×

Warning

JUser: :_load: Unable to load user with ID: 723


Student

Thursday, 31 May 2018

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ 2018 MOFCOM Scholarship ပညာသင်ဆုအတွက် လျှောက်လွှာခေါ်ယူ

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ 2018 MOFCOM Scholarship ပညာသင်ဆုအတွက် လျှောက်လွှာခေါ်ယူ google.com

တရုတ်ပြည်သူ့သမ္မတနိုင်ငံ 2018 MOFCOM Scholarship ပညာသင်ဆုအတွက် လျှောက်လွှာများ ခေါ်ယူနေပြီလို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။

ပညာသင်ဆုများသို့ အင်္ဂလိပ်စာအရည်အချင်း IELTS 6.0 နဲ့အထက် (သို့မဟုတ်) Chinese: HSK level 4 (score 180) နဲ့အထက် ရရှိရမှာဖြစ်ပြီး အသက် (၄၅) နှစ်အောက် မည်သူမဆို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ လျှောက်ထားသူတွေအနေနဲ့ အနိမ့်ဆုံး ဘွဲ့တစ်ခုခု ရရှိရမှာဖြစ်ပြီး ကုန်သည်စက်မှုအသင်းချုပ် CEC/EC များ၊ လုပ်ငန်းအတွေ့အကြုံ ၃ နှစ်နဲ့အထက်ရှိတဲ့ ဝန်ထမ်းများ၊ ညီနောင်အသင်းများရဲ့ CEC/EC များနဲ့ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ အရာထမ်းများ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အသင်းချုပ်အမှုဆောင်အရာရှိချုပ်ထံ လိပ်မူကာ ကိုယ်တိုင်ရေးလျှောက်လွှာ ၁ စောင်၊ ဓာတ်ပုံ၊ အသင်းဝင်ကတ်မိတ္တူတို့ကို ပူးတွဲပြီး အသင်းချုပ်နဲ့ ညီနောင်အသင်းများမှ CEC/EC/ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နဲ့ အတူ လျှောက်ထားရမှာဖြစ်ပါတယ်။

Recommended for you - သင်လျှောက်လှမ်းမယ့်ဘဝခရီးအတွက် လိုအပ်တဲ့ စကားစုတချို့

လျှောက်ထားလိုသူတွေ အနေနဲ့ ဒီနေရာမှာ ဝင်ရောက်လေ့လာ နိုင်သလို ဇွန်လ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄- ၄၉၊ လိုင်းခွဲ- ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။

Source; Internet Journal

Recommended for you - အထီးကျန်တာမဟုတ်ဘူး အမှီအခိုကင်းတာ

 

Read times Last modified on Wednesday, 08 January 2020 14:09
Rate this articles
(1 Vote)