×

Warning

JUser: :_load: Unable to load user with ID: 723


Language

Wednesday, 07 February 2018

သင္သိဖို႔ လိုအပ္မည့္ အဂၤလိပ္ စကားေျပာ ဥပေဒ ၅ ခ်က္

သင္သိဖို႔ လိုအပ္မည့္ အဂၤလိပ္ စကားေျပာ ဥပေဒ ၅ ခ်က္ google.com

၁။ အဂၤလိပ္ grammar ကို အမ်ားၾကီး မေလ့လာပါႏွင့္။

ဒီအခ်က္ဟာ အဂၤလိပ္စာ ေလ့လာသူေတြအတြက္ ထူးဆန္းေနပါတယ္။ ဒါေပမယ့္  အဂၤလိပ္ စကားေျပာရာ မွာ အေရးအၾကီးဆံုး အခ်က္ပါပဲ။

သင္စာေမးပြဲ ေအာင္ဖို႕ဆိုရင္ေတာ့ အဂၤလိပ္ grammar ကို တတ္ဖို႕လို ပါလိမ့္မယ္။ သို႕ေသာ္လည္း အဂၤလိပ္ စကားကို ကၽြမ္းက်င္စြာ ေျပာတတ္ခ်င္ရင္ေတာ့ အဂၤလိပ္စာကို grammar မပါပဲ ေလ့လာသင့္ပါတယ္။ အဂၤလိပ္ grammar ေလ့လာျခင္းဟာ သင့္ကို ေႏွးေကြးေစျပီး ရွဳပ္ေထြးေစပါတယ္။ သင္စာေၾကာင္းေတြကို တည္ေဆာက္တဲ့အခါမွာ အဂၤလိပ္ grammar rule ေတြကို စဥ္းစားမိတာ မို႕လို႕ ျဖစ္ပါတယ္။ အမွန္ေတာ့ ကၽြန္ေတာ္တို႕က အလိုအေလွ်ာက္ ေျပာတတ္ခ်င္တာပါ။ Native speaker  ေတြဟာ အဂၤလိပ္ grammar ကို ၂၀ ရာခိုင္ႏွုန္းေလာက္ပဲ တတ္ၾကပါတယ္။ အဂၤလိပ္စာ ေက်ာင္းသားေတြက english grammar ကို  native speaker ေတြထက္ ပိုတတ္ၾကပါတယ္။

၂။ phrases ေတြကို ေလ့လာပါ။ 

ေက်ာင္းသားအမ်ားစုဟာ စကားလံုးေတြကို ေကာင္းမြန္ေသာ စာေၾကာင္းမ်ား တည္ေဆာက္ရာမွာေ၀ါဟာရ အမ်ားအျပားကို ေလ့လာၾကပါတယ္။ ဒါေပမယ့္ သူတို႔ဟာ ေကာင္းေကာင္း မတည္ေဆာက္ႏိုင္ၾကပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ phrases ( အသံုးအႏွဳန္း) ေတြကို မေလ့လာလိုု႕ပါပဲ။ကေလးေတြ စကားသင္ ယူ ခ်ိန္မွာ သူတို႔ဟာ စာလံုးေတြနဲ႔ အသံုးအႏွဳန္းေတြကို တျပိဳင္နက္ သင္ယူၾကပါတယ္။ သင္အဂၤလိပ္စာလံုး ၁၀၀၀ သိရံုမွ်ျဖင့္ မွန္ကန္ေသာ အဂၤလိပ္စာေၾကာင္းတစ္ခုကို ေျပာႏိုင္လိမ့္မည္မဟုတ္ပါ။သို႕ေသာ္..phrase တစ္ခုကို သိရံုမွ်ျဖင့္ မွန္ကန္ေသာ စာေၾကာင္း၁၀၀၀ ကို သင္ျပဳလုပ္ႏိုင္ပါတယ္။ မွန္ကန္ေသာ စာေၾကာင္း ဘယ္ေလာက္ေျပာႏိုင္လဲဆိုတာ သင္အံၾသသြားပါလိမ့္မယ္။ phrases  ၁၀၀၀ ေလာက္သိရင္ေတာ့အဂၤလိပ္ စကားကို ကၽြမ္းက်င္စြာ ေျပာတတ္ပါျပီ။ ဒါေၾကာင့္ words ေတြကို ေလ့လာရင္ phrases ေတြကို တစ္ခါ တည္း ေလ့လာသင့္ပါတယ္။

