×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 07 March 2018

အမျိုးသားတွေ လာရောက်လည်ပတ်ခွင့်မရှိတဲ့ ဖင်လန်နိုင်ငံမှ အပန်းဖြေကျွန်း

အမျိုးသားတွေ လာရောက်လည်ပတ်ခွင့်မရှိတဲ့ ဖင်လန်နိုင်ငံမှ အပန်းဖြေကျွန်း supersheisland.com

SuperShe Island လို့ နာမည်ပေးထားပြီး ဖင်လန်နိုင်ငံမှာ တည်ရှိတဲ့ ဒီကျွန်းလေးက အမျိုးသမီးလေးတွေ အတွက် သီးသန့်အပန်းဖြေစရာ နေရာတစ်ခုဖြစ်ပါတယ်။

ဒီကျွန်းလေးပေါ်မှာ အမျိုးသမီးသီးသန့် အပန်းဖြေစခန်းကို တည်ထောင်သူကတော့ အမေရိကန်စွန့်ဦး တီထွင် အမျိုးသမီးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ခရစ္စတီးနားရော့သ် ဖြစ်ပါတယ်။ သူမအနေနဲ့ တစ်ခါတစ်ရံ အမျိုးသမီးတွေဟာ အမျိုးသားတွေအတွက် အချိန်ပေးရတာတွေမရှိပဲ စိတ်လွတ်ကိုယ်လွတ် အပန်းဖြေ သင့်တယ်လို့ စိတ်ကူးမိပြီးတဲ့ နောက်ပိုင်းမှာ ဒီစခန်းကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ 

သူမရဲ့အဆိုအရ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ယှဉ်တွဲတဲ့အခါ သူတို့ကိုယ် သူတို့ထက် ယောက်ျား တွေကို ပိုဂရုစိုက်နေရတာကြောင့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး စိတ်လွတ်ကိုယ်လွတ် နေနိုင်ဖို့ရည်ရွယ်တယ် လို့ ဆိုပါတယ်။

supershe island kristina roth 1

“အမျိုးသမီးတွေဟာ ယောက်ျားတွေအတွက် ရည်ရွယ်ပြီး နှုတ်ခမ်းနီဆိုးရတာနဲ့၊ အလှပြင်ရတာတွေနဲ့ နေ့စဉ် နပမ်းလုံးနေကြရပြီး ကိုယ့်ကိုယ်ကိုထက် အမျိုးသားတွေ အတွက် ပိုပြီး လုပ်ဆောင်နေရတာတွေကို ဆိုလိုတာပါ၊ ဒီအပမ်းဖြေစခန်းမှာတော့ အမျိုးသမီးသီးသန့်ပဲ ဆိုတော့ အမျိုးသားတွေ အတွက် ဘာမှထွေထွေထူးထူး အလုပ်ရှုပ်ခံနေစရာ မလိုတော့ပါဘူး” ဟု ဆိုပါတယ်။

ဒီကျွန်းလေးမှာ အပန်းဖြေစခန်း လုပ်ဖြစ်သွားတာကတော့ ခရစ္စတီးနားနဲ့ ရည်းစားဖြစ်သူက သူတို့မိသားစု ပိုင်တဲ့ ကျွန်းတစ်ကျွန်း ရောင်းစရာရှိကြောင်း စပြောခဲ့ပါတယ်။ အစပိုင်းမှာ သူမအနေနဲ့ လုံးဝ စိတ်မဝင်စား ခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်းပေါ်ရောက်သွားတဲ့အခါ စိမ်းစိုတဲ့ သစ်တောနဲ့ လှပသာယာတဲ့ ပတ်ဝန်းကျင်ကြောင့် အခုလို အမျိုးသမီးသီးသန့် အပန်းဖြေစခန်း ဖွင့်ဖို့ အကြံရပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

 

 supershe island1

 

၈.၄ ဧကကျယ်ဝန်းတဲ့ ကျွန်းပေါ်မှာ လုံးချင်းသစ်သားအိမ်ငယ် ၁၀ လုံး တည်ဆောက်ထားပြီး၊ ကျန်းမာရေး လေ့ကျင့်ခန်းနဲ့ အချက်အပြုတ်သင်တန်းတွေ နေ့စဉ် စီစဉ်ထားသလို စွန့်စားသွားလာ လှုပ်ရှားမှုတွေအပြင် ယောဂ၊ တရားထိုင်ခြင်း၊ အပန်းဖြေစပါးတွေကိုပါ စီစဉ်ထားရှိပါတယ်။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေ အားလုံးအတူတစ်ကွ ကျန်းမာရေး လေ့ကျင့်ခန်းတွေနဲ့ အတူ မိမိကိုယ်ကိုယ် သဘာဝတရားနဲ့အညီ ဂရုစိုက်နိုင်အောင် ရည်ရွယ်တာပါ၊ ဒါတွေဟာ အပြင်လောက မှာတော့ စိတ်ကူးယဉ်လောက်သာ ဖြစ်နေပေမယ့် ဒီကျွန်းပေါ်မှာတော့ လက်တွေ့ အကောင်ထည် ဖော်နိုင် ပါပြီ” ဟု ခရစ္စတီးနားက ပြောဆိုခဲ့ပါတယ်။

 supershe

လက်ရှိမှာတော့ SuperShe Island ကို သူမနဲ့ နီးစပ်သူတွေလောက်သာ လာရောက် အပန်းဖြေလျှက် ရှိပြီး လာမယ့် ဇူလိုင်လမှာ အများသူငါအတွက် စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊ ဈေးနှုန်းတွေကိုတော့ထုတ်ပြန် ကြေညာခြင်း မရှိသေးပါဘူး။

ယခုကဲ့သို့ အမျိုးသမီးသီးသန့် အပန်းဖြေကျွန်း ဖွင့်လှစ်ရခြင်းမှာ အမျိုးသားများကို ဆန့်ကျင်ခြင်းမဟုတ်ပဲ တစ်ခါတစ်ရံ အမျိုးသမီးတွေချည်းသာ စုပြီးလွတ်လပ် ပျော်ရွှင်တဲ့ ဘဝကို ကောင်းမွန်တဲ့ ကျန်းမာရေး လေ့ကျင့်မှုများနဲ့အတူ ဖြတ်သန်းရင်း ဘဝအမောတွေ ဖြေဖျောက်ကာ ခွန်အားပြန်လည် ဖြည့်တင်းစေ လိုသော ရည်ရွယ်ချက်သာ ဖြစ်ကြောင်း ခရစ္စတီးနားရော့သ်က ပြောကြားခဲ့သည်။

Credit_popolay

Read times Last modified on Friday, 03 January 2020 14:34
Rate this articles
(5 votes)