×

Warning

JUser: :_load: Unable to load user with ID: 723
JUser: :_load: Unable to load user with ID: 81428


Book Review

Wednesday, 21 March 2018

“Steve Jobs ဘ၀ကုိ ေျပာင္းလဲေစခဲ့တဲ့ စာအုပ္ (၉)အုပ္”

“Steve Jobs ဘ၀ကုိ ေျပာင္းလဲေစခဲ့တဲ့ စာအုပ္ (၉)အုပ္” google.com

Apple ဟာဘာေၾကာင့္ေဖာက္ထြက္ေတြးေခၚႏိုင္တာလဲ။ဒါနဲ႔ပတ္သက္ၿပီး စတိဗ္ေဂ်ာ့ဘ္စ္က ရွင္းျပဖူးပါ တယ္။ လူေတြကိုအထူးတလည္ ဆြဲေဆာင္ႏုိင္တဲ့ i-Device ေတြ Mac ကြန္ပ်ဴတာေတြကို အဆက္မျပတ္ ဖန္တီးေနေပမယ့္ သူ႕ကုမၸဏီဟာ နည္းပညာကုမၸဏီ သက္သက္မဟုတ္ခဲ့ဘူးလို႔ iPad ကိုစတင္မိတ္ဆက္ စဥ္ကထုတ္ေျပာခဲ့ဖူးပါတယ္။

ရွင္းျပရမယ္ဆိုရင္ေတာ့ Apple က iPad လိုမ်ိဳးထုတ္ကုန္ေတြကို ဖန္တီးထုတ္ လုပ္ႏုိင္ရတဲ့အေၾကာင္းအရင္းက လြတ္လပ္တဲ့အႏုပညာနဲ႔ နည္းပညာရဲ႕ ဆံုခ်က္မွာရွိေနဖို႔ အၿမဲႀကိဳးစား ခဲ့လို႔ပါပဲလို႔သူက ဆိုခဲ့ပါတယ္။

လူမႈေဗဒဘာသာရပ္ ႐ႈေထာင့္ကၾကည့္မယ္ဆိုရင္ စတိဗ္ဟာသူတစ္သက္ တာလံုးစိတ္၀င္စားတဲ့အရာေတြကို အေျခခံၿပီး Apple ကိုလူသားဆန္တဲ့အေတြ႕အထိကို ေပးခဲ့ပါတယ္။ နည္းပညာနဲ႔ လြတ္လပ္တဲ့အႏုပညာကို ေပါင္းစပ္ဖန္တီးျခင္းအားျဖင့္ Apple ဟာနည္းပညာ ႐ႈေထာင့္က ၾကည့္ရင္ အလြန္ေခတ္မီဆန္းျပားတဲ့ထုတ္ကုန္ေတြကို ထုတ္လုပ္လာႏိုင္တယ္။ ၿပီးေတာ့အဲဒီထုတ္ကုန္ ေတြဟာ အလြယ္တကူသံုးႏိုင္သလို သံုးရတာစိတ္ေက်နပ္ဖြယ္ျဖစ္ေနလိမ့္မယ္။ အသံုးျပဳသူေတြ အတြက္ အမွန္ တကယ္အသံုးတည့္လိမ့္မယ္လို႔ အလိုလိုခံစားမိေနေစတဲ့ ထုတ္ကုန္မ်ိဳးေတြ ထုတ္လုပ္လာႏုိင္တယ္ လို႔ စတိဗ္ကေျပာပါတယ္။ Walter Isaacson ရဲ႕စတိဗ္အေၾကာင္း အတၳဳပတၱိစာအုပ္နဲ႔ တျခားေဖာ္ျပခ်က္ ေတြအရသူဟာ တစ္သက္လံုးစာဖတ္ခဲ့တဲ့ အက်ိဳးေက်းဇူးေၾကာင့္ ထူးျခားတဲ့႐ႈေထာင့္အျမင္ ေတြရွိလာခဲ့ပါ တယ္တဲ့။ သူ႕အေပၚအက်ိဳးသက္ေရာက္မႈ အမ်ားႀကီးရွိေစခဲ့တဲ့ စာအုပ္ေတြအမ်ားႀကီးရွိခဲ့ပါတယ္။ သူ႕တစ္သက္တာမွာ သူ႕ကိုလႊမ္းမိုးခဲ့တဲ့သူ႕ဘ၀ကို တစ္ဆစ္ခ်ိဳးေျပာင္းလဲေစခဲ့တဲ့စာအုပ္ေတြကို ေျပာျပခဲ့ ဖူးပါတယ္။ ဘယ္လိုစာအုပ္ေတြလဲဆိုတာေလ့လာၾကည့္ရေအာင္ . . .

 

(1) Be Here Now (Ram Dass)

