape ကို လႊဲေျပာင္း ဝယ္ယူ ၿပီးေနာက္ Horowitz နဲ႔ Marc And-reessen (Netscape ရဲ႕ တည္ေထာင္သူ) တို႔က LoudCloud ကို စတင္ဖို႔ စီစဥ္ခဲ့ ခ်ိန္မွာ Horowitz က ၃၃ ႏွစ္ရွိပါျပီ။

(၄) Jack Ma ( Alibaba ) – ၃၅ ႏွစ္

Jack Ma ဟာ code တစ္ေၾကာင္း ေတာင္မေရးခဲ့ဖူးသလို အသက္ ၃၀ ေလာက္ေရာက္မွ ကြန္ပ်ဴတာကို ပထမ ဆံုး သံုးတတ္ခဲ့တာလို႔ သိရပါတယ္။

အခုေတာ့ သူက ပိုင္ဆိုင္မႈေဒၚလာ ၂၂.၅ဘီလ်ံရွိေနၿပီျဖစ္ေပမဲ့ သူ႕ရဲ႕ အသက္ ၃၀ ေလာက္အထိေတာ့ က်႐ံႈး သူ တစ္ေယာက္အျဖစ္ ကိုယ့္ကိုယ္ကို ထင္ျမင္ခဲ့သူ ျဖစ္ပါတယ္။

သူက တကၠသိုလ္ဝင္ခြင့္စာေမးပြဲကို သံုးႀကိမ္က်ခဲ့တယ္လို႔ အင္တာဗ်ဴး တစ္ ခုမွာ ေျဖၾကားခဲ့ပါတယ္။ အဲသည္ေနာက္ မွာ KFC အပါအဝင္ အလုပ္ေပါင္းစံု ၃၀ ေက်ာ္ကို ဆက္တိုက္ေလွ်ာက္ခဲ့ ေပမဲ့ တစ္ခါမွ အေရြးမခံခဲ့ရပါဘူးတဲ့။

ဒါ့ေၾကာင့္ အသက္ ၃၁ ႏွစ္မွာ “China Yellow Pages” လို႔ေခၚတဲ့ သူ႕ ရဲ႕ ပထမဆံုးအြန္လိုင္းကုမၸဏီတစ္ခု ကို စတင္တည္ေထာင္ခဲ့ပါတယ္။ ကုမၸဏီက လုပ္ငန္းလည္ပတ္တဲ့သံုးႏွစ္အတြင္း ေဒၚလာ ၈၀ဝ,ဝ၀ဝ ေလာက္ ဝင္ေငြရ ရွိခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္မွာေတာ့ Alibaba ကို တည္ေထာင္ခဲ့ပါေတာ့တယ္။ Amazon လို ပံုစံတူျဖစ္တဲ့ Alibaba ဟာ ပထမသံုးႏွစ္ေတာ့ အျမတ္မရခဲ့ေပမဲ့ အခုေတာ့ ဘယ္လိုအေျခအေနလဲ အားလံုး သိၾကတဲ့အတိုင္းပါပဲ။

(၅) Ben Horowitz (LoudCloud) – ၃၃ ႏွစ္

ပထမဆံုးကုမၸဏီကို အသက္ ၃၃ ႏွစ္မွာ စတင္တည္ေထာင္ခဲ့တဲ့ Ben Horowitz ဟာ ေဒဝါလီခံရလုဆဲဆဲ အေျခအေနမ်ိဳး မၾကာခဏၾကံဳခဲ့ရပါတယ္။