အဂၤလိပ္ စာေၾကာင္းေတြကို ျပဳလုပ္ရာတြင္ အဂၤလိပ္စာလံုးတိုင္းကို mother tongue ျဖင့္ ဘာသာျပန္မိပါ လိမ့္မည္။ စာေၾကာင္း တည္ေဆာက္ရာတြင္ ဘာသာျပန္ျခင္းႏွင့္ english grammar rules ေတြကို ေတြး ေတာျခင္းသည္..အဂၤလိပ္စာ စကားေျပာေလ့က်င့္သူမ်ားအတြက္ ေရွာင္ရွားရမည့္ အခ်က္ျဖစ္ပါတယ္။ 

Recommended for you - မွန္ၾကည့္တတ္ျပီလား ???

၃။ အဂၤလိပ္စာ ဖတ္ျခင္း နားေထာင္ျခင္း ျဖင့္ မလံုေလာက္ပါ။ သင့္နားမွၾကားေသာ အရာမ်ားကို ျပန္ေျပာၾကည့္ပါ။ 

ဖတ္ျခင္း ေရးျခင္း  နားေထာင္ျခင္းႏွင့္ ေျပာျခင္းသည္ ဘာသာစကားတိုင္းတြင္ အေရးၾကီးေသာ အခ်က္မ်ား ျဖစ္ပါတယ္။ ဒီအခ်က္ထဲမွာမွ စကားေျပာျခင္းဟာ ပထမ လိုအပ္ခ်က္ပါ။ ကေလးေတြလိုပါပဲ။ သူတို႕ဟာ စကားေျပာႏိုင္ဖို႕ အရင္ေလ့က်င့္ပါတယ္။ စကားေျပာ ကြ်မ္းက်င္ေတာ့မွ ဖတ္ျခင္းနဲ႕ေရးျခင္းကို ေလ့က်င့္ ၾကပါတယ္။သဘာ၀ အစီစဥ္အတိုင္းဆိုရင္ေတာ့ နားေထာင္ျခင္း ေျပာျခင္း ဖတ္ျခင္းနွင့္ ေရးျခင္းပါပဲ။

သို႕ေသာ္ ကမာၻေပၚတြင္ရွိေသာ အဂၤလိပ္စကားေျပာ သင္ေက်ာင္းတိုင္းတြင္ ဖတ္ျခင္းျဖင့္ အစျပဳျပီး ေရးျခင္း နားေထာင္ျခင္းႏွင့္ ေျပာျခင္း ျဖင့္ သင္ၾကားေနသည္မွာ ထူးဆန္းသလို ျဖစ္မေနေပဘူးလား။ထူးဆန္းသလို ျဖစ္ေနပါတယ္။ အဓိက အခ်က္ကေတာ့ သင္သည္ ဘာသာစကားတစ္ခုကို ဒုတိယ ဘာသာစကားတစ္ခု အျဖစ္ သင္ယူတဲ့ေနရာမွာ အသံုးအႏွဳန္းေတြကို နားလည္ေစဖို႕ အရင္ဦးဆံုး ဖတ္ရပါလိမ့္မယ္။သဘာ၀ အစီအစဥ္အရ နားေထာင္ျခင္း ေျပာျခင္း ဖတ္ျခင္း ႏွင့္ ေရးျခင္းတို႕ ျဖစ္ေသာ္ ျငားလည္း ဒုတိယ ဘာသာ စကားအျဖစ္ သင္ယူသူမ်ားအတြက္ အစီအစဥ္ကေတာ့ ဖတ္ျခင္း နားေထာင္ျခင္း ေျပာျခင္းႏွင့္ ေရးျခင္း တို႕ပါပဲ။ 

