×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 30 January 2018

"ေက်ာင္းသားမ်ား စာေမးပြဲ ထူးခၽြန္စြာ ေအာင္ျမင္ႏိုင္ရန္ အေလးေပး လုပ္ေဆာင္ရမည့္ အခ်က္မ်ား"

"ေက်ာင္းသားမ်ား စာေမးပြဲ ထူးခၽြန္စြာ ေအာင္ျမင္ႏိုင္ရန္ အေလးေပး လုပ္ေဆာင္ရမည့္ အခ်က္မ်ား" google.com

စာေမးပြဲေတြလည္း နီးလာျပီဆိုေတာ့ ေက်ာင္းသူ ေက်ာင္းသားေတြအေနနဲ႕ စာေမးပြဲမွာ ထူးထူးခြ်န္ခြ်န္ေအာင္ျမင္ဖုိ႔ လုိက္နာရမယ့္ အခ်က္အလက္ေလးေတြကုိ ေဖာ္ျပေပး လိုက္ပါတယ္။

၁. ရည္မွန္းခ်က္ျမင့္ျမင့္မားမားထားပါ

ေက်ာင္းသား၊ ေက်ာင္းသူမ်ားဟာ ရည္မွန္းခ်က္ထားရာတြင္ ျမင့္ျမင့္မားမားထားရန္ လိုအပ္ေၾကာင္း သတိေပးလိုပါတယ္။ ေအာင္ရုံျဖင့္ ေတာ္ပါၿပီဆုိတဲ့ ရည္ရြယ္ခ်က္မ်ိဳး မထားသင့္ပါ။ မိမိေလ့လာသင္ၾကား ေနရေသာ ဘာသာရပ္မ်ားကို ထူးခၽြန္စြာ ေအာင္ျမင္ေရး ရည္မွန္းခ်က္မ်ိဳးထားရန္ လိုအပ္လွပါတယ္။

 

 

၂. ေအာင္ျမင္လိုစိတ္ ေမြးျမဴပါ

လူတုိင္း ေအာင္ျမင္လိုသည့္ စိတ္ဆႏၵမရွိဘဲ ေအာင္ျမင္မႈကို ရမည္မဟုတ္ပါ။ ေအာင္ျမင္လိုစိတ္ရွိသူသာ ေနာက္ဆက္တြဲ လုပ္ငန္းအျဖစ္ ႀကိဳးစားအားထုတ္မႈ ပါလာမည္ ျဖစ္ၿပီး ေအာင္ျမင္မႈမ်ားကို ဆြတ္ခူးႏိုင္မည္ ျဖစ္ပါတယ္။ မည္သည့္အလုပ္ မဆုိ ေအာင္ျမင္လိုစိတ္ရွိလာပါက မဆုတ္မနစ္ေသာ ဇြဲလုံ႔လျဖင့္ ႀကိဳးစားေဆာင္ရြက္ ကာ ေအာင္ျမင္မႈ ရရွိလာမည္ ျဖစ္ပါတယ္။

 

Recommended for you - ေက်ာင္းပညာေရးထက္ အေရးႀကီးေသာ အရည္အေသြးမ်ား

 

၃. အတုယူဖြယ္၊ အားက်စရာမ်ား ထားရွိပါ

သတင္းစာမ်ားတြင္ စာေမးပြဲတြင္ တစ္ႏိုင္ငံလုံးအဆင့္ (၁) မွ (၁၀) အတြင္း ရရွိသူမ်ား အား ဂုဏ္ျပဳဆုခ်ီးျမွင့္ေပးသည့္ သတင္းဓာတ္ပုံမ်ားပါလာသည္ကို အတူယူ အားက်ရ မည္ ျဖစ္ပါတယ္။

 

 

၄. ေလ့က်င့္ေရးကြင္းကို အတိအက် သိရွိအသုံးခ်ပါ

စာေပပညာမ်ားသင္ၾကားရာတြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ သင္ယူတတ္ေျမာက္ မႈကို အခန္းဆုံးစစ္ေဆးျခင္း၊ လပတ္စစ္ေဆးျခင္း၊ ႏွစ္၀က္စစ္ေဆးျခင္း၊ အႀကိဳစစ္ေဆး ျခင္း စသည္တို႔ျဖင့္ တတ္ေျမာက္မႈ အရည္အေသြးကို စစ္ေဆးလ်က္ရွိပါတယ္။ ထုိသို႔ စစ္ေဆးျခင္းကို တေလးတစားႀကိဳးစားေျဖဆုိသူမ်ားရွိသလို အေလးမထား ၿပီးသလုိ ေျဖဆိုသူမ်ားလည္း ရွိတတ္ပါတယ္။ တတ္ေျမာက္မႈစစ္ေဆးျခင္းမ်ားဟာ မိမိအတြက္ အေလ့အက်င့္ေကာင္းတစ္ခု ျဖစ္ေနတယ္ဆိုတာ သတိျပဳရမည္ ျဖစ္ပါတယ္။

