×
Warning
JUser: :_load: Unable to load user with ID: 723
Lifestyle
Wednesday, 17 January 2018
အနောက်တိုင်းသားတွေ ကလေးကို ဒီလိုပျိုးထောင်ကြတယ်
အနောက်တိုင်းသားတွေ ကလေးကို ဒီလိုပျိုးထောင်ကြတယ် google.com
၎။ ကလေးတိုးတက်ချင်အောင် နိုးဆွပေးခြင်း၊
၇။ စည်းကမ်းတကျ ဖြစ်ပါစေ
[Unicode Version]
၁။ ရက်ရက်ရောရော ချီးမွမ်းပါ။
ကလေးကို များများအသိမမှတ်ပြုမှ၊ များများချီးမွမ်းပေးပါမှ ကလေးကိုယ့်ကိုကို ယုံကြည်ချက်မွေးထုတ် နိုင်မှာဖြစ်တယ်။ တကယ်လို့ ကလေးက ပညာသင်ကြားနေတာကို နေ့စဉ်နေ့တိုင်း တိုးတက်မူ ရှိတယ်လို့ ခံစားနေရမယ်။ အဲဒီခံစားချက်ကိုလည်း နှစ်နှစ်ချိုက်ချိုက် သဘောကျမယ်ဆိုရင် ကလေးကို ပျိုးထောင် ရတာ တော်တော်လွယ်ကူသွားပါပြီ။
၂။ ကလေး လေ့လာသင်ကြားနေတဲ့ ဘာသာရပ်အကြောင်းနဲ့ တကယ်ရရှိတဲ့ တိုးတက်မူကို ဂရုပြုခြင်း
တကယ်လို့ ကလေးဘာသင်ကြားနေတာကို မိဘအနေနဲ့ နားမလည်ခဲ့ရင်လည်း ကလေးကို စကားပြောသလိုလိုနဲ့ ရှင်းပြခိုင်းပါ။ သဘောကျပေးပါ။ အသိအမှတ်ပြုပေးပါ။
Recommended for you - အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် ဖုန်းမှာ ထည့်ထားသင့်တဲ့ application များ
၃။ ပြီးမြောက်လွယ်တဲ့ ရည်မှန်းချက် အငယ်စားမျိုးကို ကူညီချမှတ်ပေးပါ။
ကလေးတွေ ကိုယ့်ကိုကို တကယ်တတ်တာပဲ၊ တကယ်ပြီးမြောက်အောင်လုပ်နိုင်တာပဲ ဆိုတာကို ခံစားမိစေပါလိမ့်မယ်။
၄။ ကလေးတိုးတက်ချင်အောင် နိူးဆွပေးခြင်း၊
မိဘကသာ ကိုယ့်ကလေးကို အသိဆုံးဖြစ်ပါလိမ့်မယ်။ အကောင်းဆုံး အခွင့်အရေးကို အမိအရ ဖမ်းပြီး ကလေးကိုယ့်ကိုကို တိုးတက်ချင်စိတ်ရှိအောင် မကြာခဏနိူးဆွပေးသင့်ပါတယ်။ ကလေး ဘာကို စိတ်ဝင်စားသလဲ၊ ဘာကိုအားကျသလဲ၊ ဘာကိုအထင်ကြီးနေသလဲ၊ မိဘလိုချင်တဲ့လမ်းကြောင်း ရောက်အောင် ဘယ်လိုတည့်ပေးမလဲ။
၅။ ကလေးများရဲ့ စံပြ ဖြစ်ပါစေ
မိဘများဟာ ကလေးများရဲ့ စံပြဖြစ်ပါတယ်။ ကလေးကို ဖြစ်စေချင်တဲ့ ပုံစံ ကိုယ်ကိုတိုင်နေထိုင်ပြနိုင်ရင် အကောင်းဆုံးပါ။
၆။ ကလေးများရဲ့ ရှေ့မှာ ဆရာ၊ဆရာမကို လုံးဝ မဝေဖန်ခြင်း
ကလေးဆိုတာ ကိုယ်အထင်ကြီးတဲ့ ပုဂ္ဂိုလ်ဆီမှာ ပညာသင်မှ ပညာရမှာဖြစ်ပါတယ်။ ကလေးရှေ့မှာ မဆင်မခြင် ဆရာဆရာမတွေကို ဝေဖန်မိတယ်ဆိုရင် ကလေးများအတွက် ဆိုးကျိုး များစွာဖြစ်ပေါ် စေပါတယ်။
၇။ စည်းကမ်းတကျ ဖြစ်ပါစေ
ကလေးများ စည်းကမ်းရှိဖို့ အိမ်ကနေ လေ့ကျင့်ပေးဖို့ လိုပါတယ်။
Recommended for you - သိန်းတစ်ထောင်ကျော် ($80,000) ချီးမြှင့်မည့် ဗြိတိသျှကောင်စီမှ IELTS Prize
၈။ တာဝန်ယူစိတ်ကို မွေးထုတ်ပေးခြင်း
ကိုယ်လုပ်ရဲရင် ကိုယ်တာဝန်ယူရဲတဲ့ စိတ်ဓါတ် မွေးထုတ်ပေးထားရမှာဖြစ်ပါတယ်။ တစ်ခုခု ကိုတာဝန် ယူထားတယ်ဆိုရင် ပြီးမြောက်အောင်လုပ်ဆောင်ဖို့ တာဝန်ရှိတယ်ဆိုတာကို ငယ်စဉ်ကတဲက သင်ကြားပေးထားရမှာဖြစ်ပါတယ်။
၉။ ကလေးများ မေးခွန်းများများမေးတတ်ပါစေ။
မေးတတ်ခြင်းဟာ ဖြေဆိုတတ်ခြင်းထက် များစွာပိုမို အရေးပါအရာရောက်တဲ့ခေတ်ကြီးရောက်လို့ နေပါပြီ။ မေးခွန်းသာ မေးတတ်ပါစေ၊ အဖြေ ဘယ်မှာရှာရှာ ဆိုတဲ့ ခေတ်ကြီး ရောက်ရှိလို့နေပါပြီ။
၁၀။ ကျောင်းတက်တာကို အလေးအနက်ထားစေခြင်း
ကျောင်းမှန်မှန်တက် စာမခက် ဆိုတဲ့သဘောပါ။ ကျောင်းကိုအလေးအနက်ထားမှ ကျောင်းပျော်ဖြစ် လာမှာပါ။ ကျောင်းပျော်ဖြစ်လာမှ ပညာပျော်ဖြစ်လာမှာပါ။
သင့်ကလေးပညာရေးအတွက် အနီးကပ်အိမ်မှာ guide လုပ်ပေးနိုင်မယ့် ဆရာ ဆရာမကို ရှာဖွေနေပါသလား စိတ်မပူပါနဲ့ ကျွန်တော်တို့ sayar.com.mm နဲ့ လက်တွဲထားတဲ့ ဆရာ ဆရာမတွေကို ဒီ link မှာ ဝင်ရောက်ကြည့်ရှုပြီး သင်ကလေးနှင့် အဆင်ပြေသည့်ဆရာဆီသို့ တိုက်ရိုက်ဆက်သွယ်ပြီး သင်ကြားမှုကို စတင်နိုင်ပါပြီ။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဆိုရင်တော့ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Credit : sayar aungkolatt
Read times Last modified on Friday, 03 January 2020 14:13
Rate this articles
(1 Vote)