၁၉၇၂ခုႏွစ္ေႏွာင္းပိုင္းကာလေတြမွာ စတိဗ္ဟာအိုရီဂြန္ျပည္နယ္ ေပါ့ထ္လန္းၿမိဳ႕က အထက္တန္းစား လြတ္လပ္အႏုပညာေက်ာင္းတစ္ခုျဖစ္တဲ့ Reed ေကာလိပ္မွာ စတက္ခဲ့ပါတယ္။ သူဟာ LSD ေတြအမ်ား အျပားသံုးစြဲခဲ့ သလိုစိတ္အားထက္သန္စြာနဲ႔ စာအုပ္ေပါင္းေျမာက္ျမားစြာကို ဖတ္႐ႈခဲ့ပါတယ္။ Ram Dass ရဲ႕တရား႐ႈမွတ္နည္းစာအုပ္ "Be Here Now" ကစတိဗ္ကို အက်ိဳးေက်းဇူးႀကီးစြာ ေပးခဲ့ပါတယ္။ အမည္ရင္း Richard Alpert လို႔ေခၚတဲ့ ဒီစာအုပ္ကိုဖန္တီးသူ Dass ဟာအေရွ႕ေတာင္အာရွေဒသကတကၠေဗဒ ဘာသာ ရပ္ေတြနဲ႔မ်က္ျမင္ကိုယ္ေတြ႕ႀကံဳခဲ့ရသူျဖစ္ပါတယ္။ ေနာက္ေတာ့ သူဟာဒီတရားဓမၼလမ္းေၾကာင္းေပၚမွာ လူသစ္တစ္ဦးျဖစ္ေပမယ့္လည္း ကံေကာင္းေအာင္ျပဳမူဖို႔ ဒါမွမဟုတ္ မၿပီးေသးတဲ့ သံသရာအလုပ္ေတြကို ျဖည့္ဆည္းဖို႔ အေနာက္တိုင္းကို ျပန္သြားခဲ့ပါတယ္။ ဒီအလုပ္ေတြရဲ႕ တစ္စိတ္တစ္ပုိင္းက မိမိတို႔ဘာေတြ ေလ့လာခဲ့တယ္ဆိုတာကို သံသရာမွာ တစ္ခရီးတည္းသြားေနတဲ့ တျခားလူေတြဆီကိုမွ်ေ၀ဖို႔ ျဖစ္ပါတယ္။ မိမိတို႔ တစ္ဦးခ်င္းစီဟာအသိပညာေတြကို တျခားသူေတြဆီကို မွ်ေ၀ဖို႕အတြက္ သူ႕ဆီကဆန္းၾကယ္တဲ့ လမ္းၫႊန္မႈကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ သူ႕အတြက္ ဒီဇာတ္လမ္းက သင့္ေလ်ာ္မွန္ကန္တဲ့ အသိပညာ ေတြ မွ်ေ၀ဖို႔ အတြက္လမ္းျပမႈတစ္ခုသာမက ရွင္သန္ေနထိုင္ဖို႔အတြက္ ဘယ္အရာ ကျဖစ္သင့္တယ္ ဆိုတာကို နားလည္ေစတဲ့အရာ ျဖစ္ပါတယ္။

“ဒီစာအုပ္ကအရမ္းႀကီးက်ယ္လြန္းပါတယ္”လို႔႔စတိဗ္ကေျပာပါတယ္။“ဒီစာအုပ္ကပဲကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္သူငယ္ခ်င္းအမ်ားအျပားကိုေျပာင္းလဲေပးခဲ့ပါတယ္”တဲ့။

 

(2) Diet for a Small Planet (Frances Moore Lappe)

Reed မွာပညာသင္ယူေနတဲ့ပထမႏွစ္မွာJobs ဟာပ႐ိုတိန္းၾကြယ္၀တဲ့ သက္သက္လြတ္အစားအစာေတြကို စားေသာက္တဲ့အေလ့အက်င့္ အေၾကာင္းကိုေရးသားထားတဲ့ "Diet for a Small Planet" ဆိုတဲ့စာအုပ္ကို ဖတ္ခဲ့ပါတယ္။ ဒီစာအုပ္ကအုပ္ေရ ၃ သန္းေလာက္ ေရာင္းခ်ခဲ့ရတဲ့စာအုပ္ပါ။ “ဒါကေဖာက္ထြက္မႈ တစ္ခု ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ကြၽန္ေတာ္ကအစား အစာေတြကိုေကာင္းေကာင္းစားေတာ့မယ္လို႔ တုိင္တည္ မိသြားတဲ့အထိပါပဲ”လို႔စတိဗ္က Isaacson ကိုေျပာခဲ့ဖူးပါတယ္။ ဒီစာအုပ္ကစတိဗ္အေပၚမွာ တျခားအက်ိဳး သက္ေရာက္မႈေတြလည္းရွိခဲ့ၿပီးေတာ့ သူ႕ကိုျပင္းထန္တဲ့ဓာတ္စာစားနည္းမ်ိဳးေတြကိုစမ္းလုပ္ၾကည့္ဖို႔ ျဖစ္လာေစခဲ့ပါတယ္။

Recommended for you - သင့္ထံမွာ ယံုၾကည္မွဳေတြ ေပ်ာက္ဆံုးသြားတဲ့အခါ

(3) Mucusless Diet Healing System  (Arnold Ehret)

ဒါေပမယ့္လည္း "Mucusless Diet Healing System" ဆိုတဲ့၂၀ရာစု အေစာပိုင္းက ဂ်ာမန္လူမ်ိဳး အာဟာရေဗဒပညာရွင္ Arnold Ehret စာအုပ္ကို ဖတ္ၿပီးေနာက္ပိုင္းမွာေတာ ့Jobs ရဲ႕ကိုယ္အေလးခ်ိန္ ထိန္းသိမ္းတဲ့ဓာတ္စာ စားေသာက္ပံုေတြက ပိုၿပီးျခားနားလာပါေတာ့တယ္။ သူကမၾကာခဏ အသီး ေဖ်ာ္ရည္ေသာက္သံုးဖို႔ လမ္းၫႊန္ခ်က္ေပးခဲ့ပါတယ္။ “ကြၽန္ေတာ္ ဒီထဲ ကေန ပံုမွန္လုပ္ေနက် ထူးထူး ဆန္းဆန္း နည္းလမ္းေတြရခဲ့ပါတယ္” လို႔ စတိဗ္က Isaacson ကိုေျပာပါတယ္။ Ehret ရဲ႕လမ္းၫႊန္ခ်က္ ေတြကိုလက္ခံ လာၿပီးေနာက္ပိုင္းမွာ ရက္သတၱပတ္လံုးမုန္လာဥနီတစ္မ်ိဳးတည္းနဲ႔ပဲ မွီ၀ဲရွင္သန္ေနတာလိုမ်ိဳး အစာအဟာရသံုးေဆာင္ပံုနဲ႔ ပတ္သက္ၿပီး အစြန္းေရာက္သူတစ္ေယာက္ ျဖစ္လာပါတယ္။ ေဖာ္ျပခ်က္ေတြ အရ ဆိုရင္ေတာ့ သူ႕အသားအေရဟာ လိေမၼာ္ေရာင္သန္းလာတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဒါမ်ိဳးေတြကို အိမ္မွာေတာ့မစမ္းၾကည့္ၾကသင့္ပါဘူး။ အက္ရွ္တန္ကက္ခ်ာကလည္း ေက်ာင္းတက္ေနတုန္းက သူေလးစား ရတဲ့ပုဂၢိဳလ္ျဖစ္တဲ့ စတိဗ္ေဂ်ာ့ဘ္စ္လိုမ်ိဳး သစ္သီးေတြခ်ည္းစားၿပီး ကိုယ္အေလးခ်ိန္ထိန္းဖို႔ ႀကိဳးပမ္းခဲ့ဖူး ပါတယ္။ ေနာက္ေတာ့သူ႔ကိုေဆး႐ံုတင္လုိက္ရပါတယ္။

