×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Print this page
Thursday, 11 January 2018

2030 ေရာက္တဲ့အခါ သင့္ရဲ႕ ရပ္တည္မွဳက ဘာလဲ

2030 ေရာက္တဲ့အခါ သင့္ရဲ႕ ရပ္တည္မွဳက ဘာလဲ google.com

ေနာက္တစ္ၾကိမ္ plan အသစ္ေတြဆြဲျပန္ျပီလား။ မရိုးနိုင္တဲ့ ရည္မွန္းခ်က္ေတြနဲ႕ ေနာက္တစ္ၾကိမ္ထပ္စ ျပန္ျပီ။ တစ္လေတာင္ မျပည့္ေသးပါဘူး ပံုမွန္ အေျခအေန ျပန္ေရာက္သြားတာပဲ။ ေနာက္ေန႔မွ ဆက္လုပ္ ေတာ့မယ္ ဒီေန႔ေတာ့ ပင္ပန္းလို႔ အလုပ္ေတြရွဳပ္ေနလို႕ အခ်ိန္မရွိေတာ့လို႔ ေနာက္ေန႔မွ ဆက္လုပ္ေတာ့မယ္

ဒီလိုနဲ႕ သံသရာတစ္ပတ္လည္သြားျပန္ျပီ။ ေနာက္တစ္ခါျပန္စျပီ ဒီတစ္ခါေတာ့ ငါ့ဘဝ တိုးတက္ဖို႔ တကယ္ ၾကိဳးစားေတာ့မယ္ plan ဆြဲျပန္ျပီ… ဒီလို သံသရာစက္ဝန္းထဲက ထြက္ျပီး ကိုယ္ရည္မွန္းထားတဲ့ ေနာက္ဆံုး ပန္းတိုင္ဆီကို ေရာက္ဖို႔အတြက္ လိုက္နာေဆာင္ရြက္ရမယ့္အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

၁။ စိတ္ေနစိတ္ထား (Attitude)

မွန္ကန္တဲ့စိတ္ေနစိတ္ထားရွိျခင္းက အရာအားလံုးရဲ႕အစပါပဲ။ အေကာင္းျမင္တတ္တဲ့စိတ္ေနစိတ္ထားနဲ႔ ခံယူခ်က္သာမရွိရင္ ဘာတစ္ခုကိုမွ ျပီးေျမာက္ေအာင္ျမင္ႏုိင္မွာ မဟုတ္ဘူး။ လူ႔ဘ၀ဟာ ၁၀ ရာခိုင္ႏႈန္းက အျဖစ္အပ်က္ေတြေပၚမူတည္ျပီး ၉၀ ရာခိုင္ႏႈန္းကေတာ့ အဲဒီအျဖစ္အပ်က္ေတြကို ဘယ္လိုတုံ႔ျပန္ၾကလဲ ဆိုတဲ့ အခ်က္အလက္ေပၚမူတည္ပါတယ္။ တခ်ိဳ႕လူေတြက သူမ်ားကိုအျပစ္တင္ရတာ အားသန္လြန္းတယ္။ ညည္းညဴလြန္းတယ္။ ဘာ့ေၾကာင့္ငါ့ဆီမွလာျဖစ္ရတာလဲ၊ ဘာ့ေၾကာင့္ငါပဲ အဆင္မေျပ ျဖစ္ေနရတာလဲ ဆိုျပီးေတာ့ေပါ့။ တကယ္ေတာ့ ေကာင္းတဲ့အျဖစ္အပ်က္ေတြေရာ မေကာင္းတဲ့အျဖစ္အပ်က္ေတြေရာဟာ လူတိုင္းဆီမွာသက္ေရာက္မႈရွိေနတာပါ။ ကိုယ္ညည္းညဴစိတ္ဓာတ္က်ေနခ်ိန္မွာ အေကာင္းျမင္တတ္တဲ့ စိတ္ေနစိတ္ထားရွိသူကေတာ့ ဘယ္လိုေကာင္းမြန္သြားေအာင္လုပ္မလဲ၊ ဘယ္လိုအဆင္ေျပေအာင္လုပ္ သြားရမလဲ၊ ဘယ္လိုရင္ဆိုင္ရမလဲဆိုတဲ့အေျဖေတြကို ရွာေဖြေနပါလိမ့္မယ္။ ကိုယ့္ဘ၀ကို တိုးတက္ေအာင္ လုပ္ခ်င္တယ္ဆုိရင္ အျမဲတမ္းအဆိုးျမင္ေနတတ္တဲ့ ကိုယ့္ရဲ႕စိတ္ေနစိတ္ထားကေန အရင္ထိုးေဖာက္ျပီး အေကာင္းျမင္စိတ္ထားၾကည့္ပါ။