အဂၤလိပ္စာ ေလ့လာသူ အမ်ားအျပားဟာ အဂၤလိပ္စာကို ေရးႏိုင္ၾကပါတယ္.ဖတ္ႏိုင္ၾကပါတယ္။ စကား ေျပာ ကၽြမ္းက်င္ဖို႕အတြက္ ကၽြန္ေတာ္တို႕ဟာ ေျပာတတ္ဖို႕ ေလ့က်င့္ရပါလိမ့္မယ္။ နားေထာင္ယံုမွ်ျဖင့္ မလံုေလာက္ပါ။ မည္သည့္အင္အားမွ စိုက္ထုတ္စရာမလုိပဲ  ဦးေႏွာက္ႏွင့္ ပါးစပ္က အလိုအေလွ်ာက္ ေျပာႏိုင္ဖို႕ သင့္နားမွၾကားေသာ အရာမ်ားကို ျပန္ေျပာျခင္းျဖင့္ ေလ့က်င့္ေပးရပါလိမ့္မယ္။ ယခု အခ်က္ကို ပံုမွန္ေလ့က်င့္ေပးျခင္းအားျဖင့္ အဂၤလိပ္စကားေျပာ ကို ကၽြမ္းက်င္စြာ ေျပာတတ္လာပါလိမ့္မယ္။

၄။ မိမိကိုယ္ကို လႊမ္းမိုးပါ။ 

ဘာသာစကားတစ္ခု ေျပာႏိုင္ျခင္း ဟာ သင္ဘယ္ေလာက္ smart ျဖစ္သလဲဆိုတာနဲ႕ မပတ္သက္ေနပါ။ မည္သူမဆို မည္သည့္စကားကို လြတ္လပ္စြာ သင္ယူႏိုင္ပါတယ္။ မည္သူမဆို အနည္းဆံုး ဘာသာစကား တစ္ခု ေျပာတတ္ၾကပါတယ္။ သင္ ညဏ္ေကာင္းေကာင္း မေကာင္းေကာင္း ဘာသာစကားတစ္ခုေတာ့ ေျပာႏိုင္ပါတယ္။ သင့္ ပတ္၀န္းက်င္မွာ အဂၤလိပ္စကား ေကာင္းမြန္စြာ ေျပာႏိုင္ေသာ သူမ်ားကို သတိထား ေကာင္း ထားမိမွာပါ။ သူတို႕ဟာ အဂၤလိပ္စကားေျပာ ေက်ာင္းကေန ေလ့လာခဲ့ၾကလို႔ပါပဲ။ သူတို႕သည္ အဂၤလိပ္စကား ကို ေကာင္းမြန္စြာ ေျပာႏိုင္ၾကပါလိမ့္မယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႕ ရဲ႕ေဘးမွာ အဂၤလိပ္စကား ေျပာတတ္ေသာ သူမ်ားျဖင့္ အဆက္မျပတ္၀န္းရံေနၾကလို႕ပါပဲ။ 

သင္အဂၤလိပ္စကား ကၽြမ္းက်င္စြာ ေျပာႏိုင္ဖို႕ ဘယ္ကိုမွ သြားစရာမလိုပါ။ သင့္ေဘးမွာ အဂၤလိပ္ စကား ေျပာတတ္ေသာ သူငယ္ခ်င္း တစ္ေယာက္သာ လိုအပ္ပါတယ္။ အျပန္အလွန္ေျပာေပးျခင္းျဖင့္ အဂၤလိပ္ စကားေျပာ တိုးတက္ႏိုင္ပါတယ္။ audio  lesson မ်ား နားေထာင္ျခင္းအားျဖင့္ listening ကို ေလ့က်င့္ႏိုင္ ပါတယ္။ သင့္ပတ္၀န္းက်င္ကို အနည္းငယ္ ေျပာင္းလဲေပးရံုမွ်ျဖင့္ အဂၤလိပ္စကားေျပာ  အဆေပါင္းမ်ားစြာ တိုးတက္လာသည္ကို သင္ဂရုျပဳမိမွာပါ။