၁၉၈၈ ခုႏွစ္မွာ ဘြဲ႕ရျပီးေနာက္ ခုနစ္ႏွစ္တာအတြင္း အလုပ္ေတြ တစ္ခုၿပီးတစ္ခု ေျပာင္းခဲ့တဲ့ ၂၉ ႏွစ္အရြယ္ Ben Horowitz ဟာ ထုတ္ကုန္ မန္ေနဂ်ာအျဖစ္နဲ႔ Netscape မွာ လုပ္ခဲ့ပါ တယ္။ Netscape ကို လႊဲေျပာင္း ဝယ္ယူ ၿပီးေနာက္ Horowitz နဲ႔ Marc And-reessen (Netscape ရဲ႕ တည္ေထာင္သူ) တို႔က LoudCloud ကို စတင္ဖို႔ စီစဥ္ခဲ့ ခ်ိန္မွာ Horowitz က ၃၃ ႏွစ္ရွိပါျပီ။

(၆) Sam Walton (WalMart )- ၄၄ ႏွစ္

Sam Walton ဟာ WalMart ကို မစတင္ခင္က ေယာကၡထီးျဖစ္သူနဲ႔အတူ စတိုးဆိုင္အေသးေလးတစ္ခုကို ပိုင္ဆိုင္ ခဲ့ပါတယ္။

WalMart ကို မတည္ေထာင္မီ Sam Walton က ေယာကၡထီးျဖစ္သူ ဆီကေန ေဒၚလာ ၂၀ဝ၀ဝ ေခ်းၿပီး Ben Franklin အေရာင္းဆိုင္ခြဲကို ဝယ္ယူခဲ့ပါတယ္။ ေနာက္သံုးႏွစ္ၾကာတဲ့ အခါ Ben Franklin ေနာက္တစ္ဆိုင္ကို ဝယ္နိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒါေပမဲ့ ႏွစ္ဆိုင္ဖြင့္ထားခ်ိန္မွာေတာင္ သူ႕မွာ ဝန္ထမ္းေတြကို လစာေပးဖို႔ အခက္အခဲ ျဖစ္ေနခဲ့ပါတယ္။ သူ႕အသက္ ၄၄ ႏွစ္ျပည့္ တဲ့အခါက်မွ WalMart ကို စတင္ႏိုင္ခဲ့ တာျဖစ္ပါတယ္။

Recommended for you - ေအာင္ျမင္ျပီးမွ ဘာလို႔က်ရွံဳးရတာလည္း

(၇) Peter Thiel ( PayPal )- ၃၀ ႏွစ္

PayPal ရဲ႕ တည္ေထာင္သူ ျဖစ္ မလာခင္က Peter Thiel ဟာ ဘဝကို စိတ္နာေနတဲ့ ေရွ႕ေနတစ္ဦးျဖစ္ခဲ့ပါ တယ္။ ၁၉၉၂ မွာ ဥပေဒဘြဲ႕ရခဲ့တဲ့ Thiel ဟာ Manhattan law firm မွာ အလုပ္ရခဲ့ပါတယ္။ အဲသည္ကေန အ လုပ္ထြက္ခဲ့ၿပီး အလုပ္ေျပာင္းၿပီး သံုးႏွစ္ၾကာမွ PayPal ကို စတင္တည္ေထာင္ ခဲ့ပါတယ္။ ေနာက္ေလးႏွစ္အၾကာ Pay-Pal ကို eBay က ေဒၚလာ ၁.၅ ဘီလ်ံနဲ႔ လက္လႊဲဝယ္ယူခဲ့ၿပီးေနာက္ သူ႕ရဲ႕ ရွယ္ယာပိုင္ဆိုင္မႈဟာ ေဒၚလာ သန္း ၅၀ ေလာက္ ျဖစ္ေနခဲ့ပါၿပီ။