Recommended for you - ထိုင္းနိုင္ငံမွာ ေက်ာင္းသြားတက္မယ္ဆိုရင္

၂။ လုပ္ကိုင္ႏုိင္စြမ္း (Ability)

ကိုယ့္ရဲ႕ဖြံ႔ျဖိဳးတုိးတက္မႈမွာ ကိုယ့္ရဲ႕လုပ္ကိုင္ႏိုင္စြမ္းကလည္း အဓိကက်ပါတယ္။ ကိုယ့္ကိုကိုယ္ ဖြံ႔ျဖိဳး ေအာင္လုပ္ခ်င္တဲ့သူဟာ ကိုယ့္ရဲ႕အစြမ္းအစနဲ႔ လုပ္ကိုင္ႏို္င္စြမ္းကိုပါ ျမွင့္တင္ႏုိင္မွရႏိုင္ပါလိမ့္မယ္။ ငါသာ အဂၤလိပ္စကားကို ကၽြမ္းကၽြမ္းက်င္က်င္ေျပာႏုိင္ရင္ ငါဒီထက္ပိုေကာင္းတဲ့အလုပ္ရမွာပဲလို႔ ညည္းေနမယ့္ အစား အဂၤလိပ္စကားကို ကၽြမ္းကၽြမ္းက်င္က်င္ေျပာႏုိင္ဖို႔ သင္ၾကားမႈကို စတင္လိုက္စမ္းပါ။

၃။ ယံုၾကည္မႈ (Faith)

ေအာင္ျမင္သြားတဲ့သူေတြနဲ႔ မေအာင္ျမင္တဲ့သူေတြအၾကား ကြဲျပားျခားနားမႈက သူတို႔ကိုယ္သူတုိ႔ ယံုၾကည္မႈ ပါပဲ။ အဲဒီယံုၾကည္မႈက တခ်ိဳ႕ေသာသူေတြကို ဧ၀ရတ္ေတာင္ထိပ္ကိုေရာက္ေစတယ္၊ သမုဒၵရာကို လက္ပစ္ ကူးေစႏိုင္တယ္၊ ကမာၻတစ္ပတ္ပတ္ေစႏိုင္တယ္။ ယံုၾကည္မႈက အလုပ္တစ္ခုတည္းကို ျပီးေျမာက္ေအာင္ လုပ္မလား၊ အလုပ္ဆယ္ခုကို ျပီးေျမာက္ေအာင္လုပ္ႏုိင္မလားဆိုတဲ့အရာကို အဆံုးအျဖတ္ေပးတယ္။ ယံုၾကည္မႈက ငါဟာ မျဖစ္ေျမာက္ႏုိင္ပါဘူးဆိုတာနဲ႔ ငါေအာင္ျမင္တဲ့သူတစ္ေယာက္အျဖစ္ကို ေရာက္ကို ေရာက္ရေစမယ္ဆိုတဲ့အခ်က္ကို အဆံုးအျဖတ္ေပးပါတယ္။ တခ်ိဳ႕လူေတြဟာ ဘာမွကိုမလုပ္ရေသးခင္ ကတည္းက ငါကေတာ့ မလုပ္ႏုိင္ေလာက္ပါဘူးဆိုတဲ့စိတ္က အရင္လာတယ္။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈ ေပ်ာက္ဆံုးေနတဲ့သူဟာ ဘာကိုမွ ေအာင္ျမင္ျပီးေျမာက္ေအာင္လုပ္ႏုိင္မွာမဟုတ္ဘဲ လမ္းတ၀က္ကေန လွည့္ျပန္ဖို႔ပဲအားသန္ေနမွာပါ။

၄။ သတိၱ (Courage)

