×

Warning

JUser: :_load: Unable to load user with ID: 723


Success

Wednesday, 18 April 2018

သင်လိုချင်တဲ့ဘဝတစ်ခုကို သင်ကိုယ်တိုင် ဖန်တီးယူရမှာပါ

သင်လိုချင်တဲ့ဘဝတစ်ခုကို သင်ကိုယ်တိုင် ဖန်တီးယူရမှာပါ google.com

‘ပညာ’ဆိုတာက‘ဘာလုပ်ရမလဲ’ဆိုတာကို သိတာ။

‘ကျွမ်းကျင်မှု’ ဆိုတာက ‘ဘယ်လိုလုပ်ရမလဲ’ ဆိုတာကို သိတာ။ ‘ပါရမီ’ ဆိုတာကျတော့ (အဲ့ဒီနှစ်ခုလုံးကို သိပြီး) အကောင်ထည်ဖော် လုပ်နိုင်စွမ်းရှိတာတဲ့။

အဲ့ဒါ ဒေးဗစ်စတားဂျော်ဒန်(David Starr Jordan)ဆိုတဲ့လူရဲ့ သုံးသပ်ချက်။

အဲ့ဒါ ဒေးဗစ်စတားဂျော်ဒန်(David Starr Jordan)ဆိုတဲ့လူရဲ့ သုံးသပ်ချက်။

တကယ်တော့ လူအများစုက ပျော်ရွှင်အောင်၊ ကျန်းမာအောင်၊ ပြည့်စုံတဲ့ဘဝတစ်ခုဖြစ်အောင် ဘာလုပ်ဖို့ လိုအပ်လဲ ဆိုတာကို သိတာရယ်။ ‘ပြဿနာကဘာလဲ’ ဆိုတော့ ကိုယ်သိပြီးသားကို တကယ်မလုပ်တာပဲ။

စိတ်ခွန်အားမြှင့်တင်ရေးဆရာတွေ မကြာခဏပြောပြောနေတဲ့ စကားတစ်ခွန်း ကြားဖူးတယ်။

“အသိဉာဏ်ဟာ စွမ်းအား” တဲ့။ ကိုယ်ကတော့ အဲ့ဒီစကားကို ငြင်းတယ်။ အသိဉာဏ်ဟာ တကယ့်စွမ်းအား မဟုတ်ဘူး။ အသိဉာဏ်ဟာ ငုပ်လျှိုးစွမ်းအင်တစ်မျိုးပဲ။ ကိုယ်လုပ်ရမယ့်အလုပ်ကို ပြတ်ပြတ်သားသား လုပ်ချလိုက်တဲ့ အချိန်ရောက်မှသာ အဲ့ဒီ ‘ငုပ်နေတဲ့ အသိဉာဏ်’ ဟာ တကယ့်စွမ်းအင်အဖြစ် ပြောင်းသွားတာ။ ( သိနေရုံနဲ့အလုပ်မဖြစ်သေး။ တကယ်လုပ်မှ အလုပ်ဖြစ်တယ် ဟု ဆိုလို )။

လုံလောက်တဲ့အရည်အသွေးရှိသူရဲ့လက္ခဏာဆိုတာပျော်ရာ – ဒါမှမဟုတ် – လွယ်တာကို လုပ်နေရတဲ့ အချိန်မျိုးတွေမှာ မတွေ့နိုင်ဘူး။ ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေးဆိုတာ ကိုယ်လုပ်ချင်တာကို လုပ်နေရတဲ့အချိန်မျိုးထက် လုပ်သင့်တာကို ရဲရဲဝံ့ဝံ့လုပ်နေတဲ့အချိန်မျိုးမှာမှ ချိန်သားကိုက် ပေါ်ပေါက် လာတာမျိုး။

