×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 21 June 2018

သက်လတ်ပိုင်းတွင် စိတ်ဖိစီးမှုများခြင်းကြောင့် သက်ကြီးပိုင်း၌ မှတ်ဥာဏ်ဆုံးရှုံးနိုင်

သက်လတ်ပိုင်းတွင် စိတ်ဖိစီးမှုများခြင်းကြောင့် သက်ကြီးပိုင်း၌ မှတ်ဥာဏ်ဆုံးရှုံးနိုင် google.com

သက်လတ်ပိုင်းအရွယ်တွင် စိုးရိမ်စိတ်ကြီးခြင်း၊ စိတ်ဖိစီးမှုများခြင်းကြောင့် သက်ကြီးပိုင်းအရွယ်တွင် မှတ်ဥာဏ်ဆုံးရှုံးမှုနှင့် ကြုံတွေ့နိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာသည် အလယ်အလတ်မှနေ၍ ပြင်းထန်သောအဆင့်အထိ စိုးရိမ်စိတ်ကြီးခြင်းဒဏ်ကို ခံစားနေရသော်လည်း ယင်းအခြေအနေမှ မှတ်ဥာဏ်ဆုံးရှုံးမှုနှင့် ဆက်နွယ်မှုရှသလား(သို့မဟုတ်) ကုသမှုမှနေ၍ယင်းအန္တရာယ်ကို တားဆီးနိုင်သလားဆိုသည်ကို ရှင်းလင်းစွာမသိရဟု လန်ဒန်ကောလိပ်တက္ကသိုလ်မှ သူတေသီများကပြောသည်။

 

ဗြိတိန်သုတေသီများက လူ ၃၀,၀၀၀ ခန့် ပါဝင်သော ယခင်လေ့လာမှုလေးခုမှ အချက်အလက်များကို စုဆောင်း၍ လေ့လာမှုတစ်ခုပြုလုပ်ပြီး သက်လတ်ပိုင်းအရွယ်တွင် စိတ်ဖိစီးမှုများနှင့်သက်ကြီးပိုင်း၌ မှတ်ဥာဏ်ဆုံးရှုံးမှုဖြစ်ပွားခြင်းကြား ဆက်စပ်ပုံကိုလေ့လာခဲ့သည်။

စိုးရိမ်စိတ်ကြီးခြင်းနှင့် စိတ်ဖိစီးမှုကို ခန္ဓာကိုယ်က တုံ့ပြန်မှု မူမမှန်ခြင်းကြား ဆက်စပ်မှုရှိပြီး ဦးနှောက်ဆဲလ်များ ရောင်ရမ်းမှုဖြစိနိုင်ကာ မှတ်ဥာဏ်ဆုံးရှုံးမှုဖြစ်ပေါ်နိုင်ခြေရှိသည်။

 

အလယ်အလတ်မှနေ၍ ပြင်းထန်သောအဆင့်အထိ စိုးရိမ်စိတ်ကြီးခြင်းဒဏ်ကို ခံရသူများသည် ဘဝနှောင်းပိုင်းတွင် မှတ်ဥာဏ်ဆုံးရှုံးနိုင်ခြေများကြောင်း သုတေသီများကပြောသည်။

အကယ်၍ စိုးရိမ်စိတ်ကြီးခြင်းသည် မှတ်ဥာဏ်ဆုံးရှုံးမှုအတွက် အန္တရာယ်ဖြစ်ပါက ယင်းအန္တရာယ်ရှိမှုများကို ဖော်ထုတ်ရေးနှင့် အန္တရာယ်လျှော့ချရေး ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

စိုးရိမ်စိတ်ကြီးခြင်း သက်သာစေရေး တရားထိုင်ခြင်းကဲ့သို့ ကုသနည်းများရှိပြီး မှတ်ဥာဏ်ဆုံးရှုံးမှု အန္တရာယ်လျှော့ချရေး ယင်းနည်းလမ်းများက ထိရောက်ခြင်း ရှိ၊ မရှိ နောက်ထပ်လေ့လာရန် လိုအပ်သည်ဟု သုတေသီများကပြောသည်။ သို့သော်စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်ကင်းအောင် နေထိုင်ခြင်းသည် ကျန်းမာရေးအတွက်ကောင်းမွန်ကြောင်း သုတေသီများကပြောသည်။

 

Source; 7 DAY DAILY

 

Recommended for you - သင် အသက်ကြီးလာပြီလား

Read times Last modified on Wednesday, 08 January 2020 15:34
Rate this articles
(1 Vote)