(၈) Reed Hasting ( Pure Software) – ၃၀ ႏွစ္

Reed Hastings ဟာ Netflix ကို စတင္မတည္ေထာင္ခင္က ေအာင္ျမင္တဲ့ စြန္႔ဦးတီထြင္လုပ္ငန္းရွင္တစ္ ေယာက္ျဖစ္ခဲ့ပါတယ္။ ၁၉၉၁ ခုႏွစ္မွာ Rastings က ေဆာ့ဖ္ဝဲအင္ဂ်င္နီယာ ေတြအတြက္ Pure Software ကို စတင္ဖန္တီးခဲ့ပါတယ္။ ၁၉၉၇ ခုႏွစ္မွာ Rational Software ကုမၸဏီက Pure Software ကို ေဒၚလာသန္း ၇၅၀ နဲ႔ ဝယ္ယူခဲ့တဲ့အခါ သူ႕အေနနဲ႔ Netflix ကို စတင္ဖို႔ အခြင့္သာခဲ့တာျဖစ္ပါတယ္။
တကၠသိုလ္တက္ေနခ်ိန္နဲ႔ Pure Software စတီထြင္ခ်ိန္အတြင္း သူဟာ Peace Corps ေစတနာ့ဝန္ထမ္းအဖြဲ႕ မွာ ပါဝင္ခဲ့ၿပီး Swaziland မွာ အဂၤလိပ္စာသင္ေပးခဲ့ပါတယ္။

(၉)Henry Ford (Ford Motor  Company)– ၄၀ ႏွစ္

Henry Ford ဟာ Ford ကုမၸဏီကို မစတင္ခင္က ပထမကုမၸဏီႏွစ္ခု ေဒဝါလီခံခဲ့ရဖူးပါတယ္။ Steve Jobs လိုပဲ Ford ဟာ သူ႕ရဲ႕ကားေတြကို အေသးစိတ္အားလံုးကို အေသအခ်ာ ဂ႐ုစိုက္လြန္းသူ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ပဲ ရက္ခ်ိန္းအမီ မေပးႏိုင္တာေတြ မ်ားလာၿပီး ပထမဆံုးေရွ႕ေျပးပံုစံ ကားေတြကို အၿပီးမသတ္နိုင္တာေတြ ျဖစ္လာပါတယ္။

ႏွစ္ေပါင္းမ်ားစြာ မေအာင္ျမင္ခဲ့တဲ့ အခါ Ford ရဲ႕ ရင္းႏွီးျမွဳပ္ႏွံသူေတြက James Couzen ကို ေခၚယူ ေစခဲ့ပါတယ္။ James Couzen က Ford ကို ၿပီး ျပည့္စံုတဲ့ ကားတစ္စီးေရာင္းခ်ဖို႔နဲ႔ ႏိုင္ငံအႏွံ႔က mechanics ေတြကို ေခၚယူဖို႔ ေျပာခဲ့ပါတယ္။

(၁၀)Mark Cuban ( MicroSolutions) – ၃၂ ႏွစ္

၂၈ ႏွစ္အရြယ္ Mark Cuban ဟာ တိုက္ခန္းက်ဥ္းေလးထဲမွာ လူငါးဦးနဲ႔ အတူေနခဲ့ရတာျဖစ္ၿပီး သူ႕ရဲ႕အိပ္ခန္းက စတိုခန္းေလး ျဖစ္ပါတယ္။ ဘြဲ႕ရၿပီး ေနာက္ပိုင္း Dallas မွာ စားပြဲထိုးလုပ္ပါတယ္။ ေက်ာင္းၿပီးတဲ့အခါ သူ ပထမဆံုး အလုပ္စတင္ခဲ့တာက ကြန္ပ်ဴတာေရာင္း ရတာျဖစ္ပါတယ္။ အဲသည္မွာ သူေဌးရဲ႕ အမိန္႔ကို မနာခံမႈေၾကာင့္ အလုပ္ျပဳတ္ခဲ့ရပါတယ္။ ၂၅ ႏွစ္အရြယ္မွာ ေဆာ့ဖ္ဝဲေရးရာ အတိုင္ပင္ခံ ကုမၸဏီ Micro Solutions ကို စတင္ခဲ့ၿပီးေနာက္ ခုနစ္ႏွစ္အၾကာမွာ MicroSolutions ကို ေဒၚလာ ေျခာက္သန္းနဲ႔ ေရာင္းခ်ခဲ့လို႔ Broadcast.com ကို စတင္ဖို႔ အဆင္ေျပေစခဲ့တာျဖစ္ပါတယ္။

Credit; YSD

Source; Kumudra 

[Unicode Version]

