×

Warning

JUser: :_load: Unable to load user with ID: 723


Knowledge

Tuesday, 07 March 2017

ကလေးများကို ဥာဏ်ကောင်းအောင် ဘာကျွေးမလဲ

ကလေးများကို ဥာဏ်ကောင်းအောင် ဘာကျွေးမလဲ Google.com

၁.သစ်ကြားစေ့

လူ့ဦးနှောက်ပုံစံနဲ့တူတဲ့ သစ်ကြားစေ့အဆန်လေးများဟာ ဆိမ့် သော အရသာရှိပါတယ်။ သစ်ကြားစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းခေါ် အင်တီအောက်စီးဒင့်ဓာတ်တွေ များစွာပါဝင်ကြောင်း သုတေသနပြုချက် များအရသိရပါတယ်။ သစ်ကြားစေ့အဆန်များနှင့် ပြုလုပ်ထားတဲ့ အစားအစာများကျွေးပေးခြင်းဟာ ဥာဏ်ပိုကောင်းလာစေပါတယ်။

၂. မုန်လာဥနီ

အရောင်ပါတဲ့ အသီးအနှံတွေဟာ ဗီတာမင်အေဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် မျက်စိအားကောင်း စေရုံ သာမက ဥာဏ်ကောင်းစေပါတယ်။

မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။

မုန်လာဥနီမှာ Luteolin (လူတီအိုလင်း) ခေါ် ဓာတ်ပေါင်းတစ်မျိုး မြင့်မားစွာ ပါဝင်တဲ့အတွက် ဖြစ်ဝင်သည့် အတွက် အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဦးနှောက် မှတ်ဥာဏ်ချို့ယွင်းနိုင်ခြေကို လျော့ပါးစေတဲ့အပြင် ဦးနှောက်ထဲမှာ ရောင် ရမ်းခြင်းတွေကိုပါ နည်းပါးစေတယ်။

၃. ဘယ်ရီသီးများ
စတော်ဘယ် ရီသီး၊ ဘလူးဘယ်ရီသီးကဲ့သို့သော အသီးတွေမှာ အိုမင်းစေခြင်း ဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ကလာပ် စည်းများထဲက စိတ်ဖိစီးမှု တစ်မျိုးကို လျှော့ချပေးနိုင်သလို ဦးနှောက်ထဲက အချက်ပြ သွေးကြောလေးများကို ပိုမိုအားကောင်းစေပါတယ်။

၎. ငါးများများကျွေးပါ

ငါးများများကျွေးပေးခြင်းသည် ကလေးငယ်များကို ဥာဏ်ကောင်းစေပါတယ်။ အထူးသဖြင့် ဈေးချိုလှတဲ့ ပင်လယ်ငါးတွေမှာ အိုမီဂါ-၃ ဖက်တီးအက်စစ် များကြွယ်ဝစွာ ပါဝင်ပြီး အသက်ကြီးလာခြင်းကြောင့် မှတ်ဥာဏ်ချို့တဲ့မှုကို နှေးကွေးအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ငါးပုံမှန် စားတဲ့လူတွေမှာ ၁၃ ရာခိုင်နှုန်းထိ မှတ်ဥာဏ်ကောင်းလာကြောင်း တွေ့ခဲ့ပါတယ်။

၅. ဟင်းနုနွယ်ရွက်

ဟင်းနုနယ်ရွက်မှာ ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်ပြီး မှတ်ဥာဏ် ကောင်းစေကြောင်း နောက်ဆုံးလေ့ လာချက်အရသိရှိရပါတယ်။ ဈေးချိုပြီးလတ်ဆတ်တဲ့ ဟင်းနုနယ်ရွက်ကို ကလေးများအားနေ့စဉ် ကျွေးနိုင် ပါတယ်။

ဟင်းနုနယ်ရွက်၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတို့ဖြင့် ပြုလုပ်ထားတဲ့ အစားအစာများကို ကျွေးပြီး လေ့လာစမ်းသပ်ခဲ့ရာ မှတ်ဥာဏ်ပိုထက်မြက်လာကြောင်း တွေ့ရပါတယ်။

ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: လပ်ကီးမြို့တော်

Read times Last modified on Saturday, 28 December 2019 11:26
Rate this articles
(3 votes)