×

Warning

JUser: :_load: Unable to load user with ID: 723


Student

Friday, 16 March 2018

အနာဂတ်ပညာရေးလမ်းကြောင်း အကြောင်းဆွေးနွေးပွဲပြုလုပ်မည်

အနာဂတ်ပညာရေးလမ်းကြောင်း အကြောင်းဆွေးနွေးပွဲပြုလုပ်မည် google.com

တက္ကသိုလ်ဝင်တန်း ဖြေဆိုထားပြီးသူတွေနဲ့ ဖြေဆိုဖို့ပြင်ဆင်နေတဲ့ မြန်မာကျောင်းသား လူငယ်တွေ မိဘတွေအတွက် အနာဂတ်ပညာရေးလမ်းကြောင်း အကြောင်း ဆွေးနွေးပွဲကို မတ်လ ၃၁ ရက်၊ မနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ Novotel Hotel Yangon, Pyay Ballroom မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါ တယ်။

ပွဲမှာ အနာဂတ်ပညာရေးလမ်းကြောင်းတွေနဲ့ ဘာသာရပ်တစ်ခုချင်းစီရဲ့ သဘောတရားတွေကို Crown Education မှ ဦးအောင်ကျော်ဆန်းက ဟောပြော ဆွေးနွေးပေးသွားမှာပါ။

“ဆေးကျောင်းအမှတ် မီတယ်… ကလေးက ဆရာဝန် မလုပ်ချင်ဘူး .. စီးပွားရေးပညာရပ် သင်ချင်တယ်။ တစ်ခါနောက်တစ်ယောက်က ဆေးကျောင်းကို တက်ချင်တယ်၊ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆေးအမှတ်မမီခဲ့ဘူးဆိုရင် ဒီကလေးတွေအနေနဲ့ ဘယ်လိုပညာရေးစနစ်ကိုွေးချယ်သင့်လဲဆိုတာ မိဘ တွေရော၊ ကလေးတွေအတွက်ပါ ခေါင်းခဲစရာဖြစ်လာပါပြီ။

ကလေးတစ်ဦးချင်းစီရဲ့ ဝါသနာ၊ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်နဲ့ အခြားအခြားသော အချက်အလက်တွေဟာ တစ်ဦးနဲ့ တစ်ဦး မတူညီကြပေမယ့် တစ်ချိန်ချိန်မှာ နိုင်ငံကို ပိုမိုတိုးတက်ပြောင်းလဲဖို့ ဦးဆောင်ရတဲ့သူတွေ ဖြစ်လာချိန်မှာ ဒီနေ့ခေတ်လူငယ်တွေအားလုံးရဲ့ ပညာရေးအခန်းကဏ္ဍက အရေးကြီးလာမှာ မုချ အမှန်ဖြစ်ပါတယ်” လို့ CROWN Education မှ ဦးအောင်ကျော်ဆန်းက ပြောပြခဲ့ပါတယ်။

Recommended for you - သင်ရဲ့ မအောင်မြင်ခြင်းက ဘယ်သူ့မှာတာဝန်ရှိသလဲ

ဆွေးနွေးပွဲ တက်ရောက်လိုသူတွေအနေနဲ့ ဖုန်း - ၀၁ ၅၂၇၈၃၈၊ ၀၉ ၉၇၇၉၇၇၂၀၀၊ ၀၉ ၄၄၅၅၆၆၇၀၁ ကို ဆက်သွယ်ကာ အခမဲ့ စာရင်းပေးသွင်းတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

 

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

 

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Source: InternetJournal

 

Read times Last modified on Friday, 03 January 2020 14:44
Rate this articles
(2 votes)