လူတိုင်းက မွေးကတည်းက ပြီးပြည့်စုံပြီး အရာရာအောင်မြင်လာတာ မဟုတ်ပါဘူး။ ဘယ်အရာမှ အလကား မရနိုင်သလို နေ့ချင်းညချင်း အောင်မြင်ချမ်းသာလာဖို့ဆိုတာလည်း ဖြစ်နိုင်ခြေနည်းပါတယ်။ ဥပမာ ထီပေါက်တာလိုမျိုး ရှိနိုင်တာကိုး။
အောင်မြင်ချင်တဲ့ စွန့်ဦးတီထွင်သူတွေဆိုရင် လုပ်ငန်းအတွက် သေးသေးလေးက စခဲ့ရတာချည်းပါပဲ။ စစချင်းမှာ ဘာမှဖြစ်မလာသေးလို့ဆိုပြီး စိတ်ဓာတ်မကျပါနဲ့ဦး။ လက်ရှိ အောင်မြင်နေတဲ့ နာမည်ကြီး လုပ်ငန်းရှင် ၁၀ ဦး အကြောင်းကို အရင်ဖတ်ကြည့်လိုက်ပါ။ သူတို့လည်း အသက် ၃၀ မတိုင်မီ အထိ ဘာမှဖြစ်မလာခဲ့ကြသေးပါဘူးတဲ့။

(၁) Jack Dorsey( Twitter ) – အသက် ၃၀
Williams ရဲ့ ပထမဆုံးကုမ္ပဏီက တက္ကစီပို့လွှတ်ရတဲ့ ပရိုဂရမ်လုပ်ရတာဖြစ် ပါတယ်။ သည်လုပ်ငန်းက အဖျားရှူးသွားတဲ့အခါ Dorsey က အသံလွှင့် ကုမ္ပဏီ Odeo ပိုင်ရှင် Ev Williams ကို ချဉ်းကပ်ခဲ့ပြီး အပြန်အလှန် မက်ဆေ့ချ်ပို့ ဝန်ဆောင်မှုလုပ်ငန်း အိုင်ဒီယာနဲ့ ဆွဲဆာင်ခဲ့ပါတယ်။

Williams က သည်အလုပ်ကို သဘောကျခဲ့ပြီး Dorsey, Biz Stone နဲ့ Noah Glass တို့နဲ့ စုပေါင်းကာ အချိန် ပြည့်ဝန်ဆောင်မှုကို စတင်ခဲ့ပါတယ်။ Jack Dorsey ဟာစီအီးအိုခန့်အပ်ခံရချိန်မှာ အသက် ၃၀ ဖြစ်ပါတယ်။

Recommended for you - ကျောင်းသားများ နှလုုံးသားထဲက ဆရာကောင်းများ

(၂) Tim Westergren ( Pandora) – ၃၅ နှစ်
Tim Westergren ဟာ အသက် ၃၅ နှစ်အရွယ်မှာ Pandora ကုမ္ပဏီကို တည်ထောင်ခဲ့တာဖြစ်ပေမယ့် ဝန်ထမ်းတွေကို နှစ်နှစ်လောက် လစာမပေးနိုင်ခဲ့ ပါဘူး။ Pandora ကို လုပ်ငန်းမစခင် က Westergren ဟာ ဂီတသမားလည်း ဖြစ်ခဲ့၊ အချိန်ပိုင်းတေးရေးဆရာလည်း လုပ်ခဲ့ဖူး၊ ကလေးထိန်းလည်း လုပ်ခဲ့ဖူးပါ တယ်တဲ့။