 Recommended for you - ပညာသင္ဆု ရရွိဖို႔ ဘယ္လုိျပင္ဆင္ထားရမလဲ

၅။ မွန္ကန္ေသာ အရာမ်ားကိုသာ ေလ့လာပါ။ 

PRACTICE MAKES PERFECT တဲ့။ မွန္ပါလိမ့္မယ္။ သုိ႕ေသာ္..မွားယြင္းေသာ ေလ့လာမႈၾကီးဆိုရင္ေတာ့ မွားယြင္းေသာ ျပည့္စံုမႈၾကီးသာ ျဖစ္ေနေပလိမ့္မယ္။ လူအမ်ားစုဟာ News ေတြကို ေလ့လာ ေလ့ရွိၾက ပါတယ္။ သို႕ေသာ္လည္း ထိုအထဲမွ သံုးႏွဳန္းေသာ အသံုးအႏွဳန္းမ်ားသည္ ႏိုင္ငံေရး ဆန္ေလ့ရွိၾကျပီး တကယ္အျပင္ေလာကတြင္ သိပ္ျပီး အသံုးမတည့္ေပ။ သူတို႕ ဘာေျပာလဲ ဆိုတာေတာ့ နားလည္ဖို႕ အေရးၾကီးပါလိမ့္မယ္။ ဒါေပမယ့္ ဒါဟာ အေျခခံ အဂၤလိပ္ ကို ေလ့လာျပီး မွ ေနာက္တစ္ဆင့္ေလ့လာရမည့္ သင္ခန္းစာပါ။ 

အဂၤလိပ္စကားေျပာကို ဒုတိယ ဘာသာစကားအျဖစ္ ေလ့လာသူအခ်င္းခ်င္း အေနနဲ႕ကေတာ့ ေကာင္း လည္း ေကာင္းသလို ဆိုးလည္း ဆိုးပါတယ္။ ေလ့က်င့္မႈကို အျပန္အလွန္ေပးတာေတာ့ ေကာင္းပါတယ္။ ဆိုးတာက ဘယ္ဟာက အမွန္တကယ္ သံုးရမယ္..ဘယ္ဟာက အမွန္တကယ္မသံုးရဘူးလဲဆိုတာကို မသိရွိပဲနဲ႕ မွားယြင္းစြာ ေလ့က်င့္မိနိုင္ပါတယ္။ ထို႕ေၾကာင့္ မွန္ကန္ေသာ အရာမ်ား စကားစုမ်ားကို မွန္ကန္ေသာ စာအုပ္မ်ား မွ ေလ့လာသင္ယူသင့္ေပသည္။ sentences ေတြကို ေျပာျခင္းျဖင့္ ေလ့လာျခင္း မျပဳသင့္ေပ။ ထို႕ေၾကာင့္ သင္မွန္ကန္သည္ဟု ထင္ေသာ အသံုးမ်ားေသာ စကားစုမ်ားကို သာ ေလ့လာသင့္ေပသည္။ 

သားသားမီးမီးေလးေတြအတြက္ အိမ္မွာအနီးကပ္စာျပေပးနိုင္မယ့္ ဆရာတစ္ေယာက္ကို အလိုရွိေနပါ သလား။ sayar.com.mm တြင္ အေတြ႕အၾကံဳရွိေသာ ဆရာမ်ားနွင့္ မိတ္ဆက္ထားေပး ပါတယ္။ ဆရာ ေတြရဲ႕ profile တြင္ ပါရွိေသာ ဖုန္းနံပါတ္သို႔တိုက္ရိုက္ဆက္သြယ္ျပီး စံုစမ္းနိုင္ပါတယ္ခင္ဗ်။

သင္ကိုယ္တိုင္က သင့္ရဲ႕အားလပ္ခ်ိန္မ်ားတြင္ အခ်ိန္ပိုင္း tutor အျဖစ္လုပ္ေဆာင္ရန္ စိတ္ဝင္စားပါက ကြ်န္ေတာ္တို႔ sayar.com.mm နွင့္ လက္တြဲဖို႔ဖိတ္ေခၚလိုက္ပါရေစ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။

Source: maukkha

[Unicode Version]