 

(4) King Lear (by William Shakespeare)

စတိဗ္ရဲ႕စာေပ၀ါသနာပိုးက အထက္တန္းေက်ာင္းသားဘ၀ ေနာက္ဆံုး ၂ ႏွစ္မွာကတည္းကစခဲ့တာပါ။ “ကြၽန္ေတာ္သီခ်င္းေတြ အေျမာက္အျမားစၿပီး နားေထာင္ခဲ့တယ္” လို႔သူက Issacson ကိုေျပာခဲ့ပါတယ္။ ေနာက္ၿပီးသိပၸံနဲ႔ နည္းပညာဆိုတဲ့ ေဘာင္ရဲ႕အျပင္ဘက္က စာေတြကိုပိုၿပီး စဖတ္ျဖစ္ခဲ့တယ္။ ရွိတ္စပီးယား တုိ႔၊ ပလာတိုတို႔ရဲ႕ စာေတြကိုေပါ့။ “King Lear” ကိုေတာ့ ကြၽန္ေတာ္သိပ္ႀကိဳက္ရပါတယ္” လို႔ဆိုပါတယ္။

တုိင္းျပည္ကို ခြဲျခမ္းအေမြေပးဖို႔ ႐ူးသြပ္စြာလုပ္ေဆာင္ခဲ့တဲ့ ဘုရင္အိုႀကီးတစ္ပါးရဲ႕ အေၾကာင္းကို ဖြဲ႕ဆို ထားတဲ့ ဒီစာအုပ္ထဲက ျဖစ္ရပ္ဆိုးကလူငယ္ကေလး Jobs ကိုသတိေပးေနတဲ့ပံုျပင္ေလးပါပဲ။ 'King Lear' စာအုပ္က သင့္ရဲ႕အင္ပါယာအေပၚမွာ သင့္ရဲ႕ခ်ဳပ္ကိုင္ႏုိင္စြမ္းဆံုး႐ံႈးသြားတဲ့အခါ ဘယ္လိုမွားယြင္းမႈေတြ ျဖစ္လာႏုိင္လဲ ဆိုတာက ိုရွင္းရွင္းလင္းလင္း ဖြင့္ဆိုျပခဲ့တယ္။ ဒီစာအုပ္က ရည္မွန္းခ်က္ႀကီးမားတဲ့ CEO ေတြကို ေသခ်ာေပါက္ ဆြဲေဆာင္ႏုိင္တဲ့ ဇာတ္လမ္းမ်ိဳးပါလို႔ "How to Think Like Steve Jobs" ဆိုတဲ့ စာအုပ္ကို ေရးသားခဲ့တဲ့ စာေရးဆရာ Daniel Smith ကဆိုပါတယ္။

 

(5) Moby Dick (Herman Melville)

စတိဗ္ႀကီးေကာင္၀င္ခ်ိန္မွာ သူ႕ရဲ႕အျမင္ေတြကို ပံုသြင္းခဲ့တဲ့တျခား ဇာတ္လမ္းေကာင္း တစ္ခုကေတာ့ Herman Melville နက္နက္နဲနဲ ေရးဖြဲ႕ခဲ့တဲ့အေမရိကန္၀တၳဳ "Moby Dick" ပါပဲ။ Isaacson ကတဇြတ္ ထိုးႏုိင္လွၿပီး လူေတြကိုဦးေဆာင္ႏုိင္စြမ္းရွိလွတဲ့ သေဘၤာကပၸတိန္ Ahab နဲ႔စတိဗ္ တို႔ၾကားထဲကဆက္ ႏြယ္မႈကိုေဖာ္ျပခဲ့ပါတယ္။ တကယ္တမ္းလည္း Ahab ကစတိဗ္နဲ႔ ေတာ္ေတာ္ဆင္တူပါတယ္။ သူတို႔ ႏွစ္ေယာက္လံုးက သတ္မွတ္ခ်က္ေတြထက္ အေတြ႕အႀကံဳေတြကို တုိက္႐ိုက္ေလ့လာၿပီး လက္ခံတတ္တဲ့ အက်င့္ရွိပါတယ္။ “ကြၽန္ေတာ္ကေတာ့ ေ၀လငါးဖမ္းတဲ့အလုပ္ရဲ႕ ေအာင္ျမင္မႈနဲ႔ ဂုဏ္သိကၡာေတြကို ေမွ်ာ္လင့္ခ်က္ အျဖစ္မွတ္ယူပါတယ္။ ေ၀လငါးဖမ္းသေဘၤာတစ္စီးဆိုတာကြၽန္ေတာ့္အတြက္ေတာ့ Yale College တို႔ Harvard တို႔ပါပဲ” လို႔ကပၸတိန္ကဇာတ္လမ္းထဲမွာဆိုခဲ့ပါတယ္။

Recommended for you - စိတ္မပ်က္ပါနဲ႔

(6) The Collected Poems of Dylan Thomas (Dylan Thomas)

