×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Wednesday, 15 February 2017

ဘာကြောင့် ဆရာက အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကို အတန်းထဲမှာ အသုံးပြုခိုင်းတာလဲ

ဘာကြောင့် ဆရာက အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကို အတန်းထဲမှာ အသုံးပြုခိုင်းတာလဲ Google.com

တစ်ဘာသာသုံး အဘိဓာန်ကို အသုံးပြုရတာဟာ ခက်ခဲတဲ့အလုပ်ဖြစ်နိုင်ပါတယ်။ အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန် အသုံးပြုနည်းကို သင့်ဆရာက လေ့ကျင့်ပေးရတဲ့ အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဘာသာပြန်ဆိုခြင်းကို ရပ်တန့်စေခြင်း။

အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကို စပြီး အသုံးပြုရတဲ့အဓိက အကြောင်းရင်းဟာ သင့်ကို အတန်းထဲမှာ အင်္ဂလိပ်စကားပဲ အသုံးပြုဖို့ တိုက်တွန်းရတဲ့အကြောင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။

သင့်ဦးနှောက်ထဲက မိခင်ဘာသာစကားကို အတန်းထဲမှာ ဖျောက်ထားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အင်္ဂလိပ်လို တွေးတတ်လာမှာဖြစ်တဲ့အတွက် သင်ရဲ့ အင်္ဂလိပ်စာကို နားလည်နိုင်စွမ်းကို တိုးတက်စေတဲ့အပြင် အရေးနဲ့အပြောကိုပါ လျင်လျင်မြန်မြန် တိုးတက်လာစေမှာ ဖြစ်ပါတယ်။

တစ်ဘာသာတည်းသုံးတဲ့ အဘိဓာန်ကို အသုံးပြုတာဟာ စာကို အင်္ဂလိပ်လိုပဲ ဖတ်ရတာဖြစ်ပြီး ကိုယ့်မိခင် ဘာသာစကားကို အသုံးမပြုရုံသာမက အဘိဓာန်ပါ အဓိပ္ပာယ်သတ်မှတ်ချက်ကို သင့်မှတ်စုစာအုပ်ထဲကိုပါ ကူးထည့်နိုင်တဲ့အတွက် အတန်းပြင်ပမှာ အင်္ဂလိပ်စာကို ပိုပြီး အသုံးပြုလာမှာ ဖြစ်ပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

၂. နှစ်ခါပြန်လေ့ကျင့်မှု။

ခက်ခဲတဲ့ အင်္ဂလိပ်ဝေါဟာရတစ်လုံးကို အဘိဓာန်ထဲမှာ ရှာတဲ့အခါ သူတို့နားမလည်တဲ့ အခြားခက်ခဲတဲ့ စကားလုံးတစ်လုံးနဲ့ ရှင်းပြတာတွေ့ရမှာကို ကျောင်းသားအများစုက စိုးရိမ်ကြပါတယ်။

သင့်တော်တဲ့ အဘိဓာန်ကို ပြောင်းပြီး အသုံးပြုနေတဲ့ကြားက တစ်ခါတရံ အဲဒီလို ဆက်ဖြစ်နေသေးတယ်ဆိုရင်တော့ အဓိပ္ပာယ်သတ်မှတ်ချက်ထဲက သင်မသိတဲ့ စကားလုံးဟာ အလွန်အသုံးဝင်ပြီး ကျက်မှတ်ရတဲ့အတွက် အင်္ဂလိပ်စာကို နှစ်ခါပြန်လေ့ကျင့်မှုကို ရရှိနေပါတယ်။

၃. အဆင့်သတ်မှတ်ခြင်း။

အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်တွေဟာ အဆင့်အမျိုးမျိုးအလိုက် ရရှိနိုင်ပါတယ်။ ဥပမာ- Intermediate Learner’s Dictionary ကို အသုံးပြုတဲ့အခါ ပြဌာန်းစာအုပ်ထဲမှာ ဖတ်ရတဲ့ စကားလုံးတစ်လုံးလုံးဟာ အဘိဓာန်ထဲမှာ မရှိဘူးဆိုရင် လက်ရှိရောက်နေတဲ့ သင်ရဲ့ အင်္ဂလိပ်စာအဆင့်မှာ သင်ယူရလောက်အောင် အရေးမကြီးဘူးဆိုတာကို ဖော်ပြနေတာဖြစ်နေလို့ အဲဒီစကားလုံးကိုလျစ်လျူရှုလိုက်ပါ။