 

 

၅. စာၾကည့္သည့္ပုံစံ နည္းလမ္းမွန္ပါေစ

ေက်ာင္းသားအမ်ားစုဟာ စာေလ့လာသည့္ပုံစံ မွန္ကန္ရန္ လိုအပ္ပါတယ္။ အခ်ိန္ျဖင့္ ေလ့လာပိုင္းျဖတ္ စာၾကည့္ၾကသူမ်ားသည္ တစ္ခါတစ္ရံ ေလလြင့္ဆုံးရႈံးမႈမ်ား ရွိႏိုင္ပါ တယ္။ စာၾကည့္စားပြဲတြင္ စထုိင္ကတည္းက မည္သည့္ ဘာသာရပ္ၾကည့္မလဲ စဥ္းစားရင္း အခ်ိန္ကုန္လြန္မႈမ်ိဳး၊ စာၾကည့္ခ်ိန္ရွိေနေသးတယ္ဟု မွတ္ယူျခင္းမ်ိဳးျဖင့္ တန္ဖိုးရွိေသာ အခ်ိန္ကို ျဖဳန္းတီးတတ္မႈမ်ိဳး ျဖစ္တတ္ပါတယ္။ ဘာသာရပ္တစ္ခုကို သတ္သတ္မွတ္မွတ္ျဖင့္ မည္သည့္ သင္ခန္းစာ၊ မည္သည့္အခန္းကို ယေန႔က်က္မွတ္ ေလ့လာမည္ဟု ပိုင္းျဖတ္က်က္မွတ္သင့္ပါတယ္။

 

Recommended for you - ေက်ာင္းသားဘ၀မွာ ကတည္းက လုပ္ငန္းခြင္ skill ေတြ တိုးတက္လာေအာင္ ဘယ္လိုလုပ္ၾကမလဲ။

 

၆. စိတ္ပူပင္မႈ မမ်ားပါေစနဲ႔။

စာေမးပြဲတစ္ခုေျဖဆိုေတာ့မည္ဆိုလွ်င္ စိတ္ပူပန္မႈျဖစ္သည္မွာ သဘာ၀ပင္ျဖစ္ပါတယ္။ မိမိမသိေသးေသာ၊ မေလ့လာ မက်က္မွတ္ရေသးေသာ သင္ခန္းစာအတြက္ ႀကိဳးစား လုပ္ေဆာင္ရဦးမွာပါ့လား၊ အစီအစဥ္တက် မွတ္သားေလ့လာရမွာပါလား ဆိုသည့္ စိတ္ပူပင္မႈမ်ိဳးသည္ ႀကိဳးစားလိုေသာစိတ္ကို အားေပးသည့္ ေကာင္းေသာ သဘာ၀ပင္ ျဖစ္ပါတယ္။

 

 

၇. ေမးခြန္းေဟာင္းမ်ားနဲ႔ စံျပအေျဖမ်ားကို ေလ့လာပါ။

မိမိေလ့လာက်က္မွတ္ရမည့္ သင္ခန္းစာမ်ား အျပည့္အစုံေလ့လာက်က္မွတ္ၿပီးရုံႏွင့္ ထူးခၽြန္စြာ ေအာင္ျမင္ရန္ မလုံေလာက္ေသးပါ။ စာေမးပြဲတြင္ ေမးေလ့ေမးထရွိေသာ ပုံစံ၊ စာစစ္သူမ်ား၏ အမွတ္ေပးစည္းမ်ဥ္းႏွင့္ ကုိက္ညီေအာင္ ေျဖဆိုထားမႈတုိ႔ကို သိရွိထားရန္ လုိအပ္ပါတယ္။

 

 

၈. စာေမးပြဲခန္းတြင္းေရာက္လွ်င္ စနစ္တက် လုပ္ေဆာင္ပါ။

စာေမးပြဲေျဖရာတြင္ လုိအပ္သည့္ စာေမးပြဲေျဖဆုိခြင့္ကတ္ျပား၊ ေဘာပင္၊ ခဲတံ၊ ေပတံ စသည္တို႔ကို အိမ္မွ မထြက္ခြာခင္ကတည္းက ျပည့္စုံေအာင္ စုစည္းယူေဆာင္ရန္ လိုပါတယ္။ စာေမးပြဲအတြက္ ႀကိဳတင္ျပင္ဆင္မႈ ျပဳထားသူအတြက္ စာေမးပြဲခန္းသည္ ေၾကာက္ေနစရာမဟုတ္ပါ။ မိမိတတ္သိထားသမွ် အစြမ္းျပရမည့္ ေနရာျဖစ္ပါတယ္။ စိတ္တည္ၿငိမ္စြာျဖင့္ စာေမးပြဲခန္းအတြင္း ၀င္ေရာက္ႏိုင္ရမည္ ျဖစ္ပါတယ္။

ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔ စိတ္၀င္စားေသာ မည္သည့္ဘာသာရပ္မ်ား ကိုမဆို သင္ၾကားလိုပါက Sayar.com.mm တြင္ ရွိေသာ ဆရာမ်ားနဲ႔ တုိက္ရိုက္ ဆက္သြယ္ႏိုင္ပါတယ္။

ဆရာ၊ ဆရာမမ်ားသည္ မိမိသင္ၾကားေနသည့္ ဘာသာရပ္မ်ားကိုလည္း sayar.com.mm တြင္ အခမဲ့ register ျပဳလုပ္ႏိုင္ပါတယ္။

 

 

[Unicode Version]

စာမေးပွဲတွေလည်း နီးလာပြီဆိုတော့ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ စာမေးပွဲမှာ ထူးထူးချွန်ချွန်အောင်မြင်ဖို့ လိုက်နာရမယ့် အချက်အလက်လေးတွေကို ဖော်ပြပေး လိုက်ပါတယ်။

 

၁. ရည်မှန်းချက်မြင့်မြင့်မားမားထားပါ

ကျောင်းသား၊ ကျောင်းသူများဟာ ရည်မှန်းချက်ထားရာတွင် မြင့်မြင့်မားမားထားရန် လိုအပ်ကြောင်း သတိပေးလိုပါတယ်။ အောင်ရုံဖြင့် တော်ပါပြီဆိုတဲ့ ရည်ရွယ်ချက်မျိုး မထားသင့်ပါ။ မိမိလေ့လာသင်ကြား နေရသော ဘာသာရပ်များကို ထူးချွန်စွာ အောင်မြင်ရေး ရည်မှန်းချက်မျိုးထားရန် လိုအပ်လှပါတယ်။

 

 

၂. အောင်မြင်လိုစိတ် မွေးမြူပါ

လူတိုင်း အောင်မြင်လိုသည့် စိတ်ဆန္ဒမရှိဘဲ အောင်မြင်မှုကို ရမည်မဟုတ်ပါ။ အောင်မြင်လိုစိတ်ရှိသူသာ နောက်ဆက်တွဲ လုပ်ငန်းအဖြစ် ကြိုးစားအားထုတ်မှု ပါလာမည် ဖြစ်ပြီး အောင်မြင်မှုများကို ဆွတ်ခူးနိုင်မည် ဖြစ်ပါတယ်။ မည်သည့်အလုပ် မဆို အောင်မြင်လိုစိတ်ရှိလာပါက မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးစားဆောင်ရွက် ကာ အောင်မြင်မှု ရရှိလာမည် ဖြစ်ပါတယ်။

 

Recommended for you - ကျောင်းပညာရေးထက် အရေးကြီးသော အရည်အသွေးများ

 

၃. အတုယူဖွယ်၊ အားကျစရာများ ထားရှိပါ

သတင်းစာများတွင် စာမေးပွဲတွင် တစ်နိုင်ငံလုံးအဆင့် (၁) မှ (၁၀) အတွင်း ရရှိသူများ အား ဂုဏ်ပြုဆုချီးမြှင့်ပေးသည့် သတင်းဓာတ်ပုံများပါလာသည်ကို အတူယူ အားကျရ မည် ဖြစ်ပါတယ်။

 

 

၄. လေ့ကျင့်ရေးကွင်းကို အတိအကျ သိရှိအသုံးချပါ

စာပေပညာများသင်ကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက် မှုကို အခန်းဆုံးစစ်ဆေးခြင်း၊ လပတ်စစ်ဆေးခြင်း၊ နှစ်ဝက်စစ်ဆေးခြင်း၊ အကြိုစစ်ဆေး ခြင်း စသည်တို့ဖြင့် တတ်မြောက်မှု အရည်အသွေးကို စစ်ဆေးလျက်ရှိပါတယ်။ ထိုသို့ စစ်ဆေးခြင်းကို တလေးတစားကြိုးစားဖြေဆိုသူများရှိသလို အလေးမထား ပြီးသလို ဖြေဆိုသူများလည်း ရှိတတ်ပါတယ်။ တတ်မြောက်မှုစစ်ဆေးခြင်းများဟာ မိမိအတွက် အလေ့အကျင့်ကောင်းတစ်ခု ဖြစ်နေတယ်ဆိုတာ သတိပြုရမည် ဖြစ်ပါတယ်။

