×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Print this page
Wednesday, 13 June 2018

နိုင်ငံခြားမှာ လုပ်ခလစာပိုရတာ ဘာကြောင့်လဲ

နိုင်ငံခြားမှာ လုပ်ခလစာပိုရတာ ဘာကြောင့်လဲ google.com

ဒီမှာကိုယ့်လူ နိုင်ငံခြားမှာ အလုပ်လုပ်ရတာ လွယ်တယ်ထင်လားကိုယ့်လူ အလုပ်ချိန် ၈ နာရီချင်းတူပေမယ့် နိုင်ငံခြားမှာ ၁ လ ၁၀ သိန်းရတဲ့အလုပ်နဲ့ မြန်မာမှာ ၁ လ ၁ သိန်းရတဲ့အလုပ် တူမလားကိုယ့်လူ ..


.
နိုင်ငံခြားမှာ ၁ လ ၁၀ သိန်းရတဲ့အလုပ်က ၈ နာရီလုံးလုံး အမှန်အကန်တစ်ကယ်အလုပ်လုပ်မှ ရတာကိုယ့်လူ ...အချိန်ပိုလုပ်ရရင်လည်း မိနစ်စွန်း နာရီစွန်းသလောက်အချိန်ပိုကြေးရတယ်ကိုယ့်လူ ...
Breakfast 
တောင် Break + Fast ဆိုတဲ့အတိုင်း နားတဲ့အချိန် အားတဲ့အချိန်လေး သွားရင်းလာရင်းအသည်းအသန်စားရတာကိုယ့်လူ။ အလုပ်ရှင် အလုပ်သမား give and take ရှိတယ်ကိုယ့်လူ ။

Win-win together 
ပဲကိုယ့်လူ။ ဒီက ၁ လ ၁ သိန်းက အလုပ်ချိန် ၈ နာရီပြောပေမယ့် ၄ နာရီတောင်ပြည့်အောင်လုပ်ရတဲ့သူရှားတယ်ကိုယ့်လူ ။မနက်စာစားရင်လည်း breakslow time လုပ်လို့ရတယ်ကိုယ့်လူ ။ဒီကြားထဲ lunch time, coffee time, tea time, somking time, ကွမ်းယာ time, အာပလာ time စသဖြင့် break time ပေါင်းများစွာရှိသေးတယ်ကိုယ့်လူ။ အဲလိုတွေကြောင့်လည်း လုပ်ငန်ရှင်တွေပေးတဲ့လစာ နည်းတာမဆန်းပါဘူးကိုယ့်လူ ။

ကိုယ်တစ်ကယ်ကြိုးစားလို့မှမရရင်တော့လည်းတစ်မျိုးပေါ့ကိုယ့်လူ ။အဲလိုဆိုရေကြည်ရာ မြက်နုရာသွားရမှာပဲကိုယ့်လူ ။အဲတော့ ဒီမှာနေပြီး နိုင်ငံတကာလို လစာလိုချင်လို့ မရသေးဘူးကိုယ့်လူ ။

နိုင်ငံခြားမှာသွားပြီးလုပ်မယ်ဆိုလည်း သေချာပြင်ဆင်ပြီးမှသွားလုပ်ပါကိုယ့်လူ။ တော်ရုံလစာများတာလေးပဲကြည့်ပြီးသွားမလုပ်နဲ့ကိုယ့်လူ ။ ကိုယ်ဘာလုပ်ရမယ်ဆိုတာလေးလည်းထည့်သွင်းစဉ်းစားပါကိုယ့်လူ ။

ထိုင်းမှာဆိုရင် ၁ လ ၃ သိန်းကျော်လောက်ပဲရတဲ့အလုပ်မျိုး ဘယ်လိုလုပ်ရလည်းနီးစပ်ရာမေးကြည့်လိုက်ပါ။ အသက်သာဆုံးနဲ့လစာအကောင်းဆုံး လုံငံပါးကပေါင်(ငါးသေတ္တာစက်ရုံမှာဆိုရင်တောင် တစ်နေကုန် ၈ နာရီနီးပါးမတ်တပ်ရပ်ပြီး အလုပ်လုပ်ရပါတယ်။ ကျန်တဲ့ ကော့ဆန်း (ဆောက်လုပ်ရေးနဲ့ လပ်ခိုး (တံငါလှေမှာလုပ်ရင် အသက်တောင် ဖက်နဲ့ထုပ်ထားရပါတယ်ကိုယ့်လူ ကျွန်ုပ်ကိုယ်တိုင် ထိုင်းနိုင်ငံတွင် ကိုယ်တွေ့ကြုံခဲ့ရသော အတွေ့အကြုံများအရ ရေးသားခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။ 

 

ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။

Prepare yourself for working oversea!
Credit : Myo Zin Min (ApannPyay)

 

Read times Last modified on Wednesday, 08 January 2020 14:59
Rate this articles
(5 votes)