သူက သူ့ရဲ့ပထမဆုံးစွန့်ဦးတီထွင်လုပ်ငန်း Pandora ကို ၃၅ နှစ်အရွယ်မှာ စသာစခဲ့ရပေမဲ့ နောက်နှစ်နှစ်ကြာ မှ Pandora က အွန်လိုင်းရေဒီယို လိုင်းတစ်ခု ဖြစ်လာနိုင်ခဲ့တာပါ။ စစချင်းမှာ Pandora က စတိုးဆိုင်တွေမှာ သီချင်းဖွင့်ပေးတဲ့ ဟာ့ဒ်ဝဲ ကုမ္ပဏီတစ်ခုအဖြစ်နဲ့ စတင်ခဲ့တာပါ။ Pandora ဟာ ပထမနှစ်နှစ်အတွင်းမှာ ဒေဝါလီခံရတဲ့အထိတောင် ဖြစ်ခဲ့ဖူးပါတယ်တဲ့။

(၃) Jan Koum ( WhatsApp )- ၃၃ နှစ်
WhatsApp အပလီကေးရှင်းကို မတီထွင်ခင်က Jan Koum ဟာ ဖေ့စ်ဘုတ်ခ်မှာ အလုပ်လျှောက်ခဲ့ဖူး ပါတယ်။ ဒါပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်မှာ ဘွဲ့ရပြီးနောက် ခုနစ်နှစ်တာအတွင်း အလုပ်တွေ တစ်ခု ပြီးတစ်ခု ပြောင်းခဲ့တဲ့ ၂၉ နှစ်အရွယ် Ben Horowitz ဟာ ထုတ်ကုန် မန်နေဂျာအဖြစ်နဲ့ Netscape မှာ လုပ်ခဲ့ပါ တယ်။ Netscape ကို လွှဲပြောင်း ဝယ်ယူ ပြီးနောက် Horowitz နဲ့ Marc And-reessen (Netscape ရဲ့ တည်ထောင်သူ) တို့က LoudCloud ကို စတင်ဖို့ စီစဉ်ခဲ့ ချိန်မှာ Horowitz က ၃၃ နှစ်ရှိပါပြီ။

(၄) Jack Ma ( Alibaba ) – ၃၅ နှစ်
Jack Ma ဟာ code တစ်ကြောင်း တောင်မရေးခဲ့ဖူးသလို အသက် ၃၀ လောက်ရောက်မှ ကွန်ပျူတာကို ပထမ ဆုံး သုံးတတ်ခဲ့တာလို့  သိရပါတယ်။

အခုတော့ သူက ပိုင်ဆိုင်မှုဒေါ်လာ ၂၂.၅ဘီလျံရှိနေပြီဖြစ်ပေမဲ့ သူ့ရဲ့ အသက် ၃၀ လောက်အထိတော့ ကျရှုံး သူ တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ထင်မြင်ခဲ့သူ ဖြစ်ပါတယ်။

သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သုံးကြိမ်ကျခဲ့တယ်လို့ အင်တာဗျူး တစ် ခုမှာ ဖြေကြားခဲ့ပါတယ်။ အဲသည်နောက် မှာ KFC အပါအဝင် အလုပ်ပေါင်းစုံ ၃၀ ကျော်ကို ဆက်တိုက်လျှောက်ခဲ့ ပေမဲ့ တစ်ခါမှ အရွေးမခံခဲ့ရပါဘူးတဲ့။

ဒါ့ကြောင့် အသက် ၃၁ နှစ်မှာ “China Yellow Pages” လို့ခေါ်တဲ့ သူ့ ရဲ့ ပထမဆုံးအွန်လိုင်းကုမ္ပဏီတစ်ခု ကို စတင်တည်ထောင်ခဲ့ပါတယ်။ ကုမ္ပဏီက လုပ်ငန်းလည်ပတ်တဲ့သုံးနှစ်အတွင်း ဒေါ်လာ ၈၀ဝ,ဝဝဝ လောက် ဝင်ငွေရ ရှိခဲ့ပါတယ်။

အသက် ၃၅ နှစ်မှာတော့ Alibaba ကို တည်ထောင်ခဲ့ပါတော့တယ်။ Amazon လို ပုံစံတူဖြစ်တဲ့ Alibaba ဟာ ပထမသုံးနှစ်တော့ အမြတ်မရခဲ့ပေမဲ့ အခုတော့ ဘယ်လိုအခြေအနေလဲ အားလုံး သိကြတဲ့အတိုင်းပါပဲ။

