×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Print this page
Friday, 09 February 2018

ဂ်ပန္နိုင္ငံသို႔ ေလ့လာေရးခရီးသြားေရာက္ရန္ ျမန္မာနိုင္ငံ အင္ဂ်င္နီယာမ်ားအား ဖိတ္ေခၚ

ဂ်ပန္နိုင္ငံသို႔ ေလ့လာေရးခရီးသြားေရာက္ရန္ ျမန္မာနိုင္ငံ အင္ဂ်င္နီယာမ်ားအား ဖိတ္ေခၚ google.com

ျမန္မာနုိင္ငံတြင္ရွိေသာ လူငယ္အင္ဂ်င္နီယာမ်ားအတြက္ ဂ်ပန္နိုင္ငံသုိ႔တစ္ပတ္တာသြားေရာက္ ေလ့လာခြင့္ရနိုင္မည့္ အခြင့္အေရးတစ္ခု ေရာက္ရွိလာပါျပီ။

 

ဂ်ပန္ၿမိဳ႕ျပ အင္ဂ်င္နီယာအသင္း (Japan Society of Civil Engineers-JSCE) မွတည္ေထာင္ဖြဲ႕စည္းထား ေသာ ႏုိင္ငံတကာ သိပၸံပညာဖလွယ္ေရး ရန္ပံုေငြအဖြဲ႕ (International Scientific Exchange Fund- ISEF) ရဲ႕ (၇၅) ႏွစ္ေျမာက္ အထိမ္းအမွတ္အျဖစ္ ဂ်ပန္ႏုိင္ငံသို႔ ေလ့လာေရး ခရီးသြားေရာက္ရန္ ျမန္မာႏုိင္ငံအင္ဂ်င္နီယာအသင္းအား ဖိတ္ေခၚထားပါတယ္။

Recommended for you - ဘယ္အသက္အရြယ္ ေရာက္ေရာက္ မရပ္တန္႔သင့္တဲ႔ အလုပ္ (၈)မ်ိဳး ..!

ျမန္မာနိုင္ငံမွ မ်ိဳးဆက္သစ္ လူငယ္ျမိဳ႕ျပအင္ဂ်င္နီယာမ်ား အေနျဖင့္ ဂ်ပန္နိုင္ငံ၏ ေနာက္ဆံုးေပၚ (ေခတ္အမွီဆံုး) ျမိဳ႕ျပအင္ဂ်င္နီယာဆိုင္ရာ နည္းပညာမ်ားႏွင့္ စီမံကိန္းလုပ္ငနး္မ်ားကို ၾကည့္ရွဳေလ့လာနိုင္ ခြင့္ ရရွိေစေရးသည္ ဂ်ပန္နိုင္ငံသို႔ ေလ့လာေရးခရီးသြားေရာက္နုိင္ေရး (Study Tour Grant-STG) အစီအစဥ္၏ အဓိက ရည္ရြယ္ခ်က္ပါ။

ေလ့လာေရးခရီးစဥ္မွာ အသြားအျပန္အပါအဝင္ ၇ ရက္ၾကာမည္ျဖစ္ျပီး ေလယာဥ္အသြားအျပန္စရိတ္၊ ေလ့လာေရးခရီးစဥ္ (ဂ်ပန္) အတြင္း သြားလာေနထိုင္စားေသာက္စရိတ္မ်ားကို JSCE မွ တာဝန္ယူေပးမွာ ျဖစ္ပါတယ္။

လိုက္ပါလိုသူမ်ားသည္ အနိမ့္ဆံုး BE(Civil) ဘြဲ႕ရရွိထားျပီး ျမန္မာနိုင္ငံအင္ဂ်င္နီယာအသင္းဝင္ထားသူ ျဖစ္ရပါမယ္။ အဆိုျပဳလႊာမ်ားကုိ ၂၀၁၈ မတ္လ ၉ ရက္ေန႔ ေနာက္ဆံုးထားျပီး ျမန္မာနိုင္ငံအင္ဂ်င္နီယာ အသင္း၊ လွိဳင္တကၠသိုလ္နယ္ေျမ၊ လွိုင္ျမိဳ႔နယ္၊ ရန္ကုန္ျမိဳ႕သို႔ တင္သြင္းေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္မ်ားကို ဖုန္း - ၀၁ ၅၁၉၆၇၃ မွ ၆ အထိ လိုင္းခြဲနံပါတ္ ၂၁၂၊ ၂၁၁၊ ၀၉ ၅၁၄၁၃၂၂ ကို ဆက္သြယ္စံုစမ္းေမးျမန္းနိုင္ပါသည္။

