×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 27 February 2018

ရွဳပ္ေထြးလြန္းတဲ့ ဝိဘတ္ေတြအေၾကာင္း ဘယ္လိုသင္မလဲ

ရွဳပ္ေထြးလြန္းတဲ့ ဝိဘတ္ေတြအေၾကာင္း ဘယ္လိုသင္မလဲ google.com

‘on’, ‘at’, ‘for’ နွင့္ ‘about’ ကဲ့သုိ႔ေသာ စကားလံုးေတြက အဂၤလိပ္စာသင္ယူသူေတြအတြက္ ဘာေၾကာင့္ ခဲရာခဲဆစ္နိုင္ပါသလဲ? ဒါကို အဂၤလိပ္စာ သင္ၾကားတဲ့ဆရာေတြက ဘယ္လို ကူညီနိုင္ပါသလဲ။ ဝိဘတ္ေတြ နဲ႕ ပက္သက္တဲ့ သူ႔ရဲ႕ infographic ေၾကာင့္ ျဗိတိသွ်ေကာင္စီရဲ႕ Teaching English blog ဆုကို ရရွိခဲ့တဲ့ Adam Simpson က ရွင္းျပထားပါတယ္။

ဝိဘတ္မ်ားနွင့္ အဂၤလိပ္စာဘာသာစကားတြင္ ၄င္းတို႔၏ အေရးပါပံု

ဝိဘတ္ေတြဟာ ခဲရာခဲဆစ္နိုင္လွတဲ့ မွန္းစရာေလးေတြပါ။ စကားလံုးေတြရဲ႕ အေတာ္ေလးတုိေတာင္းမွဳ (ဝိဘတ္တစ္ခုမွာ အလြန္ဆံုးပါမွ စာလံုး ၆ လံုးပါ။)နဲ႕ ၄င္းတို႔ကို ေနရာမွားထားျခင္းေတြေၾကာင့္၊ ၄င္းတို႔ကို စာသင္ခန္းထဲမွာ ပံုမွန္ေပးေနက် အခ်ိန္ထက္ ပိုေပးျပီး ဂရုတစိုက္သံုးသပ္ေဝဖန္သင့္ပါတယ္။

Recommended for you - အဂၤလိပ္စာေလ့လာမွဳမွာ အေရးၾကီးတဲ့ Adjective အထားအသို

ဝိဘတ္ဆိုတာ တိတိက်က်ဘာပါလဲ။ ၄င္းတို႔ကို အဂၤလိပ္စကားမွ ဘယ္လုိအသံုးျပဳပါသလဲ?

အဂၤလိပ္ဝိဘတ္စာရင္း (list of English prepositions) ထဲမွ ‘in’, ‘up’, ‘behind’, ‘from’ ႏွင့္ ‘with’ ကဲ့သို႔ေသာ အသံုးမ်ားသည့္ စကားလံုးမ်ားကုိ ေတြ႔ရမွာ ျဖစ္ပါတယ္။ ဝိဘတ္တို႔သည္ စကားလံုးအမ်ိဳးအစား (parts of speech) တြင္ ၄င္းတို႔သည္ ကန္႔သတ္အုပ္စု (closed class) အျဖစ္ႏွင့္ အခြင့္ထူးခံေနရာကို ရရွိထားပါတယ္။ ဆိုလိုသည္မွာ ၄င္းတို႔သည္ ေနာက္ထပ္အဖြဲ႕ဝင္အသစ္ကို လက္မခံေတာ့ေသာ လက္ေရြး စင္အုပ္စုတစ္စု ျဖစ္ပါသည္။ ဒါကေတာ့ သူတို႔အုပ္စုထဲကို စကားလံုးသစ္မ်ားကို အျမဲပဲ လက္ခံၾကိဳဆိုၾကတဲ့ နာမ္ေတြ (nouns)၊ နာမဝိေသသနေတြ (adjectives) နွင့္ ၾကိယာေတြ (verbs) နွင့္ ဆန္႔က်င္ေနပါတယ္။

ဝိဘတ္ေတြဟာ အေရအတြက္အားျဖင့္ ကန္႔သတ္ထားေသာ္လညး္ ၄င္းတို႔သည္ လူမ်ား၊ အရာဝတၳဳမ်ားႏွင့္ ေနရာမ်ားအၾကား အထူးဆက္သြယ္ခ်က္မ်ားကို ညႊန္ျပပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ စာသင္ခန္းထဲမွာ ၄င္းတို႔၏ သင္ၾကားသင္ယူမွဳကို ဘယ္လုိေပါင္းစပ္ေပးတယ္ဆိုတာကို ေသေသခ်ာခ်ာ စဥ္းစားဖို႔ လိုအပ္ပါ တယ္။