၁။ အင်္ဂလိပ် grammar ကို အများကြီး မလေ့လာပါနှင့်။

ဒီအချက်ဟာ အင်္ဂလိပ်စာ လေ့လာသူတွေအတွက် ထူးဆန်းနေပါတယ်။ ဒါပေမယ့် အင်္ဂလိပ် စကားပြောရာ မှာ အရေးအကြီးဆုံး အချက်ပါပဲ။သင်စာမေးပွဲ အောင်ဖို့ဆိုရင်တော့ အင်္ဂလိပ် grammar ကို တတ်ဖို့လို ပါလိမ့်မယ်။ သို့သော်လည်း အင်္ဂလိပ် စကားကို ကျွမ်းကျင်စွာ ပြောတတ်ချင်ရင်တော့ အင်္ဂလိပ်စာကို grammar မပါပဲ လေ့လာသင့်ပါတယ်။ အင်္ဂလိပ် grammar လေ့လာခြင်းဟာ သင့်ကို နှေးကွေးစေပြီး ရှုပ်ထွေးစေပါတယ်။ သင်စာကြောင်းတွေကို တည်ဆောက်တဲ့အခါမှာ အင်္ဂလိပ် grammar rule တွေကို စဉ်းစားမိတာ မို့လို့ ဖြစ်ပါတယ်။ အမှန်တော့ ကျွန်တော်တို့က အလိုအလျှောက် ပြောတတ်ချင်တာပါ။ Native speaker တွေဟာ အင်္ဂလိပ် grammar ကို ၂၀ ရာခိုင်နှုန်းလောက်ပဲ တတ်ကြပါတယ်။ အင်္ဂလိပ်စာ ကျောင်းသားတွေက english grammar ကို native speaker တွေထက် ပိုတတ်ကြပါတယ်။

၂။ phrases တွေကို လေ့လာပါ။

ကျောင်းသားအများစုဟာ စကားလုံးတွေကို ကောင်းမွန်သော စာကြောင်းများ တည်ဆောက်ရာမှာဝေါဟာရ အများအပြားကို လေ့လာကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ကောင်းကောင်း မတည်ဆောက်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ phrases ( အသုံးအနှုန်း) တွေကို မလေ့လာလိုု့ပါပဲ။ကလေးတွေ စကားသင် ယူ ချိန်မှာ သူတို့ဟာ စာလုံးတွေနဲ့ အသုံးအနှုန်းတွေကို တပြိုင်နက် သင်ယူကြပါတယ်။ သင်အင်္ဂလိပ်စာလုံး ၁၀၀၀ သိရုံမျှဖြင့် မှန်ကန်သော အင်္ဂလိပ်စာကြောင်းတစ်ခုကို ပြောနိုင်လိမ့်မည်မဟုတ်ပါ။သို့သော်..phrase တစ်ခုကို သိရုံမျှဖြင့် မှန်ကန်သော စာကြောင်း၁၀၀၀ ကို သင်ပြုလုပ်နိုင်ပါတယ်။ မှန်ကန်သော စာကြောင်း ဘယ်လောက်ပြောနိုင်လဲဆိုတာ သင်အံသြသွားပါလိမ့်မယ်။ phrases ၁၀၀၀ လောက်သိရင်တော့အင်္ဂလိပ် စကားကို ကျွမ်းကျင်စွာ ပြောတတ်ပါပြီ။ ဒါကြောင့် words တွေကို လေ့လာရင် phrases တွေကို တစ်ခါ တည်း လေ့လာသင့်ပါတယ်။

အင်္ဂလိပ် စာကြောင်းတွေကို ပြုလုပ်ရာတွင် အင်္ဂလိပ်စာလုံးတိုင်းကို mother tongue ဖြင့် ဘာသာပြန်မိပါ လိမ့်မည်။ စာကြောင်း တည်ဆောက်ရာတွင် ဘာသာပြန်ခြင်းနှင့် english grammar rules တွေကို တွေး တောခြင်းသည်..အင်္ဂလိပ်စာ စကားပြောလေ့ကျင့်သူများအတွက် ရှောင်ရှားရမည့် အချက်ဖြစ်ပါတယ်။

Recommended for you - မှန်ကြည့်တတ်ပြီလား ???