(၅) Ben Horowitz (LoudCloud) – ၃၃ နှစ်
ပထမဆုံးကုမ္ပဏီကို အသက် ၃၃ နှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Ben Horowitz ဟာ ဒေဝါလီခံရလုဆဲဆဲ အခြေအနေမျိုး မကြာခဏကြုံခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်မှာ ဘွဲ့ရပြီးနောက် ခုနစ်နှစ်တာအတွင်း အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းခဲ့တဲ့ ၂၉ နှစ်အရွယ် Ben Horowitz ဟာ ထုတ်ကုန် မန်နေဂျာအဖြစ်နဲ့ Netscape မှာ လုပ်ခဲ့ပါ တယ်။ Netscape ကို လွှဲပြောင်း ဝယ်ယူ ပြီးနောက် Horowitz နဲ့ Marc And-reessen (Netscape ရဲ့ တည်ထောင်သူ) တို့က LoudCloud ကို စတင်ဖို့ စီစဉ်ခဲ့ ချိန်မှာ Horowitz က ၃၃ နှစ်ရှိပါပြီ။

(၆) Sam Walton (WalMart )- ၄၄ နှစ်
Sam Walton ဟာ WalMart ကို မစတင်ခင်က ယောက္ခထီးဖြစ်သူနဲ့အတူ စတိုးဆိုင်အသေးလေးတစ်ခုကို ပိုင်ဆိုင် ခဲ့ပါတယ်။

WalMart ကို မတည်ထောင်မီ Sam Walton က ယောက္ခထီးဖြစ်သူ ဆီကနေ ဒေါ်လာ ၂၀ဝဝဝ ချေးပြီး Ben Franklin အရောင်းဆိုင်ခွဲကို ဝယ်ယူခဲ့ပါတယ်။ နောက်သုံးနှစ်ကြာတဲ့ အခါ Ben Franklin နောက်တစ်ဆိုင်ကို ဝယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ဆိုင်ဖွင့်ထားချိန်မှာတောင် သူ့မှာ ဝန်ထမ်းတွေကို လစာပေးဖို့ အခက်အခဲ ဖြစ်နေခဲ့ပါတယ်။ သူ့အသက် ၄၄ နှစ်ပြည့် တဲ့အခါကျမှ WalMart ကို စတင်နိုင်ခဲ့ တာဖြစ်ပါတယ်။

Recommended for you - အောင်မြင်ပြီးမှ ဘာလို့ကျရှုံးရတာလည်း

(၇) Peter Thiel ( PayPal )- ၃၀ နှစ်
PayPal ရဲ့ တည်ထောင်သူ ဖြစ် မလာခင်က Peter Thiel ဟာ ဘဝကို စိတ်နာနေတဲ့ ရှေ့နေတစ်ဦးဖြစ်ခဲ့ပါ တယ်။ ၁၉၉၂ မှာ ဥပဒေဘွဲ့ရခဲ့တဲ့ Thiel ဟာ Manhattan law firm မှာ အလုပ်ရခဲ့ပါတယ်။ အဲသည်ကနေ အ လုပ်ထွက်ခဲ့ပြီး အလုပ်ပြောင်းပြီး သုံးနှစ်ကြာမှ PayPal ကို စတင်တည်ထောင် ခဲ့ပါတယ်။ နောက်လေးနှစ်အကြာ Pay-Pal ကို eBay က ဒေါ်လာ ၁.၅ ဘီလျံနဲ့ လက်လွှဲဝယ်ယူခဲ့ပြီးနောက် သူ့ရဲ့ ရှယ်ယာပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၅၀ လောက် ဖြစ်နေခဲ့ပါပြီ။

