×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Wednesday, 27 June 2018

အသုံးဝင်မယ့် Daily English Idioms လေးတွေပါ

အသုံးဝင်မယ့် Daily English Idioms လေးတွေပါ google.com

English စာလေ့လာနေသူတွေအနေနဲ့ လုံးဝမမေ့ထားသင့်တဲ့အထဲမှာ idiom အသုံးအနှုန်းလေးတွေလည်း ပါပါတယ်။

Idiom တွေက စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပါယ်ကို တိုက်ရိုက်ဘာသာပြန်လို့ မရပါဘူး။ အားလုံးပေါင်း အဓိပ္ပါယ်တစ်ခုထွက်ပါတယ် ဒါကြောင့် idiom တွေကိုလည်း လေ့လာကျက်မှတ်ထား ရမှာ ဖြစ်ပါတယ်။

အသုံးများတဲ့ daily english idiom လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

All ears (ဂရုတစိုက် နားထောင်လျက်)

He was all ears when I told him the story. ( ဖြစ်သမျှကို ပြောပြသည့်အခါ သူက ဂရုတစိုက် နားထောင်သည်။)

All in (ပင်ပန်းသည်၊ ခြေကုန်လက်ပန်း ကျသည်)

She was all in after playing her piano for the whole morning. (သူတစ်မနက်လုံး စန္ဒရားတီးပြီးနောက် ခြေကုန်လက်ပန်းကျသည်)

After one’s one heart (မိမိနှင့် စရိုက်ဝါသနာတူသော)

With his love for poems, he is a man of my own heart. (သူ့ရဲ့ ကဗျာကို ချစ်မြတ်နိုးစိတ်နှင့်ဆိုလျှင် သူဟာ ကျွန်တော်နှင့် စရိုက်ဝါသနာ တူသူပါပဲ)

Recommended for you - ဆယ်တန်းမှာ အမှတ်နည်းလို့ စိတ်ဓာတ်ကျနေပြီလား

 

Against the grain (စိတ်မသက်သာစရာ ဖြစ်ရသည်၊ စနိုးစနောင့်ဖြစ်သည်)

It goes against the grain to expose this secret. (သည်လျှို့ဝှက်ချက်ကို ထုတ်ပြောမိတာဟာ စိတ်စနိုးစနောင့် ဖြစ်တာပဲ)

About all (အားလုံးထက် အရေးကြီးတာက၊ အထူးသဖြင့်)

About all, never mention it to anyone. (အရေးကြီးတာက ဘယ်သူ့ကိုမှ ဒီအကြောင်းကို မပြောပြလိုက်ပါနှင့်)

About to (တော့မည့်ဆဲဆဲ၊ လုလု၊ စလုစခင်)

The meeting was about to start when I arrive. (ကျွန်တော်ရောက်သွားသောအခါ အစည်းအဝေးက စလုစခင် ဖြစ်သည်။)

All along (တစ်လျှောက်လုံး၊ စကတည်းက )

We knew all along that he will be capable. (သူစွမ်းစွမ်းတမံ ဖြစ်လိမ့်မယ်ဆိုတာ စကတည်းက သိခဲ့ပါတယ်)

Recommended for you - ဘောလုံးမှာသာမက ပညာရေးမှာပါ ထူးချွန်ပြောင်မြောက်ခဲ့သူများ

 

Recommended for you - ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် Scholarship ရရှိရန်လိုအပ်သည့် အမှတ်များ

 
 
Source:khooacademy

 

Read times Last modified on Thursday, 09 January 2020 09:56
Rate this articles
(1 Vote)