ေနရာႏွင့္ လွဳပ္ရွားမွဳျပဝိဘတ္မ်ား သင္ၾကား၊ သင္ယူရန္အတြက္ အၾကံျပဳခ်က္မ်ား

ပြဲေတြ႕ျပီး စိတ္ခ်ရတဲ့ အေျခခံမ်ားကို လက္ခံပါ။

ျပဌာန္းစာအုပ္အမ်ားစုက သတ္မွတ္ထားတဲ့ ပံုစံအတိုင္း လိုက္လုပ္ျခင္းပါ။ ဝိဘတ္ေတြကို ပိုင္နိုင္တဲ့ စကားစုေတြအျဖစ္ သင္ၾကားျခင္းက သင့္ေတာ္ပါတယ္။ အခ်ိန္၊ ေနရာ၊ လွဳပ္ရွားမွွဳနဲ႕ ပက္သက္တဲ့ ဝိဘတ္ ေတြကို မတူညီတဲံ အခ်ိန္ေတြမွာ သင္ေပးျခင္းျဖင့္ သင္ယူသူမ်ားအေနျဖင့္ ဝိဘတ္ကို ျဖည္းျဖည္းနဲ႕ မွန္မွန္ တတ္ေျမာက္လာမွာ ျဖစ္ပါတယ္။ ဒီလိုလုပ္ျခင္းသည္ ‘in’ ရဲ႕ အသံုးျပဳပံုအားလံုးကုိ တစ္ခ်ိန္တည္းမွာပဲ သင္ ၾကားျခင္းထက္ ပိုျပီး ထိေရာက္မွာ ျဖစ္ပါတယ္။

Recommended for you - ပိုက္ဆံစုနည္း ဗ်ဴဟာ

သင္ယူသူမ်ားကို လွဳပ္ရွားမွဳမ်ား၌ ပါဝင္ေစျခင္း။

Simon says ဆိုတဲ့ ကစားနည္းသည္ ငယ္ရြယ္ေသာ သင္ယူသူမ်ား (young learners) အတြက္ ေနရာႏွင့္ လွဳပ္ရွားမွဳျပဝိဘတ္မ်ားကို ျပန္လည္သင္ၾကားတဲ့အခါ အင္မတန္ သင့္ေတာ္ပါတယ္။ ေက်ာင္းသားမ်ားကို ‘Simon says stand on your chair’ (ဆိုင္မြန္ကေျပာတယ္ - ခံုေပၚမွာ မတ္တပ္ရပ္ပါ) (သို႔) ‘Simon says get under your desk’ (ဆိုင္မြန္ကေျပာတယ္ - စားပြဲခံုေအာက္ကို ဝင္ပါ) ဆိုတဲ့ ညႊန္ၾကားခ်က္ေတြေပးျပီး လွဳပ္ရွားေစျခင္းျဖင့္ ‘on, under’ ဆိုတဲ့ ဝိဘတ္မ်ားကို နားလည္လာမွာ ျဖစ္ျပီး ဝိဘတ္မ်ားကို အလိုအ ေလ်ာက္ အသံုးျပဳတတ္လာမွာျဖစ္ပါတယ္။

သက္ၾကီးသင္ယူသူမ်ား (adult learners) ကေတာ့ အခ်ိန္ကန္႔သတ္မွဳ ရွိျပီး ယွဥ္ျပိဳင္မွဳပါဝင္သည့္ ျပန္လွန္ ေလ့က်င့္ေပးေသာ ကစားနည္းမ်ားက ပိုေကာင္းပါတယ္။ ဦးစြာ အတန္းကို အဖြဲ႕ငယ္မ်ား ဖြဲ႕ပါ။

ဝါက်တစ္ေၾကာင္းကို ဆရာကေျပာျပီး ထုိဝါက်နွင့္ လိုက္ေလ်ာညီေထြမွဳရွိတဲ့ ပံုကို ဘုတ္ေပၚမွာ ဆြဲပါေစ။ တကယ္လို႔ ဆရာက ‘There’s a dog behind the chair’ (ကုလားထိုင္ေနာက္မွာ ေခြးရွိတယ္) လို႔ေျပာရင္ ဘုတ္ေပၚမွာ အသင္းလိုက္ဝါက်ႏွင့္ ကိုက္ညီတဲ့ပံုကုိ ဆြဲပါေစ။ လွ်င္ျမန္မွဳ တိက်မွဳေပၚတြင္ အမွတ္ေပးနုိင္ ပါတယ္။ ေက်ာင္းသားေလးေတြအတြက္ ပိုေပ်ာ္စရာေကာင္းတာကို ေရြးပါ။