(၈) Reed Hasting ( Pure Software) – ၃၀ နှစ်
Reed Hastings ဟာ Netflix ကို စတင်မတည်ထောင်ခင်က အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ် ယောက်ဖြစ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ Rastings က ဆော့ဖ်ဝဲအင်ဂျင်နီယာ တွေအတွက် Pure Software ကို စတင်ဖန်တီးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ Rational Software ကုမ္ပဏီက Pure Software ကို ဒေါ်လာသန်း ရ၅၀ နဲ့ ဝယ်ယူခဲ့တဲ့အခါ သူ့အနေနဲ့ Netflix ကို စတင်ဖို့ အခွင့်သာခဲ့တာဖြစ်ပါတယ်။
တက္ကသိုလ်တက်နေချိန်နဲ့ Pure Software စတီထွင်ချိန်အတွင်း သူဟာ Peace Corps စေတနာ့ဝန်ထမ်းအဖွဲ့ မှာ ပါဝင်ခဲ့ပြီး Swaziland မှာ အင်္ဂလိပ်စာသင်ပေးခဲ့ပါတယ်။

(၉)Henry Ford (Ford Motor   Company)– ၄၀ နှစ်
Henry Ford ဟာ Ford ကုမ္ပဏီကို မစတင်ခင်က ပထမကုမ္ပဏီနှစ်ခု ဒေဝါလီခံခဲ့ရဖူးပါတယ်။ Steve Jobs လိုပဲ Ford ဟာ သူ့ရဲ့ကားတွေကို အသေးစိတ်အားလုံးကို အသေအချာ ဂရုစိုက်လွန်းသူ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ရက်ချိန်းအမီ မပေးနိုင်တာတွေ များလာပြီး ပထမဆုံးရှေ့ပြေးပုံစံ ကားတွေကို အပြီးမသတ်နိုင်တာတွေ ဖြစ်လာပါတယ်။

နှစ်ပေါင်းများစွာ မအောင်မြင်ခဲ့တဲ့ အခါ Ford ရဲ့ ရင်းနှီးမြှုပ်နှံသူတွေက James Couzen ကို ခေါ်ယူ စေခဲ့ပါတယ်။ James Couzen က Ford ကို ပြီး ပြည့်စုံတဲ့ ကားတစ်စီးရောင်းချဖို့နဲ့ နိုင်ငံအနှံ့က mechanics တွေကို ခေါ်ယူဖို့ ပြောခဲ့ပါတယ်။

(၁၀)Mark Cuban ( MicroSolutions) – ၃၂ နှစ်
၂၈ နှစ်အရွယ် Mark Cuban ဟာ တိုက်ခန်းကျဉ်းလေးထဲမှာ လူငါးဦးနဲ့ အတူနေခဲ့ရတာဖြစ်ပြီး သူ့ရဲ့အိပ်ခန်းက စတိုခန်းလေး ဖြစ်ပါတယ်။ ဘွဲ့ရပြီး နောက်ပိုင်း Dallas မှာ စားပွဲထိုးလုပ်ပါတယ်။ ကျောင်းပြီးတဲ့အခါ သူ ပထမဆုံး အလုပ်စတင်ခဲ့တာက ကွန်ပျူတာရောင်း ရတာဖြစ်ပါတယ်။ အဲသည်မှာ သူဌေးရဲ့ အမိန့်ကို မနာခံမှုကြောင့် အလုပ်ပြုတ်ခဲ့ရပါတယ်။ ၂၅ နှစ်အရွယ်မှာ ဆော့ဖ်ဝဲရေးရာ အတိုင်ပင်ခံ ကုမ္ပဏီ Micro Solutions ကို စတင်ခဲ့ပြီးနောက် ခုနစ်နှစ်အကြာမှာ MicroSolutions ကို ဒေါ်လာ ခြောက်သန်းနဲ့ ရောင်းချခဲ့လို့ Broadcast.com ကို စတင်ဖို့ အဆင်ပြေစေခဲ့တာဖြစ်ပါတယ်။

Credit; YSD

Source; Kumudra

 

Read times Last modified on Friday, 03 January 2020 10:32
Rate this articles
(0 votes)