အသက္အရြယ္အေလ်ာက္ ဥာဏ္အသိပြင့္လင္းလာေနတယ္ ဆိုေပမယ့္ Jobs ရဲ႕အထက္တန္းေက်ာင္း ေနာက္ဆံုးႏွစ္ေတြမွာ မိမိကိုယ္ကို အလြန္အကြၽံ စိတ္ႀကီး၀င္ေနခဲ့တာေတြကို မထိန္းခ်ဳပ္ခဲ့ပါဘူးလို႔ သူက ၀န္ခံဖူးပါတယ္။ ဒီအခ်ိန္မွာပဲ သူကေ၀းလ္စ္ႏြယ္ဖြားကဗ်ာဆရာ Dylan Thomas ရဲ႕ႏွစ္လိုဖြယ္ရာ ကဗ်ာ တစ္ပုဒ္ကိုေတြ႕ရွိခဲ့ပါတယ္။ “Thomas ရဲ႕ကဗ်ာက သူ႕ကိုသိသာထင္ရွားတဲ့ ပံုသဏၭာန္သစ္ေတြ၊ မေရွာင္လႊဲ ႏိုင္ေလာက္ေအာင္ထင္ရွားလာမႈေတြနဲ႔ ထိေတြ႕ေစခဲ့တယ္” လို႔ "How to Think like Steve Jobs" စာအုပ္ ရဲ႕ စာေရးသူ Daniel Smith ကေျပာဆုိပါတယ္။ အဲဒီ "Do not go gentle" ဆိုတဲ့ကဗ်ာက သူ႕ရဲ႕အႀကိဳက္ ဆံုးျဖစ္လာပါတယ္။

 

(7) Autobiography of a Yogi (Paramahansa Yogananda)

စတိဗ္ဟာ "Autobiography of a Yogi" ဆိုတဲ့အိႏၵိယေယာဂဆရာတစ္ပါး ျဖစ္တဲ့ Paramahansa Yogananda ရဲ႕စာအုပ္ကိုလည္း ေက်ာင္းသား ဘ၀က ဖတ္ခဲ့ပါေသးတယ္။ အဲ့အခ်ိန္တုန္းက သူက အိႏၵိယႏုိင္ငံ ဟိမ၀ႏၱာေတာင္တန္းေတာင္ေျခကတည္းခိုခန္းတစ္ခုကိုေရာက္ေနတဲ့ အခ်ိန္ျဖစ္ၿပီးေတာ့ ဒီစာအုပ္ကို အဲဒီမွာဖတ္ခဲ့ရတာပါ။ စတိဗ္ရွင္းျပတာကေတာ့ ဒီစာအုပ္ဟာ "Autobiography of a Yogi" ရဲ႕အဂၤလိပ္ဘာသာ စာအုပ္ျဖစ္ၿပီးေတာ့ သူ႕ေရွ႕က ဒီမွာတည္းသြားတဲ့ခရီးသြားတစ္ဦးဦး က်န္ရစ္ခဲ့တာလို႔ ဆိုပါတယ္။ ေနာက္ေတာ့ သူအႀကိမ္ႀကိမ္ဖတ္ျဖစ္ခဲ့ၿပီး အဓိကကေတာ့ အဲမွာဘာမွလုပ္စရာ မ်ားမ်ားစားစား မရွိဘဲ အားေနလို႔ပါ။ ေနာက္ေတာ့သူ႕၀မ္းကိုက္ေရာဂါ သက္သာလာခ်ိန္မွာ သူရြာေတြကိုျဖတ္ၿပီး ေလွ်ာက္ သြားေနခဲ့တယ္။

 

(8) Zen Mind, Beginner's (Mind Shunryu Suzuki)

စတိဗ္တစ္ေယာက္ အိႏၵိယကျပန္လာၿပီးေတာ့ တရားထုိင္တတ္တဲ့ အေလ့အထ ေလးရွိလာပါတယ္။ ဒါက သူေနထုိင္ရာအရပ္ေဒသေၾကာင့္လည္း တစ္စိတ္တစ္ေဒသ ပါ၀င္ၿပီးေတာ့ သူေနတဲ့ ကယ္လီဖိုးနီးယား ဟာ ၁၉၇၀ ၀န္းက်င္ေလာက္က အေမရိကတစ္ခြင္မွာ ပထမဆံုး ဇန္ဗုဒၶဘာသာအယူ၀ါဒ စတင္ အေျခခ်ရာ ေနရာျဖစ္ေနပါတယ္။ စတိဗ္ဟာ "Zen Mind, Beginner's Mind" ဆိုတဲ့စာအုပ္ကို ျပဳစုခဲ့တဲ့ ဂ်ပန္ ဘုန္းေတာ္ႀကီး Shunryu Suzuki ဆီမွာ တရားဓမၼ သင္တန္းတက္ႏုိင္ခဲ့ပါတယ္။ “သူကအရာရာကိုသေဘာ က်ေနသလို Zen တစ္ေယာက္လိုျပင္းျပင္းထန္ထန္က်င့္ခဲ့ပါတယ္။ သူက တကယ္ကို အေလးအနက္ႀကီး လုပ္ေနတာပါ ဒါနဲ႔ပတ္သက္ၿပီး ကိုယ့္ဘာသာ ႀကီးက်ယ္ေနတာမ်ိဳး၊ သည္းခံႏုိင္တာမ်ိဳး ျဖစ္တတ္ပါတယ္” လို႔အဲ့အခ်ိန္တုန္း ကသူ႕ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းျဖစ္တဲ့ Daniel Kotte ကဆိုပါတယ္။

 

(9) The Innovator's Dilemma (Clayton M. Christensen)

စတိဗ္ကဇာတ္တူသားစားတဲ့၀ါဒဟာဖြံ႕ၿဖိဳးမႈအတြက္လိုအပ္ခ်က္လို႔ ျမင္ပါတယ္။ ဒီအတြက္ ဟားဘတ္ စီးပြားေရး ေက်ာင္းကပါေမာကၡ Clay Christensen ရဲ႕"Innovator's Dilemma" စာအုပ္ကိုေက်းဇူးတင္ရပါ လိမ့္မယ္။ ကုမၸဏီေတြကို သူတို႔ရဲ႕ေအာင္ျမင္မႈကပဲ ၿပိဳပ်က္ေစတယ္လို႔ဒီ စာအုပ္ကဆို ထားပါတယ္။ ေအာင္ျမင္ၿပီးတဲ့ ထုတ္ကုန္တစ္ခုကို အေျပာင္းအလဲ မလုပ္ခ်င္ၾကဘူး။ စတိဗ္က Apple မွာဒီလိုျဖစ္ရပ္မ်ိဳး ေတြမျဖစ္ေအာင္ ရွင္းရွင္းလင္းလင္း လုပ္ခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး Cloud Computing ကိုလူေတြ လက္ခံဖို႔ လိုအပ္တယ္ဆိုတာကို ရွင္းျပစဥ္က သူထည့္သြင္းရွင္းျပခဲ့ဖူးပါတယ္။ ကြၽန္ေတာ္တို႔ လုပ္ေနတဲ့ ေျပာင္းလဲမႈ ကအေရးႀကီးပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး Clayton Christensen က "the innovator's dilemma" လို႕ ေခၚေ၀ၚၿပီးေတာ့ ဆိုလိုခ်င္တာက တီထြင္ဖန္တီးၾကသူေတြက ေနာက္ဆံုး ဖန္တီးလိုက္တဲ့ အခါအၿမဲေနာက္ဆံုးဖန္တီးမႈတစ္ခု အျဖစ္ ျမင္ၾကရပါ တယ္။ ေသခ်ာတာကေတာ့ ကြၽန္ေတာ္တို႔ဟာ ဘယ္သူ မွေနာက္မွာက်န္ေနရစ္ဖို႔ မလိုလားၾကပါဘူး။