လွဳံ႕ေဆာ္မွဳေပးေသာ သင္ေထာက္ကူပစၥည္းကို အသံုးျပဳပါ။

ကြ်န္ုပ္ရဲ႕ blog post မွာေတာ့ အခ်ိန္ျပဝိဘတ္ေတြကို ေဖာ္ျပတဲ့ သင္ေထာက္ကူကို အသံုးျပဳပါတယ္။ ကြ်န္ုပ္ အႏွစ္သက္ဆံုးပံုစံ(၂) မ်ိဳးျဖစ္တဲ့ infographics နဲ႕ကာတြန္းပံုေတြပဲ ျဖစ္ပါတယ္။ Infographics ကေတာ့ သင္ယူသူမ်ားအေနျဖင့္ ဝိဘတ္မ်ားကို ေတြးျပီး ျမင္ေယာင္ေစမည့္ ထင္ရွားတဲ့ ပံုရိပ္ေတြကို ေပးပါတယ္။ ဒီ infographics ေတြကို တီထြင္ဖို႔အေကာင္းဆံုး အရင္းျမစ္ကေတာ့ Picktochart ပဲ ျဖစ္ပါ တယ္။ ကာတြန္းရုပ္ပံုေတြကို တီထြင္ဖို႔ အေကာင္းဆံုးအရင္းအျမစ္ကေတာ့ Bistrips ေတြပဲ ျဖစ္ပါတယ္။ ၄င္းတို႔သည္ လူတကာက နွစ္သက္ျပီး နားလည္ရလြယ္ေသာေၾကာင့္ ျဖစ္ပါသည္။ ဒါေၾကာင့္ သင့္သင္တန္း သားမ်ားအတြက္ infographics ႏွင့္ ကာတြန္းမ်ားကို ျပင္ဆင္ပါေတာ့။ ဒါေပမယ့္ ပိုျပီးထိေရာက္ေစတဲ့ နည္းကေတာ့ ဒီ infographics ေတြကို သူတို႔ကိုယ္တိုင္ ျပဳလုပ္ေစျခငး္ျဖစ္ပါတယ္။

Blog.britishcouncil.org မွ Adam J. Simpson ၏ How to help learners of English understand prepositions ကို ကိုးကားဘာသာျပန္ထားတာ ျဖစ္ပါတယ္။

အဂၤလိပ္စာကုိ အေျခခံမွစျပီး ကြ်မ္းက်င္စြာ တတ္ေျမာက္သည္အထိ သင္ယူခ်င္ပါသလား။ IELTS စာေမးပြဲကို အေကာင္းဆံုးေျဖဆိုေအာင္ျမင္ခ်င္ပါသလား။ Sayar.com.mm တြင္ ရွိေသာ ဆရာ ဆရာမ မ်ားနွင့္ ဆက္သြယ္လိုက္ပါ။

သင္ကိုယ္တိုင္က ဆရာတစ္ေယာက္ ျဖစ္ေနလွ်င္ ကြ်န္ေတာ္တို႔နွင့္ လက္တြဲဖို႔ ဖိတ္ေခၚလိုက္ပါရေစ။ အခမဲ့ register လုပ္လုိက္ပါ။

Credit: Myanmar-network.net

[Unicode Version]

‘on’, ‘at’, ‘for’ နှင့် ‘about’ ကဲ့သို့သော စကားလုံးတွေက အင်္ဂလိပ်စာသင်ယူသူတွေအတွက် ဘာကြောင့် ခဲရာခဲဆစ်နိုင်ပါသလဲ? ဒါကို အင်္ဂလိပ်စာ သင်ကြားတဲ့ဆရာတွေက ဘယ်လို ကူညီနိုင်ပါသလဲ။ ဝိဘတ်တွေ နဲ့ ပက်သက်တဲ့ သူ့ရဲ့ infographic ကြောင့် ဗြိတိသျှကောင်စီရဲ့ Teaching English blog ဆုကို ရရှိခဲ့တဲ့ Adam Simpson က ရှင်းပြထားပါတယ်။