၎. ဘာသာပြန်ထားခြင်းမရှိသော စကားလုံးများ။

ပုံမှန် အားဖြင့်တော့ မိခင်ဘာသာစကားနဲ့ပေးထားတဲ့ ဘာသာပြန်ထားတဲ့ စကားလုံးတွေဟာ မူရင်း အင်္ဂလိပ်စကားလုံးတွေနဲ့ အဓိပ္ပာယ်မတူကြပါဘူး။ အထူးသဖြင့် စကားလုံးတစ်လုံးတည်းက ဘာသာစကားအမျိုးမျိုးမှာ အကောင်းသဘောရော၊ မကောင်းသဘောရော ဖော်ပြပြီး ကွဲပြားတဲ့ အဓိပ္ပာယ်တွေရှိတဲ့ ပင်ကိုယ်စရိုက်ဆိုင်ရာ ဝေါဟာရတွေမှာ ပိုပြီး ဖြစ်တတ်ပါတယ်။

၅. အင်္ဂလိပ်သဒ္ဒါဝေါဟာရတွေကို ကျက်မှတ်ပါ။

သဒ္ဒါဝေါဟာရတွေကို သင်ယူဖို့ဆိုရင် အဘိဓာန်ဟာ အလွန်ကောင်းတဲ့ စာအုပ်ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဘိဓာန်ထဲမှာ စကားလုံးတစ်လုံးကို အကြိမ်ပေါင်းများစွာ ဖော်ပြထားလို့ပဲ ဖြစ်ပါတယ်။ ဝေါဟာရစကားလုံးတွေကို သိထားတာက သင့်ဘာသာစကားကို မတတ်တဲ့သူတစ်ဦးတစ်ယောက်နဲ့ အင်္ဂလိပ်စာကို ဆွေးနွေးတဲ့အခါမှာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

၆. အချက်အလက်အပို။

အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ဟာ နိုင်ငံခြားဘာသာစကားကို သင်ယူနေတဲ့လူတစ်ယောက်အတွက် နှစ်ဘာသာသုံး အဘိဓာန်အများစုက ချန်ခဲ့တဲ့ အချက်အလက်အပိုတွေ အများကြီးပါ ပါတယ်။ ချန်ခဲ့တဲ့ စကားလုံးတွေထဲမှာ အင်္ဂလိပ်ဘာသာမှာ အသုံးများတဲ့ စကားလုံးများ၊ အများအားဖြင့် ရှုပ်ထွေးလေ့၊ မှားလေ့ရှိတဲ့ စကားလုံးများနဲ့ အသံထွက်အတွက် အသံထွက် သင်္ကေတ တို့ ပါဝင်ပါတယ်။

၇. ဆရာနှင့် တိုက်စစ်ခြင်း။

အကယ်၍ သင့်ဘာသာစကားကို မပြောတတ်ဘဲ ဆရာက သင်ဟာ အင်္ဂလိပ်စကားလုံးတစ်လုံးရဲ့ တိကျတဲ့ အဓိပ္ပာယ်ရ၊ မရကို စစ်ဆေးလိုတဲ့အခါ တစ်ခုတည်းသော နည်းလမ်းကတော့ အင်္ဂလိပ်လို အဓိပ္ပာယ်သတ်မှတ်ချက်ကို ကြည့်ပြီး စစ်ဆေးတာပဲ ဖြစ်ပါတယ်။

၈. ပြဌာန်းစာအုပ်နှင့် ဆီလျော်ဆက်စပ်ခြင်း။

တချို့သော ပြဌာန်းစာအုပ်တွေက တစ်ဘာသာသုံး အဘိဓာန်ကို အသုံးပြုရတဲ့ လေ့ကျင့်ခန်းတွေ ပါတတ်ပါတယ်။

၉. အဘိဓာန်အသုံးပြုခြင်းကို လျော့ချပါ။

နှစ်ဘာသာသုံး အဘိဓာန်ကို အသုံးပြုတာထက် အင်္ဂလိပ်-အင်္ဂလိပ်အဘိဓာန်ကို အသုံးပြုတာက အချိန်ပိုယူရပြီး ဆရာသင်တာကို နားထောင်နေသင့်တဲ့ အခါမျိုးနဲ့ စကားစပ်အရ စကားလုံးတစ်လုံးရဲ့အဓိပ္ပာယ်ကို မှန်းကြည့်နေရတဲ့အခါမျိုးမှာ ကျောင်းသားတွေကို အဘိဓာန် ခဏခဏ သုံးတာကို ဟန့်တားနိုင်တဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Credit: myanmar-network.net

Read times Last modified on Friday, 27 December 2019 15:43
Rate this articles
(1 Vote)