×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Friday, 23 March 2018

အိုင်တီလောကမှာအခြေချတော့မယ်ဆိုရင်သိထားရမယ့်အချက်များ

အိုင်တီလောကမှာအခြေချတော့မယ်ဆိုရင်သိထားရမယ့်အချက်များ google.com

လုပ်ငန်းခွင်တစ်ခုခုမှာအခြေချတော့မယ်ဆိုရင် ကိုယ်ရွေးချယ်လိုက်တဲ့နယ်ပယ်ရဲ့ သဘောသဘာဝ၊လုပ်ကွက်အခြေ အနေနဲ့ ဘယ်လိုလူတွေကျင်လည်ကျက်စားကြလဲ စသဖြင့်သိထားဖို့လိုပါတယ်။ဒါမှ ကိုယ့်အတွက် ဘယ်လိုပုံစံ နဲ့ဒီလမ်းကိုလျှောက်မလဲဆိုတဲ့မှန်ကန်တဲ့ရွေးချယ်မှုကိုအမိအရဆုပ်ကိုင်နိုင်မှာပါ။

ဒါကြောင့် နည်းပညာလောက ထဲကိုခြေစုံပစ်ဝင်တော့မယ့်သူတွေဘယ်လိုအမှားတွေလုပ်တတ်သလဲ၊ဘယ်လိုအချက်တွေသိထားဖို့လိုသလဲဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁)သက်တောင့်သက်သာရှိတယ်

အိုင်တီကုမ္ပဏီကြီးတစ်ခုရဲ့မန်နေဂျာတစ်ဦးကသူ့ရဲ့ကုမ္ပဏီကိုလာလျှောက်တဲ့သူတော်တော်များများက ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံသာရှိရင် ဒီအလုပ်က သက်တောင့်သက်သာနဲ့အဆင်ပြေပြေရှိမယ် လို့ယုံကြည်နေကြ တယ်လို့ပြော ဖူးပါတယ်။တကယ်တော့ အိုင်တီသမားတစ်ယောက်ဟာ ကိုယ်ရွေး ချယ်ထားတဲ့ နေရာအတွက် ကိုယ်လုပ်ရမယ့် တာဝန်ကဘာလဲဆိုတာ အတိအကျသိဖို့လို သလို အချက်အလက်ပေါ်မှာအခြေခံတဲ့ တကယ့်အခြေအနေမှန်ကို လက်ခံနိုင်ဖို့လည်းလိုပါတယ်။ ကိုယ်နဲ့ တွဲလုပ်တဲ့ကိုယ့်ရဲ့ ပါတနာ၊ ကုမ္ပဏီရဲ့ယုံကြည်မှုတွေကို အကောင်း ဆုံးဖော်ဆောင်နိုင် ဖို့က လည်း အိုင်တီသမားတစ်ယောက်ရဲ့အရေးကြီးဆုံးလိုက်နာရမယ့်အချက်ဖြစ်လို့ အတွေ့ အကြုံ ၊ကျွမ်းကျင် မှုလောက်နဲ့ သက်တောင့်သက်သာရှိမယ့်အလုပ်လို့မမှတ်ယူသင့်ပါဘူး။

(၂)ကိုယ်လုပ်နိုင်တာကိုပြောဖို့ရှုပ်ထွေးနေတတ်တယ်

အိုင်တီကုမ္ပဏီတစ်ခုခုနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်ဘာလုပ်နိုင်တယ်ဆို တာပြောတဲ့ အခါ ကိုယ့်ရဲ့အရည်အချင်းကိုသံသယဖြစ်ပြီးရှုပ်ထွေးသွားစေမယ့်အချက်အလက်မျိုးမထည့်သင့်ပါဘူး။ အသေး စိတ်ရေးပြတာထက် ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံပေါ်အခြေခံတဲ့ကျွမ်းကျင်မှုတွေကိုသာဖော်ပြသင့်ပါတယ်။ဥပမာ ဂျာဗားနဲ့ပတ်သက်ပြီးအလုပ်ကမ်းလှမ်းမယ်ဆိုရင် ဂျာဗားရဲ့ဘယ်ပရောဂျက်ကို သင်ဦးဆောင်ပြီး အလုပ်လုပ်ခဲ့ တယ်ဆိုတာမျိုး၊သင်လုပ်ခဲ့တဲ့အရေအတွက်နဲ့ သင့်ရဲ့တာဝန်ကိုတိတိကျကျ ဖော်ပြပေးရင် လုံလောက်ပါပြီ။

(၃)အင်တာဗျူးအတွက်ပြင်ဆင်ခြင်းမရှိဘူး

ပရိုဂရမ်မာသမားတစ်ယောက်ဟာ သူတာဝန်ယူထားတဲ့ ပရောဂျက်အတွက် coding တွေကို တစိုက်မတ်မတ် တကုတ်ကုတ်နဲ့ရေးနေရမယ်ဆိုတဲ့အချက်ဟာ တကယ်တော့ ပြန်စဉ်းစားဖို့လိုတဲ့အချက်ပါ။ပရောဂျက်နဲ့ပတ်သက်ပြီး codingရေးတာပဲဖြစ်ဖြစ်၊နည်းပညာပိုင်းပဲဖြစ်ဖြစ်  လုပ်ငန်းနဲ့ပတ်သက်တဲ့ ရှုထောင့်ပေါင်းစုံကိုထည့်သွင်းစဉ်းစား ဖို့လိုပါတယ်။ဒါမှ အိုင်တီသမားတစ်ယောက်အနေနဲ့ တီထွင်ဆန်းသစ်မှုတွေကို အမြဲတမ်းတွေးတောကြံဆနိုင် မှာပါ။လုပ်ငန်းနဲ့ဆက်စပ်နေတဲ့ နယ်ပယ်တိုင်းကို လိုအပ်ရင် လိုအပ်သလို မေးခွန်းတွေမေးဖို့လိုပါတယ်။ အင်တာ ဗျူးတွေလုပ်ဖို့ဝန်မလေးသင့်ပါဘူး။

(၄)မေးခွန်းမေးရမှာကိုကြောက်တယ်

အိုင်တီသမား၊ပရိုဂရမ်မာသမားအများစုက ဒီနယ်ပယ်ထဲကိုခြေစုံပစ်ဝင်လိုက်ပြီဆိုကတည်းက သူတို့ရဲ့ဘဝမှာ codingတွေကသာ အသက်၊codingတွေကသာဘဝ ဖြစ်ပြီးအပြင်လောက နဲ့အဆက်အသွယ်ပြတ် တဲ့အထိရူးသွပ် ကြပါတယ်။ဒါပေမယ့် အိုင်တီသမားတစ်ယောက်ဟာ အသစ်သစ်သော တီထွင်ဆန်းသစ်မှုတွေအတွက် အမြဲ တမ်းမေးခွန်းထုတ်၊ လေ့လာစူးစမ်းနေဖို့လိုပါတယ်။အနည်းဆုံး ကိုယ်တွဲလုပ်မယ့် ပါတနာ၊ကုမ္ပဏီဟာ ကိုယ့်အ တွက် ဘယ်လိုတိုးတက်မှုတွေပေးနိုင်လဲဆိုတာသိဖို့လိုပါတယ်။အဲဒီအတွက် ကိုယ့်ဘက်က သိချင်တဲ့အရာတိုင်းမေး ခွန်းထုတ်နေဖို့လိုပါတယ်။မေးခွန်းမေးရမှာကို မကြောက်ပါနဲ့။

Source: myanmaplatform

Read times Last modified on Tuesday, 07 January 2020 17:23
Rate this articles
(2 votes)