အဂၤလိပ္စာကုိ အေျခခံမွစျပီး ကြ်မ္းက်င္စြာ တတ္ေျမာက္သည္အထိ သင္ယူခ်င္ပါသလား။ IELTS စာေမးပြဲကို အေကာင္းဆံုးေျဖဆိုေအာင္ျမင္ခ်င္ပါသလား။ Sayar.com.mm တြင္ ရွိေသာ ဆရာ ဆရာမ မ်ားနွင့္ ဆက္သြယ္လိုက္ပါ။

သင္ကိုယ္တိုင္က ဆရာတစ္ေယာက္ ျဖစ္ေနလွ်င္ ကြ်န္ေတာ္တို႔နွင့္ လက္တြဲဖို႔ ဖိတ္ေခၚလိုက္ပါရေစ။ အခမဲ့ register လုပ္လုိက္ပါ။

 

ေမာင္မိုးဇြန္

Source: mobileguide

 

Unicode ဖြင့်ဖတ်ရန်

Unicode ဖြင့်ဖတ်ရန်Apple ဟာဘာကြောင့်ဖောက်ထွက်တွေးခေါ်နိုင်တာလဲ။ဒါနဲ့ပတ်သက်ပြီး စတိဗ်ဂျော့ဘ်စ်က ရှင်းပြဖူးပါ တယ်။ လူတွေကိုအထူးတလည် ဆွဲဆောင်နိုင်တဲ့ i-Device တွေ Mac ကွန်ပျူတာတွေကို အဆက်မပြတ် ဖန်တီးနေပေမယ့် သူ့ကုမ္ပဏီဟာ နည်းပညာကုမ္ပဏီ သက်သက်မဟုတ်ခဲ့ဘူးလို့ iPad ကိုစတင်မိတ်ဆက် စဉ်ကထုတ်ပြောခဲ့ဖူးပါတယ်။ ရှင်းပြရမယ်ဆိုရင်တော့ Apple က iPad လိုမျိုးထုတ်ကုန်တွေကို ဖန်တီးထုတ် လုပ်နိုင်ရတဲ့အကြောင်းအရင်းက လွတ်လပ်တဲ့အနုပညာနဲ့ နည်းပညာရဲ့ ဆုံချက်မှာရှိနေဖို့ အမြဲကြိုးစား ခဲ့လို့ပါပဲလို့သူက ဆိုခဲ့ပါတယ်။

လူမှုဗေဒဘာသာရပ် ရှုထောင့်ကကြည့်မယ်ဆိုရင် စတိဗ်ဟာသူတစ်သက် တာလုံးစိတ်ဝင်စားတဲ့အရာတွေကို အခြေခံပြီး Apple ကိုလူသားဆန်တဲ့အတွေ့အထိကို ပေးခဲ့ပါတယ်။ နည်းပညာနဲ့ လွတ်လပ်တဲ့အနုပညာကို ပေါင်းစပ်ဖန်တီးခြင်းအားဖြင့် Apple ဟာနည်းပညာ ရှုထောင့်က ကြည့်ရင် အလွန်ခေတ်မီဆန်းပြားတဲ့ထုတ်ကုန်တွေကို ထုတ်လုပ်လာနိုင်တယ်။ ပြီးတော့အဲဒီထုတ်ကုန် တွေဟာ အလွယ်တကူသုံးနိုင်သလို သုံးရတာစိတ်ကျေနပ်ဖွယ်ဖြစ်နေလိမ့်မယ်။ အသုံးပြုသူတွေ အတွက် အမှန် တကယ်အသုံးတည့်လိမ့်မယ်လို့ အလိုလိုခံစားမိနေစေတဲ့ ထုတ်ကုန်မျိုးတွေ ထုတ်လုပ်လာနိုင်တယ် လို့ စတိဗ်ကပြောပါတယ်။ Walter Isaacson ရဲ့စတိဗ်အကြောင်း အတ္ထုပတ္တိစာအုပ်နဲ့ တခြားဖော်ပြချက် တွေအရသူဟာ တစ်သက်လုံးစာဖတ်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ထူးခြားတဲ့ရှုထောင့်အမြင် တွေရှိလာခဲ့ပါ တယ်တဲ့။ သူ့အပေါ်အကျိုးသက်ရောက်မှု အများကြီးရှိစေခဲ့တဲ့ စာအုပ်တွေအများကြီးရှိခဲ့ပါတယ်။ သူ့တစ်သက်တာမှာ သူ့ကိုလွှမ်းမိုးခဲ့တဲ့သူ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့စာအုပ်တွေကို ပြောပြခဲ့ ဖူးပါတယ်။ ဘယ်လိုစာအုပ်တွေလဲဆိုတာလေ့လာကြည့်ရအောင် . . .

