×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 22 June 2018

အသက် ၂၀ ကျော်တွင် သိသင့်သော အချက် ၅ ချက်

အသက် ၂၀ ကျော်တွင် သိသင့်သော အချက် ၅ ချက် google.com

အသက် ၂၀ ကျော်လာတာနဲ့ ဘဝကို အခြေမချခင် သင့်မှာ ၁၀ နှစ်တာ ကာလကြီးတစ်ခုကို နှစ်သက်ရာ ရည်မှန်းချက်နောက်ကို လိုက်ဖို့အတွက် ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

အခြေချတယ်ဆိုတဲ့နေရာမှာ အလုပ်ကိုင်တခု ၊ အိမ်တလုံးကို ၀ယ်တာမျိုး ၊ အိမ်ထောင်ပြုတာမျိုး.. စတာတွေပေါ့လေ.. အဲ့တောတွေဟာ သင့်ရဲ့ အခြေချခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်တွေထဲမှာ ပါရင်ပေါ့။

ကျွန်တော်ဆိုတာက အသက် ၃၀ နောက်ပိုင်းမှာ ကိုယ့်ရဲ့ ပန်းတိုင်တွေကို လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောနေတာမဟုတ်ပါဘူးဗျ..။ အနည်းငယ် ပိုပြီး ခက်ခဲလာနိုင်တယ်လို့ပြောချင်တာပါဗျ။ အသက် ၃၀ ကျော်လာလေ.. အပြင်လောကရဲ့ လွှမ်းမိုးမှုတွေကို ပိုပြီးခံစားလာရနိုင်တဲ့ အတွက်ကြောင့်ပါ။

၁။ သင့်မှာ အားလပ်ချိန်တွေ တပုံတပင်ကြီး ရှိနေပါလိမ့်မယ် (ပင်စင် စားမဟုတ်ခင်အထိပေါ့)

အချိန်ဆိုတာ အဖိုးအတန်ဆုံး အရင်းမြစ်ပဲ။ ဥာဏ်ရှိသလို အသုံးချပါ” – အမည်မသိ

အလုပ်တွေလုပ်တာနဲ့ စာတွေသင်တဲ့ တရက်ကို ၈နာရီတာပြီးရင် ကျန်တဲ့ အချိန်တွေဟာ သင့်စိတ်ကြိုက်လုပ်ချင်တာ လုပ်နိုင်တဲ့ အချိန်တွေပါပဲ။ အိမ်ထောင်လဲမရှိ ၊ ကလေးလဲ မရှိ တဲ့အတွက်ကြောင့် သင့်ရဲ့ အချိန်ဟာ သင့်အတွက်ချည်းပါပဲ။ အကောင်းမွန်ဆုံး အသုံးချလိုက်ရင် မယုံကြည်နိုင်စရာ ရလဒ်ကောင်းတွေ ရလာနိုင်ပါတယ်။ အဲ့လိုပဲ မယုံကြည်နိုင်စရာကောင်းလောက်အောင် ဖြုန်းတီးပစ်ဖို့လဲ လွယ်လွန်းလှပါတယ်။ အမှန်တကယ် ဖြစ်ချင်တဲ့ အရာကို အမြန်ဆုံးဖြတ်ချက်ချပြီးတော့ အဲ့ဒီ့အတွက်ပဲ အချိန်ပေးပါ။

၂။ တကိုယ်ကောင်းဆန်ဖို့ အကောင်းဆုံး အခွင့်ရေးပဲ

သင့်မှာ တခြား သီးသန့် မြှုပ်နှံစရာ အိမ်ထောင်ရေး နဲ့ ကလေးတွေ မရှိတဲ့အတွက်ကြောင့် အလုပ်နဲ့ ပညာရေးကလွဲရင် သင်ဟာ သင့်ရဲ့ နှစ်သက်ရာကို ရှာဖွေလေ့လာနိုင်ပါတယ်။ အခုချိန်ဟာ သင့်ရဲ့ ရည်ရွယ်ချက်တွေကို လူအား ၊ ခွန်အား ၊ စိတ်အားတွေ အပြည့်နဲ့ အကောင်ထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ သင့်ဘဝကို သင်သာလျှင် အပြည့်အဝထိန်းချုပ်နိုင်တဲ့ အချိန်ဖြစ်ပြီး သင့်အမိန့်ကိုသာ သင်နာခံစရာလိုသည့်အချိန်ဖြစ်သည်။ တကိုယ်ကောင်းဆန်သင့်သလောက် ဆန်ပြီး သင့်ရဲ့ အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ အကောင်းဆုံး ကာလပါပဲ။