၃။ အင်္ဂလိပ်စာ ဖတ်ခြင်း နားထောင်ခြင်း ဖြင့် မလုံလောက်ပါ။ သင့်နားမှကြားသော အရာများကို ပြန်ပြောကြည့်ပါ။

ဖတ်ခြင်း ရေးခြင်း နားထောင်ခြင်းနှင့် ပြောခြင်းသည် ဘာသာစကားတိုင်းတွင် အရေးကြီးသော အချက်များ ဖြစ်ပါတယ်။ ဒီအချက်ထဲမှာမှ စကားပြောခြင်းဟာ ပထမ လိုအပ်ချက်ပါ။ ကလေးတွေလိုပါပဲ။ သူတို့ဟာ စကားပြောနိုင်ဖို့ အရင်လေ့ကျင့်ပါတယ်။ စကားပြော ကျွမ်းကျင်တော့မှ ဖတ်ခြင်းနဲ့ရေးခြင်းကို လေ့ကျင့် ကြပါတယ်။သဘာဝ အစီစဉ်အတိုင်းဆိုရင်တော့ နားထောင်ခြင်း ပြောခြင်း ဖတ်ခြင်းနှင့် ရေးခြင်းပါပဲ။

သို့သော် ကမ္ဘာပေါ်တွင်ရှိသော အင်္ဂလိပ်စကားပြော သင်ကျောင်းတိုင်းတွင် ဖတ်ခြင်းဖြင့် အစပြုပြီး ရေးခြင်း နားထောင်ခြင်းနှင့် ပြောခြင်း ဖြင့် သင်ကြားနေသည်မှာ ထူးဆန်းသလို ဖြစ်မနေပေဘူးလား။ထူးဆန်းသလို ဖြစ်နေပါတယ်။ အဓိက အချက်ကတော့ သင်သည် ဘာသာစကားတစ်ခုကို ဒုတိယ ဘာသာစကားတစ်ခု အဖြစ် သင်ယူတဲ့နေရာမှာ အသုံးအနှုန်းတွေကို နားလည်စေဖို့ အရင်ဦးဆုံး ဖတ်ရပါလိမ့်မယ်။သဘာဝ အစီအစဉ်အရ နားထောင်ခြင်း ပြောခြင်း ဖတ်ခြင်း နှင့် ရေးခြင်းတို့ ဖြစ်သော် ငြားလည်း ဒုတိယ ဘာသာ စကားအဖြစ် သင်ယူသူများအတွက် အစီအစဉ်ကတော့ ဖတ်ခြင်း နားထောင်ခြင်း ပြောခြင်းနှင့် ရေးခြင်း တို့ပါပဲ။

အင်္ဂလိပ်စာ လေ့လာသူ အများအပြားဟာ အင်္ဂလိပ်စာကို ရေးနိုင်ကြပါတယ်.ဖတ်နိုင်ကြပါတယ်။ စကား ပြော ကျွမ်းကျင်ဖို့အတွက် ကျွန်တော်တို့ဟာ ပြောတတ်ဖို့ လေ့ကျင့်ရပါလိမ့်မယ်။ နားထောင်ယုံမျှဖြင့် မလုံလောက်ပါ။ မည်သည့်အင်အားမှ စိုက်ထုတ်စရာမလိုပဲ ဦးနှောက်နှင့် ပါးစပ်က အလိုအလျှောက် ပြောနိုင်ဖို့ သင့်နားမှကြားသော အရာများကို ပြန်ပြောခြင်းဖြင့် လေ့ကျင့်ပေးရပါလိမ့်မယ်။ ယခု အချက်ကို ပုံမှန်လေ့ကျင့်ပေးခြင်းအားဖြင့် အင်္ဂလိပ်စကားပြော ကို ကျွမ်းကျင်စွာ ပြောတတ်လာပါလိမ့်မယ်။

၄။ မိမိကိုယ်ကို လွှမ်းမိုးပါ။

ဘာသာစကားတစ်ခု ပြောနိုင်ခြင်း ဟာ သင်ဘယ်လောက် smart ဖြစ်သလဲဆိုတာနဲ့ မပတ်သက်နေပါ။ မည်သူမဆို မည်သည့်စကားကို လွတ်လပ်စွာ သင်ယူနိုင်ပါတယ်။ မည်သူမဆို အနည်းဆုံး ဘာသာစကား တစ်ခု ပြောတတ်ကြပါတယ်။ သင် ညဏ်ကောင်းကောင်း မကောင်းကောင်း ဘာသာစကားတစ်ခုတော့ ပြောနိုင်ပါတယ်။ သင့် ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စကား ကောင်းမွန်စွာ ပြောနိုင်သော သူများကို သတိထား ကောင်း ထားမိမှာပါ။ သူတို့ဟာ အင်္ဂလိပ်စကားပြော ကျောင်းကနေ လေ့လာခဲ့ကြလို့ပါပဲ။ သူတို့သည် အင်္ဂလိပ်စကား ကို ကောင်းမွန်စွာ ပြောနိုင်ကြပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ရဲ့ဘေးမှာ အင်္ဂလိပ်စကား ပြောတတ်သော သူများဖြင့် အဆက်မပြတ်ဝန်းရံနေကြလို့ပါပဲ။

