×
Warning
JUser: :_load: Unable to load user with ID: 723
Knowledge
Print this page
Friday, 12 January 2018
ကော်ဖီသောက်တဲ့သူတွေ ဘာကြောင့် ပိုပြီး အောင်မြင်ကြသလဲ
ကော်ဖီသောက်တဲ့သူတွေ ဘာကြောင့် ပိုပြီး အောင်မြင်ကြသလဲ google.com
Recommended for you - 
ပိုထက်မြက်လာ စေပါတယ်။
ပျော်ရွှင်စေပါတယ်။
Recommended for you - 
အသက် ၂၅ နှစ်မတိုင်ခင်မှာ လူတိုင်းကြုံကို ကြုံရမယ့် ဒုက္ခ (၅) မျိုး
ပိုအောင်မြင်ကြပါတယ်။
Credit:Myfoodmyanmar
[Unicode Version]
နေ့တစ်နေ့ကို တခြားသူတွေက အိပ်ချင်မူးတူးနဲ့စတင်ပေမယ့် ကော်ဖီကြိုက်နှစ်သက်သူတွေကတော့ ကော်ဖီတစ်ခွက်သောက်လိုက်တာနဲ့ အိပ်ချင်မူးတူးဖြစ်နေတာတွေ ပျောက်ပြီး လန်းဆန်းသွားကြပါတယ်။ ကော်ဖီသောက်သုံးခြင်းကနေ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အချက်တွေ အများကြီးရှိပါတယ်။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးပါ။ ချင့်ချိန်ပြီး သောက်သုံးဖို့တော့ လိုပါတယ်။
ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးများကို ဝေမျှချင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရ ပိုပြီး တက်ကြွစေပါတယ်။
ကဖိန်းဓာတ်က သွေးကြောထဲကို ၀င်ရောက်လာတဲ့အခါမှာ ဓာတ်ဆီလိုပဲ ခန္ဓာကိုယ်ကို ပိုပြီး တက်ကြွလန်းဆန်းစေပါတယ်။ ဒါကြောင့် gym မဆော့ခင်ဒါမှမဟုတ် အားကစားမလုပ်ခင် ၁ နာရီအလိုလောက်မှာ ကော်ဖီသောက်သင့်ပါတယ်။
Recommended for you - 2030 ရောက်တဲ့အခါ သင့်ရဲ့ ရပ်တည်မှုက ဘာလဲ
ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။
ကော်ဖီသောက်တာဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ ကော်ဖီသောက်တဲ့သူမှာ type 2 ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။
ပိုထက်မြက်လာ စေပါတယ်။
ကော်ဖီထဲမှာ ကဖိန်းဓာတ်ပါ၀င်တာကြောင့် ဦးနှောက်စွမ်းအင်ကို ပိုကောင်းစေပြီး ဦးနှောက်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် ကော်ဖီက မှတ်ဉာဏ်တွေကို ပိုကောင်းစေသလို တုံ့ ပြန်မှုအားလည်း ကောင်းစေပါတယ်။
ဦးနှောက်ကျန်းမာရေးအတွက်ကောင်းမွန် စေပါတယ်။
ကော်ဖီသောက်ပေးတာဟာ ဦးနှောက်ရောဂါတွေဖြစ်တဲ့ အယ်ဇိုင်းမား၊ ပါကင်ဆန် (Parkinson) စတဲ့ရောဂါတွေအတွက် ကောင်းပါတယ်။ ဒီလို ရောဂါတွေကို ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပေမယ့် ကော်ဖီသောက်သုံးသူတွေက အယ်ဇိုင်းမားနဲ့ ပါကင်ဆန် (Parkinson) ရောဂါ ဖြစ်ပွားနိုင်ချေ နည်းပါတယ်။
စိတ်ဓာတ်ကျမှုကို ကာကွယ်ပေး ပါတယ်။
ဟားဗတ် တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ လူတွေက တစ်နေ့ကို ကော်ဖီခွက်တစ်ခွက်ထက်ပိုပြီး သောက်သုံးပါက ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ၅၀ ရာခိုင်နှုန်းလျော့နည်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကော်ဖီသောက်ထားရင် စိတ်ဓာတ်တက်ကြွနေပြီး စိတ်ဓာတ်ကျမှု ၁၀ ရာခိုင်နှုန်းတောင် ရှိတော့မှာ မဟုတ်ပါဘူး။
ပျော်ရွှင်စေပါတယ်။
ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသန ရလဒ်အရ ကော်ဖီသောက်သုံးသူတွေဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းသူတွေဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ စိတ်ဓာတ်ကျမှု နည်းပြီး အလုပ်မှာ တက်တက်ကြွကြွ လုပ်ဆောင်ကြသူတွေဖြစ်ကြပါတယ်။
Recommended for you - အသက် ၂၅ နှစ်မတိုင်ခင်မှာ လူတိုင်းကြုံကို ကြံုရမယ့် ဒုက္ခ (၅) မျိုး
၀င်ငွေပိုကောင်း စေပါတယ်။
ဗြိတိန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ကော်ဖီသောက်သုံးသူတွေဟာ ပေါင် ၂ထောင်လောက် ပိုရကြတာကိုတွေ့ရတယ်။ အလုပ်မှာ တက်တက်ကြွကြွလုပ်ကိုင်ကြပြီး ရုံးချိန်နောက်ကျတာမျိုးလည်း နည်းတာကိုတွေ့ရပါတယ်။
ပိုအောင်မြင်ကြပါတယ်။
ကော်ဖီတစ်ခွက်သောက်လိုက်ရင် နေ့တစ်နေ့ကို ချက်ခြင်း မောင်းနှင်နိုင်ဖို့စွမ်းအားတွေ ရရှိလာပါတယ်။ သူများတွေ လေးလေးကွေးကွေးနဲ့ နေ့တစ်နေ့ကို စတင်ချိန်မှာ ကော်ဖီသောက်သူတွေက အရှိန်ပြင်းပြင်းနဲ့ တက်တက်ကြွကြွစတင်နိုင်ပါတယ်။
ဒါကြောင့် ကော်ဖီသောက်သူတွေက ပိုပြီးအောင်မြင်ကြပါတယ်။
ပန်းချီပညာရပ်ကို ဝါသနာပါပြီး လက်တွေ့ သင်ယူတတ်မြောက်ချင်ပါသလား ဒါမှမဟုတ် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောဆိုတတ်ပြီး အတော်ဆုံးဧည့်လမ်းညွှန် ဖြစ်ချင်ပါသလား။ sayar.com.mm ကိုသာ လှမ်းခဲ့လိုက်ပါ။
ဒီ link မှာ ရှိတဲ့ ဆရာ ဆရာမများနှင့်တိုက်ရိုက်ဆက်သွယ်ပြီး သင့်အိမ်မက်ကို အကောင်အထည်လိုက်ပါ။ သင်ကိုယ်တိုင် ဆရာတစ်ယောက်ဆိုရင်တော့ အခုပဲ register လုပ်လိုက်ပါ။
Credit:Myfoodmyanmar
Read times Last modified on Friday, 03 January 2020 10:43
Rate this articles
(2 votes)