(1) Be Here Now (Ram Dass)

၁၉၇၂ခုနှစ်နှောင်းပိုင်းကာလတွေမှာ စတိဗ်ဟာအိုရီဂွန်ပြည်နယ် ပေါ့ထ်လန်းမြို့က အထက်တန်းစား လွတ်လပ်အနုပညာကျောင်းတစ်ခုဖြစ်တဲ့ Reed ကောလိပ်မှာ စတက်ခဲ့ပါတယ်။ သူဟာ LSD တွေအများ အပြားသုံးစွဲခဲ့ သလိုစိတ်အားထက်သန်စွာနဲ့ စာအုပ်ပေါင်းမြောက်မြားစွာကို ဖတ်ရှုခဲ့ပါတယ်။ Ram Dass ရဲ့တရားရှုမှတ်နည်းစာအုပ် "Be Here Now" ကစတိဗ်ကို အကျိုးကျေးဇူးကြီးစွာ ပေးခဲ့ပါတယ်။ အမည်ရင်း Richard Alpert လို့ခေါ်တဲ့ ဒီစာအုပ်ကိုဖန်တီးသူ Dass ဟာအရှေ့တောင်အာရှဒေသကတက္ကဗေဒ ဘာသာ ရပ်တွေနဲ့မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူဖြစ်ပါတယ်။ နောက်တော့ သူဟာဒီတရားဓမ္မလမ်းကြောင်းပေါ်မှာ လူသစ်တစ်ဦးဖြစ်ပေမယ့်လည်း ကံကောင်းအောင်ပြုမူဖို့ ဒါမှမဟုတ် မပြီးသေးတဲ့ သံသရာအလုပ်တွေကို ဖြည့်ဆည်းဖို့ အနောက်တိုင်းကို ပြန်သွားခဲ့ပါတယ်။ ဒီအလုပ်တွေရဲ့ တစ်စိတ်တစ်ပိုင်းက မိမိတို့ဘာတွေ လေ့လာခဲ့တယ်ဆိုတာကို သံသရာမှာ တစ်ခရီးတည်းသွားနေတဲ့ တခြားလူတွေဆီကိုမျှဝေဖို့ ဖြစ်ပါတယ်။ မိမိတို့ တစ်ဦးချင်းစီဟာအသိပညာတွေကို တခြားသူတွေဆီကို မျှဝေဖို့အတွက် သူ့ဆီကဆန်းကြယ်တဲ့ လမ်းညွှန်မှုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သူ့အတွက် ဒီဇာတ်လမ်းက သင့်လျော်မှန်ကန်တဲ့ အသိပညာ တွေ မျှဝေဖို့ အတွက်လမ်းပြမှုတစ်ခုသာမက ရှင်သန်နေထိုင်ဖို့အတွက် ဘယ်အရာ ကဖြစ်သင့်တယ် ဆိုတာကို နားလည်စေတဲ့အရာ ဖြစ်ပါတယ်။

“ဒီစာအုပ်ကအရမ်းကြီးကျယ်လွန်းပါတယ်”လို့စတိဗ်ကပြောပါတယ်။“ဒီစာအုပ်ကပဲကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းအများအပြားကိုပြောင်းလဲပေးခဲ့ပါတယ်”တဲ့။

(2) Diet for a Small Planet (Frances Moore Lappe)

Reed မှာပညာသင်ယူနေတဲ့ပထမနှစ်မှာJobs ဟာပရိုတိန်းကြွယ်ဝတဲ့ သက်သက်လွတ်အစားအစာတွေကို စားသောက်တဲ့အလေ့အကျင့် အကြောင်းကိုရေးသားထားတဲ့ "Diet for a Small Planet" ဆိုတဲ့စာအုပ်ကို ဖတ်ခဲ့ပါတယ်။ ဒီစာအုပ်ကအုပ်ရေ ၃ သန်းလောက် ရောင်းချခဲ့ရတဲ့စာအုပ်ပါ။ “ဒါကဖောက်ထွက်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်ကအစား အစာတွေကိုကောင်းကောင်းစားတော့မယ်လို့ တိုင်တည် မိသွားတဲ့အထိပါပဲ”လို့စတိဗ်က Isaacson ကိုပြောခဲ့ဖူးပါတယ်။ ဒီစာအုပ်ကစတိဗ်အပေါ်မှာ တခြားအကျိုး သက်ရောက်မှုတွေလည်းရှိခဲ့ပြီးတော့ သူ့ကိုပြင်းထန်တဲ့ဓာတ်စာစားနည်းမျိုးတွေကိုစမ်းလုပ်ကြည့်ဖို့ ဖြစ်လာစေခဲ့ပါတယ်။

Recommended for you - သင့်ထံမှာ ယုံကြည်မှုတွေ ပျောက်ဆုံးသွားတဲ့အခါ

(3) Mucusless Diet Healing System (Arnold Ehret)

ဒါပေမယ့်လည်း "Mucusless Diet Healing System" ဆိုတဲ့၂၀ရာစု အစောပိုင်းက ဂျာမန်လူမျိုး အာဟာရဗေဒပညာရှင် Arnold Ehret စာအုပ်ကို ဖတ်ပြီးနောက်ပိုင်းမှာတော့Jobs ရဲ့ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့ဓာတ်စာ စားသောက်ပုံတွေက ပိုပြီးခြားနားလာပါတော့တယ်။ သူကမကြာခဏ အသီး ဖျော်ရည်သောက်သုံးဖို့ လမ်းညွှန်ချက်ပေးခဲ့ပါတယ်။ “ကျွန်တော် ဒီထဲ ကနေ ပုံမှန်လုပ်နေကျ ထူးထူး ဆန်းဆန်း နည်းလမ်းတွေရခဲ့ပါတယ်” လို့ စတိဗ်က Isaacson ကိုပြောပါတယ်။ Ehret ရဲ့လမ်းညွှန်ချက် တွေကိုလက်ခံ လာပြီးနောက်ပိုင်းမှာ ရက်သတ္တပတ်လုံးမုန်လာဥနီတစ်မျိုးတည်းနဲ့ပဲ မှီဝဲရှင်သန်နေတာလိုမျိုး အစာအဟာရသုံးဆောင်ပုံနဲ့ ပတ်သက်ပြီး အစွန်းရောက်သူတစ်ယောက် ဖြစ်လာပါတယ်။ ဖော်ပြချက်တွေ အရ ဆိုရင်တော့ သူ့အသားအရေဟာ လိမ္မော်ရောင်သန်းလာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါမျိုးတွေကို အိမ်မှာတော့မစမ်းကြည့်ကြသင့်ပါဘူး။ အက်ရှ်တန်ကက်ချာကလည်း ကျောင်းတက်နေတုန်းက သူလေးစား ရတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ စတိဗ်ဂျော့ဘ်စ်လိုမျိုး သစ်သီးတွေချည်းစားပြီး ကိုယ်အလေးချိန်ထိန်းဖို့ ကြိုးပမ်းခဲ့ဖူး ပါတယ်။ နောက်တော့သူ့ကိုဆေးရုံတင်လိုက်ရပါတယ်။