၃။ ဘာကိုမှ ဂရုမစိုက်ပဲ ရင်းပစ်လိုက်လို့ ရတယ်

သင့်ဆီမှာ အကြွေးတွေ ၊ အခြား နှောင်ကြိုးတွေ ကင်းနေတာဖြစ်တဲ့အတွက် သင့်ဘဝကိုသင် အစွန်းစွန်ဆုံးအထိ ရင်းပစ်လိုက်လို့ရပါတယ်။ အမှန်ကိုပြောရရင် အရင်းရဆုံး အလုပ်တွေဟာ တကယ်တမ်း အဲ့လောက်မရင်းရပါဘူး။ လူသားတွေဟာ သဘာဝတရားအရကို ရင်းရတာကို အသားကျနေကြတာပါ။ ဟိုးယခင် ဘိုးဘေးဘီဘင်တွေ လက်ထက်ကတည်းက ပါလာတဲ့ ဗီဇအရ ခန္ဓာကိုယ်ကို အန္တရာယ် သက်ရောက်စေတဲ့ ရင်းနှီးမှုတွေကိုတော့ အလိုလို ရှောင်ကျဉ်တတ်ကြပါတယ်။ဒါပေမယ့် ယနေ့လိုခေတ်မျိုးမှာတော့ အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ ရင်းနှီးမှုမျိုးဟာ အင်မတန်နည်းသွားပါပြီ။ အဲ့တော့ ရင်းသာရင်းပစ်လိုက်ပါ။ 

၎။ သင်အားထုတ်ဖူးသမျှထက် အများကြီးပိုပြီး အားစိုက်နိုင်ခြင်း

ရည်ရွယ်ချက်အများစုဟာ အချိန်နဲ့ အားထုတ်မှုတွေ လိုအပ်ပါတယ်။ အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းနှင့် အားစိုက်ထုတ်ခြင်းတို့ဟာ စည်းမျဉ်း စည်းကမ်းနဲ့ လုပ်တတ်ဖို့လိုပါတယ်။ သင့်ရဲ့ အားလပ်ချိန်ကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ပေါင်းလိုက်တဲ့အခါ မှော်ဆန်မှု တွေဖြစ်တည်လာပါလိမ့်မယ်။

အကယ်လို့ သင့်ရဲ့ ပန်းတိုင်က ရာထူးတိုးဖို့အတွက်ဆိုရင် အချိန်အကြာကြီး ပိုလုပ်ပေးပါ ၊ ပိုအားထုတ်ပေးပြီး ပိုလို့ အာရုံစိုက်ပေးပါ။ အကယ်လို့ စီးပွားတစ်ခုစချင်တာဆိုရင် သင့်ရဲ့ အချိန်ကို အဲ့ထဲ အပြည့်ထည့်ထားပါ။ အခုကစပြီး အားလပ်ချိန်တွေမှာ Facebook နဲ့ Social Media တွေကို ပိတ် ၊ TV တွေကို ပိတ်ပြီး အားထုတ်ပါ။

၅။ သင်ဘာလုပ်ချင်သလဲဆိုတာကို သင့်စိတ်ကြိုက်ဆုံးဖြတ်နိုင်ခြင်း

ကျောင်းတွေ ၊ တက္ကသိုလ်တွေမှာတော့ သင့်ရဲ့မိဘက သင့်ရဲ့ တနေ့တာမှာ ဘာတွေလုပ်ရမလဲကို လိုက်လံပြီးတော့ ဆုံးဖြတ်ပေးနေပါလိမ့်မယ်။ မပူပါနဲ့။ အခုလို ၂၀ ကျော်အရွယ်မှာတော့ သင့်စိတ်တိုင်းကျ ဘ၀ကို တည်ဆောက်ဖို့အတွက် အခွင့်ရေးရလာပါလိမ့်မယ်။ ဒီတော့ နှစ်သက်ရာ ဘ၀လမ်းကြောင်းကို ရွေးချယ်ပြီး ကိုယ်တိုင်ဦးဆောင်သွားလိုက်ပါ။

Credit; လူငယ်မီဒီယာ

 

Recommended for you - အလုပ်ဆင်းခါနီး (၁၀)မိနစ်ကို ဘယ်လိုအသုံးပြုမလဲ


Read times Last modified on Wednesday, 08 January 2020 15:51
Rate this articles
(1 Vote)