ဝိဘတ်များနှင့် အင်္ဂလိပ်စာဘာသာစကားတွင် ၄င်းတို့၏ အရေးပါပုံ

ဝိဘတ်တွေဟာ ခဲရာခဲဆစ်နိုင်လှတဲ့ မှန်းစရာလေးတွေပါ။ စကားလုံးတွေရဲ့ အတော်လေးတိုတောင်းမှု (ဝိဘတ်တစ်ခုမှာ အလွန်ဆုံးပါမှ စာလုံး ၆ လုံးပါ။)နဲ့ ၄င်းတို့ကို နေရာမှားထားခြင်းတွေကြောင့်၊ ၄င်းတို့ကို စာသင်ခန်းထဲမှာ ပုံမှန်ပေးနေကျ အချိန်ထက် ပိုပေးပြီး ဂရုတစိုက်သုံးသပ်ဝေဖန်သင့်ပါတယ်။

Recommended for you - အင်္ဂလိပ်စာလေ့လာမှုမှာ အရေးကြီးတဲ့ Adjective အထားအသို

ဝိဘတ်ဆိုတာ တိတိကျကျဘာပါလဲ။ ၄င်းတို့ကို အင်္ဂလိပ်စကားမှ ဘယ်လိုအသုံးပြုပါသလဲ?

အင်္ဂလိပ်ဝိဘတ်စာရင်း (list of English prepositions) ထဲမှ ‘in’, ‘up’, ‘behind’, ‘from’ နှင့် ‘with’ ကဲ့သို့သော အသုံးများသည့် စကားလုံးများကို တွေ့ရမှာ ဖြစ်ပါတယ်။ ဝိဘတ်တို့သည် စကားလုံးအမျိုးအစား (parts of speech) တွင် ၄င်းတို့သည် ကန့်သတ်အုပ်စု (closed class) အဖြစ်နှင့် အခွင့်ထူးခံနေရာကို ရရှိထားပါတယ်။ ဆိုလိုသည်မှာ ၄င်းတို့သည် နောက်ထပ်အဖွဲ့ဝင်အသစ်ကို လက်မခံတော့သော လက်ရွေး စင်အုပ်စုတစ်စု ဖြစ်ပါသည်။ ဒါကတော့ သူတို့အုပ်စုထဲကို စကားလုံးသစ်များကို အမြဲပဲ လက်ခံကြိုဆိုကြတဲ့ နာမ်တွေ (nouns)၊ နာမဝိသေသနတွေ (adjectives) နှင့် ကြိယာတွေ (verbs) နှင့် ဆန့်ကျင်နေပါတယ်။

ဝိဘတ်တွေဟာ အရေအတွက်အားဖြင့် ကန့်သတ်ထားသော်လညး် ၄င်းတို့သည် လူများ၊ အရာဝတ္ထုများနှင့် နေရာများအကြား အထူးဆက်သွယ်ချက်များကို ညွှန်ပြပါတယ်။ ဒီအချက်ကြောင့်ပဲ စာသင်ခန်းထဲမှာ ၄င်းတို့၏ သင်ကြားသင်ယူမှုကို ဘယ်လိုပေါင်းစပ်ပေးတယ်ဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုအပ်ပါ တယ်။

နေရာနှင့် လှုပ်ရှားမှုပြဝိဘတ်များ သင်ကြား၊ သင်ယူရန်အတွက် အကြံပြုချက်များ

ပွဲတွေ့ပြီး စိတ်ချရတဲ့ အခြေခံများကို လက်ခံပါ။

ပြဌာန်းစာအုပ်အများစုက သတ်မှတ်ထားတဲ့ ပုံစံအတိုင်း လိုက်လုပ်ခြင်းပါ။ ဝိဘတ်တွေကို ပိုင်နိုင်တဲ့ စကားစုတွေအဖြစ် သင်ကြားခြင်းက သင့်တော်ပါတယ်။ အချိန်၊ နေရာ၊ လှုပ်ရှားမှှုနဲ့ ပက်သက်တဲ့ ဝိဘတ် တွေကို မတူညီတဲံ အချိန်တွေမှာ သင်ပေးခြင်းဖြင့် သင်ယူသူများအနေဖြင့် ဝိဘတ်ကို ဖြည်းဖြည်းနဲ့ မှန်မှန် တတ်မြောက်လာမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းသည် ‘in’ ရဲ့ အသုံးပြုပုံအားလုံးကို တစ်ချိန်တည်းမှာပဲ သင် ကြားခြင်းထက် ပိုပြီး ထိရောက်မှာ ဖြစ်ပါတယ်။