(4) King Lear (by William Shakespeare)

စတိဗ်ရဲ့စာပေဝါသနာပိုးက အထက်တန်းကျောင်းသားဘ၀ နောက်ဆုံး ၂ နှစ်မှာကတည်းကစခဲ့တာပါ။ “ကျွန်တော်သီချင်းတွေ အမြောက်အမြားစပြီး နားထောင်ခဲ့တယ်” လို့သူက Issacson ကိုပြောခဲ့ပါတယ်။ နောက်ပြီးသိပ္ပံနဲ့ နည်းပညာဆိုတဲ့ ဘောင်ရဲ့အပြင်ဘက်က စာတွေကိုပိုပြီး စဖတ်ဖြစ်ခဲ့တယ်။ ရှိတ်စပီးယား တို့၊ ပလာတိုတို့ရဲ့ စာတွေကိုပေါ့။ “King Lear” ကိုတော့ ကျွန်တော်သိပ်ကြိုက်ရပါတယ်” လို့ဆိုပါတယ်။

တိုင်းပြည်ကို ခွဲခြမ်းအမွေပေးဖို့ ရူးသွပ်စွာလုပ်ဆောင်ခဲ့တဲ့ ဘုရင်အိုကြီးတစ်ပါးရဲ့ အကြောင်းကို ဖွဲ့ဆို ထားတဲ့ ဒီစာအုပ်ထဲက ဖြစ်ရပ်ဆိုးကလူငယ်ကလေး Jobs ကိုသတိပေးနေတဲ့ပုံပြင်လေးပါပဲ။ 'King Lear' စာအုပ်က သင့်ရဲ့အင်ပါယာအပေါ်မှာ သင့်ရဲ့ချုပ်ကိုင်နိုင်စွမ်းဆုံးရှုံးသွားတဲ့အခါ ဘယ်လိုမှားယွင်းမှုတွေ ဖြစ်လာနိုင်လဲ ဆိုတာက ိုရှင်းရှင်းလင်းလင်း ဖွင့်ဆိုပြခဲ့တယ်။ ဒီစာအုပ်က ရည်မှန်းချက်ကြီးမားတဲ့ CEO တွေကို သေချာပေါက် ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းမျိုးပါလို့ "How to Think Like Steve Jobs" ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ Daniel Smith ကဆိုပါတယ်။

(5) Moby Dick (Herman Melville)

စတိဗ်ကြီးကောင်ဝင်ချိန်မှာ သူ့ရဲ့အမြင်တွေကို ပုံသွင်းခဲ့တဲ့တခြား ဇာတ်လမ်းကောင်း တစ်ခုကတော့ Herman Melville နက်နက်နဲနဲ ရေးဖွဲ့ခဲ့တဲ့အမေရိကန်ဝတ္ထု "Moby Dick" ပါပဲ။ Isaacson ကတဇွတ် ထိုးနိုင်လှပြီး လူတွေကိုဦးဆောင်နိုင်စွမ်းရှိလှတဲ့ သင်္ဘောကပ္ပတိန် Ahab နဲ့စတိဗ် တို့ကြားထဲကဆက် နွယ်မှုကိုဖော်ပြခဲ့ပါတယ်။ တကယ်တမ်းလည်း Ahab ကစတိဗ်နဲ့ တော်တော်ဆင်တူပါတယ်။ သူတို့ နှစ်ယောက်လုံးက သတ်မှတ်ချက်တွေထက် အတွေ့အကြုံတွေကို တိုက်ရိုက်လေ့လာပြီး လက်ခံတတ်တဲ့ အကျင့်ရှိပါတယ်။ “ကျွန်တော်ကတော့ ဝေလငါးဖမ်းတဲ့အလုပ်ရဲ့ အောင်မြင်မှုနဲ့ ဂုဏ်သိက္ခာတွေကို မျှော်လင့်ချက် အဖြစ်မှတ်ယူပါတယ်။ ဝေလငါးဖမ်းသင်္ဘောတစ်စီးဆိုတာကျွန်တော့်အတွက်တော့ Yale College တို့ Harvard တို့ပါပဲ” လို့ကပ္ပတိန်ကဇာတ်လမ်းထဲမှာဆိုခဲ့ပါတယ်။

Recommended for you - စိတ်မပျက်ပါနဲ့

(6) The Collected Poems of Dylan Thomas (Dylan Thomas)

အသက်အရွယ်အလျောက် ဉာဏ်အသိပွင့်လင်းလာနေတယ် ဆိုပေမယ့် Jobs ရဲ့အထက်တန်းကျောင်း နောက်ဆုံးနှစ်တွေမှာ မိမိကိုယ်ကို အလွန်အကျွံ စိတ်ကြီးဝင်နေခဲ့တာတွေကို မထိန်းချုပ်ခဲ့ပါဘူးလို့ သူက ဝန်ခံဖူးပါတယ်။ ဒီအချိန်မှာပဲ သူကဝေးလ်စ်နွယ်ဖွားကဗျာဆရာ Dylan Thomas ရဲ့နှစ်လိုဖွယ်ရာ ကဗျာ တစ်ပုဒ်ကိုတွေ့ရှိခဲ့ပါတယ်။ “Thomas ရဲ့ကဗျာက သူ့ကိုသိသာထင်ရှားတဲ့ ပုံသဏ္ဌာန်သစ်တွေ၊ မရှောင်လွှဲ နိုင်လောက်အောင်ထင်ရှားလာမှုတွေနဲ့ ထိတွေ့စေခဲ့တယ်” လို့ "How to Think like Steve Jobs" စာအုပ် ရဲ့ စာရေးသူ Daniel Smith ကပြောဆိုပါတယ်။ အဲဒီ "Do not go gentle" ဆိုတဲ့ကဗျာက သူ့ရဲ့အကြိုက် ဆုံးဖြစ်လာပါတယ်။

