×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Thursday, 29 March 2018

ပညာရေးက ဈေးကြီးတယ်ဆိုရင် မသိနားမလည်ခြင်းက ပိုဈေးကြီးတယ်

ပညာရေးက ဈေးကြီးတယ်ဆိုရင် မသိနားမလည်ခြင်းက ပိုဈေးကြီးတယ် google.com

ကလေးတွေဟာ သိပ္ပံပညာရှင်လေးတွေ အဖြစ်မွေးဖွားလာတာပါ။

အိမ်မှာ ကလေးတစ်ယောက်က ရေခဲသေတ္တာထဲက ကြက်ဥတွေကို ဆွဲထုတ်ပြီး ကစားနေမယ်ဆိုရင် မိဘ တစ်ယောက်အနေနဲ့ခင်ဗျားတို့ ဘာလုပ်ကြမလဲ…။

ကြက်ဥတွေနဲ့ မဆော့ကြနဲ့ ကွဲသွားလိမ့်မယ်။ ရေခဲသေတ္တာထဲ ပြန်ထည့်ထားလိုက်စမ်း … ဒီလို ပြန်ပြော မှာလား။ မိတ်ဆွေ ဒါက သိပ္ပံပညာရှင်တစ်ယောက် အရာဝတ္ထုတွေ ဘယ်လောက်မာလဲဆိုတာကို လေ့လာ နေတဲ့ စမ်းသပ်ချက်တစ်ခုပါ။

ကြက်ဥ ပြုတ်ကျသွားရင် ဘာဖြစ်သွားမလဲဆိုတာ ကလေးကို သိခွင့်ပေးလိုက်ပါ။ ဒါက ရူပဗေဒဆိုင်ရာ လေ့လာချက်တစ်ခုပဲ။

ဇီဝဗေဒဆိုင်ရာ လေ့လာချက်တစ်ခုပဲ။ ကွဲသွားရင် ကြက်ဥအနှစ်ထွက်လာမယ်ဗျာ။ အဲ့ဒီအချိန် ခင်ဗျားက ဒီအနှစ်လေးကနေ တစ်ချိန်ကျရင် ကြက်သားပေါက်လေး ဖြစ်လာမှာလို့ ပြောရမှာ။ Okay?

ဒီလိုစေးကပ်ကပ်ကြက်ဥအနှစ်က ဘယ်လိုလုပ် ကြက်သားပေါက်လေး ဖြစ်လာမှာလဲလို့ သူတို့က မေးမယ်ဗျာ။ အဲ့အချိန် ခင်ဗျားက … ဒါဇီဝဗေဒ ပညာရပ်ပဲ။ ဆက်လေ့လာကြရအောင် … ပြောရမှာ။

သူတို့လေးတွေ သိပ္ပံပညာရှင်တွေပါ။ ဘာလို့လဲဆိုတော့ သူတို့တွေ ကျောက်တုံးအောက်ကို လှန်ပြီး အမြဲတမ်းကြည့်တတ်ကြတယ်။ ပန်းပွင့်ကနေ ပွင့်ဖတ်လေး တွေကို ဆွဲနှုတ်တတ်ကြတယ်။ ပုံမှန်အားဖြင့် သူတို့လုပ်တာတွေက အဖျက်အဆီးလုပ်ရပ်တွေပါပဲ။ အဲ့လိုလုပ်တာကလည်း သူတို့စူးစမ်းနေတာပါပဲ။

ကြက်ဥကိုလည်း သူတို့စူးစမ်းနေတာပါ။ ကြက်ဥတစ်လုံးက ဘယ်လောက်များ ဈေးကြီးနေလို့လဲဗျာ။ ၁၀၀ လောက်ပဲ ကျမယ့်ဟာကို။

ဟားဗတ်တက္ကသိုလ် အဓိပတိ တစ်ယောက်က … ခင်ဗျားတို့ ပညာရေးက ဈေးကြီးတယ်ဆိုရင် မသိနားမလည်ခြင်းက ပိုဈေးကြီးတယ်ဆိုတာ ခင်ဗျားတို့ မသိလို့ လို့ပြောဖူးတယ်။

ဒီတော့ ကျွန်တော်တို့ဆီမှာ ကလေးတွေရဲ့ စပ်စုတတ်တဲ့ သဘာဝတရားကို ကောင်းကောင်းနားလည်တဲ့။ တန်ဖိုးထားတတ်တဲ့ မိဘတွေ မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ မိဘတွေက အိမ်ထဲမှာ သန့်သန့်ရှင်းရှင်း ပဲဖြစ်နေစေချင်တာလေ။

ကလေးတွေမီးဖိုချောင်ထဲဝင်လာရင် ဒယ်အိုးတွေ ပန်းကန်ပြားတွေကို အကုန်ဆွဲထုတ်ပြီး ဝန်းခနဲနေအောင် တီးတတ်ကြတယ်ဗျာ။

ခင်ဗျားသာ မိဘဆို အဲဒီကလေးကို ဘာပြောမလဲ။ မဆူစမ်းနဲ့…။ နင်လုပ်တာနဲ့ ပန်းကန်ပြားတွေ ညစ်ပတ်ကုန်ပြီ။ ခင်ဗျားကလေးရဲ့ အသံပိုင်းဆိုင်ရာ သိပ္ပံလေ့လာချက်ကို နင်းခြေလိုက်တာပဲ။

ဒီတော့ ကျွန်တော်က ကလေးတွေကို မစိုးရိမ်ဘူး။ လူတွေက ကျွန်တော့်ကို ကလေးတွေ သိပ္ပံဘာသာမှာ စိတ်ဝင်စားလာအောင် ဘယ်လိုလုပ်ပေးရမလဲလို့ လာမေးတတ်ကြတယ်။

တကယ်တော့ ကလေးတွေက မွေးကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီးသား။ ပြဿနာက ကလေးတွေ မဟုတ်ဘူး။ မိဘတွေ။ ကျွန်တော် အလုပ်မှာလည်း ကျွန်တော် လူကြီးတွေကိုပဲ ပြင်ဖို့ အာရုံစိုက်ခဲ့တယ်။ ဘာလို့လည်းဆိုတော့ လူကြီးတွေကြောင့် ပြဿနာ ဖြစ်နေတာ ပိုများတယ်။

ကလေးတွေက မဲပေးကြတယ်။

ကလေးတွေက ကမ္ဘာကြီးကို စူးစမ်းကြတယ်။

ကလေးတွေက အခွင့်အလမ်းတွေကို ကိုင်ဆွဲကြတယ်။

ကလေးတွေ အားလုံးက အဆင်ပြေတယ်။

Speaker: Neil deGrasse Tyson

Credit: PyayKhaing

Recommended for you - အရင်းနှီးမရှိပဲ အမြတ်မလိုချင်ပါနဲ့

Recommended for you - မနက် ၁၀ နာရီမထိုးခင် အလုပ်ချိန်စတင်ခြင်းက နှိပ်စက်ခြင်းတစ်မျိုးပေလော…

 

Read times Last modified on Tuesday, 07 January 2020 17:28
Rate this articles
(1 Vote)