×

Warning

JUser: :_load: Unable to load user with ID: 723


Student

Thursday, 22 March 2018

ရာနှုန်းပြည့် ပညာသင်ဆုများလျှောက်ထားနိုင်မည့် World Class Education Exhibition 2018

ရာနှုန်းပြည့် ပညာသင်ဆုများလျှောက်ထားနိုင်မည့် World Class Education Exhibition 2018 google.com

Overseas မှာ ကျောင်းသွားတက်ဖို့ ဘယ်လိုစတင် ဆောင်ရွက်ရမှန်း မသိတဲ့ ကျောင်းသူ ကျောင်းသား တွေအတွက် လက်မလွတ်သင့်တဲ့ ပညာရေးဆွေးနွေးပွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

World Class Education Exhibition 2018 ကို မတ်လ ၂၄ ရက်တွင် Novotel Hotel (Level-4) မှာ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး မတ်လ ၂၅ ရက်တွင် မန္တလေးမြို့ရှိ Hilton Mandalay Hotel (Amarapura Ballroom) တွင် နေ့လည် ၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ထိုပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ ၏ အနာဂါတ်လမ်းကြောင်း ခိုင်မာစေရန်၊ အောင်မြင်တောက်ပ သော အနာဂါတ်ကို ပိုင်ဆိုင်နိုင်ရန်အတွက် အာမခံချက် အထူးကောင်းမွန်သော နိုင်ငံတကာမှ ထိပ်တန်း တက္ကသိုလ်များကိုသာ ရွေးချယ်၍ ဖိတ်ကြားထားပါသည်။

ထိုပွဲတွင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှ ပေးအပ်ချီးမြင့်မယ့် ဘွဲ့ဒီဂရီများကို မိမိတို့ရဲ့ ရရှိထားတဲ့ ပညာအရည်အချင်းအလိုက် ၁၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်း ပညာသင်ဆုများကိုလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Recommended for you - အင်္ဂလိပ်စကားပြောစွမ်းရည် တိုးတက်ချင်သူများအတွက်

နိုင်ငံတကာမှ ကျောင်းတာဝန်ခံနှင့် တိုက်ရိုက်တွေ့ဆုံနိုင်မှာ ဖြစ်တဲ့အတွက် မိမိလိုချင်သော Information တွေကို စုံစုံလင်လင်၊ တိတိကျကျ သိရမည်ဖြစ် ကျောင်းရွေးချယ်တဲ့အခါ မှန်ကန်စွာ ရွေးချယ်နိုင်မည့် အပြင် ထိပ်တန်းတက္ကသိုလ်ပေါင်း (၁၀၀) ကျော်ပါဝင်လာမည် ဖြစ်သောကြောင့် Major ပေါင်းများစွာ ပါဝင်မှာဖြစ်လို့ မိမိဝါသနာပါသော Major ကို ရှာမရဖြစ်နေတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် မိမိ တက်ရောက်လိုတဲ့ ဘာသာကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ထို့ပြင် ပညာသင်ဆုတွေ လျှောက်ထားရာတွင် ပြင်ဆင်ထားရမယ့် လက်ရှိပညာရေးဆိုင်ရာ ပြင်ဆင်မှုများ အပြင်တခြား လိုအပ်တာတွေကို ဘယ်လိုပြင်ဆင်ထားရမယ် စသဖြင့် အသေးစိတ်အကြောင်းအရာများကို ပါဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ပြပွဲကို တက်ရောက်လိုသူများအနေနဲ့ STUDY ABROAD Information Centre (ရန်ကုန်ရုံး) ဖုန်း - ၀၉ ၅၁၅၁၀၀၈ နှင့် STUDY ABROAD Information Centre (မန္တလေးရုံး) ဖုန်း - ၀၉ ၄၂၀၀၉၉၉၉၇ တို့တွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

အင်္ဂလိပ်စာကို အခြေခံမှစပြီး ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ သင်ယူချင်ပါသလား။ IELTS စာမေးပွဲကို အကောင်းဆုံးဖြေဆိုအောင်မြင်ချင်ပါသလား။ Sayar.com.mm တွင် ရှိသော ဆရာ ဆရာမ များနှင့် ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက် ဖြစ်နေလျှင် ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခမဲ့ register လုပ်လိုက်ပါ။

Source: study abroad education

 

Read times Last modified on Tuesday, 07 January 2020 17:27
Rate this articles
(1 Vote)