ကိုယ့္ကိုကိုယ္ဖြံ႔ျဖိဳးေအာင္လုပ္တာကို စဖို႔ကလြယ္ပါတယ္။ ဒါေပမယ့္ ကိုယ္ေလွ်ာက္ေနတဲ့လမ္းကို အခက္အခဲေတြ ေတြ႔ခ်ိန္မွာလည္း အျပီးဆံုးထိေလွ်ာက္ႏုိင္ဖို႔ဆိုတာက ခက္ခဲတယ္။ အဲဒီအခ်ိန္မွာ သတိၱ လို္တယ္။ သတိၱဆိုတာ အျမဲတမ္းက်ယ္ေလာင္ ျပင္းထန္တဲ့အသံနဲ႔ ဟိန္းေဟာက္ေနတာမဟုတ္ဘဲ “ငါမနက္ျဖန္ထပ္ၾကိဳးစားၾကည့္မယ္” ဆိုတဲ့ တိုးညွင္းတဲ့ေရရြတ္သံကလည္း သတၱိပါပဲ။ ကိုယ္ယံုၾကည္ရာ လမ္းကိုေလွ်ာက္တဲ့အခါ ငါထပ္ၾကိဳးစားၾကည့္မယ္၊ ငါျဖစ္ေအာင္လုပ္ၾကည့္မယ္ဆိုတဲ့ တိုးညွင္းတဲ့ေရရြတ္ သံက ၾကီးမားတဲ့သတိၱပါပဲ။

၅။ ကံတရား (Chance)

ကံဆိုတာ အလုပ္ကိုေျပာတာလို႔ ဆိုပါတယ္။ စၾကာ၀ဠာေဗဒပညာရွင္ေတြရဲ႕အဆိုအရ စၾကာ၀ဠာထဲမွာ ျဖစ္ပ်က္တဲ့အေၾကာင္းအရာေတြထဲ ပရမ္းပတာျဖစ္တဲ့၊ ကံတရားေၾကာင့္ သက္သက္ျဖစ္တဲ့အရာ ဆိုတာ မရွိဘူးတဲ့။ အရာအားလံုးက အက်ိဳးအေၾကာင္းနဲ႔ ဆက္စပ္ျဖစ္တည္မႈပဲ။ ကိုယ့္ရဲ႕ကံတရားဆိုတာကလည္း ကိုယ္ထားရွိတဲ့ စိတ္ေနစိတ္ထားယံုၾကည္မႈနဲ႔ ကိုယ့္ရဲ႕ ၾကိဳးစားအားထုတ္မႈ ေပါင္းစပ္ျပီး ဆက္စပ္ျဖစ္ေပၚ လာမႈပါ။ ကိုယ္ၾကိဳးစားအားထုတ္မႈျမင့္လာတဲ့အခါ ကိုယ့္ရဲ႕ခံယူခ်က္စိတ္ေနစိတ္ထားေတြ ေျပာင္းလဲလာ တဲ့အခါ ကိုယ့္ရဲ႕ကံတရားဆိုတာကလည္း ေျပာင္းလဲလာႏိုင္တယ္ဆုိတာ ျမင္ေတြ႔ႏုိင္ပါလိမ့္မယ္။

Recommended for you - အသက္ ၃၀ အရြယ္အထိ ဘာဆိုဘာမွ အျဖစ္မရွိခဲ့ပါဘူးဆိုတဲ့ လုပ္ငန္းရွင္ၾကီး ၁၀ ဦး

၆။ တစိုက္မတ္မတ္ၾကိဳးစားအားထုတ္မႈ (Perseverance )

အရာရာတုိင္းဟာ အစလြယ္ပါတယ္။ တစိုက္မတ္မတ္ဆက္ျဖစ္သြားဖို႔ကသာ ခက္တာပါ။ ကိုယ့္ကိုယ္ဖြံ႔ျဖိဳး တိုးတက္ေအာင္လုပ္တဲ့ကိစၥဟာ အခ်ိန္ယူရတယ္။ ေန႔ခ်င္းညခ်င္း ျဖစ္သြားႏုိင္တဲ့အရာတစ္ခုမဟုတ္ဘူး။ တစိုက္မတ္မတ္ၾကိဳးစားအားထုတ္မႈနဲ႔ ေခါင္းမာႏုိင္ရမယ္။ ျဖစ္ေအာင္လုပ္ယူႏုိင္ရပါလိမ့္မယ္။ ဒါမွမဟုတ္ဘဲ တစ္ခုလုပ္ၾကည့္လိုက္ တစ္၀က္နဲ႔လက္ေလွ်ာ့လိုက္။ ေနာက္တစ္ခုလုပ္လိုက္ လက္ေလွ်ာ့လိုက္နဲ႔သာဆိုရင္ေတာ့ ဘ၀မွာ ဘာကိုမွ ေအာင္ျမင္ျဖစ္ေျမာက္တဲ့သူျဖစ္လာႏုိင္မွာမဟုတ္ဘူး။