 

 

၅. စာကြည့်သည့်ပုံစံ နည်းလမ်းမှန်ပါစေ

ကျောင်းသားအများစုဟာ စာလေ့လာသည့်ပုံစံ မှန်ကန်ရန် လိုအပ်ပါတယ်။ အချိန်ဖြင့် လေ့လာပိုင်းဖြတ် စာကြည့်ကြသူများသည် တစ်ခါတစ်ရံ လေလွင့်ဆုံးရှုံးမှုများ ရှိနိုင်ပါ တယ်။ စာကြည့်စားပွဲတွင် စထိုင်ကတည်းက မည်သည့် ဘာသာရပ်ကြည့်မလဲ စဉ်းစားရင်း အချိန်ကုန်လွန်မှုမျိုး၊ စာကြည့်ချိန်ရှိနေသေးတယ်ဟု မှတ်ယူခြင်းမျိုးဖြင့် တန်ဖိုးရှိသော အချိန်ကို ဖြုန်းတီးတတ်မှုမျိုး ဖြစ်တတ်ပါတယ်။ ဘာသာရပ်တစ်ခုကို သတ်သတ်မှတ်မှတ်ဖြင့် မည်သည့် သင်ခန်းစာ၊ မည်သည့်အခန်းကို ယနေ့ကျက်မှတ် လေ့လာမည်ဟု ပိုင်းဖြတ်ကျက်မှတ်သင့်ပါတယ်။

 

Recommended for you - ကျောင်းသားဘဝမှာ ကတည်းက လုပ်ငန်းခွင် skill တွေ တိုးတက်လာအောင် ဘယ်လိုလုပ်ကြမလဲ။

 

၆. စိတ်ပူပင်မှု မများပါစေနဲ့

စာမေးပွဲတစ်ခုဖြေဆိုတော့မည်ဆိုလျှင် စိတ်ပူပန်မှုဖြစ်သည်မှာ သဘာဝပင်ဖြစ်ပါတယ်။ မိမိမသိသေးသော၊ မလေ့လာ မကျက်မှတ်ရသေးသော သင်ခန်းစာအတွက် ကြိုးစား လုပ်ဆောင်ရဦးမှာပါ့လား၊ အစီအစဉ်တကျ မှတ်သားလေ့လာရမှာပါလား ဆိုသည့် စိတ်ပူပင်မှုမျိုးသည် ကြိုးစားလိုသောစိတ်ကို အားပေးသည့် ကောင်းသော သဘာဝပင် ဖြစ်ပါတယ်။

 

 

၇. မေးခွန်းဟောင်းများနဲ့ စံပြအဖြေများကို လေ့လာပါ

မိမိလေ့လာကျက်မှတ်ရမည့် သင်ခန်းစာများ အပြည့်အစုံလေ့လာကျက်မှတ်ပြီးရုံနှင့် ထူးချွန်စွာ အောင်မြင်ရန် မလုံလောက်သေးပါ။ စာမေးပွဲတွင် မေးလေ့မေးထရှိသော ပုံစံ၊ စာစစ်သူများ၏ အမှတ်ပေးစည်းမျဉ်းနှင့် ကိုက်ညီအောင် ဖြေဆိုထားမှုတို့ကို သိရှိထားရန် လိုအပ်ပါတယ်။

 

 

၈. စာမေးပွဲခန်းတွင်းရောက်လျှင် စနစ်တကျ လုပ်ဆောင်ပါ

စာမေးပွဲဖြေရာတွင် လိုအပ်သည့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား၊ ဘောပင်၊ ခဲတံ၊ ပေတံ စသည်တို့ကို အိမ်မှ မထွက်ခွာခင်ကတည်းက ပြည့်စုံအောင် စုစည်းယူဆောင်ရန် လိုပါတယ်။ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှု ပြုထားသူအတွက် စာမေးပွဲခန်းသည် ကြောက်နေစရာမဟုတ်ပါ။ မိမိတတ်သိထားသမျှ အစွမ်းပြရမည့် နေရာဖြစ်ပါတယ်။ စိတ်တည်ငြိမ်စွာဖြင့် စာမေးပွဲခန်းအတွင်း ၀င်ရောက်နိုင်ရမည် ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များ ကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

 

 

Source: kyaymone

Read times Last modified on Monday, 30 December 2019 16:34
Rate this articles
(3 votes)