×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 29 June 2018

အိမ်ယာမဲ့ဘ၀ကနေ ရော်နယ်ဒိုရဲ့ ပင်နယ်တီကို ကာကွယ်နိုင်သူဖြစ်လာခဲ့တဲ့ အီရန်ဂိုးသမားလေး

အိမ်ယာမဲ့ဘ၀ကနေ ရော်နယ်ဒိုရဲ့ ပင်နယ်တီကို ကာကွယ်နိုင်သူဖြစ်လာခဲ့တဲ့ အီရန်ဂိုးသမားလေး google.com

ပေါ်တူဂီနဲ့ အီရန်အသင်းတို့ရဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ပင်နယ်တီကို ကာကွယ်ခဲ့တဲ့ အီရန်ဂိုးသမားလေးကို မှတ်မိနေကြဦးမှာပါ။

ရော်နယ်ဒိုအနေနဲ့လည်း ကမ္ဘာ့ဖလားမှာ ပထမဆုံးလွဲချော်ဖူးတဲ့ သူ့ရဲ့ ပင်နယ်တီအဖြစ် မှတ်တမ်းဝင်သွားခဲ့လို့ ဒီဂိုးသမားလေးက အားလုံးရဲ့ မှတ်ဥာဏ်ထဲမှာ ကျန်ရစ်နေခဲ့ကြပါလိမ့်မယ်။

တကယ်တော့ ဘိုင်ရန်ဗန် ဆိုတဲ့ အသက် (၂၅) နှစ်အရွယ် ဂိုးသမားရဲ့ ဘ၀ဇာတ်ကြောင်းကိုသာသိရင် သူ့ကို တစ်သက်လုံး မေ့လို့ရတော့မယ် မထင်ပါဘူး။

irangk

 

ဘိုင်ရန်ဗန် ဆိုတာ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ပြောရမယ့် အိမ်ယာမဲ့ မိသားစုတစ်စုကနေ မွေးဖွားလာခဲ့တာဖြစ်ပြီး သူ့ရဲ့မိသားစုက အီရန်နိုင်ငံရဲ့ လိုရန်စတန် ပြည်နယ်ထဲမှာ နေထိုင်ကြပါတယ်။ သူဟာ ငယ်ဘ၀ကတည်းက သိုးကျောင်းထွက်ရင်း သူငယ်ချင်းတွေနဲ့ ဘောလုံးကစားရတာကို နှစ်သက်ခဲ့ပြီး ဘောလုံးသမားတစ်ယောက်အဖြစ် စိတ်ကူးယဉ်ခဲ့သူပါ။

သူ့ရဲ့အသက် (၁၂) နှစ်အရွယ်မှာ ဒေသခံ ဘောလုံးအသင်းတစ်သင်းက လာရောက်ကစားဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဖခင်ဖြစ်သူက သူ့ကိုဘောလုံးနဲ့ ဝေးဝေးမှာနေဖို့ ဖိအားပေးခဲ့ ပါတယ်။

ဘိုင်ရန်ဗန်ရဲ့ ဘ၀မှာ ဂိုးဖမ်းလက်အိတ်မပါပဲ လက်ဗလာနဲ့ ဘောလုံးဖမ်းခဲ့ရဖူးတဲ့ အကြိမ်များစွာရှိခဲ့ပြီး သူ့အနေနဲ့ မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရတာပါ။

ဘောလုံးကစားခြင်းကို တားမြစ်ခံလိုက်ရတဲ့ ဘိုင်ရန်ဗန် အတွက်ကတော့ အိမ်ကနေထွက်ပြေးပြီး အခွင့်အရေးရှာဖို့ကလွဲရင် ဘာမှ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ဘိုင်ရန်ဗန်အနေနဲ့ အိမ်ကနေ ထွက်လာခဲ့ပြီး အီရန်နိုင်ငံရဲ့ မြို့တော်တာရန်မှာ သူ့ရဲ့မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ပေးမယ့် ကလပ်အသင်းတစ်သင်းကို လိုက်လံရှာဖွေပါတော့တယ်။

