×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Print this page
Wednesday, 16 May 2018

Microsoft, Adobe,Mastercard တို့ရဲ့ CEO တွေကို မွေးထုတ်ပေးခဲ့တဲ့ India က အထက်တန်းကျောင်း

Microsoft, Adobe,Mastercard တို့ရဲ့ CEO တွေကို မွေးထုတ်ပေးခဲ့တဲ့ India က အထက်တန်းကျောင်း google.com

Microsoft ရဲ့ CEO Satya Nadella, Adobe ရဲ့ CEO Shantanu Narayen နဲ့ Mastercard ရဲ့ CEO Ajay Banga တို့ဟာ India နိုင်ငံ Telangana ပြည်နယ် Hyderabad မြို့တော်မှာရှိတဲ့ Begumpet ဆိုတဲ့ လူနေရပ်ကွက်ထဲက Hyderabad အထက်တန်းကျောင်းကို တက်ရောက်ခဲ့သူပဲဖြစ်ပါတယ်။

ယခုအချိန်မှာ အစိုးရအထက်တန်းကျောင်းဖြစ်တဲ့ Hyderabadအထက်တန်းကျောင်း ကို ၁၉၂၃ ခုနှစ်မှာ အထက်တန်းလွှာက သားသမီးတွေအတွက် ရည်ရွယ်ပြီး တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

Hyderabad ကျောင်းဟာဆိုရင်မနှစ်က India နိုင်ငံ၏အကောင်းဆုံးကျောင်း ဆယ်ကျောင်းတွင် ပထမ အဆင့်ကျောင်း ဖြစ်ခဲ့ပါတယ်။ “Hyderabad ကျောင်းမှာတက်ခဲ့ရတာဟာ ကျွန်တော့်ရဲ့ ဘဝမှာ အပျော်ရွှင် ဆုံးဖြစ်ခဲ့ရပါတယ်” လို့ Microsoft ရဲ့ CEO Satya Nadella က ပြောကြားခဲ့ပါတယ်။

Nadella ဟာ ကျောင်းတက် တုန်းက cricket ကစားတာကို ဝါသနာပါခဲ့ပါတယ်။ Cricket နည်းပြဆရာ ဆီက “ကိုယ့်ရဲ့လုပ်နိုင်စွမ်းပေါ် ယုံကြည်မှုရှိရန် လိုအပ်သလို ဆက်လက် သင်ယူမှုများလည်း ပြုလုပ်ရမယ်” ဆိုပြီး သင်ယူခဲ့ရပါတယ်။

Recommended for you - နိုင်ငံခြားမှာ ကျောင်းသွားတက်မယ်ဆိုရင် ဘာတွေပြင်ဆင်သင့်လဲ

သူရဲ့အမျိုးသမီးဖြစ်သူ Anupama Nadella မှာလည်း ထိုကျောင်းကို တက်ရောက်ခဲ့သူပဲဖြစ်ပါတယ်။ 
ကျောင်းရဲ့ အဓိကအားသာချက်မှာ ကျောင်းသား၊ ကျောင်းသူကို “ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝယုံကြည်မှု ရှိစေခြင်း” နဲ့ “သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်ထားပြီး အပြန်အလှန် လေးစားစေခြင်း ” ပဲဖြစ်ပါတယ်။

ကျောင်းရဲ့ ဆောင်ပုဒ်ကတော့ “အမြဲတမ်းနိုးကြားပါ” ပဲဖြစ်ပါတယ်။ အထက်ပါအချက်တွေဟာ Hyderabad အထက်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသား၊သူတွေကို စိတ်ပိုင်းဆိုင်ရာ နိုးကြားတက်ကြွမှုရှိစေပြီး ဘဝမှာကြုံတွေ့လာတဲ့ စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေ စေပါတယ်။

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ။ sayar.com.mm တင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။ 

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Credit; Strategy First

Recommended for you - ချမ်းသာဖို့အတွက် ပိုက်ဆံသုံးပါ

Read times Last modified on Wednesday, 08 January 2020 13:27
Rate this articles
(1 Vote)