×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Wednesday, 25 April 2018

ကျောင်းဆရာကောင်းတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေး

ကျောင်းဆရာကောင်းတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေး google.com

မိမိအနေဖြင့် ကျောင်းဆရာတစ်ယောက်ဖြစ်ဖို့ အရမ်းဝါသနာကြီးသူလား။ တကယ့်ကို ၀ါသနာကြီးတဲ့သူဆိုရင်တော့ ဒီအချက်လေးတွေတော့ ရှိရမယ်နော်…။

၁။ ကလေးများကို တကယ်ချစ်ခြင်း

ဆရာတစ်ယောက်အနေနဲ့ ကလေးများကို တကယ်ချစ်ဖို့လိုပါတယ်။ ကလေးတွေဟာ အတန်းထဲမှာ ဆရာအသစ်တစ်ဦးဦး ပြောင်းလိုက်ပြီဆိုရင် ဒီဆရာ သူတို့ကို တကယ်ချစ်မချစ် ရက်ပိုင်းအတွင်း သိရှိနိုင်ပါတယ်။ ကလေးကို တကယ်မချစ်တဲ့ ဆရာဟာ ဘယ်တော့မှ ဆရာကောင်းမဖြစ်နိုင်ပါဘူး။

၂။ အတန်းကို လေးစားခြင်း

ဆရာကောင်းဟာ ယဉ်ကျေးရပါမယ်။ အတန်းထဲမှာ ရှိတဲ့ ကျောင်းသူကျောင်းသားတိုင်းကို လေးစားရပါမယ်။ အဲဒါမှ ကျောင်းသူ ကျောင်းသားများရဲ့ လေးစားမူ အစစ်ကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။

၃။ စိတ်ရှည်ခြင်း

ဆရာ၊ ဆရာမတိုင်း ကျောင်းသားများအပေါ် တကယ်စိတ်ရှည်နိုင်မှ ကျောင်းသားများရဲ့အတွင်းစိတ်ကို နားလည်နိုင်မှာ ဖြစ်ပြီး အတန်းကို ကောင်းစွာ ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

 Recommended for you - English စာအမြန်ဆုံးတတ်ချင်ရင်ဘာလုပ်ရမလဲ ? ? ?

၎။ ၀ါသနာ ကျယ်ပြန့်ခြင်း

သင်္ချာ ဆရာပဲဖြစ်ဖြစ်၊ သိပ္ပံဆရာပဲဖြစ်ဖြစ်၊ ၀ါသနာကျယ်ပြန့်မှု၊ ဗဟုသုတ ကျယ်ပြန့်မှု ရှိဖို့ လိုအပ်တယ်။ ဗဟုသုတများစွာ သိထားခဲ့မယ်ဆိုရင် ကျောင်းသားများကို သင်ကြားတဲ့နေရာမှာ ဥပမာများစွာဖြင့် ပြောကြားရင်း ပျော်ရွှင်သော စာသင်ခန်းလေးတစ်ခု ဖြစ်လာစေမှာပါ။

၅။ ဥပဓိ ရုပ်ကောင်းခြင်း

ဥပဓိရုပ်ကောင်းတဲ့ ဆရာ၊ ဆရာမများဟာ ကျောင်းသူကျောင်းသားများရဲ့ အာရုံကို ချက်ချင်းဖမ်းစားနိုင်ပါတယ်။

၆။ တရားမျှတခြင်း

ဘယ်ကိစ္စမဆို တရားမျှတဖို့ လိုပါတယ်။ တရားမျှတတယ်လို့ ကျောင်းသားများ လက်ခံပြီဆိုရင် စည်းကမ်းနည်းနည်း တင်းကြပ်ရင်လည်း ကျေကျေနပ်နပ် လက်ခံလေ့ရှိပါတယ်။

၇။ ဟာသဥာဏ်ရှိခြင်း

အတန်းဝင်တိုင်း စာပဲ သင်နေရင်တော့ ပျင်းစရာကောင်းပါတယ်။ ဟာသလေးနဲ့ စာသင်တဲ့ ဆရာ/မ အချိန်ဆိုရင် ကျောင်းသားအများစု တက်ကြွမှုတွေ ဖြစ်နေပြီး အိပ်ငိုက်မှုကိုတောင် မေ့နေတတ်ပါတယ်။ ဒါကြောင့် ဟာသဥာဏ်လေး ရှိဖို့ လိုပါတယ်။

၈။ ကောင်းမွန်သော ကိုယ်ကျင့်တရားရှိခြင်း

ကောင်းမွန်သော ကိုယ်ကျင့်တရားပိုင်ဆိုင်ထားသော ဆရာများဟာ ကျောင်းသူကျောင်းသားများရဲ့ လေးစားချစ်ခင်မူကို ပိုမို ရရှိတတ်ပါတယ်။

Credit: Sayar Aung Ko Latt

Recommended for you - ကြိုးစားနေတဲ့ လူငယ်များအတွက် အကောင်းဆုံးမနက်ဖြန်တိုင်းကို ပိုင်ဆိုင်နိုင်မယ့် လမ်းညွှန်များ

Read times Last modified on Wednesday, 08 January 2020 11:35
Rate this articles
(0 votes)