ဒီအခ်က္ေလးေတြအတိုင္းသာ ၾကိဳးစားမယ္ဆိုရင္ ေနာင္လာမယ့္ ၂၀၃၀ မွာ သင္လိုခ်င္တဲ့ ေနရာတစ္ခု သင္ရပ္တည္ခ်င္တဲ့ ရပ္တည္မွဳတစ္ခုကို ေသခ်ာေပါက္တည္ေဆာက္နိုင္မွာ ျဖစ္ပါတယ္။

Credit:Thurein Hlaing Win

[Unicode Version]

နောက်တစ်ကြိမ် plan အသစ်တွေဆွဲပြန်ပြီလား။ မရိုးနိုင်တဲ့ ရည်မှန်းချက်တွေနဲ့ နောက်တစ်ကြိမ်ထပ်စ ပြန်ပြီ။ တစ်လတောင် မပြည့်သေးပါဘူး ပုံမှန် အခြေအနေ ပြန်ရောက်သွားတာပဲ။ နောက်နေ့မှ ဆက်လုပ် တော့မယ် ဒီနေ့တော့ ပင်ပန်းလို့ အလုပ်တွေရှုပ်နေလို့ အချိန်မရှိတော့လို့ နောက်နေ့မှ ဆက်လုပ်တော့မယ် ဒီလိုနဲ့ သံသရာတစ်ပတ်လည်သွားပြန်ပြီ။ နောက်တစ်ခါပြန်စပြီ ဒီတစ်ခါတော့ ငါ့ဘဝ တိုးတက်ဖို့ တကယ် ကြိုးစားတော့မယ် plan ဆွဲပြန်ပြီ… ဒီလို သံသရာစက်ဝန်းထဲက ထွက်ပြီး ကိုယ်ရည်မှန်းထားတဲ့ နောက်ဆုံး ပန်းတိုင်ဆီကို ရောက်ဖို့အတွက် လိုက်နာဆောင်ရွက်ရမယ့်အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စိတ်နေစိတ်ထား (Attitude)

မှန်ကန်တဲ့စိတ်နေစိတ်ထားရှိခြင်းက အရာအားလုံးရဲ့အစပါပဲ။ အကောင်းမြင်တတ်တဲ့စိတ်နေစိတ်ထားနဲ့ ခံယူချက်သာမရှိရင် ဘာတစ်ခုကိုမှ ပြီးမြောက်အောင်မြင်နိုင်မှာ မဟုတ်ဘူး။ လူ့ဘဝဟာ ၁၀ ရာခိုင်နှုန်းက အဖြစ်အပျက်တွေပေါ်မူတည်ပြီး ၉၀ ရာခိုင်နှုန်းကတော့ အဲဒီအဖြစ်အပျက်တွေကို ဘယ်လိုတုံ့ပြန်ကြလဲ ဆိုတဲ့ အချက်အလက်ပေါ်မူတည်ပါတယ်။ တချို့လူတွေက သူများကိုအပြစ်တင်ရတာ အားသန်လွန်းတယ်။ ညည်းညူလွန်းတယ်။ ဘာ့ကြောင့်ငါ့ဆီမှလာဖြစ်ရတာလဲ၊ ဘာ့ကြောင့်ငါပဲ အဆင်မပြေ ဖြစ်နေရတာလဲ ဆိုပြီးတော့ပေါ့။ တကယ်တော့ ကောင်းတဲ့အဖြစ်အပျက်တွေရော မကောင်းတဲ့အဖြစ်အပျက်တွေရောဟာ လူတိုင်းဆီမှာသက်ရောက်မှုရှိနေတာပါ။ ကိုယ်ညည်းညူစိတ်ဓာတ်ကျနေချိန်မှာ အကောင်းမြင်တတ်တဲ့ စိတ်နေစိတ်ထားရှိသူကတော့ ဘယ်လိုကောင်းမွန်သွားအောင်လုပ်မလဲ၊ ဘယ်လိုအဆင်ပြေအောင်လုပ် သွားရမလဲ၊ ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့အဖြေတွေကို ရှာဖွေနေပါလိမ့်မယ်။ ကိုယ့်ဘဝကို တိုးတက်အောင် လုပ်ချင်တယ်ဆိုရင် အမြဲတမ်းအဆိုးမြင်နေတတ်တဲ့ ကိုယ့်ရဲ့စိတ်နေစိတ်ထားကနေ အရင်ထိုးဖောက်ပြီး အကောင်းမြင်စိတ်ထားကြည့်ပါ။

