×
Warning
JUser: :_load: Unable to load user with ID: 723
Success
Friday, 26 January 2018
ကိုယ့်ဘဝကို အားမရတဲ့အချိန်မှာ တွေးရမယ့် အတွေး ၅ ခု
ကိုယ့်ဘဝကို အားမရတဲ့အချိန်မှာ တွေးရမယ့် အတွေး ၅ ခု google.com
၂။ မရောင်ရဲတတ်ခြင်း
Recommended for you - 
၅။ ပျော်အောင်နေပါ
Credit: yoyarlay
[Unicode Version]
ဘဝကို အကောင်းဆုံးတည်ဆောက်ဖို့ ကြိုးစားနေပေမယ့်လည်း ကိုယ့်မျှော်မှန်းထားသည့်အတိုင်း မဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်အားမရတာမျိုးတွေ ကြုံနိုင်ပါတယ်။ ကိုယ့်ဘဝကို စိတ်ပျက်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ဘဝကို အားမရတဲ့အချိန်မှာ တွေးရမယ့် အတွေးတွေကို ဖော်ပြပေး လိုက်ပါတယ်။
၁။ ကြိုးစားတဲ့ သူတိုင်းအတွက် နေရာတစ်ခု ရှိတယ်
မိမိကိုယ်ကိုယ် အားမရဘူးဆိုတာဟာ အခြားသူတွေနဲ့ နှိုင်းယှဉ်နေလို့ပါပဲ။ နှိုင်းယှဉ်ပါ။ သို့သော် ကိုယ်လုပ်နိုင်တဲ့ အလုပ်ကိုယ်ပဲ အကောင်းဆုံးလုပ်ပါ။ ကြိုးစားပါ။ သူများတွေနဲ့ အရမ်းကြီး နှိုင်းယှဉ်တာဟာ မိမိစိတ်ကို ပိုပြီး အားငယ်စေပါလိမ့်မယ်။
၂။ မရောင်ရဲတတ်ခြင်း
တစ်ခုခုဆိုရင် အရမ်းချမ်းသာတဲ့ သူတွေနဲ့ ယှဉ်ပြီးတော့ မိမိဘဝကို အားမရဖြစ်တတ်တပါတယ်။ ဒါဟာလည်း မိမိရှိတဲ့ ပစ္စည်းဥစ္စာတွေနဲ့ အတူ မရောင်ရဲတတ်တာကြောင့်ပါ။ ကြိုးစား ရှာဖွေပါ။ သို့သော် ရရှိလာတဲ့ ရလာဒ်ကို ရောင်ရဲတတ်မှသာလျှင် စိတ်ချမ်းသာစေပါလိမ့်မယ်။
Recommended for you - သွေးလှူလို့ရတဲ့ ဒေါ်လာ ၃၀ နဲ့ ဘဝကို ခက်ခက်ခဲခဲ လျှောက်လှမ်းလာခဲ့ရတဲ့ သန်းကြွယ်သူဌေး တစ်ယောက်အကြောင်း
၃။ ကိုယ့်ထက် နိမ့်ကျတဲ့ ဘဝတွေ
ကိုယ့်ဘဝကို အားမရတဲ့ အချိန်မှာ ကိုယ့်ထက် နိမ့်ကျနေတဲ့ ဘဝလေးတွေကိုလည်း တစ်ခါတစ်လေ ပြန်ကြည့်သင့်တယ်။ ဒါမှ မိမိဟာ ဘယ်အနေအထားမှာ ရှိနေတယ်ဆိုတာကို သိရှိစေပါလိမ့်မယ်။
၄။ ရမ်းပြီး အားမကျမိစေနဲ့
မိမိပိုင်ဆိုင်မူ နည်းလို့ ကိုယ့်ဘဝကိုယ် အားမရ ဖြစ်နေချိန်မှာ ပိုင်ဆိုင်မူ များတဲ့ သူတွေ မြင်ပြီး ရမ်းပြီး အားကျဖို့ မလိုအပ်ပါတယ်။ အားကျတယ် ဆိုတာ ကောင်းတဲ့ အားကျမူ ရှိသလို မကောင်းတဲ့ အားကျမူလည်း ရှိပါတယ်။ ရိုးသားစွာ ရှာဖွေပြီး ကြိုးစားစွာ အလုပ်လုပ်ကိုင်တဲ့ သူတွေကိုသာ အားကျတာ အကောင်းဆုံး ဖြစ်ပါတယ်။
၅။ ပျော်အောင်နေပါ
ဘဝမှာ ပျော်အောင်နေတတ် ဖို့က အရေးကြီးပါတယ်။ ချမ်းသာသည် ဖြစ်စေ ဆင်းရဲသည် ဖြစ်စေ ပျော်အောင် နေတတ်ဖို့ လိုပါတယ်။ ဒါကြောင့် မိမိဟာလည်း ကိုယ့်ဘဝကို အားမရချိန်မှာ ပျော်အောင် နေပါ။ နေတတ်အောင်လည်း ကြိုးစားပါ။
Credit: yoyarlay
Read times Last modified on Friday, 03 January 2020 14:23
Rate this articles
(1 Vote)