(7) Autobiography of a Yogi (Paramahansa Yogananda)

စတိဗ်ဟာ "Autobiography of a Yogi" ဆိုတဲ့အိန္ဒိယယောဂဆရာတစ်ပါး ဖြစ်တဲ့ Paramahansa Yogananda ရဲ့စာအုပ်ကိုလည်း ကျောင်းသား ဘဝက ဖတ်ခဲ့ပါသေးတယ်။ အဲ့အချိန်တုန်းက သူက အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းတောင်ခြေကတည်းခိုခန်းတစ်ခုကိုရောက်နေတဲ့ အချိန်ဖြစ်ပြီးတော့ ဒီစာအုပ်ကို အဲဒီမှာဖတ်ခဲ့ရတာပါ။ စတိဗ်ရှင်းပြတာကတော့ ဒီစာအုပ်ဟာ "Autobiography of a Yogi" ရဲ့အင်္ဂလိပ်ဘာသာ စာအုပ်ဖြစ်ပြီးတော့ သူ့ရှေ့က ဒီမှာတည်းသွားတဲ့ခရီးသွားတစ်ဦးဦး ကျန်ရစ်ခဲ့တာလို့ ဆိုပါတယ်။ နောက်တော့ သူအကြိမ်ကြိမ်ဖတ်ဖြစ်ခဲ့ပြီး အဓိကကတော့ အဲမှာဘာမှလုပ်စရာ များများစားစား မရှိဘဲ အားနေလို့ပါ။ နောက်တော့သူ့ဝမ်းကိုက်ရောဂါ သက်သာလာချိန်မှာ သူရွာတွေကိုဖြတ်ပြီး လျှောက် သွားနေခဲ့တယ်။

(8) Zen Mind, Beginner's (Mind Shunryu Suzuki)

စတိဗ်တစ်ယောက် အိန္ဒိယကပြန်လာပြီးတော့ တရားထိုင်တတ်တဲ့ အလေ့အထ လေးရှိလာပါတယ်။ ဒါက သူနေထိုင်ရာအရပ်ဒေသကြောင့်လည်း တစ်စိတ်တစ်ဒေသ ပါဝင်ပြီးတော့ သူနေတဲ့ ကယ်လီဖိုးနီးယား ဟာ ၁၉၇၀ ဝန်းကျင်လောက်က အမေရိကတစ်ခွင်မှာ ပထမဆုံး ဇန်ဗုဒ္ဓဘာသာအယူဝါဒ စတင် အခြေချရာ နေရာဖြစ်နေပါတယ်။ စတိဗ်ဟာ "Zen Mind, Beginner's Mind" ဆိုတဲ့စာအုပ်ကို ပြုစုခဲ့တဲ့ ဂျပန် ဘုန်းတော်ကြီး Shunryu Suzuki ဆီမှာ တရားဓမ္မ သင်တန်းတက်နိုင်ခဲ့ပါတယ်။ “သူကအရာရာကိုသဘော ကျနေသလို Zen တစ်ယောက်လိုပြင်းပြင်းထန်ထန်ကျင့်ခဲ့ပါတယ်။ သူက တကယ်ကို အလေးအနက်ကြီး လုပ်နေတာပါ ဒါနဲ့ပတ်သက်ပြီး ကိုယ့်ဘာသာ ကြီးကျယ်နေတာမျိုး၊ သည်းခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်” လို့အဲ့အချိန်တုန်း ကသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Daniel Kotte ကဆိုပါတယ်။

(9) The Innovator's Dilemma (Clayton M. Christensen)

စတိဗ်ကဇာတ်တူသားစားတဲ့ဝါဒဟာဖွံ့ဖြိုးမှုအတွက်လိုအပ်ချက်လို့ မြင်ပါတယ်။ ဒီအတွက် ဟားဘတ် စီးပွားရေး ကျောင်းကပါမောက္ခ Clay Christensen ရဲ့"Innovator's Dilemma" စာအုပ်ကိုကျေးဇူးတင်ရပါ လိမ့်မယ်။ ကုမ္ပဏီတွေကို သူတို့ရဲ့အောင်မြင်မှုကပဲ ပြိုပျက်စေတယ်လို့ဒီ စာအုပ်ကဆို ထားပါတယ်။ အောင်မြင်ပြီးတဲ့ ထုတ်ကုန်တစ်ခုကို အပြောင်းအလဲ မလုပ်ချင်ကြဘူး။ စတိဗ်က Apple မှာဒီလိုဖြစ်ရပ်မျိုး တွေမဖြစ်အောင် ရှင်းရှင်းလင်းလင်း လုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Cloud Computing ကိုလူတွေ လက်ခံဖို့ လိုအပ်တယ်ဆိုတာကို ရှင်းပြစဉ်က သူထည့်သွင်းရှင်းပြခဲ့ဖူးပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ ပြောင်းလဲမှု ကအရေးကြီးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Clayton Christensen က "the innovator's dilemma" လို့ ခေါ်ဝေါ်ပြီးတော့ ဆိုလိုချင်တာက တီထွင်ဖန်တီးကြသူတွေက နောက်ဆုံး ဖန်တီးလိုက်တဲ့ အခါအမြဲနောက်ဆုံးဖန်တီးမှုတစ်ခု အဖြစ် မြင်ကြရပါ တယ်။ သေချာတာကတော့ ကျွန်တော်တို့ဟာ ဘယ်သူ မှနောက်မှာကျန်နေရစ်ဖို့ မလိုလားကြပါဘူး။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

 

မောင်မိုးဇွန်

Source: mobileguide

Read times Last modified on Monday, 20 January 2020 10:42
Rate this articles
(4 votes)