Recommended for you - ထိုင်းနိုင်ငံမှာ ကျောင်းသွားတက်မယ်ဆိုရင်

၂။ လုပ်ကိုင်နိုင်စွမ်း (Ability)

ကိုယ့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ ကိုယ့်ရဲ့လုပ်ကိုင်နိုင်စွမ်းကလည်း အဓိကကျပါတယ်။ ကိုယ့်ကိုကိုယ် ဖွံ့ဖြိုး အောင်လုပ်ချင်တဲ့သူဟာ ကိုယ့်ရဲ့အစွမ်းအစနဲ့ လုပ်ကိုင်နို်င်စွမ်းကိုပါ မြှင့်တင်နိုင်မှရနိုင်ပါလိမ့်မယ်။ ငါသာ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ရင် ငါဒီထက်ပိုကောင်းတဲ့အလုပ်ရမှာပဲလို့ ညည်းနေမယ့် အစား အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ဖို့ သင်ကြားမှုကို စတင်လိုက်စမ်းပါ။

၃။ ယုံကြည်မှု (Faith)

အောင်မြင်သွားတဲ့သူတွေနဲ့ မအောင်မြင်တဲ့သူတွေအကြား ကွဲပြားခြားနားမှုက သူတို့ကိုယ်သူတို့ ယုံကြည်မှု ပါပဲ။ အဲဒီယုံကြည်မှုက တချို့သောသူတွေကို ဧဝရတ်တောင်ထိပ်ကိုရောက်စေတယ်၊ သမုဒ္ဒရာကို လက်ပစ် ကူးစေနိုင်တယ်၊ ကမ္ဘာတစ်ပတ်ပတ်စေနိုင်တယ်။ ယုံကြည်မှုက အလုပ်တစ်ခုတည်းကို ပြီးမြောက်အောင် လုပ်မလား၊ အလုပ်ဆယ်ခုကို ပြီးမြောက်အောင်လုပ်နိုင်မလားဆိုတဲ့အရာကို အဆုံးအဖြတ်ပေးတယ်။ ယုံကြည်မှုက ငါဟာ မဖြစ်မြောက်နိုင်ပါဘူးဆိုတာနဲ့ ငါအောင်မြင်တဲ့သူတစ်ယောက်အဖြစ်ကို ရောက်ကို ရောက်ရစေမယ်ဆိုတဲ့အချက်ကို အဆုံးအဖြတ်ပေးပါတယ်။ တချို့လူတွေဟာ ဘာမှကိုမလုပ်ရသေးခင် ကတည်းက ငါကတော့ မလုပ်နိုင်လောက်ပါဘူးဆိုတဲ့စိတ်က အရင်လာတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျောက်ဆုံးနေတဲ့သူဟာ ဘာကိုမှ အောင်မြင်ပြီးမြောက်အောင်လုပ်နိုင်မှာမဟုတ်ဘဲ လမ်းတဝက်ကနေ လှည့်ပြန်ဖို့ပဲအားသန်နေမှာပါ။

၄။ သတ္တိ (Courage)