Recommended for you - ပညာတတ်ခြင်း မတတ်ခြင်းနှင့် စိတ်နေသဘောထား

စစ်မှန်တဲ့အရည်အချင်းရှိတဲ့လူဆိုတာ ‘သူလုပ်သင့်တယ် ဆိုတဲ့အရာတွေကိုလုပ်ရင်းနဲ့သူ့အချိန်တွေကို ကုန်ဆုံးစေတဲ့သူပဲ။

(ဥပမာပြောရရင်——-) အလုပ်ကနေ ပင်ပင်ပန်းပန်းနဲ့ ပြန်လာပြီးနောက် တီဗွီရှေ့မှာ သုံးနာရီလောက်ကြီး အချိန်ဖြုန်းပြီး အနားယူနေတာထက် ထိုင်ရာကထ,ပြီး (ပင်ပန်းနေရင်တောင်မှ) ကိုယ့်ကလေးတွေ ဘယ်လိုနေလဲဆိုတာကို သိအောင်လုပ်ပြီး ဂရုစိုက်တတ်တာမျိုး။ ချမ်းချမ်းအေးအေး နှင်းဖွေးဖွေး မနက်ခင်းလေးမှာ အိပ်ရာထဲ စောင်ခြုံကွေးနေမယ့်အစား ကိုယ့်စည်း ကိုယ့်ကမ်းလေးနဲ့ထ,ပြီး ပြေးတာ လမ်းလျှောက်တာ–စတဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းလေးတွေ ထ,လုပ်တတ်တာမျိုးပေါ့။

လုပ်ဆောင်ချက်တစ်ခုဟာ အကျင့်ဖြစ်လာတတ်တဲ့ သဘောရှိတာကြောင့် ကောင်းတာတွေကို များများ လုပ်ကြည့်လေလေ အမြဲတမ်းလုပ်ချင်လာလေလေ ဖြစ်လာလိမ့်မယ်။ မကြာခဏဆိုသလိုပဲ။ အကောင်းဆုံး လမ်းတွေ ကိုယ်တို့ရှေ့မှာပေါ်လာမယ်ထင်ပြီး ရပ်စောင့်ရင်း အချိန်တွေဖြုန်းတီးပစ်မိတတ်ကြတယ်။ ဒါပေမယ့် အဲ့ဒီလို ရပ်စောင့်နေတာထက် ‘လျှောက်လိုက်မှသာ လမ်းဖြစ်တယ်’ဆိုတာကိုတော့ မေ့နေတတ် ကြတယ်။

စိတ်ကူးစိတ်သန်းရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ကြီးကြီးကျယ်ကျယ် တွေးနေရုံနဲ့တော့ ဘာအလုပ် မှဖြစ်မှာ မဟုတ်ဘူးရယ်။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်၊ ပြီးရင် ကိုယ့်စိတ်ထဲမှာပုံဖော်ထားတဲ့ ကိုယ်ဖြစ်ချင်တဲ့ပုံစံနဲ့ လူတစ်ယောက်ဖြစ်လာအောင် ကိုယ်တိုင်ပဲ ကြိုးစားဖန်တီးရမှာ။

သောမတ်ကားလ်Thomas Carlyle ဆိုတဲ့လူရဲ့ စကားတစ်ခွန်းရှိတယ်။ ဘာတဲ့။

လူတစ်ယောက်ရဲ့ နောက်ဆုံးကျန်နေခဲ့မှာက သူ့လုပ်ရပ်တွေပဲ။ သူ့အယူအဆတွေက ကြီးမြတ်တယ် ဆိုပေမယ့် အဲ့ဒါတွေမဟုတ်ဘူး–တဲ့။ လုပ်ရပ်လေးတွေက အသေးအမွှားဆိုရင်တောင် လေကြီးလေကျယ် ပြောနေတာထက်တော့ ပိုကောင်းတယ်ဆိုတာမမေ့နဲ့။

Credit: အရှင်ကောသလ္လ(ရေဦး)

Recommended for you - ၃ နာရီအတွင်း သင့်ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားနိုင်ပါတယ်။

Read times Last modified on Wednesday, 08 January 2020 11:28
Rate this articles
(3 votes)