သင်အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောနိုင်ဖို့ ဘယ်ကိုမှ သွားစရာမလိုပါ။ သင့်ဘေးမှာ အင်္ဂလိပ် စကား ပြောတတ်သော သူငယ်ချင်း တစ်ယောက်သာ လိုအပ်ပါတယ်။ အပြန်အလှန်ပြောပေးခြင်းဖြင့် အင်္ဂလိပ် စကားပြော တိုးတက်နိုင်ပါတယ်။ audio lesson များ နားထောင်ခြင်းအားဖြင့် listening ကို လေ့ကျင့်နိုင် ပါတယ်။ သင့်ပတ်ဝန်းကျင်ကို အနည်းငယ် ပြောင်းလဲပေးရုံမျှဖြင့် အင်္ဂလိပ်စကားပြော အဆပေါင်းများစွာ တိုးတက်လာသည်ကို သင်ဂရုပြုမိမှာပါ။

Recommended for you - ပညာသင်ဆု ရရှိဖို့ ဘယ်လိုပြင်ဆင်ထားရမလဲ

၅။ မှန်ကန်သော အရာများကိုသာ လေ့လာပါ။

PRACTICE MAKES PERFECT တဲ့။ မှန်ပါလိမ့်မယ်။ သို့သော်..မှားယွင်းသော လေ့လာမှုကြီးဆိုရင်တော့ မှားယွင်းသော ပြည့်စုံမှုကြီးသာ ဖြစ်နေပေလိမ့်မယ်။ လူအများစုဟာ News တွေကို လေ့လာ လေ့ရှိကြ ပါတယ်။ သို့သော်လည်း ထိုအထဲမှ သုံးနှုန်းသော အသုံးအနှုန်းများသည် နိုင်ငံရေး ဆန်လေ့ရှိကြပြီး တကယ်အပြင်လောကတွင် သိပ်ပြီး အသုံးမတည့်ပေ။ သူတို့ ဘာပြောလဲ ဆိုတာတော့ နားလည်ဖို့ အရေးကြီးပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အခြေခံ အင်္ဂလိပ် ကို လေ့လာပြီး မှ နောက်တစ်ဆင့်လေ့လာရမည့် သင်ခန်းစာပါ။

အင်္ဂလိပ်စကားပြောကို ဒုတိယ ဘာသာစကားအဖြစ် လေ့လာသူအချင်းချင်း အနေနဲ့ကတော့ ကောင်း လည်း ကောင်းသလို ဆိုးလည်း ဆိုးပါတယ်။ လေ့ကျင့်မှုကို အပြန်အလှန်ပေးတာတော့ ကောင်းပါတယ်။ ဆိုးတာက ဘယ်ဟာက အမှန်တကယ် သုံးရမယ်..ဘယ်ဟာက အမှန်တကယ်မသုံးရဘူးလဲဆိုတာကို မသိရှိပဲနဲ့ မှားယွင်းစွာ လေ့ကျင့်မိနိုင်ပါတယ်။ ထို့ကြောင့် မှန်ကန်သော အရာများ စကားစုများကို မှန်ကန်သော စာအုပ်များ မှ လေ့လာသင်ယူသင့်ပေသည်။ sentences တွေကို ပြောခြင်းဖြင့် လေ့လာခြင်း မပြုသင့်ပေ။ ထို့ကြောင့် သင်မှန်ကန်သည်ဟု ထင်သော အသုံးများသော စကားစုများကို သာ လေ့လာသင့်ပေသည်။

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေး ပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Source: maukkha

 

Read times Last modified on Monday, 30 December 2019 16:21
Rate this articles
(2 votes)