Recommended for you - ဂ်ပန္နိုင္ငံမွာ ပညာသင္ၾကားလိုသူမ်ားအတြက္ လမ္းညႊန္

သားသားမီးမီးေလးေတြအတြက္ အိမ္မွာအနီးကပ္စာျပေပးနိုင္မယ့္ ဆရာတစ္ေယာက္ကို အလိုရွိေနပါ သလား။ sayar.com.mm တြင္ အေတြ႕အၾကံဳရွိေသာ ဆရာမ်ားနွင့္ မိတ္ဆက္ထားေပး ပါတယ္။ ဆရာ ေတြရဲ႕ profile တြင္ ပါရွိေသာ ဖုန္းနံပါတ္သို႔တိုက္ရိုက္ဆက္သြယ္ျပီး စံုစမ္းနိုင္ပါတယ္ခင္ဗ်။

သင္ကိုယ္တိုင္က သင့္ရဲ႕အားလပ္ခ်ိန္မ်ားတြင္ အခ်ိန္ပိုင္း tutor အျဖစ္လုပ္ေဆာင္ရန္ စိတ္ဝင္စားပါက ကြ်န္ေတာ္တို႔ sayar.com.mm နွင့္ လက္တြဲဖို႔ဖိတ္ေခၚလိုက္ပါရေစ။ အခုပဲ အခမဲ့ register လုပ္လိုက္ပါ။

Source: MyanmarEngineeringSociety

[Unicode Version]

မြန်မာနိုင်ငံတွင်ရှိသော လူငယ်အင်ဂျင်နီယာများအတွက် ဂျပန်နိုင်ငံသို့တစ်ပတ်တာသွားရောက် လေ့လာခွင့်ရနိုင်မည့် အခွင့်အရေးတစ်ခု ရောက်ရှိလာပါပြီ။

ဂျပန်မြို့ပြ အင်ဂျင်နီယာအသင်း (Japan Society of Civil Engineers-JSCE) မှတည်ထောင်ဖွဲ့စည်းထား သော နိုင်ငံတကာ သိပ္ပံပညာဖလှယ်ရေး ရန်ပုံငွေအဖွဲ့ (International Scientific Exchange Fund- ISEF) ရဲ့ (၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအား ဖိတ်ခေါ်ထားပါတယ်။

Recommended for you - ဘယ်အသက်အရွယ် ရောက်ရောက် မရပ်တန့်သင့်တဲ့ အလုပ် (၈)မျိုး ..!

မြန်မာနိုင်ငံမှ မျိုးဆက်သစ် လူငယ်မြို့ပြအင်ဂျင်နီယာများ အနေဖြင့် ဂျပန်နိုင်ငံ၏ နောက်ဆုံးပေါ် (ခေတ်အမှီဆုံး) မြို့ပြအင်ဂျင်နီယာဆိုင်ရာ နည်းပညာများနှင့် စီမံကိန်းလုပ်ငနး်များကို ကြည့်ရှုလေ့လာနိုင် ခွင့် ရရှိစေရေးသည် ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်နိုင်ရေး (Study Tour Grant-STG) အစီအစဉ်၏ အဓိက ရည်ရွယ်ချက်ပါ။

လေ့လာရေးခရီးစဉ်မှာ အသွားအပြန်အပါအဝင် ရ ရက်ကြာမည်ဖြစ်ပြီး လေယာဉ်အသွားအပြန်စရိတ်၊ လေ့လာရေးခရီးစဉ် (ဂျပန်) အတွင်း သွားလာနေထိုင်စားသောက်စရိတ်များကို JSCE မှ တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

လိုက်ပါလိုသူများသည် အနိမ့်ဆုံး BE(Civil) ဘွဲ့ရရှိထားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဝင်ထားသူ ဖြစ်ရပါမယ်။ အဆိုပြုလွှာများကို ၂၀၁၈ မတ်လ ၉ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ တင်သွင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို ဖုန်း - ၀၁ ၅၁၉၆၇၃ မှ ၆ အထိ လိုင်းခွဲနံပါတ် ၂၁၂၊ ၂၁၁၊ ၀၉ ၅၁၄၁၃၂၂ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Recommended for you - ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူများအတွက် လမ်းညွှန်

သားသားမီးမီးလေးတွေအတွက် အိမ်မှာအနီးကပ်စာပြပေးနိုင်မယ့် ဆရာတစ်ယောက်ကို အလိုရှိနေပါ သလား။ sayar.com.mm တွင် အတွေ့အကြုံရှိသော ဆရာများနှင့် မိတ်ဆက်ထားပေး ပါတယ်။ ဆရာ တွေရဲ့ profile တွင် ပါရှိသော ဖုန်းနံပါတ်သို့တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျ။

သင်ကိုယ်တိုင်က သင့်ရဲ့အားလပ်ချိန်များတွင် အချိန်ပိုင်း tutor အဖြစ်လုပ်ဆောင်ရန် စိတ်ဝင်စားပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

Source: MyanmarEngineeringSociety

 

Read times Last modified on Friday, 03 January 2020 14:26
Rate this articles
(0 votes)