×

Warning

JUser: :_load: Unable to load user with ID: 723


Student

Wednesday, 02 May 2018

ဂျပန်နိုင်ငံ MEXT မှ ပေးအပ်မည့်မြန်မာကျောင်းသားများအတွက် Scholarship Program

ဂျပန်နိုင်ငံ MEXT မှ ပေးအပ်မည့်မြန်မာကျောင်းသားများအတွက် Scholarship Program google.com

ဂျပန်နိုင်ငံ MEXT (Ministry of Education, Culture, Sports, Science and Technology) မှပေးအပ်မယ့် မြန်မာကျောင်းသားများအတွက် Scholarship Program များစတင်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုဘာသာရပ်တွေကို Research Students, Undergraduate Students, College of Technology Students, Specialized Training College Students များလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ ASJA ၏ Activities များတွင် ပါဝင်နိုင်သူ၊ JASSO မှဖွင့်လှစ်ထားတဲ့ တိုကျိုမြို့ရှိ ဂျပန်ဘာသာသင်တန်းကျောင်းမှာ ၆ လကြာ တက်ရောက်နိုင်သူများ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်ထားသူတွေအနေနဲ့ Application Form ကို ( MAJA ရုံးခန်းမှာ လာရောက်ထုတ်ယူနိုင်သလို ဒီနေရာ မှာလည်း Download လုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လျှောက်ထားရာမှာ လျှောက်လွှာမိတ္တူ (၁) စုံ၊ ပညာအရည်အချင်း အထောက်အထားနဲ့တကွ အမှတ်စာရင်း၊ MAJA အသင်းသားတစ်ဦးရဲ့ ထောက်ခံစာ၊ ဓါတ်ပုံ (၁) ပုံ ( 3cm x 4cm )၊ ဆက်သွယ်ရန်လိပ်စာနဲ့ တယ်လီဖုန်း အပြည့်အစုံတို့နဲ့အတူ MAJA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Recommended for you - အချိန်တိုအတွင်း အင်္ဂလိပ်စာဖတ်စွမ်းရည်တိုးတက်နိုင်မယ့် နည်းလမ်းများ

လျှောက်လွှာများကို မေလ ၁၁ ရက်ထက်နောက်မကျဘဲ လူကိုယ်တိုင် လာရောက်လျှောက်ထားရမှာဖြစ်ပါတယ်။ စာတိုက်မှတစ်ဆင့် ပေးပို့လာတဲ့လျှောက်လွှာများကို လက်ခံစဉ်းစားမှာ မဟုတ်ကြောင်း သိရပါတယ်။ ရွေးချယ်မှုကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက MAJA ရုံးခန်းသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၉-၂၆၂၆၀၂၁၂၁ ၊ ၀၉-၄၂၈၆၁၂၁၅၁၊ သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဘာသာစကားအသစ်တစ်မျိုးကို သင်ယူဖို့ စိတ်ကူးနေပါသလား။ အိမ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး သင်ယူချင်ပါသလား။ ဘယ်ဆရာတွေနဲ့ သင်ရမလဲဆိုတာ ခေါင်းစားနေပါသလား။ sayar.com.mm တွင် ဘာသာစကားပေါင်းများစွာကို သင်ကြားပေးနေသော ဆရာ ဆရာမတွေ ရှိပါတယ်။ အခုပဲ ဆက်သွယ်လိုက်ပါ။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

 Source: Internet Journal

Recommended for you - ဂျပန်နိုင်ငံမှာ ပညာသင်ကြားလိုသူများအတွက် လမ်းညွှန်

Read times Last modified on Wednesday, 08 January 2020 11:41
Rate this articles
(3 votes)