×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Motivate

Tuesday, 20 March 2018

စိတ်မပျက်ပါနဲ့

စိတ်မပျက်ပါနဲ့ google.com

စိတ်ပျက်ခြင်းဆိုတဲ့ ခံစားချက်ကို လျှာပေါ်တင် အရသာခံ မစားဘူးတဲ့သူ မရှိသလောက် ရှားပါလိမ့်မယ်။ ဒီခံစားမှုရဲ့ အရသာက စိတ်ပျက်ခြင်းလို့ နာမည်တပ်ထားတယ်ဆိုတာ မသိလို့သာ မခံစားဖူး ဘူးလို့ ထင်မိနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ တစ်သက်တာ ခံစားချက်မဟုတ်ပါဘူး။ 

ကြိုးစားရင်းနဲ့ ရှုံးနိမ့်လာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

ပေးဆပ်ရင်းနဲ့ နာကျင်လာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

နားလည်ပေးရင်းနဲ့ မျက်နှာလွှဲခံရတဲ့အခါ
စိတ်မပျက်ပါနဲ့....။

ကြံ့ကြံ့ခံရင်ဆိုင်ရင်း လဲပြိုလာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

အလျှော့ပေးရင်း သိမ်ငယ်လာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

Recommended for you - ဥာဏ်ထိုင်းစေမည့် ဘ၀နေထိုင်မှုပုံစံ ၁၀ မျိုး

ဘဝစစ်စစ်ဆိုတာ အမြဲတမ်းဖြစ်ချင်တာတွေ
မဖြစ်နိုင်ပေမယ့်
ကြိုးစားအားထုတ်နေသူတွေအတွက်
မကောင်းတဲ့ အဆုံးသတ်ဆိုတာလဲမရှိပါဘူး

"နောက်ထပ်အခွင့်အရေး"ဆိုတာတွေဟာ
ကံတရားကပေးတဲ့ လက်ဆောင်ပဲမဟုတ်ပါလား"

ကိုယ်လုပ်နိုင်တဲ့ ကိုယ့်စွမ်းအင်တွေကို
လျှော့ချလိုက်မှသာ
တကယ်စိတ်ပျက်စရာကောင်းတဲ့ ဘဝကိုဖြစ်စေမှာပါ

ကိုယ်ကကောင်းတာလုပ်ပြီး
စိတ်ပျက်စရာတွေချည်းပဲ ကြုံလာရလို့
စိတ်ဆင်းရဲမနေပါနဲ့
အချိန်ကာလတစ်ခု ရောက်လာတဲ့အခါ
ကိုယ့်စိတ်ရဲ့ဆန္ဒ တွေအတိုင်း
အကျိုးပေးလာပါလိမ့်မယ်....။

ဒါ့ကြောင့်
" စိတ်ပျက်တိုင်းသာ အရှုံးပေးနေပါက
အဘယ်မှာ ဘဝစစ်ရှိမည်နည်း " လို့ပဲ စိတ်ပျက်နေသူများအတွက် အားပေးစကားလေးပြောလိုက်ပါရစေ.။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Credit: EwanOOGnuam

Read times Last modified on Tuesday, 07 January 2020 17:24
Rate this articles
(0 votes)