ဘိုင်ရန်ဗန်အတွက် ကံကောင်းတယ်လို့ ပြောရမလားပဲ။ တာရန်ကိုရောက်ပြီး ရက်အနည်းငယ် အကြာမှာတော့ ဒေသခံ ဘောလုံးအသင်း တစ်သင်းကနေ တစ်လအတွက် ပေါင်(၃၀)နဲ့ သူ့ကိုခေါ်ယူ ကစားစေခဲ့ပါတယ်။ ပေါင်(၃၀)ဆိုတာ ဘိုင်ရန်ဗန်အတွက်တော့ စားလောက်ရုံပါပဲ။ သူ့မှာ ညအိပ်ဖို့ နေရာလည်း မရှိသလို အခြားအပိုဝင်ငွေလည်း တစ်ပြားတစ်ချပ်မှ မရှိခဲ့ပါဘူး။

ဘိုင်ရန်ဗန်ဟာ ဆင်းရဲတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ နေထိုင်ရာ အေဇာဒီတာဝါ တစ်ဝိုက်မှာ ကျင်လည်ခဲ့ရပြီး သူ့ရဲ့ညတွေကို ပင်ပင်ပန်းပန်းနဲ့ ကုန်ဆုံးခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ သူကစားနေတဲ့ အသင်းနည်းပြဖိုင်းဇ်က သူ့အဖြစ်ကို သိသွားခဲ့ပြီး သူ့ရဲ့အသင်းဖော်တစ်ယောက် အိမ်မှာ နှစ်ပတ်တာ နေထိုင်ခွင့် ပေးခဲ့ပါတယ်။

အဲဒီကိုပြောင်းရွှေ့ပြီးတဲ့နောက် ဘိုင်ရန်ဗန်ဟာ သူ့အသင်းဖော်ရဲ့ဖခင် ပိုင်ဆိုင်တဲ့ အ၀တ်အထည်လုပ်ငန်းမှာ အလုပ်လုပ်ခွင့်ရပြီး ကားရေဆေးတဲ့အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ရပါတယ်။

 

၂၀၀၈ ခုနှစ်မှာတော့ အီရန်ကလပ် တာရန်အသင်းရဲ့ လူငယ်ကစားသမားတစ်ယောက်အဖြစ် ကစားခွင့်ရရှိခဲ့ပြီး သူ့ရဲ့လူငယ်ကစားသမားဘ၀ကို တာရန် ရဲ့ လူငယ်အသင်းမှာပဲ ကုန်ဆုံးခဲ့ရပါတယ်။

Recommended for you - အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က ရွေးချယ်မည့် တက္ကသိုလ်များ

 

တာရန်အသင်းကိုရောက်ရှိတဲ့အချိန်မှာတော့ အသင်းတာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုနဲ့ အသင်းရဲ့ဝတ်ပြုခန်းထဲမှာ အိပ်စက်ခွင့်ရခဲ့ပြီး အဲဒီ အိပ်စက်ခွင့်ကလည်း လအနည်းငယ်အကြာမှာပဲ ရပ်တန့်သွားခဲ့ပါတယ်။

ဘိုင်ရန်ဗန်ရဲ့ဘ၀မှာ အိပ်စရာနေရာတစ်ခုအတွက် ရင်ဆိုင်ရတဲ့အချိန်တွေက အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကံဆိုးခဲ့တဲ့အချိန်တွေအများကြီးကို ဖြတ်ကျော်ခဲ့ရဖူးတာပါ။

iran

 

တာရန်အသင်းရဲ့လူငယ်ကစားသမားဘ၀မှာ ဘိုင်ရန်ဗန်ဟာ ပီဇာဆိုင်တစ်ခုမှ အချိန်ပိုင်းအလုပ်ရခဲ့ပြီး အလုပ်ဝင်လို့ သိပ်မကြာခင်မှာပဲ အသင်းရဲ့နည်းပြ ပီဇာလာဝယ်တာနဲ့ တည့်တည့်တိုးခဲ့ပါတယ်။ ဒီလိုနဲ့ ဘိုင်ရန်ဗန်ရဲ့သတင်းကို ကလပ်ပိုင်ရှင်သိသွားခဲ့ပြီး အသင်းရဲ့ပုံရိပ်ကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီအလုပ်ကနေ ထွက်စေခဲ့ပါတယ်။

ဘိုင်ရန်ဗန် အနေနဲ့ နောက်ဆုံးလုပ်ခဲ့ရတဲ့ အချိန်ပိုင်းအလုပ်က လမ်းသန့်ရှင်းရေးအလုပ်ပါ။ တာရန်မြို့ရဲ့ ပန်းခြံတစ်ခုထဲမှာ အချိန်ပိုင်းသန့်ရှင်းရေးလုပ်ရတဲ့အလုပ်ကို လုပ်ကိုင်ခဲ့ရပြီး ဒါဟာ သူ့ရဲ့နောက်ဆုံးအချိန်ပိုင်း အလုပ်ဖြစ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်အရောက်မှာတော့ တာရန်ကလပ်အသင်းရဲ့ စီနီယာကစားသမား ဖြစ်လာခဲ့ပြီး လစာတိုးမြင့်ရလာခဲ့တာကြောင့် သူ့ရဲ့အခက်အခဲတွေလည်း ပြေလည်သွားခဲ့ပါတယ်။

