×

Warning

JUser: :_load: Unable to load user with ID: 81428


Student

Tuesday, 03 July 2018

ထိုင်းနိုင်ငံ PTT Public Co.,Ltd မှ ပညာသင်ဆုကိုလျှောက်ထားနိုင်

ထိုင်းနိုင်ငံ PTT Public Co.,Ltd မှ ပညာသင်ဆုကိုလျှောက်ထားနိုင် google.com

ထိုင်းနိုင်ငံ PTT Public Co.,Ltd ရဲ့ ထောက်ပံ့မှုနဲ့ ထိုင်းနိုင်ငံ၊ လရောင်းမြို့ရှိ IRPC Technology College (IRPCT) မှာ တက်ရောက်ရန် ကျောင်းသား ၂၀ ဦးကို ပညာသင်ဆု ပေးအပ်မယ်လို့ သိရပါတယ်။

 

ပညာသင်ဆုရရှိသူတွေဟာ အဆိုပါတက္ကသိုလ်မှာ High Vocational Diploma Schlorship Program (HVD) ကို သုံးနှစ်ကြာ တက်ရောက်ရမှာဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားသူတွေ အနေနဲ့ ၂၀၁၈ ခုနှစ်မှာ အသက် ၃၀ နှစ်အထက် မကျော်လွန်သူ၊ အစိုးရနည်းပညာအထက်တန်းကျေင်း (AMT,MT,RACT) ဘာသာရပ်နဲ့ အောင်မြင်ထားသူ၊ ဘာသာရပ်ရမှတ်ပျှမ်းမျှ ၇၀ နဲ့ အထက် ရရှိသူတွေ၊ အင်္ဂလိပ်စာကျွမ်းကျင်မှုရှိပြီး အခြေခံ စက်ပစ္စည်းကျွမ်းကျင်မှု (Mechanical Skill) ရှိသူတွေ လျှောက်ထားနိုင်ပါတယ်။

 

Recommended for you - ပြင်ပနိုင်ငံသို့ ပညာတော်သင်ထွက်မည့် ကျောင်းသား/သူများအတွက် အကြံပေးချက်များ

 

ပညာသင်ဆုအတွက် အသွားအပြန် လေယာဉ်စရိတ်၊ ကျောင်းလခ လစဉ်ကြေး၊ နေထိုင်စရိတ်နဲ့ ကျန်းမာရေး အာမခံတို့ကို ထိုင်းနိုင်ငံ PTT Public Co.,Ltd မှ ကျခံပေးမှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်) ကျောင်းသားရေးရာဌာနသို့ ဇူလိုင်လ ၁၈ ရက် နောက်ဆုံးထားကာ လျှောက်ထားနိုင်ပါတယ်။

ဘာသာစကားအသစ်တစ်မျိုးကို သင်ယူဖို့ စိတ်ကူးနေပါသလား။ အိမ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး သင်ယူချင်ပါသလား။ ဘယ်ဆရာတွေနဲ့ သင်ရမလဲဆိုတာ ခေါင်းစားနေပါသလား။ sayar.com.mm တွင် ဘာသာစကားပေါင်းများစွာကို သင်ကြားပေးနေသော ဆရာ ဆရာမတွေ ရှိပါတယ်။ အခုပဲ ဆက်သွယ်လိုက်ပါ။

 

သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့ sayar.com.mm နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။

 

Recommended for you - ဆယ်ကျော်သက်ဘဝကို အောင်မြင်စွာဖြတ်သန်းနိုင်စေဖို့

 

Recommended for you - တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ပါဝင်ဖြည့်စွက်ရမည့် ပုံစံ

 

Credit; Internet Journal


Read times Last modified on Friday, 10 January 2020 10:12
Rate this articles
(1 Vote)