Recommended for you - ပိုက်ဆံစုနည်း ဗျူဟာ

သင်ယူသူများကို လှုပ်ရှားမှုများ၌ ပါဝင်စေခြင်း။

Simon says ဆိုတဲ့ ကစားနည်းသည် ငယ်ရွယ်သော သင်ယူသူများ (young learners) အတွက် နေရာနှင့် လှုပ်ရှားမှုပြဝိဘတ်များကို ပြန်လည်သင်ကြားတဲ့အခါ အင်မတန် သင့်တော်ပါတယ်။ ကျောင်းသားများကို ‘Simon says stand on your chair’ (ဆိုင်မွန်ကပြောတယ် - ခုံပေါ်မှာ မတ်တပ်ရပ်ပါ) (သို့) ‘Simon says get under your desk’ (ဆိုင်မွန်ကပြောတယ် - စားပွဲခုံအောက်ကို ဝင်ပါ) ဆိုတဲ့ ညွှန်ကြားချက်တွေပေးပြီး လှုပ်ရှားစေခြင်းဖြင့် ‘on, under’ ဆိုတဲ့ ဝိဘတ်များကို နားလည်လာမှာ ဖြစ်ပြီး ဝိဘတ်များကို အလိုအ လျောက် အသုံးပြုတတ်လာမှာဖြစ်ပါတယ်။

သက်ကြီးသင်ယူသူများ (adult learners) ကတော့ အချိန်ကန့်သတ်မှု ရှိပြီး ယှဉ်ပြိုင်မှုပါဝင်သည့် ပြန်လှန် လေ့ကျင့်ပေးသော ကစားနည်းများက ပိုကောင်းပါတယ်။ ဦးစွာ အတန်းကို အဖွဲ့ငယ်များ ဖွဲ့ပါ။

ဝါကျတစ်ကြောင်းကို ဆရာကပြောပြီး ထိုဝါကျနှင့် လိုက်လျောညီထွေမှုရှိတဲ့ ပုံကို ဘုတ်ပေါ်မှာ ဆွဲပါစေ။ တကယ်လို့ ဆရာက ‘There’s a dog behind the chair’ (ကုလားထိုင်နောက်မှာ ခွေးရှိတယ်) လို့ပြောရင် ဘုတ်ပေါ်မှာ အသင်းလိုက်ဝါကျနှင့် ကိုက်ညီတဲ့ပုံကို ဆွဲပါစေ။ လျှင်မြန်မှု တိကျမှုပေါ်တွင် အမှတ်ပေးနိုင် ပါတယ်။ ကျောင်းသားလေးတွေအတွက် ပိုပျော်စရာကောင်းတာကို ရွေးပါ။

လှုံ့ဆော်မှုပေးသော သင်ထောက်ကူပစ္စည်းကို အသုံးပြုပါ။

ကျွန်ုပ်ရဲ့ blog post မှာတော့ အချိန်ပြဝိဘတ်တွေကို ဖော်ပြတဲ့ သင်ထောက်ကူကို အသုံးပြုပါတယ်။ ကျွန်ုပ် အနှစ်သက်ဆုံးပုံစံ(၂) မျိုးဖြစ်တဲ့ infographics နဲ့ကာတွန်းပုံတွေပဲ ဖြစ်ပါတယ်။ Infographics ကတော့ သင်ယူသူများအနေဖြင့် ဝိဘတ်များကို တွေးပြီး မြင်ယောင်စေမည့် ထင်ရှားတဲ့ ပုံရိပ်တွေကို ပေးပါတယ်။ ဒီ infographics တွေကို တီထွင်ဖို့အကောင်းဆုံး အရင်းမြစ်ကတော့ Picktochart ပဲ ဖြစ်ပါ တယ်။ ကာတွန်းရုပ်ပုံတွေကို တီထွင်ဖို့ အကောင်းဆုံးအရင်းအမြစ်ကတော့ Bistrips တွေပဲ ဖြစ်ပါတယ်။ ၄င်းတို့သည် လူတကာက နှစ်သက်ပြီး နားလည်ရလွယ်သောကြောင့် ဖြစ်ပါသည်။ ဒါကြောင့် သင့်သင်တန်း သားများအတွက် infographics နှင့် ကာတွန်းများကို ပြင်ဆင်ပါတော့။ ဒါပေမယ့် ပိုပြီးထိရောက်စေတဲ့ နည်းကတော့ ဒီ infographics တွေကို သူတို့ကိုယ်တိုင် ပြုလုပ်စေခြငး်ဖြစ်ပါတယ်။

Blog.britishcouncil.org မှ Adam J. Simpson ၏ How to help learners of English understand prepositions ကို ကိုးကားဘာသာပြန်ထားတာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။
Credit: Myanmar-network.net

 

Read times Last modified on Monday, 30 December 2019 16:52
Rate this articles
(1 Vote)