ဘိုင်ရန်ဗန်ဟာ (၂၀၁၆) ခုနှစ်မှာတော့ တာရန်အက်ဖ်စီ အသင်းကနေ ထွက်ခွာလာခဲ့ပြီးအခုလက်ရှိမှာ အီရန်ကလပ် ပါစီပိုလစ်ရဲ့ ပွဲထွက်ဂိုးသမား ဖြစ်လို့နေပါပြီ။

ဘိုင်ရန်ဗန်ဟာ ၂၀၁၀ ခုနှစ်ကတည်းက အီရန်ယူ-၂၀ အသင်းမှာရွေးချယ်ခံခဲ့ရပေမယ့်လည်း ၂၀၁၂ ခုနှစ်၊ အီရန်ယူ-၂၃ အသင်းမှာရွေးချယ်ခံရတဲ့အချိန်ကစပြီးတော့သာ ပွဲထွက်ခွင့်ရခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဘိုင်ရန်ဗန်ဟာ အီရန်လက်ရွေးစင်အသင်းကြီးရဲ့ ဂိုးသမားဖြစ်နေပြီး ရော်နယ်ဒိုရဲ့ ပင်နယ်တီကိုတောင် ကာကွယ်နိုင်သူ ဖြစ်လာခဲ့ပါတယ်။

(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်ရဲ့ ဒုတိယပွဲစဉ်ဖြစ်တဲ့ စပိန်နဲ့ ပွဲမှာလည်း အီရန်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံ ဟာင်းစပိန်ကို ခြေရည်တူနီးပါး ယှဉ်ကစားနိုင်ခဲ့ပြီး ကံဆိုးလွန်းလို့သာ (-)ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာပါ။ အဲဒီပွဲအပြီးမှာ တော့ အီရန်ကွင်းဘက်ခြမ်းမှာ စိတ်ပျက်ဝမ်းနည်းနေတဲ့ ဘိုင်ရန်ဗန်ကို လက်ရှိကမ္ဘာ့အကောင်းဆုံး ဂိုးသမားလို့ ဘာလုံး ပရိသတ် အများစုက သတ်မှတ်ထားတဲ့ ဒီဂီယာက စပိန်ကွင်းဘက်ခြမ်းကနေပြီး တကူးတက လာရောက်နှစ်သိမ့်ခဲ့ပါတယ်။ ဘိုင်ရန်ဗင်ကို ဒီဂီယာလာရောက် နှစ်သိမ့်နေတဲ့ ပုံရိပ်တွေဟာ အီရန်နဲ့ ကမ္ဘာ့ဘောလုံး ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားပြီး အီရန်နိုင်ငံက လူငယ်ဘောလုံးသမားလေးတွေအတွက် အကောင်းဆုံး စိတ်ဓာတ်လှုံဆောက်မှုတစ်ခုလို့လည်း ဆိုရမှာပါ။

 

ရော်နယ်ဒိုက သူ့ရဲ့ပင်နယ်တီကို ကာကွယ်လိုက်ပြီးတဲ့နောက် ဘိုင်ရန်ဗန်ကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်လို့နေခဲ့တာကို ဖန်သားပြင်မှာရော ဓာတ်ပုံတွေမှာပါ မြင်ခဲ့ရပါတယ်။ တကယ်လို့သာ ဘိုင်ရန်ဗန် ဖြတ်သန်းလာခဲ့ရတဲ့ဘ၀အကြောင်းကို သိသွားခဲ့ရင်တော့ ပိုပြီး မယုံနိုင်စရာ ဖြစ်နေတော့မလား မပြောတတ်ပါဘူး….

 

Recommended for you - Cyber တိုက်ခိုက်ခံရခြင်း အကြောင်းရင်း ( ၇ ) ချက်

 

Recommended for you - ဘောလုံးမှာသာမက ပညာရေးမှာပါ ထူးချွန်ပြောင်မြောက်ခဲ့သူများ

 

Credit; Dailymail

Read times Last modified on Friday, 10 January 2020 10:28
Rate this articles
(3 votes)