ကိုယ့်ကိုကိုယ်ဖွံ့ဖြိုးအောင်လုပ်တာကို စဖို့ကလွယ်ပါတယ်။ ဒါပေမယ့် ကိုယ်လျှောက်နေတဲ့လမ်းကို အခက်အခဲတွေ တွေ့ချိန်မှာလည်း အပြီးဆုံးထိလျှောက်နိုင်ဖို့ဆိုတာက ခက်ခဲတယ်။ အဲဒီအချိန်မှာ သတ္တိ လို်တယ်။ သတ္တိဆိုတာ အမြဲတမ်းကျယ်လောင် ပြင်းထန်တဲ့အသံနဲ့ ဟိန်းဟောက်နေတာမဟုတ်ဘဲ “ငါမနက်ဖြန်ထပ်ကြိုးစားကြည့်မယ်” ဆိုတဲ့ တိုးညှင်းတဲ့ရေရွတ်သံကလည်း သတ္တိပါပဲ။ ကိုယ်ယုံကြည်ရာ လမ်းကိုလျှောက်တဲ့အခါ ငါထပ်ကြိုးစားကြည့်မယ်၊ ငါဖြစ်အောင်လုပ်ကြည့်မယ်ဆိုတဲ့ တိုးညှင်းတဲ့ရေရွတ် သံက ကြီးမားတဲ့သတ္တိပါပဲ။

၅။ ကံတရား (Chance)

ကံဆိုတာ အလုပ်ကိုပြောတာလို့ ဆိုပါတယ်။ စကြာဝဠာဗေဒပညာရှင်တွေရဲ့အဆိုအရ စကြာဝဠာထဲမှာ ဖြစ်ပျက်တဲ့အကြောင်းအရာတွေထဲ ပရမ်းပတာဖြစ်တဲ့၊ ကံတရားကြောင့် သက်သက်ဖြစ်တဲ့အရာ ဆိုတာ မရှိဘူးတဲ့။ အရာအားလုံးက အကျိုးအကြောင်းနဲ့ ဆက်စပ်ဖြစ်တည်မှုပဲ။ ကိုယ့်ရဲ့ကံတရားဆိုတာကလည်း ကိုယ်ထားရှိတဲ့ စိတ်နေစိတ်ထားယုံကြည်မှုနဲ့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု ပေါင်းစပ်ပြီး ဆက်စပ်ဖြစ်ပေါ် လာမှုပါ။ ကိုယ်ကြိုးစားအားထုတ်မှုမြင့်လာတဲ့အခါ ကိုယ့်ရဲ့ခံယူချက်စိတ်နေစိတ်ထားတွေ ပြောင်းလဲလာ တဲ့အခါ ကိုယ့်ရဲ့ကံတရားဆိုတာကလည်း ပြောင်းလဲလာနိုင်တယ်ဆိုတာ မြင်တွေ့နိုင်ပါလိမ့်မယ်။

Recommended for you - အသက် ၃၀ အရွယ်အထိ ဘာဆိုဘာမှ အဖြစ်မရှိခဲ့ပါဘူးဆိုတဲ့ လုပ်ငန်းရှင်ကြီး ၁၀ ဦး

၆။ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှု (Perseverance )

အရာရာတိုင်းဟာ အစလွယ်ပါတယ်။ တစိုက်မတ်မတ်ဆက်ဖြစ်သွားဖို့ကသာ ခက်တာပါ။ ကိုယ့်ကိုယ်ဖွံ့ဖြိုး တိုးတက်အောင်လုပ်တဲ့ကိစ္စဟာ အချိန်ယူရတယ်။ နေ့ချင်းညချင်း ဖြစ်သွားနိုင်တဲ့အရာတစ်ခုမဟုတ်ဘူး။ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုနဲ့ ခေါင်းမာနိုင်ရမယ်။ ဖြစ်အောင်လုပ်ယူနိုင်ရပါလိမ့်မယ်။ ဒါမှမဟုတ်ဘဲ တစ်ခုလုပ်ကြည့်လိုက် တစ်ဝက်နဲ့လက်လျှော့လိုက်။ နောက်တစ်ခုလုပ်လိုက် လက်လျှော့လိုက်နဲ့သာဆိုရင်တော့ ဘဝမှာ ဘာကိုမှ အောင်မြင်ဖြစ်မြောက်တဲ့သူဖြစ်လာနိုင်မှာမဟုတ်ဘူး။

ဒီအချက်လေးတွေအတိုင်းသာ ကြိုးစားမယ်ဆိုရင် နောင်လာမယ့် ၂၀၃၀ မှာ သင်လိုချင်တဲ့ နေရာတစ်ခု သင်ရပ်တည်ချင်တဲ့ ရပ်တည်မှုတစ်ခုကို သေချာပေါက်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

Credit:Thurein Hlaing Win

 

 

Read times Last modified on Friday, 03 January 2020 10:42
Rate this articles
(0 votes)