×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Print this page
Thursday, 12 April 2018

၃ နာရီအတွင်း သင့်ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားနိုင်ပါတယ်။

၃ နာရီအတွင်း သင့်ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားနိုင်ပါတယ်။ google.com

မစ်ချီဂန် တက္ကသိုလ်က ပညာရှင်တွေ သုတေသနပြုထားတာလေး စိတ်ဝင်စားမိပါတယ်။သူတို့အမေရိကန် အရွယ်ရောက်သူတွေရဲ့ တစ်နေ့တာ လည်ပတ်ပုံစနစ်တွေပါ။

အိပ်ချိန် ၈ နာရီ

အလုပ်လုပ်ချိန် ၈ နာရီ

စားချိန်၂ နာရီ

သွားချိန် ပြန်ချိန် လမ်းပေါ်မှာ ကြာချိန် ၂ နာရီ

ကျန်းမာရေးကစားချိန် ၁ နာရီ

ဒါတွေဟာ အမေရိကန်တွေ အများဆုံး ကျင့်သုံးလိုက်နာကြတဲ့ အချိန်တွေတဲ့။ တစ်ရက်မှာ ၂၄ နာရီဆိုတော့ အဲဒီအထဲမှာ ၃ နာရီ မပါသေးဘူး။အဲဒီ ၃ နာရီကိုတော့ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ကြတယ်။

စာဖတ်မယ်၊ ပါတီတက်မယ်၊ တီဗီကြည့်မယ်၊ မိသားစုနဲ့ ဒါမှမဟုတ် ချစ်သူနဲ့ အတူလည်မယ်။ ကြိုက်တာလုပ်နိုင်တဲ့ ကိုယ်ပိုင်အချိန်။

ကိုယ်ပိုင်အချိန် ၃ နာရီကိုအလုပ်ထဲထည့်သူတွေရှိနိုင်တယ်။ အရက်ဝိုင်းထဲ ထားသူတွေရှိနိုင်တယ်။ စာကြည့်တိုက်မှာ သွားထားသူတွေ လည်းရှိနိုင်တယ်။

Recommended for you - ပညာတတ်ခြင်း မတတ်ခြင်းနှင့် စိတ်နေသဘောထား

လူတစ်ယောက်အောင်မြင်မှုဟာ အဲဒီ အပိုဆောင်း ၃ နာရီမှာ အများကြီး မူတည်နေတယ်။

တစ်ရက်ကို ၃ နာရီဆိုတာ တစ်ပတ်ကို ၂၁ နာရီ…တစ်လကို နာရီ ၉၀…တစ်နှစ်ကို ၁၀၉၅ နာရီ ။လူတစ်ဦးမှာ တစ်နှစ်ကို ရက်အားဖြင့်တွက်ရင် ပျမ်းမျှ ၄၅ ရက်စာလောက် ကိုယ်ပိုင်အချိန်တွေရှိတယ်။

အဲဒီ အချိန်တွေကို ဘယ်လို အသုံးချခဲ့တယ်ဆိုတဲ့ အပေါ်မှာ လူတစ်ယောက်ရဲ့ ဘဝဆိုတာ မူတည်နေတယ်။

တစ်ရက်ကို ၃ နာရီ ဘီယာဆိုင်ထိုင်မယ်ဆိုရင် ?
တစ်ရက်ကို ၃ နာရီ စာဖတ်မယ်ဆိုရင် ?

လူတိုင်းပြောတယ်။ အချိန်တွေနည်းလိုက်တာ။ အချိန်ကို အကျိုးရှိစွာ သုံးချင်သူတွေအတွက် အချိန်ရှားပါး တယ်။ အချိန်ကို ဘယ်လို သုံးရမှန်း မသိသူတွေအတွက် အချိန်ကုန်ခဲတယ်။

တစ်နေ့_၃_နာရီ_ဘာတွေ_လုပ်ပြီးပြီလဲ

အချိန်ကို အကျိုးရှိစွာ အသုံးချတယ်ဆိုတာ လုပ်ငန်းခွင်မှာချည်း ပြောတာမဟုတ်ဘူး။ အောင်မြင်သူ အများစုဟာ အပိုရတဲ့ ၃ နာရီကို ဘယ်လို အကျိုးရှိစွာ အသုံးချခဲ့တယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်တယ်။ကိုယ်ပိုင်တဲ့ ၃ နာရီကို အကျိုးရှိစွာ သုံးနိုင်သူတွေသာ ပျော်ရွှင်အောင်မြင်ကြပါတယ်တဲ့။

Credit; Tin Nyut

Recommended for you - Jack Ma အင်္ဂလိပ်စာကို ဘယ်လိုလေ့လာခဲ့သလဲ

 

Read times Last modified on Wednesday, 08 January 2020 11:27
Rate this articles
(4 votes)